Showing posts with label ဆောင်းပါး(ရောက်တတ်ရာရာ). Show all posts
Showing posts with label ဆောင်းပါး(ရောက်တတ်ရာရာ). Show all posts
တစ်ချိန်က
ကျွန်တော်ငယ်ငယ်က တော်တော်ဆိုးခဲ့တဲ့ကောင်ဆိုပါတော့
ကျောင်းစာဆိုတာထက် ဘောလုံးကန်နေရတာကို ပိုပြီးကြိုက်တယ်
သို့ သော်လည်း ကျွန်တော့်ကို စာဖတ်ဖို့ ဆွဲခေါ်နိုင်ခဲ့သူကတော့ လက်ဦးဆရာဖြစ်တဲ့ စာကြည့်တိုက်တာဝန်ခံ ဆရာဦးဌေးဖြစ်ပါတယ်။
သူများတွေရေးသလိုပေါ့
ရှစ်လေးလုံး အမှတ်တရ တွေကို ရေးသားကြတယ်။
သေချာတာကတော့ ဘက်နှစ်ဘက်ရှိနေပါတယ်။
တစ်ဘက်က တကယ်ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေ။တစ်ဘက်ကတော့ ရင်ဆိုင်ချေမှုန်းခဲ့တဲ့ တပ်မတော်သားတွေ။
ဒီနေရာမှာ ကျွန်တော်တို ့မြန်မာလူမျိုးတို ့ရဲ ့ ထုံးစံအတိုင်း အားလုံးကို ၀ါးလုံးရှည်နှင့်ရမ်းနေကြပါတယ်။
ကဲ ကျွန်တော်မေးပါရစေ။ရှစ်လေးလုံးမှာ ဆန္ဒပြပြည်သူတွေ သေတာသေချာသလား။ အဖြေကတော့
မှန်ပါတယ်။သေပါတယ်။ နောက်မေးခွန်းတစ်ခုကတော့ တောကြောင်တွေကြောင့် အုပ်ချုပ်ရေးတာဝန်ခံတွေ
လမ်းဘေးတရားရုံးမှာ သေဒဏ်စီရင်ခံရပါသလား။ မှန်ပါတယ်။သေကြပါတယ်။
ဘယ်သူတွေသေသည်ဖြစ်စေ အဲဒါက သေဆုံးခြင်းပါပဲ။ဘာကြောင့် ညာကြောင့်ဆိုပြီး ပြန်ပြောလို ့မရပါ။
ဘယ်လိုအခြေအနေကြောင့်သေရတာလဲ။ နိုင်ငံတဝှမ်း ဆူပူအကြမ်းဖက်ကြလို ့ပါ။ မဆူရင်ကော မသေဘူးလားလို ့ မေးစရာရှိပါတယ်။ အဖြစ်မှန်အတိုင်းဆိုရင် မဆူလည်း သေကြမှာပါပဲ။
စနစ်တစ်ခုကို အဆုံးသတ်ပြစ်ဖို ့ ပြည်သူတွေ ကြိုးစားခဲ့တာကိုတော့ အသိအမှတ်ပြုရမှာပါ။
ဘယ်လိုကြောင့်ပဲ သေခဲ့သေခဲ့ ။ဒီလို အသက်ပေးသွားရသူတွေအကုန်လုံးက စနစ်ကြောင့် သေခဲ့တာပါ။
အခု သမိုင်းတပတ်လည်ပါပြီ။ စနစ်ဆိုးတစ်ခုကို တိုက်ဖျက်ဖို ့ကြိုးစားရင်း အဆိုးဆုံးစနစ်တစ်ခုကို လက်ခံလိုက်ရပါတယ်။မြန်မာလူမျိုးက သူရဲကောင်းကို အရမ်းကိုးကွယ်တယ်။နောက်လိုက်လုပ်ချင်တယ်။တာဝန်ယူမှုဆိုတာကို လက်လွဲလိုတယ်။
တပ်မတော်ဘက်ကကြည့်ရင် တပ်မတော်သားအာဏာရှင်တစ်ဦးကို တိုက်ထုတ်ခဲ့တဲ့ ပြည်သူကို ပြန်ပြီး မတော်လှန်နိုင်အောင် လုပ်မှာပါပဲ။ ဒါကလည်း သူတို ့အတွက် အရေးကြီးတဲ့ အလုပ်တာဝန်တစ်ရပ်ဖြစ်ပါတယ်။
