Showing posts with label ဆေးပညာ. Show all posts
Showing posts with label ဆေးပညာ. Show all posts
အကြိတ်တိုင်း ကင်ဆာမဟုတ်ပါ
ကင်ဆာဆိုတာ သေချာပြီလား
ဒီအကြောင်းကိုရေးရမှာနည်းနည်းလန့် တယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ကင်ဆာပါရဂူမဟုတ်လို့ ပါ။
သို့ သော်လည်း ဆေးပညာကိုသင်ကြားရသူတိုင်း ကင်ဆာဆိုတာ ဘာလဲဆိုတာ အကြမ်းဖျဉ်းတော့
သိကြပါတယ်။
တကယ်တော့ကင်ဆာဆိုတာ မိမိကိုယ်ခန္ဓာက ကိုယ့်ကိုပြန်တိုက်တဲ့ရောဂါပါပဲ။ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက အမြဲတမ်း သေသွားလိုက် အသစ်ပြန်ဖြစ်လိုက် သံသရာလည်နေတာပါ။သို့ သော်လည်း တစ်လုံးသေသွားရင် တစ်လုံးအသစ်ဖြစ်ခြင်းကြောင့် ပုံမှန်
အခြေအနေကို ထိန်းထားနိုင်တာပါ။တကယ်လို့  ကိုယ်ခန္ဓာမှာ ဆဲလ်တွေသေဆုံးမှုမဖြစ်ဘဲ အသစ်
တွေသာထပ်တလဲလဲဖြစ်ထွန်းလာရင် အဲဒါက အကြိတ်ဖြစ်လာပါတယ်။ဒါမျိုးကြောင့်လဲ အကြိတ်တွေဖြစ်လာပါတယ်။ သို့ သော်လည်း သာမာန်အကြိတ်သာဖြစ်ပြီး သူကတော့ကင်ဆာမဟုတ်ပါဘူး။ကင်ဆာဆိုတာ ဆဲလ်တွေ ရှိသင့်တဲ့နေရာမဟုတ်ဘဲ၊ပုံမှန်ပွားများခြင်းမဟုတ်ဘဲ၊သီးသန့် ဖြစ်ထွန်းခြင်းမဟုတ်ဘဲ ကိုယ်ခန္ဓာမှာ
တိုးပွားလာခြင်းလို့ အကြမ်းဖျဉ်းပြောလို့ ရပါတယ်။
သင့်ကလေးမှာ ဖြစ်တတ်တဲ့ရောဂါလေးတွေ
1. Stomach Ache ဗိုက်နာ
ကလေးငိုရင် နို့ဆာတာ၊ လေနာတာဖြစ်နိုင်တယ်။ ကလေးနဲနဲကြီးရင် သံကောင်ဖြစ်နိုင်တယ်။ လေကြောင့်နာရင် ခါးကော့ ငိုမယ်။ Colic ဗိုက်ရစ်နာတာ၊ Gastroesophageal reflux အစောခြေရည်အထက်ဆန်တာ၊ Food intolerance အစာကို လက်သင့်မခံနိုင်တာ၊ Virus ဗိုင်းရပ်စ်တွေကနေ ဖြစ်စေနိုင်တယ်။ အန်တာ၊ ဖျားတာ၊ ဝမ်းပျက်တာတွေနဲ့ ရောရင် ဆရာဝန်ပြပါ။
2. Fever ကိုယ်ပူခြင်း 
ကလေးငယ်ငယ်လေးတွေ နဲနဲကိုယ်ပူတာကိုတောင်မှ သတိထားရမယ်။ နားကိုက်တာ၊ ချောင်းဆိုးတာ၊ မဆော့ချင်-မလှုတ်ချင် ဖြစ်တာ၊ အနီစက်တွေထွက်တာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ရှိနေ-မနေစစ်ဆေးပါ။ 
3. Constipation ဝမ်းချုပ်ခြင်း
ကလေးဆိုတာ ဆီးတရွှဲရွှဲ ဝမ်းတစိုစိုနေတယ်။ ဝမ်းပျက်သလိုဘဲ ချုပ်နေတာလဲ မကောင်းဘူး။ စိတ်ပူစရာ သိပ်မလိုပါ။ တကယ်ဝမ်းက မာနေပြီး သွားမရရင် ရေပိုတိုက်ပေးပါ၊ အသီးရည်တိုက်ပါ။ မရရင် ဆရာဝန်ပြပါ။ ဗိုက်နာနေပြီး အန်လာရင်တော့ အရေးကြီးတယ်။
ကမ္ဘာကိုကယ်တင်နိုင်မဲ့ ဆေးတစ်လက်(သို့ မဟုတ်)Truvada
အမေရိကန် အစားအသောက်နှင့်ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန (Food and Drug Adminstration - FDA) က တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် HIV ဗိုင်းရပ်စ် တားဆီးကာကွယ်သည့် ဆေးဝါးတစ်မျိုးကို ထောက်ခံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ ခြေလှမ်းသည် ကြောက်မက်ဖွယ် ခုခံအား ကျဆင်းမှု ရောဂါ (AIDS)ကို စတင်ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အား နှစ်ပေါင်း(၃၀)ကြာ တိုက်ဖျက်ရန် ကြိုးစားနေမှုတွင် အလွန်ကြီးကျယ်ခမ်းနားသည့် မှတ်တိုင်တစ်ခုသဖွယ် ဖြစ်လာသည်။ Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်ကြောင်း သိရှိရသည်။
လိုအပ်သောနာကျဉ်မှု
လိုအပ်သောနာကျင်မှု ဆိုတဲ့အတွက် အပြစ်တင်ချင်ကြလိမ့်မယ်…ဟုတ်ပါတယ်..ဘယ်သူမှ နာကျင်
တာကို မခံစားချင်ကြပါဘူး..ကျွန်တော်အပါအ၀င်ပေါ့..ဒါဆိုဘာကြောင့် လိုအပ်သလဲ…
၁။နာကျင်မှုဆိုတာ ရောဂါတစ်ခုရဲ့  ကနဦး အချက်ပြသင်္ကေတဖြစ်နေတတ်ပါတယ်။
၂။နာကျင်မှုက  ရောဂါဆက်လက်ဆိုးဝါးလာမှာကို တားဆီးပေးပါတယ်။
၃။ကွဲပြားခြားနားသော နာကျင်မှုများကြောင့် ရောဂါရဲ့ မူလဇာစ်မြစ်ကို သိနိုင်ပါတယ်။
တကယ်တော့ နာကျင်မှုဆိုတာ အချက်ပေးသင်္ကေတများကို ဦးဏှောက်မှ ဖလှယ်လက်ခံခြင်းတစ်ခုပါ။
ပျက်စီးသွားသော ၊ထိခိုက်သွားသော တစ်ရှုးများက သူတို့ ရဲ့ အခြေအနေကို အာရုံကြောမှာရှိတဲ့
နာကျင်မှုလက်ခံဌာနကို ပါဆယ်ထုတ်ပို့ လိုက်ပါတယ်။ဒီပါဆယ်ထုပ်ကို အာရုံကြောကသယ်ဆောင်
သွားပြီး ဦးဏှောက်ကိုပေးပါတယ်။ဦးဏှောက်က ဖွင့်ဖောက်ပြီးဖတ်မှ နာကျင်မှုကိုသိပါတယ်။
ပြီးတော့မှ ဆက်စပ်တဲ့ ဌာနအားလုံးကို ထိမ်းချုပ်လိုက်ပါတယ်။ဒါကတော့မြင်လွယ်အောင်ေ၇းပြတာပါ။
ကျွန်တော်တို့ အနေနှင့် နာကျင်မှုကို ဘယ်လိုခွဲခြားထားပါသလဲ…………………..
