ရာသီလာစဉ်နာကျင်ခြင်းအကြောင်းကို မရေးခင် ရာသီမလာမှီဖြစ်တတ်သောဝေဒနာစုဆိုတဲ့
ရောဂါအကြောင်းကို အရင်ရေးပြချင်ပါတယ်။သူကတော့ အသက်၃၀ မှ ၄၀ အတွင်း အမျိုးသမီး
၈၀% ကျော်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပြောတာပါ။ဝေဒနာတွေက
ရာသီမလာခင် တပတ်ခန့် က စတင်ပြီး ရာသီလာတဲ့အခါမှာ နည်းပါးသွားပါတယ်။
ဒီလိုဖြစ်တဲ့လူနာတွေကို ကိုယ်ဝန်တားဆေးသောက်ဆေးများဖြင့်ကုသနိုင်ပါတယ်။
နောက်တစ်ခုကတော့ ရာသီလာစဉ်နာကျင်ခြင်းပါ။
ရာသီလာစဉ်နာကျင်ခြင်းကို ကနဦးအဆင့် နှင့် ဒုတိယအဆင့် ဆိုပြီးခွဲခြားထားပါတယ်။
ကနဦး ရာသီလာစဉ်နာကျင်ခြင်း ကတော့ သားအိမ်ညှစ်ခြင်းကြောင့်ဖြစ်တာပါ။သားအိမ်က
ရာသီလာစဉ်ကာလမှာ ကျုံ့ သွားပါတယ်။ဒါကြောင့် နာကျင်မှုကိုခံစားရပါတယ်။နာကျင်မှုနှင့်အတူ
ပရော်စတာဂလိုင်ဒင်ဆိုတဲ့ ဓာတ်တစ်မျိုးထွက်လာပါတယ်။ဒီဓာတ်အနည်း အများပေါ်မူတည်ပြီး
နာကျင်မှုကို ခံစားရပါတယ်။
၁။အ၀လွန်ခြင်း
၂။ဆေးလိပ်သောက်ခြင်း
၃။အရက်သောက်ခြင်း နှင့်
၎။စိတ်ဖိအားများပြားသောအခြေအနေတွေမှာ ကနဦးရာသီလာခြင်းကိုခံစားကြရပါတယ်။
ဒုတိယရာသီလာစဉ်နာကျင်ခြင်း
သူကတော့ အမျိုးသမီးမျိုးပွားခြင်းဆိုင်ရာစနစ်မှာ ချို့ ယွင်းချက်တွေ ရှိရင်ဖြစ်တာပါ။
ရောဂါလက္ခဏာတွေကတော့
၁။ခေါင်းကိုက်ခြင်း
၂။ဆီးခုံတစ်ဝိုက်နာကျင်ခြင်း
၃။ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း
၎။စိတ်ပူပန်မှုများပြားခြင်းတို့ ဖြစ်ပါတယ်။
ဖြစ်တတ်တဲ့ရောဂါတွေကတော့
၁။သားအိမ်အတွင်းလွှာရောင်ရမ်းခြင်း
၂။သားအိမ်အတွင်း ရောင်ရမ်းနာရှိခြင်း
၃။သားအိမ်အတွင်းအသားပိုရှိခြင်း
၎။သားအိမ်အတွင်းလွာနှင့်ဆင်တူသောတစ်ရှူးများ သားအိမ်ပြင်ပတွင်ရှိခြင်း
၅။သားဥအိမ် တွင်အရည်အိတ်များရှိခြင်း
၆။သားအိမ်တည်ဆောက်ပုံမှန်ကန်မှုမရှိခြင်း
၇။ရောဂါပိုးဝင်ခြင်း
၈။သန္ဓေတားပစ္စည်းထည့်သွင်းထားခြင်းတို့ ကြောင့်ဖြစ်တတ်ပါတယ်။
ကနဦးကုသနည်းများကတော့
၁။အကိုက်အခဲပျောက်ဆေးများ(nsaid)
၂။ရေနွေးအိတ်ကို ၀မ်းဗိုက်တွင်ကပ်ထားခြင်း
၃။တားဆေးများသုံးစွဲခြင်း
၎။ဘယ်ရီသီးစားသုံးခြင်း
၅။ဗိုက်တာမင် ဘီဝမ်းနှင့် မဂ္ဂနီစီယမ်စားသုံးခြင်းများဖြင့် ကုသနိုင်ပါသည်။
အကယ်၍ မပျောက်ဘူးဆိုလျှင်တော့ နီးစပ်ရာဆေးခန်းကိုသာသွားရောက်ပြသသင့်ပါတယ်။လိုအပ်တဲ့
စမ်းသပ်စစ်ဆေးမှုများကိုပြုလုပ်သင့်ပါတယ်။
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Mary P. Follett's four main principles of coordination are discussed below :- 1. Principle of Early Stage According ...
-
လတ်တလော ကွန်မကောင်းတာတပိုင်း မအားတာရောကြောင့် ပို့စ်အသစ်များမတင်နိုင်ခဲ့ပါ အခုတော့ ဒီ Android markets လေးတွေကတဆင့် ကိုယ်...
-
စာအုပ် ၀ါသနာအိုးတွေ အတွက် ..ဖတ်ချင်သမျှ စာအုပ် အားလုံး နီးပါး ဖတ်ရမယ် မာတိကာ သို့မဟုတ် ရှာဖွေရန်(အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...