အရှင်းဆုံးပြောရရင် မဆလစနစ်ဆိုတာလည်း တော်လှန်ရေးကောင်စီကတစ်ဆင့် အာဏာရှင် စစ်ဗိုလ်ချုပ် နေဝင်းရဲ  ့ အကောင်းဆုံးသောမျက်လှည့်တစ်ခုဖြစ်ပါတယ်။သူကလည်း အလွန်တော်တဲ့လူတစ်ယောက်ဆိုတာ လက်ခံရပါမယ်။ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို ၂ရနှစ်တိုင်တိုင် အုပ်ချုပ်နိုင်တာ နည်းတဲ့အရည်အချင်းလား။လူတော် လူမကောင်းဖြစ်သွားခဲ့တာ နောက်ပိုင်းကြမှာပါ။ ရှင်းရှင်းပြောရရင် မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်ခဲ့လို ့ပါ။ အဲဒီမင်းမြှောင်ဆိုတာကလည်း ပြည်သူထဲက ပြည်သူပါ။
ကဲ နိုင်ငံက မလိုအပ်တော့လို ့ တိုင်းပြည်ကို စနစ်ပြောင်းလိုက်တယ်။စနစ်ပြောင်းလိုတယ်။
ဒါကနေ ရှစ်ဆယ့်ရှစ်ဆိုတာဖြစ်လာတယ်။ အဲဒီတုံးကလည်း အခုလို ခရိုနီတွေကြောင့် ပြည်သူတွေ ပေါက်ကွဲထွက်ခဲ့တာပါ။တိုင်းပြည်ရဲ  ့တရားဥပဒေစိုးမိုးမှုနည်းပါးခြင်းနှင့် အဂတိလိုက်စားခြင်းတွေကြောင့်လည်းပါတယ်ပေါ့။
ကဲ …စစ်အုပ်ချုပ်ရေးကို ပြန်ကြည့်ရအောင်။ နဝတပြီးတော့ နအဖ ပြောင်းတယ်။တော်လှန်ရေးကောင်စီက မဆလ ကိုပြောင်းသလိုပါပဲ။ နောက်တစ်ခုက မဆလခေတ်က ကောင်စီဝင်ဆိုရင်ကြောက်တယ်။ရွံတယ်။ အခု နအဖခေတ်မှာကြတော့ ရယက ဖြစ်သွားတယ်။ မဖလ ခေတ်က ရှေ ့တော်ပြေးလို ့ခေါ်တယ်။ နအဖ ခေတ်မှာ ခရိုနီတွေဖြစ်လာတယ်။ ဒါကို သိတဲ့။တိုင်းပြည်ရဲ ့ပေါက်ကွဲနိုင်တဲ့ ရေချိန်ကို သိတဲ့ စာဖတ်သူကြီးက လိမ္မာပါးနပ်စွာပဲ ဒီမိုကရေစီကို ခေါင်းစဉ်ပြောင်းပေးလိုက်တယ်။ဦးသန်းရွှေ ဆိုတာ ပြည်သူတွေအတွက်သာ မကောင်းတာ တပ်မတော်အတွက်တော့ အလွန်ကောင်းတဲ့ ကိုးကွယ်ရာ တစ်ခုဖြစ်ခဲ့တယ်။ဒီလိုဖြစ်လာအောင်လည်း လုပ်နိုင်ခဲ့တယ်။ ထောက်လှမ်းရေးပညာကို သင်ကြားခဲ့သူ ဗိုလ်ချုပ်နေဝင်းထက် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ကို ရေရှည်လုပ်ကိုင်ခဲ့တဲ့ စာဖတ်နေသူကြီးက ပိုတော်တယ်။
ပိုသိတယ်။ပိုပြီး ကိုင်တွယ်နိုင်တယ်။ဒါကြောင့်လည်း ပြည်သူကို ကိုယ်စားပြုပါတယ်ဆိုတဲ့ တော်လှန်ရေးသမားတွေရဲ  ့ခြေလှမ်းအားလုံးကို တွက်ဆနိုင်ခဲ့တယ်။သူတို ့ခြေလှမ်းကို လိုက်ပြီးမဖျက်ဘဲ သူတို ့လှမ်းတဲ့ခြေလှမ်းတွေကိုသာ လားရာပြောင်းခဲ့တာပေါ့။ ရှင်းရှင်းလေးပါ စုဘုရားလတ်တောင် လူသတ်ရဲသေးတာ စစ်သားရင့်မာကြီးက သန်းခြောက်ဆယ်လောက်ထဲက တစ်သိန်းလောက်ကို အသာလေး သတ်ပစ်နိုင်တယ်။မသတ်ဘူူး ။ အထဲကိုထည့်လိုက် ခံစားချက်ကို မီးထိုးပေးလိုက်။ အပြင်ပြန်ထုတ်လိုက် ဆူပူမှုကို