၁။မူရင်းနာကျင်မှု …..ခြေမမှာခိုက်မိရင်ခြေမမှာနာတယ်
၂။သွယ်ဝိုက်နာကျင်မှု……..အစာအိမ်နာရင် ရင်ခေါင်းရင်းကနာတယ်
၃။ရွေ့ ပြောင်းနာကျင်မှု….နှလုံးမှာထိခိုက်ရင် ဘယ်လက်မောင်းအောင့်တယ်
၎။ထင်မှတ်မှားနာကျင်မှု…….ခြေထောက်ဖြတ်ခါစ လူနာတွေမှာ ခြေချောင်းလေးတွေကိုက်တယ်ဆိုတဲ့
                                  အကောင်အထည်မရှိသော်လည်း နာကျင်မှုကိုခံစားရခြင်း
သွေးပေါင်ကျလို့  အကြောဆေးထိုးသတဲ့...ကောင်းရော
ဟုတ်ပါ့မလား…မောင်ကာလုရယ်လို့ သာမေးလိုက်ချင်တော့တယ်။
ကဲ..စာဖတ်ပရိသတ်ကြီးကို ပြန်ပြီးပြောချင်တယ်။
အကြောဆေးထဲမှာ ဘာတွေပါသလဲ။
တကယ်တော့ အကြောဆေးထဲမှာ သကြားဓာတ် ၂၅%ပါဝင်တဲ့ အရည် ၂၀စီစီ နှင့် အခြားဗိုက်တာမင်
အနည်းငယ်ပါဝင်ပါတယ်။
ဒီဓာတ်ပစ္စည်းတွေက သွေးပေါင်တက်စေတယ်လို့  ကျွန်တော်မဖတ်ဘူးပါ။
သွေးပေါင်ဆိုတာ နှလုံးညှစ်အားနှင့် သွေးကြောများ၏တွန်းကန်အားကို ပေါင်းစပ်ထားခြင်းလို့ သိထားပါတယ်။
ဒီတော့ သွေးပေါင်ကျလို့ ခဏခဏ အကြောဆေးသွင်းရပါတယ်ဆိုတာ ဟုတ်မယ်ထင်ပါသလား။
သာမန်ဆေးပညာအသိသာရှိသူများက လူနာကို ဘာလုပ်ပေးရမယ်ဆိုတာမသိရင် အကြောဆေးထိုးပေးလိုက်တယ်။လူနာကလည်း သွေးပေါင်ခဏခဏကျတတ်တယ်ဆိုတာကို အသေမှတ်ထားတယ်။
တကယ်တမ်း သွေးပေါင်ကျတာသာ ဆိုရင် နှလုံးအခြေအနေမကောင်းတော့တာလား..အခြားရောဂါများလား ဆိုတာကို သိဖို့ လိုအပ်လာပါတယ်။
ဒါဆိုရင်လည်း တကယ်ထိရောက်တဲ့ကုသနည်းက နှလုံးဆိုင်ရာဆေးဝါးများနှင့် အခြားရောဂါဆိုင်ရာဆေးဝါးများသာဖြစ်သင့်ပါတယ်။ ဗိုင်တာမင်တော့ မဖြစ်သင့်တော့ပါ။
ရုတ်တရက်သွေးပေါင်ထိုးကျသွားနို်င်တဲ့အခြေအနေများကတော့ ချွေးအလွန်အမင်းထွက်ခြင်း၊၀မ်းပျက်ဝမ်းလျောခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်း၊နှလုံးအလုပ်မလုပ်နိုင်ခြင်းတို့ သာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာလည်း အကြောဆေးလေးထိုးလိုက်ရုံနှင့်သက်သာသွားဖို့ လမ်းမမြင်ပါ။
ဒီတော့ တကယ်သွေးပေါင်ကျတာ မဟုတ်ဘူးလို့ ကျွန်တော်က ထင်တယ်။
လူနာကို ဘာလုပ်ပေးရမှန်းမသိရင် ဘာမှလုပ်ပေးမနေနှင့်။သင့်တော်တဲ့သူဆီသာ လွဲပေးလိုက်ပါ။
နောက်တစ်ခုကတော့ သွေးပေါင်ကျတယ်ဆိုတဲ့ စကားကို ဘာကြောင့်လွယ်လွယ်သုံးခြင်သလဲ။
အခြားအကြောင်းပြချက်တစ်ခုခုနှင့် အကြောဆေးသွင်းပေးလို့ ကော မရဘူးလား။
ဥပမာ…ဒါကတော့ ခန္ဓာကိုယ်မှာ ဗိုက်တာမင် ဘီဝမ်းနည်းလို့ ဖြစ်တာပါပေါ့။
အခုနောက်ပိုင်း…ဘာမှလဲမဖြစ်ပဲ အလကားနေရင်း ဆရာဝန်ဆီလာပြီး အကြောဆေးထိုးခြင်လို့ ပါ
ဆိုတဲ့လူနာတွေကို တွေ့ လာရတယ်။ဆရာဝန်များ ဆိုက္ကားသမားမှတ်နေလားမသိဘူး။
တစ်ခါတစ်ခါတော့ စိတ်ပေါက်ပေါက်နှင့် ပိုတက်ဆီယမ်တွေထိုးပေးလိုက်ရရင်ကောင်းမလားတောင်
တွေးမိဘူးတယ်။
ဒီတော့ ခင်ဗျားကို သွေးပေါင်ကျလို့ အကြောဆေးထိုးပေးမယ်ဆိုရင်တော့ အဲဒါ လိမ်နေတယ်လို့ သာမှတ်လိုက်ပေတော့။
သွေးလွန်တုပ်ကွေးဆိုတာ
ရောဂါဆိုတာ မဖြစ်တာ အကောင်းဆုံးပါပဲ။သို့ သော်လည်း လူသားတွေဖြစ်နေတဲ့ အတွက် ရောဂါ
တစ်ခုခုကတော့ ဖြစ်တတ်ကြပါတယ်။ဒီအထဲမှာ ကုသလို့ ပျောက်တဲ့ရောဂါ၊ကုသလို့ မပျောက်တဲ့
ရောဂါ၊ကာကွယ်လို့ ရတဲ့ရောဂါ၊ကာကွယ်လို့ မရတဲ့ရောဂါ ဆိုပြီးကွဲပြားပါတယ်။ဒီအထဲကမှ
ကာကွယ်လို့ ရသော်လည်းပဲ ဖြစ်ပွားနေတဲ့၊ဖြစ်ပွားတိုင်းလည်း သေဆုံးမှုများပြားတတ်တဲ့ ရောဂါ
အကြောင်းလေးပြောချင်ပါတယ်။အဲဒါကတော့ သွေးလွန်တုပ်ကွေးပါ။
သွေးလွန်တုပ်ကွေးဆိုတာဘာလဲ
သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်ခုပါ။ဖြစ်ပွားစေတဲ့ပိုးကတော့ dangue virus (1,2,3,4)ဖြစ်ပါတယ်။
ဗိုင်းရပ်စ်နှင့်ဘက်တီရီးယား ဘာကွာသလဲ
ဘက်တီးရီးယားတွေက ပိုးသတ်ဆေး(antibiotic)တွေကို ခုခံနိုင်စွမ်းမရှိပါဘူး။ဒါကြောင့် ပိုးသတ်ဆေးပေးရင် ဘက်တီးရီးယားတွေသေပါတယ်။ဒါကြောင့် ပိုးသတ်ဆေးဖြင့် ဘက်တီးရီးယား
ကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသလို့ ရပါတယ်။
ဗိုင်းရပ်စ်ကတော့ ပိုးသတ်ဆေးဖြင့် သတ်လို့ မရပါ။
How about the snakes are?
Venom - Neurotoxin
Cobras are recognized by the hoods that flare when they are angry or disturbed.
These reptiles are found throughout the Philippines, southern Asia, and Africa.
The king cobra is the world’s longest poisonous snake. It averages 3.7 m (12 ft) in length but is known to grow to 5.5 m (18 ft). It is a thin snake, olive or brown in color, with bronze eyes.
Spitting cobra: This snake can spray its venom from a distance of about 2.4 m (about 8 ft) into the eyes of its victims, blinding them temporarily and causing great pain.
The venom of cobras, called a neurotoxin, acts powerfully on the nervous system. With effective serum available, however, the death rate from cobra bites in some areas of Asia has decreased. Cobra venom has been used for years in medical research because it has an enzyme, lecithinase, that dissolves cell walls and membranes surrounding viruses.