ပြန်ပြီး မီးမွေးလိုက်။ နိုင်ငံကို ချောက်ထဲမကျအောင် ကယ်တင်လိုက်လုပ်ခဲ့တယ်။တစ်ဘက်က အင်အားစုတွေ ခြေကုန်လက်ပန်းကျချိန်ကို စောင့်ရင်း ဒီဘက်မှာ ခါးပိုက်ဆောင်တပ်ဖွဲ ့ကို သေသေချာချာ ဖွဲ ့စည်းထားခဲ့တယ်။ထို ့အတူ နိုင်ငံမငြိမ်သက်မှုကို ဘန်းပြပြီး ကာကွယ်ရေးကို သေသေချာချာ တိုးမြှင့်တည်ဆောက်ခဲ့တယ်။သူများနိုင်ငံတွေ မသိခင်လေးမှာ တိတ်တိတ်လေး နူကလီးယားကို စမ်းသပ်တယ်။သို ့သော်လည်း အသားထဲက လောက်ထွက်လို ့ မအောင်မြင်ဘူးဖြစ်သွားတယ်။ တကယ်တမ်းသာ အောင်မြင်သွားရင် အခုအချိန်ဆို ဘင်္ဂလား၊အိန္ဒိယနှင့်တရုတ် တို ့ မြန်မာကို ဒူးထောက်နေရလောက်ပြီ။ မြန်မာဆိုတာ ပြောရင်တကယ်ဖြစ်အောင်လုပ်တတ်တယ်လေ။မြောက်ကိုရီးယားလို လေသံပဲပြစ်နေမှာမှမဟုတ်တာ။ ရော ့မင်းတစ်လုံး ငါတစ်လုံးလုပ်မဲ့အပေါက်။
နောက်တစ်ခုက ပြည်သူကို တိတ်တိတ်လေး ခြောက်ထားခဲ့တယ်။ လက်သီးတောင် အပေါ်ထောင်မဆုတ်ရဲဘူး။
နောက်ပိုင်းမှာ နောက်ကျောကို ထိုးမဲ့ဓားသွားတွေကို ဘွားဘွားကြီးမြင်လိုက်လို ့ ထိုင်ခုံကို သေသေချာချာပြင်ဆင်ပြီး နေဝင်ချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေတာ။
ကျုပ်တို ့လူမျိုးတွေကလည်း နိုင်ရင်ဖိထောင်းချင်တဲ့လူမျိူးဆိုတော့ အရှုံးပေးသွားတယ်ထင်ပြီး ဘဝင်မြှင့်နေကြတယ်။
ဒီလို ပုံစံမျိုးသာ ဆက်ပြီးသွားမယ်ဆိုရင် နှစ်သုံးဆယ်မြှောက် ၂၀၁၈ မှာ သမိုင်းက အလိုလိုကို တစ်ပတ်လည်နိုင်တယ်။အဲဒီအချိန် တက်လာမဲ့သူကလည်း လူတော်ဖြစ်မှာတော့ သေချာတယ်။လူကောင်းဖြစ်ဖို ့သာ လိုနေတယ်။လူကောင်းဖြစ်ပါစေလို ့သာ ဆုတောင်းနေပါတယ်။ရှေ ့ကအုပ်ချုပ်သူတွေအားလုံး လူတော်တွေပါ။သို ့သော်လည်း လူကောင်းဖြစ်မသွားတာလေးကပဲ ဆိုးနေတာ။
နိုင်ငံရေးဆိုတာ ဒါမျိုးလား
နိုင်ငံရေးဆိုတာ ဒါမျိုးလား
၁။၈၈ အရေးတော်ပုံမှာ ကျောင်းသားပေါင်းများစွာ အသက်ပေးခဲ့ရတယ်။စနစ်ဆိုးတစ်ခု ကျဆုံးသွားတယ်။သို့ သော်လည်း စနစ်ကောင်းတစ်ခု ပေါ်ပေါက်မလာခဲ့ဘူး။
၂။စင်ပေါ်တက် လေကြီးခဲ့သူများလည်း ထောင်နန်းစံပြီး သူရဲကောင်းဖြစ်သွားခဲ့တယ်။သို့ သော်လည်း အသက်ပေးခဲ့သူတွေ သူရဲကောင်းဖြစ်ခွင့်မရရှာဘူး။
၃။စစ်တပ်အစိုးရကို အကြပ်ရိုက်စေဖို့  လက်စားချေရေးကို စတင်ကြေငြာတယ်။အာဏာမရတော့ဘူး။ ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးမှာလဲ။ဆန္ဒစောတယ်။
ဘာကြောင့် ဘာအတွက်
လက်ရှိမြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတော်တော်များများက ဒီမိုကရေစီပြောင်းလဲမှုကြောင့်လို့ 
အကြမ်းဖျဉ်းတွက်သူတွေ ရှိနိုင်ပါတယ်။သေသေချာချာ စဉ်းစားရင် ဒါက ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ
ပွင့်အန်လာတယ်လို့ ထင်ပါတယ်။ဒီမိုကရေစီ မဟုတ်လည်း ဖြစ်လာနိုင်တဲ့ကိစ္စပါ။
၁၉၈၈ အရေးအခင်းကြီး ဘာကြောင့်ဖြစ်ခဲ့သလဲ။ပြည်သူတွေ အနေနှင့် အစိုးရ ကို သည်းမခံနိုင်တော့တဲ့အဆုံး
ပေါက်ကွဲလိုက်တာပါ။အခုလည်း သမိုင်းတစ်ပတ်ပြန်လည်နေပါပြီ။အုပ်ချုပ်သူတွေ သိသင့်တယ်ထင်ပါတယ်။
သို့ သော်လည်း သိသိကြီး လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။မြန်မာလူမျိုးတွေဆိုတာ ကိုယ်တတ်နိုင်သလောက်
သည်းခံတတ်ပြီး မခံနိုင်တဲ့ အဆုံးမှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်တဲ့ သဘာဝရှိပါတယ်။ဒါကို အုပ်ချုပ်သူတွေ အသုံးချနေပြီ လို့ မြင်ပါတယ်။
မိခင်သေနုန်းကျဖို့  ဆိုရာဝယ်
ဒီိတစ်ခါတော့ MMR အကြောင်းပြောကြည့်ရအောင်
ကဲ တိုက်နယ်ဆရာဝန်များနှင့် မြို့ နယ်ဆရာဝန်များ ခင်ဗျား ခင်ဗျားတို့ ကုပေးနေတဲ့ ကိုယ်ဝန်ဆောင်သေဆုံးတာကို ၀မ်းသာပါသလား…………
ကျွန်တော်ကတော့ ကိုယ်ကုတဲ့သူ မည်သူမဆို ရှင်စေချင်တာပါပဲ…ကိုယ်ဝန်ဆောင်ဆိုလည်း ရှင်စေချင်တာပဲ…
သူက အသက်နှစ်သက်တောင်ကယ်နိုင်တဲ့အလုပ်မို့ လား……..
ဒါဆို သားဖွားဆရာမကရော သေစေချင်တယ်ထင်သလား…ကိုယ့်ထက်တောင်ဆိုးသေးတယ်…
သူက အကြောက်ဆုံးပဲ….
နှစ်သိန်းတန် အိမ်မက်နှင့် ခုနှစ်ရာ့ငါးဆယ်တန် လက်တွေ့ 
စကားလုံးလေးကဆန်းနေမယ်ထင်တယ်……အမှန်တော့ မြန်မာ့ဆက်သွယ်ရေးရဲ့ စေတနာဗရဘွကို ပြောချင်တာ……မြန်မာ့ဆက်သွယ်ရေးက ဆင်းကဒ်တစ်ခုကို နှစ်သိန်းနှင့်ဝယ်ရတယ်…….ရောင်းသူကရောင်း
လို့  ၀ယ်သူက ၀ယ်လိုက်တယ်ပဲထားပါတော့….သို့ သော်လည်း ၀ယ်ပြီးတော့ ကောင်းကောင်းသုံးလို့  ရပါသလား….မရဘူးဗျာ….
မိုးရေးမြို့ (အိန္ဒိယ)မှာ ဆင်းကဒ်တစ်ခုကို ခုနှစ်ရာ့ငါးဆယ်(မြန်မာငွေ) ဆိုရင်ဝယ်လို့ ရပြီ…..သုံးလို့ ရတယ်.
အထူးသဖြင့် အင်တာနက်ချိတ်မယ်ဆိုရင် 3G တောင်ရသေးတယ်…..အံမယ် သုံးစွဲခကလည်း တစ်လမှ မြန်မာငွေ တစ်ထောင့်ငါးရာပဲပေးရတာ……ဗိုဒါဖုန်းဆိုတဲ့ နာမည်ကျော်တံဆိပ်တောင်သုံးရတာနော်……..