မြွေအန္တရာယ် ကင်းကြပါစေ
ယခုနောက်ပိုင်း မြွေကိုက်လို့ သေဆုံးတဲ့ သတင်းတွေကို တွေ့ မြင်လာရပါတယ်။တကယ်တော့
မြွေမကိုက်အောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။သို့ သော်လည်း မြွေပေါများတဲ့အရပ်မှာ နေထိုင်ရသူတွေ အတွက်ကတော့ ခက်ခဲနေပါလိမ့်မယ်။ဒါကြောင့် မြွေကိုက်ခြင်းနှင့်ပတ်သက်လို့ 
ကျွန်တော်ဒီဆောင်းပါးလေးကို အမေးအဖြေပုံစံရေးလိုက်တာပါ။
၁။မြွေကိုက်တိုင်းသေသလား
မြွေကိုက်တိုင်းတော့ မသေနိုင်ပါဘူး။အဆိပ်ရှိသောမြွေက အဆိပ်ရှိနေတဲ့အချိန် အဆိပ်ပြန့် နိုင်တဲ့နေရာကို ကိုက်မိပြီး အဆိပ်ပြန့် နေသောအချိန်မှာ အဆိပ်ဖြေဆေးကို အလုံအလောက်
ထိုးပေးနိုင်ခြင်းမရှိရင်သေနိုင်ပါတယ်။
၂။မြွေတိုင်းအဆိပ်ရှိပါသလား
မြွေတိုင်းအဆိပ်မရှိပါ။အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသောမြွေဆိုပြီး ခွဲခြားနိုင်ပါတယ်။
၃။အဆိပ်ရှိသောမြွေဆိုတာ ဘာတွေလဲ
မြန်မာနိုင်ငံတွင် အဆိပ်ရှိသောမြွေအမျိုးအစားပေါင်း များစွာရှိသည့် အနက် အဓိကအားဖြင့် သေဆုံးမှု
များကတော့ မြွေပွေးကိုက်ခြင်းနှင့် မြွေဟောက်ကိုက်ခြင်းတို့ ကြောင့်ဖြစ်ကြပါတယ်။အခြားမျိုးစိတ်များ
ဖြစ်သော ငန်းတော်ကျား၊တောကြီးမြွေဟောက်၊သံကွင်းစွပ်နှင့်ဂျပ်မြွေတို့ ကြောင့် သေဆုံးမှုများကို
တွေ့ ရှိရသော်လည်း အလွန်တရာနည်းပါးတာကိုတွေ့ ရပါတယ်။
၎။မြွေမှာ အဆိပ်ရှိ၊မရှိ ဘယ်လိုသိနိုင်ပါသလဲ
မြွေရဲ့ ပြင်ပ ပုံပန်းသွင်ပြင်ကို ကြည့်ပြီးသိနိုင်ပါတယ်။
ဦးခေါင်းပိုင်း
မြွေဆိုးတို့ ရဲ့  ဦးခေါင်းက တြိဂံပုံရှိပါတယ်။
အမြီးပိုင်း
မြွေဆိုးတို့ ရဲ့ အမြီးဟာ တိုပြီး တုတ်ပါတယ်။
မျက်လုံး
မြွေဆိုးတို့ ရဲ့ မျက်လုံးက ဘဲဥပုံရှိပါတယ်။အဆိပ်မရှိတဲ့ မြွေတွေကတော့ ၀ိုင်းတဲ့မျက်လုံးရှိပါတယ်။
အဆွယ်
မြွေဆိုးတိုင်းမှာ ချွန်ထက်သောဆေးထိုးအပ်ကဲ့သို့ သော အဆွယ်ရှိပါတယ်။
၉၆ ပါးရောဂါ မြန်မာလို ခွဲခြမ်းစိတ်ဖြာခြင်း
အနာမျိုး(၉၆)ပါး
အနာမျိုး(၉၆)ပါး 
မြန်မာရိုးရာဆေးပညာ အရ အနာမျိုး(၉၆)ပါး၊ တစ်နည်း(၉၈)ပါး ရှိသည်။
စက္ခုရောဂါ (မျက်စိရောဂါ)
သောတရောဂါ (နားရောဂါ)
ဃာနရောဂါ (နှာခေါင်းရောဂါ)
ဇိဝှာရောဂါ (လျှာရောဂါ)
ကာယရောဂါ (ကိုယ်၌ဖြစ်သောရောဂါ)
သီသရောဂါ (ဦးခေါင်း၌ဖြစ်သောရောဂါ)
ကဏ္ဏရောဂါ (နားရွက်၌ဖြစ်သောရောဂါ)
မုခရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
ဒန္တရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
ကာသော (ချောင်းဆိုးရောဂါ)
သာသော (ပန်းနာရောဂါ)
ပိနာသော (ထိပ်ကပ်နာရောဂါ)
ဒါဟော (ကိုယ်ပူရောဂါ)
ဇရော (အဖျားရောဂါ)
ကုစ္ဆိရောဂေါ (ဝမ်းဗိုက်၌ဖြစ်သောရောဂါ)
မုစ္ဆာ (မူးမေ့သောရောဂါ)
ပက္ခန္ဒိကာ (သွေးဝမ်းရောဂါ)
သူလာ (ထိုးအောင့်သောရောဂါ)
ဝိသုဓိကာ (ဝမ်းရောဂါ)
ကုဋ္ဌ (နူနာရောဂါ)
ဂဏ္ဍော (ထွက်မြင်းနာရောဂါ)
ကိလေသော (ပြောက်ကျားသော ခရုသင်းနာ)
သောသော (မြစ်ခြောက်နာ)
ဒန္ဒု (ဝဲကြီးဝဲစိုနာ)
ကဏ္ဍု (ဝဲခြောက်နာ)
ကစ္ဆု (ပွေးနာ)
ဝိကစ္ဆိကာ (လက်ဖဝါး ခြေဖဝါး ကွဲသောအနာ)
လောဟိတပိတ္တံ (သွေးအံ သွေးကျနာ)
မဓုမေဟော (ဆီးချိုရောဂါ)
အံသာ (မြင်းသရိုက်ရောဂါ)
ပိဠကာ (ထွတ်အိုင်းနာ)
ဘဂန္ဒလာ (ဘရင်ဂျီနာ) - ပေါင်း အနာမျိုး(၃၂)မျိုးရှိသည်။
ထိုအနာ(၃၂)မျိုးတို့ကို လေ၊ သည်းခြေ၊ သလိပ် တည်းဟူသော ဒေါသပျက်(၃)မျိုးနှင့် မြှောက်လျှင် အနာမျိုး(၉၆)ပါး ဖြစ်သည်။
အပမာရော (ဝက်ရူးရောဂါ) နှင့် နခသာ (လက်သဲဖြင့် ခြစ်မိသောအနာ) (၂)မျိုးနှင့် ပေါင်းလျှင် အနာမျိုး(၉၈)ပါး ဖြစ်လေသည်။ လူကြီးသူမတို့ အစဉ်အဆက် သက်ငယ်သားမြေးတို့အား ဆုတောင်းပေးကြရာတွင် “အနာမျိုး(၉၆)ပါးမှ ကင်းဝေးပါစေ”ဟု ဆုတောင်းပေးလေ့ရှိကြသည်။
အနာရောဂါရခြင်း၏ အကြောင်းရင်း ၈-ပါး
ဝါတ သမုဋ္ဌာန- လေကြောင့်၊
ပိတ္တသမုဋ္ဌာန- သည်းခြေကြောင့်၊
သေမှ သမုဋ္ဌာန- သလိပ်ကြောင့်၊
သန္နိပါတိကအထက်ပါအကြောင်း တို့ စုပေါင်းမိသောကြောင့်၊
ဥတု ၀ိပရိဏာမ- ဥတုဖေါက်ပြန်သောကြောင့်၊
ဝိသမ ပရိဟာရ- အစာအာဟာရမညီညွတ်မှုကြောင့်၊
သြပက္ကမိကသူတစ်ပါး တို့ရိုက်နှက်ပုတ်ခတ်မှုကြောင့်
ကမ္မ၀ိပါက- ကံကြောင့်
ကိုးကား
↑ ဓမ္မဒူတ(အသက်ရယ်တဲ့ရှည်စေလို)
↑ သဠာယတနသံယုတ်။ ပါ။ ၄၂၈။ (ယေဘုယျနည်း၊)
ထပ်ဆင့်တင်ပြအပ်ပါသည်
ရဲလတ်
လိုအပ်သော နာကျင်မှု
လိုအပ်သောနာကျင်မှု ဆိုတဲ့အတွက် အပြစ်တင်ချင်ကြလိမ့်မယ်…ဟုတ်ပါတယ်..ဘယ်သူမှ နာကျင်
တာကို မခံစားချင်ကြပါဘူး..ကျွန်တော်အပါအ၀င်ပေါ့..ဒါဆိုဘာကြောင့် လိုအပ်သလဲ…
၁။နာကျင်မှုဆိုတာ ရောဂါတစ်ခုရဲ့  ကနဦး အချက်ပြသင်္ကေတဖြစ်နေတတ်ပါတယ်။
၂။နာကျင်မှုက  ရောဂါဆက်လက်ဆိုးဝါးလာမှာကို တားဆီးပေးပါတယ်။
၃။ကွဲပြားခြားနားသော နာကျင်မှုများကြောင့် ရောဂါရဲ့ မူလဇာစ်မြစ်ကို သိနိုင်ပါတယ်။
တကယ်တော့ နာကျင်မှုဆိုတာ အချက်ပေးသင်္ကေတများကို ဦးဏှောက်မှ ဖလှယ်လက်ခံခြင်းတစ်ခုပါ။
ပျက်စီးသွားသော ၊ထိခိုက်သွားသော တစ်ရှုးများက သူတို့ ရဲ့ အခြေအနေကို အာရုံကြောမှာရှိတဲ့
နာကျင်မှုလက်ခံဌာနကို ပါဆယ်ထုတ်ပို့ လိုက်ပါတယ်။ဒီပါဆယ်ထုပ်ကို အာရုံကြောကသယ်ဆောင်
သွားပြီး ဦးဏှောက်ကိုပေးပါတယ်။ဦးဏှောက်က ဖွင့်ဖောက်ပြီးဖတ်မှ နာကျင်မှုကိုသိပါတယ်။
ပြီးတော့မှ ဆက်စပ်တဲ့ ဌာနအားလုံးကို ထိမ်းချုပ်လိုက်ပါတယ်။ဒါကတော့မြင်လွယ်အောင်ေ၇းပြတာပါ။
ကျွန်တော်တို့ အနေနှင့် နာကျင်မှုကို ဘယ်လိုခွဲခြားထားပါသလဲ…………………..
၁။မူရင်းနာကျင်မှု …..ခြေမမှာခိုက်မိရင်ခြေမမှာနာတယ်
၂။သွယ်ဝိုက်နာကျင်မှု……..အစာအိမ်နာရင် ရင်ခေါင်းရင်းကနာတယ်
၃။ရွေ့ ပြောင်းနာကျင်မှု….နှလုံးမှာထိခိုက်ရင် ဘယ်လက်မောင်းအောင့်တယ်
၎။ထင်မှတ်မှားနာကျင်မှု…….ခြေထောက်ဖြတ်ခါစ လူနာတွေမှာ ခြေချောင်းလေးတွေကိုက်တယ်ဆိုတဲ့
                                  အကောင်အထည်မရှိသော်လည်း နာကျင်မှုကိုခံစားရခြင်း
ရောဂါလက္ခဏာများ
Differential Diagnosis: Symptoms, Signs, and Conditions: Introduction
This chapter is a general guide to commonly encountered symptoms and conditions and their frequent causes primarily in adults unless specified. Remember: “There are more uncommon presentations of common diseases than common presentations of uncommon diseases.”
Abdominal Distention
Ascites, intestinal obstruction, cysts (ovarian or renal), tumors, hepatosplenomegaly, aortic aneurysm, uterine enlargement (pregnancy), bladder distention, inflammatory mass
ဆင်းရဲခြင်းရောဂါ...တကယ်ရှိပါတယ်
ကျွန်တော်က မြန်မာလူမျိုးစစ်စစ်ဖြစ်သလို မြန်မာပြည်ကိုလည်းချစ်တယ်။ဒါကြောင့်လည်း မြန်မာတွေကို ဆေးကုတဲ့ အလုပ်ကိုပဲလုပ်နေခဲ့တာပါ။အမှန်တော့ ရှေ့ ကနိဒါန်းပျိုးနေတာက
ကျွန်တော်ေ၇းမဲ့အကြောင်းက ဆင်းရဲခြင်းရောဂါဖြစ်နေလို့ ပါ။ကျွန်တော့်ကို မြန်မာပြည်
ဆင်းရဲကြောင်းရေးလို့ ဆိုပြီး မျိုးချစ်စိတ်မရှိဘူးထင်မှာစိုးလို့  ကြိုကာထားတဲ့သဘောပေါ့ဗျာ။
ကဲ…စလိုက်ကြရအောင်
၁။ဆင်းရဲခြင်းရောဂါဆိုတာဘာလဲ
ဟုတ်ကဲ့ ….နိုင်ငံတကာကလက်ခံထားတဲ့ ဆင်းရဲခြင်းရောဂါရှိပါတယ်။ဘယ်လိုသတ်မှတ်သလဲဆို
တော့…အဲဒီနိုင်ငံမှာ တီဘီ၊ငှက်ဖျား၊ခုခံအားကျဆင်းမှုရောဂါတွေအဖြစ်များတဲ့နိုင်ငံတွေကို ဆင်းရဲတယ် လို့ သတ်မှတ်ပါတယ်။နောက်တစ်ခုကတော့ နိုင်ငံတစ်ခုရဲ့ သေဆုံးမှုစာရင်းမှာ
၁။ကူးစက်ရောဂါ
၂။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
၃။ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်
၎။အာဟာရချို့ တဲ့မှုကြောင့်သေဆုံးသူ
အထက်ဖော်ပြပါ စာရင်းတွေ များပြားနေရင် ဆင်းရဲတယ်လို့ သတ်မှတ်ပါတယ်။
ကြံဗဟုန်းကိုယ်လှ၊ကြံဗဟုန်းကိုယ်ကြပ် ပြီးတော့ ကြံဗဟုန်းကိုယ်ပျောက်
ကျွန်တော်ကသာမာန်လက်ထောက်ဆရာဝန်လေးပါ။ကျွန်တော်ရေးတဲ့ဆောင်းပါးတွေကလည်း
ကိုယ်ကြုံခဲ့တဲ့ အဖြစ်အပျက်ပေါ်မှာ သင်ခန်းစာယူပြီး အင်တာနက်ထဲက စာတမ်းတွေကို မြန်မာမှု
ပြုထားတာပါ။ဒါကြောင့် မြန်မာ့ရေမြေသဘာဝနှင့်မနီးစပ်ရင်တော့ တောင်းပန်ထားခြင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေအကြောင်းကို ဆက်လက်ရေးသားခြင်သေးပေမဲ့ အခုလောလောဆယ်
ကျေးလက်ဒေသတွေမှာ တွေ့ ကြုံ၇တတ်တဲ့ ကြံ့ ဗဟုံးကိုယ်ကြပ်ဆိုတဲ့ ကိစ္စလေးကိုဖတ်ပေးကြပါဦး။
၁။ကြံ့ ဗဟုံးကိုယ်ကြပ်ဆိုတာဘာလဲ….