သားသား ကြောက်ကြောက်
ကျွန်တော်တို့  အခြေခံကျန်းမာရေးဝန်ထမ်းများရဲ့ စိတ်ထားများကို
၁။မည်သူတွေ ဖျက်ဆီးခဲ့သလဲ
၂။မည်သို့ ဖျက်ဆီးခဲ့သလဲ
၃။မည်သည့်အရာက ပျက်ဆီးစေခဲ့သလဲ
စေတနာတွေ စေတနာတွေ စေတနာတွေ
ဆေးဝါးထောက်ပံ့တဲ့ ကိစ္စနှင့်ပတ်သက်လို့ ပြောချင်ပါတယ်
လက်ရှိဆေးဝါးထောက်ပံ့ဖို့ လုပ်လိုက်တဲ့အစီအစဉ်က ပြည်သူတွေကို တကယ်ပေးချင်လို့ လား ဒါမှမဟုတ် လွှတ်တော်အမတ်တစ်ယောက်ရဲ့ မေးခွန်းကြောင့်လား
ပြည်သူကိုပေးချင်တဲ့ဆန္ဒကြောင့်လို့ ပဲ အပြစ်လွတ်အောင် ကောက်ချက်ချလိုက်ချင်ပါတယ်
ပြည်သူကိုပေးမယ်ဆိုရင်လည်း ဘယ်လိုပေးမှာလဲ…ဘယ်လောက်ပေးမှာလဲ..ဘာတွေပေးမှာလဲ…ဘယ်နည်းနှင့်ပေးမှာလဲ…ဘယ်အချိန်ထိပေးမှာလဲ..ဒါတွေကို အောက်ခြေမြို့ နယ်များသိအောင် ကြိုတင်ရှင်းလင်းထားဖို့ လိုပါတယ်….
စနစ်ကို ပြောင်းလဲလိုခြင်း
ကျွန်တော်တို့ မြန်မာနို်င်ငံကို တိုးတက်ချင်တဲ့ဆန္ဒတွေနှင့် အချို့ သော အကြီးအကဲများက ပြောင်းလဲဖို့ ကြိုးစားနေပါတယ်…ဒါက တကယ့်အဖြစ်ပါ။မယုံခြင်လည်း နေလို့ ရပါတယ်။
ဘာကြောင့် ပြောင်းလဲခြင်ကြတာလဲ….အဖြေကတော့ ရှင်းရှင်းလေးပါ…လိုအပ်လို့ ။
ဘာကြောင့်လိုအပ်တာလဲ….အဖြေကတော့ တော်တော်ကို ရှုပ်ထွေးနေပါတယ်။
ကိုယ်စီကိုယ်င အမြင်များလည်းပေါ်ပေါက်လာပါတယ်။
ဒီတော့ ကျွန်တော့်အမြင်သီးသန့် လေးကိုပဲ ရေးချင်ပါတယ်။
ကျွန်တော်မြင်သလောက်တော့ အင်္ဂလိပ်တွေ ရေးဆွဲ ကျင့်သုံးခဲ့တဲ့ စနစ် တနည်းအားဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စည်းမျဉ်း၊ကျင့်ထုံးများက တော်တော်ကိုကောင်းပါတယ်။
ဒါဆို ဘာလို ပြောင်းလဲခြင်တာလဲ…..မူကောင်းခဲ့သော်လည်း လူမကောင်းခဲ့တော့ စနစ်ကြီးတစ်ခုလုံး ကျဆုံးသွားလို့ ပါ။
management
Mary P. Follett's four main principles of coordination are discussed below :-
1. Principle of Early Stage
According to this principle, coordination must start at an early stage in the management process. It must start during the planning stage. This will result in making the best plans and implementing these plans with success. If coordination is started early only then all the management functions will be performed successfully. Thus by initiating proper coordination the organisation will achieve all its objectives easily and quickly.
2. Principle of Continuity
According to this principle, coordination must be a continuous process. It must not be a one-time activity. The process of coordination must begin when the organisation starts, and it must continue until the organisation exists. Coordination must be done continuously during the management process. It must be done during planning, organising, directing and controlling.
ဆောင်ပုဒ်များပိနေသော မြန်မာ
ဆောင်ပုဒ်များပိနေသော မြန်မာ
ကဲ ..ငြင်းချင်သူများ ငြင်းနိုင်ကြပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက ဆောင်ပုဒ်တွေပိနေပါတယ်…
လ၀က က ရေးထားတယ်..ဘာတဲ့ မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်တယ် ဆိုပါလား
အဟုတ်မှတ်နေတာ ….မြန်မာနိုင်ငံကြီးကတော့ ထုံးသုတ်ခံလိုက်ရတာ ရင်ဘတ်ကြီးကို ဖွေးရော…
နောက်တစ်ခုကတော့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဆိုပဲ
အမျိုးကိုချစ်လိုက်ကြတာ မြန်မာချင်းသတ်နေကြတာ နှစ်ခြောက်ဆယ်တောင်ရှိပေါ့
ကမ္ဘာမှာ အကြာဆုံးပြည်တွင်းစစ်ဆိုပြီးတောင် စံချိန်တင်လိုက်သေး……
စက်မှုစွမ်းအား ခေတ်ကျော်လွားဆိုပြီး စက်ရုံကြီးတွေတည်လိုက်တယ်..
ဘာဖြစ်သွားတယ်ထင်လဲ….အကြွေးတင်ပြီး စက်ရုံတွေပိတ်လိုက်ရတာပဲ အဖတ်တင်တယ်..