ဒီစကားလုံးကို မြေလတ်ဒေသတွေမှာ သုံးလေ့ရှိပါတယ်။ဆိုလိုခြင်တာက ကလေးငယ်လေးတွေမှာ
အသက်ရူရခက်ခဲတာကို ပြောချင်တာပါ။ဆေးပညာအရတော့ ဘယ်ရီဘယ်ရီ ကိုပြောတာပါ။
၂။ဘယ်လိုပုံစံလဲ
ကလေးငယ်လေးတွေမှာ ပထမဦးဆုံးအနေနှင့် ၀၀ကစ်ကစ်၊ပါးဖောင်းဖောင်းလေးဖြစ်လာပါတယ်။
သူ့ ကိုတော့ ကြံဗဟုံးကိုယ်လှ လို့ ခေါ်ကြပါတယ်။ကလေးလေးက ချစ်စရာကောင်းတာကိုး။
နောက်တစ်ဆင့်ကိုကူးပြောင်းသွားရင်တော့ ကလေးငယ်က အသက်ရူခက်ခဲလာတယ်။နှလုံးဖောက်
လာတယ်။တက်လာတယ်။အဲဒီလိုတက်တာကိုလည်း သူတို့ က အတွင်းကြောတက်တယ်လို့ 
ပြောပြတတ်ကြတယ်။
၃။ကုဖို့ လွယ်သလား
အကယ်၍ အချိန်မီရောက်လာခဲ့ တယ်ဆိုရင်တော့ ဘီဝမ်းထိုးဆေး ၅၀mg ကိုအသားဆေး၊အကြောဆေးထိုးပြီး ခဏစောင့်ကြည့်လိုက်ရင် အသက်ကယ်လို့ ရပါတယ်။
ဒီလောက်လွယ်တာများ ဘာကြောင့်ရေးနေသလဲလို့ မပြောပါနှင့် အသက်မမီလို့ ဆုံးပါးသွားတဲ့
ကလေးငယ်တွေများပြားလွန်းလို့ ပါ။မသေသင့်ဘဲ သေတာလောက် ရင်နာစရာကောင်းတာ
မရှိပါဘူး။
၎။ဘာကြောင့်ဖြစ်သလဲ
အင်း…မြန်မာဆန်လို့ ဖြစ်တယ်ပဲ အလွယ်ပြောကြပါစို့ ။ရောဂါရဲ့ ဇာစ်မြစ်ကတော့ ခန္ဓာကိုယ်မှာ
ဘီဝမ်းဓာတ်ချို့ တဲ့လို့ ဖြစ်ရတာပါ။ဘီဝမ်းကို ဘယ်ကရသလဲ။အစားအသောက်ကရပါတယ်။
အစာစားရင်ရတယ်ဆိုပြီးဘာကြောင့် ချို့ တဲ့ရသလဲဆိုရင်တော့ ရအောင်မစားလို့ လို့ ဖြေပါရစေ။
၁။ကိုယ်ဝန်ဆောင်မိခင်တွေ နှင့် နို့ တိုက်မိခင်တွေကို အစားရှောင်ခိုင်းကြတယ်။
၂။အသား၊ငါးတွေစားရင် နှင်းခူစွဲတယ်ဆိုပြီး ရှောင်ကြတယ်။
၃။ဘဲဥ၊ကြက်ဥစားရင် ကလေးဝမ်းပုပ်တယ်ဆိုပြီးရှောင်ကြတယ်။
၎။အသီးအရွက်တွေစားရင် ကလေးဝမ်းပျက်တယ်ဆိုပြီးရှောင်ကြတယ်။
၅။အဆီ၊အစိမ့်တွေစားရင် ကလေးချောင်းဆိုးတယ်ဆိုပြီးရှောင်ကြတယ်။
နောက်ဆုံးတော့ ရှောင်ရင်းစားစရာကို မကျန်တော့ဘူး ။
၆။ဘီဝမ်းဓာတ်တွေ ဘယ်မှာပါသလဲ…
အဓိကအားဖြင့်တော့ ဆန်လုံးညို၊ဆီထွက်သီးနှံများ၊မြေပဲ၊မုန်လာဥနီ ၊ဂျုံစေ့၊ဖရုံသီး၊အ၀ါရောင်ရှိသစ်သီးသစ်ဖုများ၊အစိမ်းရောင်
ရှိသစ်သီးသစ်ရွက်များ၊အသားတို့ မှာပါပါတယ်။
ရ။ဘယ်ရီဘယ်ရီ ကဘယ်အရွယ်တွေမှာဖြစ်နိုင်သလဲ
အရွယ်မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် နို့ တုက်မိခင်များ၊ရင်ခွင်ပိုက်ကလေးငယ်များ၊အရက်သမား
များမှာပိုပြီးဖြစ်နိုင်ပါတယ်။
၇။ဘီဝမ်းဓာတ်က ဘယ်နေ၇ာမှာအရေးကြီးသလဲ
ဘီဝမ်းဓာတ်က နှလုံးနှင့်သွေးကြောများ၊ဦးဏှောက်နှင့်အာရုံကြောများမှာ အရေးကြီးပါတယ်။
၈။ဘယ်လို လက္ခဏာတွေပြသလဲ
ရောဂါလက္ခဏာမှာ နှလုံးမှာဖြစ်တဲ့ဘယ်ရီဘယ်ရီနှင့် အာရုံကြောများမှာဖြစ်တဲ့ဘယ်ရီဘယ်ရီဆိုပြီး
ကွဲပြားပါတယ်။
နှလုံးမှာဖြစ်တဲ့ဘယ်၇ီဘယ်ရီမှာ ရင်တုန်ခြင်း၊နှလုံးခုန်မြန်ခြင်း၊မောပန်းခြင်းတို့ ကိုစတင်ခံစားရပါတယ်။
ဦးဏှောက်နှင့်အာရုံကြောမှာဖြစ်တဲ့ ဘယ်ရီဘယ်ရီမှာတော့ ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းခြင်း၊အစာ
စားခြင်စိတ်မရှိခြင်း၊ကြွက်သားများနာကျင်ခြင်းတို့ ကိုခံစားရပါတယ်။
၉။ဘယ်လိုကာကွယ်မလဲ
နို့ တိုက်မိခင်များအနေနှင့် အစားစုံအောင်စားပါ။နို့ ဘူးတိုက်သူများအနေနှင့် ကိုယ်တိုက်တဲ့နို့ မှုန့် မှာ
Thiamine ပါသလားစစ်ဆေးပါ။
ကလေးများ အကြောင်းမဲ့ငိုနေရင်၊ဖောရောင်လာရင် နီးစပ်ရာဆေးခန်းများသို့ သွားရောက်ပြသပါ။
အကောင်းဆုံးကတော့ နို့ တိုက်မိခင်များအနေဖြင့် ဘီဝမ်းဆေးပြားများကို နေ့ စဉ် နံက်တစ်လုံး၊
ညတစ်လုံး မှီဝဲသင့်ပါတယ်။
ကလေးငယ်တိုင်း ကျန်းမာသက်ရှည်စေကြောင်းဆုတောင်းရင်းနိဂုံးချုပ်ပါရစေ။
ကိုယ်ဝန်ဆောင်စဉ်သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းခြင်းအကြောင်းလေးကို အင်တာနက်မှာတွေ့ မိလို့ ရေးလိုက်တာပါ။
သုတေသနပြုထားတာက အိန္ဒိယမှာပါ။သွေးအားနည်းခြင်းဆိုတာကိုဘယ်လိုဖွင့်ဆိုသလဲဆိုတော့
ကိုယ်ခန္ဒာမှာ ရှိသင့်တဲ့ ဟေမိုဂလိုဘင်ပမာဏ အပြည့်အ၀မရှိခြင်းလို ပြောပါတယ်။ဘယ်လောက်ရှိရင်
ပြည့်သလဲဆိုတော့ အနည်းဆုံး ၁၂ကနေ၁၄အထိ ရှိသင့်ပါတယ်။သို့ သော်လည်း ကိုယ်ဝန်ဆောင်များ
မှာတော့ ၁၁လောက်အထိဆိုရင်ကို ပြည့်တယ်လို့ သတ်မှတ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေသွေးအားနည်းတာ ဘယ်လောက်ရှိသလဲဆိုရင်တော့ အရှေ့ တောင်အာရှမှာ
၅၆%တောင်ရှိပါသတဲ့။ကိုယ်ဝန်ဆောင်စဉ်သွေးအားနည်းခြင်းက ဘာတွေဖြစ်နိုင်သလဲဆိုတာ သိဖို့ 
လိုပါတယ်။
၁။မိခင်မှာဖြစ်နိုင်တဲ့ဆိုးကျိုးတွေ…
(က)အချိန်မတန်မီမွေးဖွားခြင်း
(ခ)သွေးတိုးခြင်း
(ဂ)ကိုယ်ဝန်ဆိပ်တက်ခြင်း
(ဃ)သွေးဆင်းခြင်း
(င)အချင်းရှေ့ ရောက်ခြင်းနှင့်
(စ)ေ၇မွှာစောပေါက်ခြင်း
(ဆ)မွေးဖွားရခက်ခဲခြင်း
(ဇ)မွေးဖွားစဉ်သွေးသွန်ခြင်း
(ဈ)နှလုံးအားနည်းခြင်း
(ည)မီးနေစဉ်ရောဂါပိုးဝင်ခြင်း
(တ)သားအိမ်ပြန်လည်မကျုံ့ ခြင်းနှင့်
(ထ)တစ်ဆို့ ခြင်းတို့ ဖြစ်နိုင်ပါတယ်။
၂။ကလေးမှာဘာဖြစ်နိုင်သလဲဆိုတော့
(က)ပေါင်မပြည့်ကလေး
(ခ)မွေးဖွားစဉ် အသက်ရှင်ရန်ခက်ခဲခြင်း
(ဂ)ကိုယ်ခန္ဒာချို့ ယွင်းချက်များရှိခြင်းတို့ဖြစ်နိုင်ပါတယ်။
၃။ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းခြင်း လာကြောင့်ဖြစ်သလဲ
၁။ဇီဝဖြစ်စဉ်တုန့် ပြန်ခြင်ကြောင့်
၂။အစာအာဟာရအားနည်းခြင်းကြောင့်လို့ ဖြေရှင်းထားပါတယ်။
၎။ဘာတွေကဖြစ်စေတာလဲ