မြန်မာနိုင်ငံမှထုတ်လုပ်သည်ဆိုပြီး ဘာပစ္စည်းမှကို ထွက်မလာဘူး…
သစ်တစ်ပင်ခုတ် ထောင်ဒဏ်သုံးနှစ်ဆိုသဗျ…
ဟော …တစ်နိုင်ငံလုံးရဲ့  သုံးပုံတစ်ပုံလောက်ခုတ်လိုက်တာ သူဌေးကြီးတွေဖြစ်ကုန်တယ်..
အံ့သြစရာကောင်းတာက ထောင်မကျတဲ့အပြင် ဘွဲ့ ထူးဂုဏ်များတောင် ဆက်ကပ်လိုက်သေးတယ.်
စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုပဲ..
ငါက ဘယ်သူရဲ့ ဘာကွဆိုပြီး သံတုတ်နှုင့် ရိုက်သတ်တယ်…………..ကောင်းရော
နောက်တစ်ခုကတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုပဲ..
စိတ်ထဲမြင်ကြည့်တာကတော့ သံတုတ်ကြီးထမ်းပြီး ထိုင်ရာကမထနိုင်တဲ့ ကလေးငယ်လို အင်အားမျိုးကြီး
လာဘ်ပေးရန်မလိုပါတဲ့
ဌာနဆိုင်ရာတိုင်းမှာုကပ်ထားတယ်……
လာဘ်မယူတဲ့ ဌာနလေးများရှိရင် လက်တို့ ကြပါ….
အကောင်းဆုံးကတော့ ဘယ်ဆောင်ပုဒ်မှ မရေးကြတာ အကောင်းဆုံး
ဘာကြော်ငြာချက်မှမထုတ်တာအကောင်းဆုံး
ကိုယ်လုပ်နိုင်သလောက်လုပ်…..ကိုယ့်တာဝန်ကိုယ်ယူကြတာကောင်းတယ်…
တိုင်းပြည်ရဲ့ လိုအပ်ချက်ကြောင့်ကျွန်တော်တို့ အနေနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အရပ်ဘက်ကိုပြောင်းပြီး
နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရပါတယ်ဆိုတဲ့ နှစ်သီးစားတွေလည်း ဘေးထွက်နေသင့်ပြီ
ပြည်သူ့ ကိုယ်စားလှယ်ပါဆိုတဲ့ အမတ်မင်းများလည်း မထူးပါဘူး
ပြည်သူ့ ကိုယ်စားလှယ်မို့ လိုသာပဲ…..ပြည်သူအတွက်ဆို ဘာမှကို လုပ်မပေးချင်တာ….
နေရာပျောက်မှာကြောက်နေတာနှင့်တင် ပါးစပ်က အလိုလို ပိတ်သွားတယ်….
ပြည်သူကိုယ်တိုင်ကလည်း ကိုယ့်ကိုကောင်းကျိုးမပြုတဲ့ ကိုယ်စားလှယ်ကို ဘာကြောင့်များလွှတ်တော်ထဲ
အ၀င်ခံနေကြတာလဲ….အများတူညီ တောင်းဆိုကြပါလား…အသစ်ပြန်ရွေးကြပါလား…
ဆန္ဒပြလို့ မရနိုင်ရင် အခြေခံဥပဒေနှင့်ပြန်ပြီး ကိုင်ပေါက်ကြပါလား…
လမ်းပေါ်ထွက်တာလူမြင်တာပဲ အဖတ်တင်တယ်..ဘာမှလည်းဖြစ်လာတာမဟုတ်…
နောက်ဆုံးတော့လည်း ငါလိုပဲ ထင်ရာလျှောက်ရေးပြီး ကိုယ့်အိမ်ထဲ ကိုယ်ဘာသာ လသာနေတာပဲကောင်းတယ်…
ဝါဆိုလပြည့်နေ့ ဆိုသည်မှာ
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
အောက်ခြေက မပြင်ဘူးတဲ့လား(Voice Of Myanmar)
မေး ။     ။ ခုတစ်လောအပြောများနေတာက အစိုးရသစ်လက်ထက်မှာ သမ္မတကြီးနဲ့ အပေါ်ပိုင်းက အပြောင်းအလဲ လုပ်နေပေမယ့် အောက်ပိုင်းကပါမလာဘူး ၊ ခေါင်းပြောင်းတယ် ကိုယ်မပြောင်းဘူး စသည်ဖြင့်ပေါ့လေ ပြောနေကြတာတွေရှိတယ် ကျွန်တော့်အမြင်လည်း ဒီအတိုင်းပဲရှိတယ် ဒီအပေါ်ဆရာ့ရဲ့ သဘောထားလေး ပြောပေးပါဦး
ကံကိုကြီးသာ အားမကိုးရာ
ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊
ဤလူ့ ဌာန်၌၊ ဥာဏ်ဝီရိယ၊
ပယောဂတည့်၊ကာလဒေသ၊
ပုဂ္ဂလကို၊နှိုင်းဆအပ်တုံ
ကံကိုယုံ၍၊မီးပုံအတွင်း
မဆင်းထိုက်စွာ၊ကျားရဲရာလည်း
ကြမ္မာအကြောင်း၊မရိုးကောင်းရှင့်
သူကောင်းရှေးက၊ဆိုကြကုန်၏။
လုံလမထူ၊ဥာဏ်မကူဘဲ
အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံဟု
ကံကိုချည်းသာ၊မကိုးရာဘူး
ပညာဥာဏ်ဖြင့်၊သင့်မသင့်ကို
အခွင့်ရှု၍၊အပြုလုံလ ရှိအပ်စွတည့်။
                                         မန်လည်ဆရာတော်ဘုရားကြီး၏မာဃဒေ၀လင်္ကာသစ်
စိတ်ကောင်းစိတ်မြတ်ဆိုတာ ..ဒီလိုပါလား
စိတ်ကောင်းစိတ်မြတ် ရှစ်မျိုး
၁။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်ယှဉ်သော၊အလိုလိုထက်သန်မှုရှိသောစိတ်
၂။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်ယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
၃။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊အလိုလိုထက်သန်သောစိတ်
၎။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
ယဉ်ကျေးမှုဆိုတာ(၂)
ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ပတ်သက်လို့ ပထမ ဆောင်းပါးနိဂုံးမှာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စားသောက်၊ နေထိုင်၊ ဝတ်ဆင်၊ ပြုမူ၊ ဆက်ဆံ ပုံတွေဟာ ခေတ်သစ် ကမ္ဘာရဲ့ ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ဖြစ်ထွန်းမှု သဘောအရ၊ တနည်းအားဖြင့် အတွေးအခေါ်၊ ယဉ်ကျေးမှု၊ သတင်းအချက်အလက်၊ အရင်းအနှီး၊ ကုန်စည်၊ လူမှုဆက်ဆံရေး စတာတွေဟာ ခေတ်ဆက်သွယ်ရေး၊ နည်းပညာ တိုးတက်ဖြစ်ထွန်းမှုနဲ့အတူ မြေကျောရှုံ့ပြီး ကမ္ဘာ့ပထဝီကိုဖြတ်သန်းဆီးစီးလာတဲ့ ဖြစ်စဉ်သဘောကြောင့် ပြောင်းလဲလာတယ်လို့ ဆိုခဲ့ပါတယ်။
ဒီဆောင်းပါးမှာတော့ လူအဖွဲ့အစည်းတွေရဲ့ အစ သမိုင်း၊ ယဉ်ကျေးမှုတွေကို ပြန်လည် လေ့လာရင်လည်း လူ့အဖွဲ့အစည်း အချင်းချင်း ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နေထိုင်၊ စားသောက်၊ ဝတ်ဆင်မှု ပုံစံတွေဟာ မျက်မှောက်ခေတ်လို မြန်ဆန်၊ ကြီးထွား၊ သိသာမှု မရှိသည့်တိုင်အောင် အပြန်အလှန် ကူးယူ လေ့ရှိတာပါပဲ ဆိုတဲ့ သဘောကို ဆက်လက် ဆွေးနွေးပါမယ်။
ယဉ်ကျေးမှုဆိုတာ
လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ယဉ်ကျေးမှု မရှိဘူးလို့ တသမတ်တည်းကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့ သဘောက ကျယ်ပြန့်ပါတယ်။
လူတစ်ဦချင်းအရ ယဉ်ကျေးမှုကို တိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည်မှု (သို့) ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။
လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊ ကိုယ်ကွယ် ယုံကြည်မှု၊ သမိုင်း စတာတွေကို ကြည့်ပြီး ယဉ်ကျေးမှုမြင့်တယ်၊ နိမ့်တယ် ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့ တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ်နည်း၊ ဓလေ့ စတာတွေကို အခြေခံပြီး လူအဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမှုလို့ သတ်မှတ်ကြတာပါ။
မဖမ်းကောင်းတဲ့ငါး
မဖမ်းကောင်းတဲ့ငါး
အခုပြောချင်တာလေးကလည်း ဆရာဖေမြင့်စာအုပ်လေးထဲက အကြောင်းလေးပါပဲ။
နယူးဟမ့်ရိုင်းရားနယ်က ဗိသုကာပညာရှင်တစ်ယောက် ငယ်စဉ်ကကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ထိုပညာရှင် ၁၁နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူနှင့်ငါးသွားမျှားကြသတဲ့။
သူတို့ ဆီမှာက ရာသီအလိုက်ဖမ်းဆီးခြင်းမပြုရတဲ့ ငါးတွေကိုသတ်မှတ်ပေးထားပါတယ်။
သားအဖနှစ်ယောက်ငါးမျှားကြရင်း ငါးကြီးတစ်ကောင်ဖမ်းမိကြပါတယ်။ဖြစ်ချင်တော့ အဲဒီအချိန်ကာလ
မှာဖမ်းခွင့်မရှိတဲ့ ဘက်စ်ငါးကြီးဖြစ်နေတာပါပဲ။ပိုဆိုးတာက နောက်နှစ်နာရီလောက်ကြာလို့ နောက်တစ်နေ့ကိုကူးသွားရင် ဒီငါးတွေကို တရားဝင်ဖမ်းခွင့်ရပါပြီ။လောလောဆယ် ဖမ်းခွင့်မရသေးဘူး။အဲဒီမှာ ကောင်လေးက သူ့ အဖေကိုကြည့်တယ်။ဘယ်လိုလုပ်မလဲပေါ့။
အမှားကို ၀န်ခံတတ်ဖို့ 
ဒီတစ်ခါ ကျွန်တော်ရေးပြချင်တာက အမှားကိုဝန်ခံရဲတဲ့သတ္တိ အကြောင်းလေးပါ။
တော်တော်များများလည်း သိပြီးဖြစ်မှာပါ။ဆရာဖေမြင့်ရဲ့  နှလုံးသားအာဟာရထဲကပါ။
တစ်ခါက အမေရိကန်နိုင်ငံမှာ စာလုံးပေါင်းပြိုင်ပွဲလေးတစ်ခုပြုလုပ်ပါသတဲ့။တောင်ကယ်ရိုလိုင်းနားက
ရိုစလီအဲလီယတ်ကို avowal(၀န်ခံခြင်း)ဆိုတဲ့စကားလုံးကိုပေါင်းခိုင်းသတဲ့။တောင်ပိုင်းသံဝဲ၀ဲနှင့်ပေါင်း
ပြတဲ့အတွက် ဒိုင်လူကြီးတွေအနေနှင့် l ရှေ့ ကစာလုံးကို a နှင့်ပေါင်းသလား e နှင့်ပေါင်းသလားဆိုတာ
မသေချာဘူးတဲ့။ဒါကြောင့် recorder ထဲက အသံကို အကြိမ်ကြိမ်နားထောင်ကြသတဲ့။သို့ သော်လည်း
မသေချာတဲ့အတွက် ကာယကံရှင်ကိုပြန်ပြီး အဖြေတောင်းကြပါတယ်။ဒီအချိန်မှာ ကာယကံရှင် အဲလီယက်အတွက် အဖြေမှန်ကို သိပြီးဖြစ်ပါတယ်။သို့ သော်လည်း မိမိအမှားကိုတာဝန်ယူရဲတဲ့
အတွက် သူမဖြေဆိုခဲ့တာ e နှင့်ပါလို့ ပဲ အရင်အဖြေအတိုင်းပြန်ဖြေဆိုခဲ့ပါတယ်။
ဒီဆောင်းပါးလေးကို လွယ်လွယ်တွေးရင် အမှားတစ်ခုကို ၀န်ခံတာပါပဲ။သို့ သော်လည်း တဖြည်းဖြည်း
စဉ်းစားကြည့်ရင် ဒါက ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။
တာဝန်သိခြင်း၊တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း
တာဝန်သိခြင်းတာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း
တာဝန်သိခြင်း ဆိုတာဘာလဲလို့  ကျွန်တော်တို့ သေချာစဉ်းစားမိပါသလား
ကျွန်တော်တို့ ပြည်သူများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂတစ်ခုခုမပါဘဲ
ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင် အသိစိတ်နှင့် ကိုယ်တာဝန်ကို သိရပါမယ်။ထို့ အတူ ကျွန်တော်တို့ ကို
ကိုင်တွယ်အုပ်ချုပ်စီမံပေးနေတဲ့ အစိုးရကလည်း မည်သူတောင်းဆိုလို့ မှမဟုတ်ဘဲ တာဝန်သိရပါမယ်။
လတ်တလောအခြအနေအရတော့ ပြည်သူကိုယ်တိုင်ကလည်း တာဝန်သိမှုပိုင်းမှာအားနည်းနေပါတယ်။အစိုးရပိုင်းကလည်း ပြည်သူတောင်းမှ လုပ်ပေးပါတယ်။
ပထမဆုံးအနေနှင့် ပြည်သူက အရင်ဆုံးတာဝန်သိပေးဖို့ လိုပါမယ်။
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...