၁။လူနေမှုအဆင့်အတန်း(ပညာရေး၊နေရာဒေသ၊အိမ်ထောင်ရေးအခြေအနေ)
၂။ကိုယ်ဝန်ဆောင်မှု(ကိုယ်ဝန်အရေအတွက်၊မွေးဖွားမှုအရေအတွက်၊နောက်ကြောင်းရာဇ၀င်)
၃။အမူအကျင့်ဆိုင်ရာ(ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ကိုယ်ဝန်ကိုဂရုစိုက်ခြင်း)
၎။ကျန်းမာရေးအခြေအနေ(ဆီးချို၊သွေးတိုး၊နှလုံးရော၈ါနှင့် သွေးအားနည်းရောဂါ)
အထက်ဖော်ပြပါ အခြေအနေများကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးအားနည်းခြင်းကို ပိုမိုဆိုးဝါးစေ
ပါသည်။
၅။ဘယ်လိုလက္ခဏာတွေပြသလဲ
မောပန်းလွယ်မယ်၊အစားအသောက်ပျက်မယ်၊၀မ်းချုပ်ခြင်း..၀မ်းလျောခြင်းဖြစ်မယ်၊ရင်တုန်မယ်၊
အသားအရည်ဖြူဖွေးလာမယ်၊လက်သည်းမှာအဖြုကွက်လေးတွေပေါ်လာမယ်၊လက်သည်းတွန့် လာမယ်။
၆။ဘာဆက်လုပ်ရမလဲ
အထက်ဖော်ပြပါ လက္ခဏာတွေပေါ်ပေါက်လာရင်တော့ သွေးစစ်ဖို့ လိုပါတယ်။
၇။ဘယ်လိုကာကွယ်မလဲ
၁။သံဓာတ်ပေါများတဲ့ အစားအသောက်တွေကိုစားသောက်ရပါမယ်။
၂။သံဓာတ်အားဖြည့်ဆေးကိုသောက်ရပါမယ်။
သံဓာတ်ပါတဲ့အစားအသောက်တွေကတော့ အသား၊ငါး၊ဥအမျိုးမျိုး၊အစိမ်းရောင်ရှိတဲ့ အသီးအရွက်၊
မြေပဲ၊အသည်းစသည်တို့ မှာ သံဓာတ်တွေပါဝင်ပါတယ်။
သံဓာတ်အားဖြည့်ဆေးအနေနှင့်ကတော့ သံဓာတ် ၆၀မီလီဂရမ်နှင့် ဖော့လစ်အက်စစ်၅၀၀မိုက်ခရိုဂရမ်
ကိုနေ့ စဉ် ရက်၁၀၀ခန့် သောက်သုံးသင့်ပါတယ်။
တကယ်လို့  သွေးအားအရမ်းနည်းနေရင်တော့
ကိုယ်ဝန်၃၀ပတ်မှ၃၂ပတ် ကာလဆိုရင် အိုင်းရင်းဆောဘီတောစစ်ထရစ်အက်စစ်ဓာတ်ပေါင်းကို
၇၅မီလီဂရမ် အသားဆေးအဖြစ်ထိုးပေးရပါမယ်။အထက်ဖော်ပြပါဆေးကို ကျောက်ကပ်ရောင်ရမ်းနေသူတွေ၊နှလုံးရောဂါ၇ှိသူတွေနှင့် ဓာတ်မတည့်သူတွေမှာတော့မထိုးရပါဘူး။
ကဲ ဒီမျှလောက်နှင့်ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်။တကယ်လို့ ဆက်လက်သိချင်သေးရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ကျန်းမာရေးဌာနကပေးတဲ့ ဆေးပြားညိုမဲမဲလေးတွေက ဈေးပေါပေမဲ့
အသက်ကယ်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။အားလုံးကျန်းမာကြပါစေ။
ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆိပ်တက်ခြင်း….
ကိုယ်ဝန်ဆောင်တိုင်း ကိုယ်ဝန်ဆိပ်မတက်ပေမဲ့ ကိုယ်ဝန်ဆိပ်တက်သူတိုင်း အသက်အန္တရာယ်ရှိလို့ 
ဒီဆောင်းပါးကို ရေးလိုက်တာပါ။
ကိုယ်ဝန်ဆိပ်တက်တာကိုဘယ်လိုသိမလဲ…ဆိုရင်
၁။သွေးပေါင်ချိန်တက်ခြင်းပါ…(၁၆၀၊၁၁၀လောက်တက်ရင်တော့စိုးရိမ်ရပါတယ်)
၂။ဆီးထဲမှာ အသားဓာတ်တွေပါဝင်လာတယ်
၃။အမြင်ေ၀၀ါးလာမယ်၊ခေါင်းကိုက်မယ်၊အကြောတက်မယ်
၎။ဗိုက်နာမယ်၊အရေပြားမှာအညိုကွက်တွေထွက်လာမယ်
ဘယ်အချိန်မှာဆေးခန်းပြသင့်သလဲ..
၁။မိမိနှင့်ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကိုသိချင်ရင်
၂။ခေါင်းကိုက်ရင်၊အမြင်ေ၀၀ါးရင်၊ပုံရိပ်နှစ်ထပ်မြင်ရင်
၃။သွေးပေါင်တိုင်းကြည့်လို့  ၁၆၀၊၁၁၀လောက်မြင့်မားနေရင်
၎။သင့်ဝမ်းဗိုက်အလယ်တည့်တည့်(သို့ မဟုတ်)ညာဘက်နံရိုးအောက်မှာနာကျင်လာရင်
၅။ခန္ဓာကိုယ်မှာ အနီကွက်တွေထွက်လာ၇င်
၆။ကိုယ်အလေးချိန်သိသိသာသာတိုးလာရင်
၇။ကလေးမလှုပ်ရင်
၈။သွေးဆင်း၊အရည်ဆင်းရင် ဆေးခန်းကိုသွားပြပါ။
ကိုယ်ဝန်ဆိပ်တက်တာဘာကြောင့်ဖြစ်သလဲ
၇ိုးသားစွာဖြေရရင်တော့ မသိသေးပါဘူး…
သို့ သော်လည်း လေ့လာမှုများအရတော့
၁။သားဦးကိုယ်ဝန်
၂။အမြွှာကိုယ်ဝန်
၃။ကိုယ်ဝန်ဆောင်မိခင်က အသက်၃၅ နှစ်ကျော်ရင်
၎။မိခင်မှာ သွေးတိုး၊ဆီးချို၊နှလုံးရောဂါနှင့်ကျောက်ကပ်ရောဂါတို့ ရှိရင်ပိုဖြစ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာက မျိုးရိုးရာဇာဝင်ရှိရင်လည်းပိုဖြစ်ပါတယ်။
အာဖရိကန်တွေမှာ လူဖြူအမျိုးသမီးတွေထက်ပိုဖြစ်ပါတယ်။
အချင်းကြီးလွန်းခြင်း၊သေးလွန်းခြင်းနှင့်အချင်းတည်နေရာ မမှန်ကန်ခြင်းတို့ ကြောင့်လည်းဖြစ်ပါတယ်။
စပျစ်သီးသန္ဓေတည်တဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်းပိုဖြစ်ပါတယ်။
ခန္ဓာကိုယ်ဖောရောင်တိုင်း ကိုယ်ဝန်ဆိပ်တက်တာလား…
မဟုတ်ပါဘူး…သာမန်ကိုယ်ဝန်တွေမှာလည်းဖောရောင်နိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာ ကလေးကိုထိခိုက်စေပါသလား……
ထိခိုက်နိုင်ပါတယ်။ပေါင်မပြည့်ကလေး၊လမစေ့ကလေးတို့ ဖြစ်နိုင်သလို၊ငယ်ရွယ်စဉ်မှာလည်း
သင်ယူမှုခက်ခဲခြင်း၊အတက်ရောဂါဖြစ်ခြင်းတို့ ကိုဖြစ်စေနိုင်ပါတယ်။
ကုသနည်းစနစ်တွေနှင့် ကုသရန်ညွန်ကြားချက်တွေကိုတော့ ဆက်မရေးတော့ပါဘူး…အဲဒါတွေက
ဆေးရုံမှာ စနစ်တကျလုပ်ရမှာမို့ လို့ ပါ။
အထက်ပါအကြောင်းအရာကိုဖတ်မိပြီး မိမိကိုယ်တိုင်ဖြစ်စေ၊နီးစပ်ရာ အသိတစ်ဦးဦးကိုဖြစ်စေ
ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း သတိပေးနိုင်ပြီး အချိန်မလွန်ခင် ဆေးရုံရောက်အောင်
တစ်ဦးဦးမှ လမ်းညွန်နိုင်ခဲ့ မယ်ဆိုရင် လူ့ အသက်နှစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။အကျယ်တ၀င့်
သိရှိလိုပါက ထပ်မံရေးသားပေးပါမယ်။အားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြု၇င်းနိဂုံးချုပ်ပါတယ်။
ိုကိုယ်ဝန်ဆောင်တို့ သိထားဖို့ (၂)
ကိုယ်ဝန်ဆောင်တို့ အနေနှင့်ဘယ်အချိန်မှာကိုယ်ဝန်စအပ်သင့်သလဲ…
ဖြစ်နိုင်ရင် ကိုယ်ဝန်ရှိကြောင်း သိသည့်အချိန်ကစပြီးအပ်သင့်ပါတယ်…
အကောင်းဆုံးကတော့ ရာသီသွေးမပေါ်ပါက ဆီးစစ်ကိရိယာဖြင့်စစ်ဆေးပါ..
တကယ်လို့  ကိုယ်ဝန်ရှိတယ်ဆိုရင် ultra sound ရိုက်ကြည့်ပါ။ဒါက ကိုယ်ဝန်ရှိခြင်းကို သေချာစေ
နိုင်သလို သန္ဓေသားဟာ သားအိမ်တွင်းမှာရှိတာသေချာသလား…သားအိမ်ပြင်ပမှာ သန္ဓေတည်နေ
သလားဆိုတာကို သိရှိနိုင်သလို…ပုံမှန်သန္ဓေသားလား..စပျစ်သီးသန္ဓေလားဆိုတာ သိရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တို့ ကို ကိုယ်ဝန်အပ်စေခြင်းက ဆရာဝန်တို့ အတွက်မဟုတ်ပါ။ကိုယ်ဝန်ဆောင်တို့ 
၏ ကိုယ်ဝန်ဆောင်စဉ်ကာလ၊မွေးဖွားရမည့်နည်းလမ်း၊အသက်အန္တရာယ် ရှိ..မရှိ ဆိုတာတွေကိုသာ
မက သန္ဓေသား၏ ဖွံဖြိုးမှုအခြေနေ ၊တည်နေပုံ စသည်ဖြင့်ကောင်းကျိုးများစွာကိုရစေနိုင်ပါတယ်။
အချို့ သော အခြေအနေတွေကို ပြုပြင်ပြောင်းလဲ လို့ ရနိုင်ပါတယ်။
ကိုယ်ဝန်အပ်စဉ်မှာ စတင်သိရှိနိုင်တာတွေကတော့
၁။အသက်…အသက်ငယ်လွန်းခြင်း(20နှစ်အောက်)၊အသက်ကြီးလွန်းခြင်း(35နှစ်အထက်)ဆိုရင်
မွေးဖွားရခက်ခဲတတ်ပါတယ်။
၂။ကိုယ်ဝန်အရေအတွက်..သားဦးကိုယ်ဝန်(သို့ )ကိုယ်ဝန်ဆောင်မှုလေးကြိမ်၏အထက်ဆိုရင်
မွေးဖွားစဉ်ခက်ခဲတတ်ပါတယ်။
၃။အရပ်….အရပ်အမြင့် ၄ပေ၁၀လက်မအောက်ဆိုရင် မွေးလမ်းကြောင်းရှိအရိုးကွင်းကျဉ်းတတ်သဖြင့်
မွေးဖွားရခက်ခဲတတ်ပါတယ်။
၎။ကိုယ်အလေးချိန်….ပိန်လွန်းသူများ(80lb)နှင့် ၀လွန်းသူများ(180lb)မှာလည်း ကိုယ်ဝန်ဆောင်စဉ်ေ၇ာဂါရတတ်ပြီး မွေးဖွားရခက်တတ်ပါတယ်။
၅။ယခင်ကိုယ်ဝန်အကြောင်း…သားဦးကိုယ်ဝန်မဟုတ်ပါက ယခင်ကိုယ်ဝန်များတွင် ဖြစ်ပေါ်ခဲ့သော
အခက်အခဲများနှင့်ရောဂါများကလည်းယခုကိုယ်ဝန်မှာဖြစ်နိုင်သလားဆိုတာ
ဆုံးဖြတ်စဉ်းစားပေးရမဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
၆။ကိုယ်ဝန်ဆောင်၏ကျန်းမာရေးအခြေအနေ…..ကိုယ်ဝန်ဆောင်မိခင်မှာ သွေးတိုးေ၇ာဂါ၊ဆီးချိုရောဂါ၊
နှလုံးရောဂါ၊သွေးရောဂါ၊အခြားကူးစက်ရောဂါများရှိခြင်းကလည်း ကိုယ်ဝန်ဆောင်စဉ်ကာလနှင့်မွေးဖွားမှုအခြေအနေကို ထိခိုက်စေနိုင်ပါတယ်။
၇။ကိုယ်ဝန်ဆောင်မိခင်၏နောက်ကြောင်း…ကိုယ်ဝန်ဆောင်မိခင်က ဆေးလိပ်၊အရက်သောက်သုံးတတ်သလား၊လိင်ဆက်ဆံဖော်များသလား၊ကျန်းမာရေးဗဟုသုတနှင့်
အခြားပြသနာတွေကလည်း ကိုယ်ဝန်ဆောင်ကာလနှင့်မွေုးဖွားမှုကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
၈။မွေးဖွားရက်ကိုအကြမ်းဖျင်းခန့် မှန်းနိုင်ခြင်း….သို့ မှသာ ရက်မစေ့ခင်မွေးဖွားခြင်းနှင့်ရက်ကျော်ခြင်း
တို့ ကိုသိရှိနိင်ပါမည်။
ဒါတွေအားလုံးကတော့ ကိုယ်ဝန်စတင်အပ်သည့်အချိန်မှာသိနို်င်တဲ့အချက်တွေပဲဖြစ်ပါတယ်။
ကိုယ်ဝန်ကိုတစ်ခါအပ်ထားရင်ပြီးသလား….
မြန်မာအများစုကတော့ ကိုယ်ဝန်ကိုတစ်ခါအပ်ပြီးတာနှင့် သူ့ တာဝန်ပြီးသွားပြီလို့ ထင်ကြတာပါပဲ..
တကယ်ဆိုရင် ကိုယ်ဝန်ရှိကြောင်းသိချိန်မှ ကိုယ်ဝန်၂၈ ပတ်သားအထိ ၄ပတ်လျင်တစ်ကြိမ်အနည်းဆုံ့း ပြသသင့်ပါတယ်…
ကိုယ်ဝန်၂၈ ပတ်သား မှ ၃၆ ပတ်သားအထိကာလမှာ ၂ ပတ်လျင်တစ်ကြိမ်အနည်းဆုံးပြသသင့်
ပါတယ်။
ကိုယ်ဝန် ၃၆ပတ်သားမှ မွေးဖွားချိန်အထိ တစ်ပတ်လျင်တစ်ကြိမ် ပြသသင့်ပါတယ်။
ဒီအပြင် အခါအားလျော်စွာ ထူးခြားသောခြေအနေပေါ်ပေါက်လာတိုင်းထပ်မံပြသသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ြ့ပုလုပ်ရမှာတွေကတော့
၁။နေ့ ခင်း ဘက် ၂နာရီ နှင့် ညဘက် ၈နာရီ အနည်းဆုံး အိပ်စက်သင့်ပါတယ်။
၂။အစားအသောက်ကိုသင့်တင့်မျှတအောင်စားသောက်ရပါမယ်။
၃။ပေါ့ပါးပြီးလွတ်လပ်တဲ့အ၀တ်အစားကိုဝတ်ဆင်ရပါမယ်။
၎။ပေါ့ပါးသောလေ့ကျင့်ခန်းများကိုပြုလုပ်ပေးပါ။
၅။ထိခိုက်ဒဏ်ရာမရအောင်နေထိုင်ပါ။
နောင်ဆက်ပြီးရေးချင်လာတာကတော့ ယောင်္ကျားဖောင်စီး၊မိန်းမမီးနေဆိုတဲ့စကားပါ….
ကျွန်တော်တော့ခေတ်နောက်မှာကျန်ခဲ့ပြီလို့ ထင်တာပါပဲ…ဘာကြောင့်လဲဆိုတော့ ကျွန်တော့အိမ်ရှေ့ က ချင်းတွင်းမြစ်ထဲမှာဖောင်တွေမမြင်ရဘဲ သစ်တင်တဲ့သင်္ဘောကြီးတွေသာသစ်လုံးတွေ တနင့်တပိုး
နှင့်စုန်သွားကြလို့ ပါ။နောက်တစ်ခုက တစ်ချို့ ကသာ မီးနေဆိုတာကိုကြောက်နေကြတာပါ..
တပ်မတော်နေ့ ကို ဂုဏ်ပြုချင်တဲ့စစ်ဗိုလ်ကြီးတစ်ဦး၊နှစ်နှစ်ဆယ်ပြည့်အမှတ်တရဆိုတဲ့ အတိုက်အခံ
တစ်ဦး၊နက္ခတ်ကောင်းလို့ ပါဆိုတဲ့ ဗေဒင်ယုံကြည်သူတစ်ဦး တို့ ရဲ့ သားသမီးတွေကို နေ့ ရက်၊နာရီနှင့်
ခွဲမွေးပေးခဲ့ရလို့ ပါပဲ။ဒီစကားကို ဆရာဦးစိုးလွင်ကြားရင် ဘယ်လိုဆောင်းပါးတွေများထပ်ရေးမလဲမသိ
ဘူး။ဆရာစိုး ရဲ့ မွေးဖွားမှု ကြာချိန်ကတော့ ၁၅မိနစ်ပါပဲ…ဗိုက်ပေါ် ဓားစတင်တဲ့အချိန်ကနေ
အရေးပြားပြန်ချုပ်ပြီးသည်အထိ ၁၅မိနစ်လောက်ပဲကြာတယ်။တစ်ချို့ လူနာရှင်တွေဆိုရင်
သူ့ မိန်းမကို ခွဲမပေးလိုက်ဘူးလို့ တောင်ထင်ကြတာ။အဲဒါကတော့ ကြော်ငြာလို့ သဘောထားကြပါ။
ဆရာစိုးသိသွားရင် သူ့ တပည့်ကို ထမင်းဖိတ်ကျွေးနေဦးမယ်။
ကိုယ်ဝန်ဆောင်တို့ သိထားဖို့ 
ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားသေဆုံးနိုင်ပါသလားဆိုတဲ့မေးခွန်းကိုမေးလာတဲ့
အတွက် ပြန်ဖြေပေးရရင်တော့သေဆုံးနိုင်ပါတယ်။
ဘာကြောင့်ဖြစ်နိုင်သလဲ….
ဒီကိစ္စမှာ သားဖွားနှင့်မီးယပ်ဌာနတစ်ခုက သုတေသနလုပ်ထားတာရှိပါတယ်။
ကိုယ်ဝန်ဆောင်၃၂၂၀ ကိုသုတေသနပြုလုပ်တဲ့အခါ ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားသေဆုံးခြင်း
(iufd) ၃၀၂ဦး (၉.၃၇%)ရာခိုင်နုန်းရှိပါတယ်။
ဘာကသေဆုံးမှုအများဆုံးလဲ….
၁။ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း(၂၃.၈၄%)
၂။ကိုယ်ဝန်ဆိပ်တက်ခြင်း…preeclampsia(9.06%)
၃။ကိုယ်ဝန်ဆိပ်တက်ခြင်း…eclampsia(6.29%)
၎။ဆီးချိုသွေးချို၇ှိခြင်း…(၁၄.၉၀%)
၅။သန္ဓေသားတွင်ချို့ ယွင်းချက်များရှိခြင်း(၁၉.၈၆%)
၆။ရောဂါပိုးဝင်ခြင်း(၁၃.၉၀%)
၇။ချက်ကြိုးကျွံထွက်ခြင်း(၁.၃၁%)
၈။သွေးမတည့်ခြင်း(၂.၆၄%) တို့ ဖြစ်ကြပါတယ်။
ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်းဆိုတာဘာလဲ……
ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်းမှာ နှစ်မျိုးရှိပါတယ်။
၁။အချင်းကွာခြင်း
၂။အချင်းရှေ့ေ၇ာက်ခြင်း
အချင်းကွာခြင်းကဘာကြောင့်ဖြစ်သလဲ
၁။သွေးဆိပ်တက်ခြင်း
၂။ထိခိုက်မိခြင်း၊ချော်လဲခြင်း၊တစ်စုံတစ်ဦးမှ၇ိုက်နှက်ခြင်း
၃။သွေးဖိအားထိန်းညှိမှုမညီမျှခြင်း
၎။ကိုယ်ဝန်အကြီမ်ကြိမ်ဆောင်ထားခြင်း(၄ဦးနှင့်အထက်)
၅။ဆင်းရဲခြင်း
၆။folic acid ဓာတ်ချို့ တဲ့ခြင်း
၇။အမြွာကိုယ်ဝန်ဆောင်ထားရခြင်း တို့ ကြောင့်အချင်းကွာတတ်ပါတယ်။
အချင်းရှေ့ ရောက်ခြင်းကရောဘာကြောင့်ဖြစ်တတ်သလဲ
၁။အမြွာကိုယ်ဝန်
၂။အချင်းကြီးမားခြင်း
၃။အချင်းပိုများပါရှိခြင်း
၎။ယခင်ခွဲမွေးထားခြင်း တို့ ကြောင့်အချင်းရှေ့ ရောက်တတ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာဘာလဲ
ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ယခင်အတက်ေ၇ာဂါမ၇ှိသောကိုယ်ဝန်ဆောင်များ ကိုယ်ဝန်ကြောင့်တက်ခြင်းကိုဆိုလိုပါတယ်။တက်ခြင်းနှင့်အတူ သွေးပေါင်ချိန်မြင့်မားခြင်း(၁၆၀ ၊ ၁၁၀အထက်)၊ဆီးအတွင်း အသားဓာတ်များပါဝင်ခြင်း တို့ လည်းပူးတွဲေ တွ့ ၇ှိရပါမယ်။
ဘာကြောင့် ကိုယ်ဝန်ဆိပ်တက်သလဲဆိုတာကိုတော့ ယခုအချိန်ထိ တွေးတောထင်မြင်ချက်များသာ
ပေးနိုင်ပါတယ်။ ဆေးပညာဆိုတာ သိပ္ပံပညာဖြစ်တဲ့အတွက် အထောက်အထားခိုင်လုံဖို့ လိုပါတယ်။
ဒါကြောင့် မသိသေးပါလို့ သာလွယ်လွယ်မှတ်ထားကြပါ။
သန္ဓေသားတွင်ချို့ ယွင်းချက်များရှိခြင်းဆိုတာဘာလဲ…
သန္ဓေသားမှာချို့ ယွင်းမှုရှိခြင်းဆိုတာကို ပြောရရင် ကျယ်ပြန့် လွန်းတဲ့အတွက် အချို့ အချက်များကိုသာရေးသားပေးပါရစေ။
၁။ဦးခေါင်းရိုးမဲ့သန္ဓေသား
၂။ဦးခေါင်းအတွင်း အ၇ည်များစုဝေးနေသောသန္ဓေသား တို့ ကတော့
ကိုယ်ဝန်ဆောင်ကာလမှာတင်သေဆုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ရောဂါပိုးဝင်ခြင်းဆိုတာကဘာလဲ….
ဒီနေရာမှာတော့ လူဆိုတာဖျားနာတတ်ကြတဲ့အတွက် ဖျားတိုင်းကိုယ်ဝန်ထဲကသန္ဓေသားကို
ထိခိုက်တယ်လို့ တော့ မယူဆစေချင်ပါ။အဓိက ဖြစ်စေတဲ့ ရောဂါတွေကတော့ ငှက်ဖျားရောဂါ၊
တိုက်ဖိုက်ရောဂါနှင့် ကာလသားရောဂါတို့ ကတော့ သန္ဓေသားကိုထိခိုက်စေပါတယ်။
အခြားဘာတွေကရောသန္ဓေသားကိုထိခိုက်စေသလဲ..
အမေဖြစ်သူမှာဆီးချိုရောဂါ၇ှိ၇င်တော့ သန္ဓေသားကိုထိခိုက်စေပါတယ်။ဒီအပြင် စာတမ်းထဲမှာ
အတိအလင်းရေးထားတာကတော့ ဘာကြောင့်မှန်းမသိတာ က ၂၈% ၇ှိပါတယ်တဲ့။
ကိုယ်ဝန်ဆောင်စဉ် ဘာတွေကိုဆောင်ရမလဲ
ရှင်းရှင်းလေးပါ။
၁။အချိန်မှန်မှန်စားပါ၊အိပ်ချိန်ကိုတိုးမြင့်ပြီးအိပ်ပါ၊ပေါ့ပါးသောလေ့ကျင့်ခန်းများလုပ်ပါ။
၂။မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကိုယ်ဝန်အပ်ပါ။
၃။သားဖွားမီးယပ်ပါရဂူနှင့်ဆွေးနွေးပါ(ဖြစ်နိုင်လျင်)။
၎။အားဆေးမှီဝဲပါ။
၅။ထိခိုက်ဒဏ်ရာမဖြစ်အောင်နေထိုင်ပါ။
၆။ကိုယ်ဝန်ကို နုစဉ်ကာလမှစပြီး ultra sound ဖြင့် သန္ဓေသားကျန်းမာမှုရှိသလား၊အချင်းနေရာမှန်သလားဆိုတာ စစ်ဆေးပါ။
ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေလို့ ဆုတောင်းပြီး နိဂုံးချုပ်ပါရစေ။
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...