အခုရေးမှာက ဆေးပညာအကြောင်းမဟုတ်ပါဘူး။ကျွန်တော့် အစ်ကိုကြီး(အဖေလောက်ပေါ့)နှစ်ယောက်ကို ကျွန်တော်က facebook မှာ ခင်ဗျားတွေ ၊ကျုပ်တွေလုပ်ထားတော့ ကိုယ့်ကိုယ်ကို နည်းနည်းရိုင်းတယ်ထင်လို့  ပြန်ရေးပြတာပါ။အဲဒီ အဘိုးကြီးတွေက ဒိတ်ဒိတ်ကြဲ တော်တဲ့သူတစ်ယောက်ပါတယ်ဗျာ..နာမည်ကြီးပါ..သီချင်းတွေလည်းရေးသလို ၊စာရေးလည်းကောင်းခဲ့သူပါ။သူ့ ကို ကျွန်တော်က လေးစားခဲ့တယ်။အခုလည်း လေးစားပါတယ်။ဖြစ်ချင်တော့ သူက သူ့ သူငယ်ချင်းနှင့် facebook wall ပေါ်မှာ ကလေးကလားစကားတွေ ရေးတယ်ဗျာ..ကျွန်တော်ကလည်း နဂိုလေးစားရင်းရှိသူဆိုတော့
ကျွန်တော့ newsfeed မှာပေါ်နေတာလေးကို ကော်ပီလုပ်ပြီး သူကိုယ်တိုင် အက်ဒမင်လုပ်တဲ့ group ထဲမှာ
ပို့ စ်တင်လိုက်တယ်။သူလည်း ရှိတဲ့အချိန်မှပါ။
အဘိုးကြီးနှစ်ယောက်လုံး ဒေါသတွေထွက်သွားပြီး ကျွန်တော့်ကို ဗျင်းတော့တာပေါ့။ကျွန်တော်က အငယ်ဆိုတော့ ဘာမှပြန်မပြောသာဘူး။သူတို့ ထင်တာက ကျွန်တော်က သူတို့ ဝေါပေါ်ကိုချောင်းကြည့်တယ်ပေါ့။တကယ်က friend လုပ်ထားရင် အခြားသူရဲ့  newsfeed မှာပေါ်နေတယ်လေ။ကျွန်တော်လည်းစဉ်းစားပြီး ပြန်ရှင်းမလို့ ပါပဲ။သို့ သော်လည်း အခြားတစ်ယောက်ယောက် ရှင်းပြလိမ့်မယ်ဆိုပြီး သူတို့ ဆဲသမျှ ပြုံးပြုံးကြီး အခြားအကောင်းတစ်ခုကနေ
ကြည့်နေလိုက်တာ။တကယ်တော့ လူမှုဆက်ဆံရေးကွန်ရက်ဆိုတာ လုံခြုံမှု မရှိပါဘူး။ကိုယ့်ကိုတိုက်ခိုက်ချင်တဲ့သူတွေ အတွက် နိုက်ထုတ်စရာ သတင်းရင်းမြစ်ဖြစ်နေတတ်ပါတယ်။
ကျွန်တော်နောက်ထပ်ပြောချင်တာက မြန်မာပြည်မှာ လူမှုကွန်ရက်သုံးရတာ တော်တော်ဂရုစိုက်ရပါတယ်။
အားလုံးက လေပေါ်တင်ပျောက်သွားတာမဟုတ်ဘဲ နက်ဝက်ဘ်ထဲမှာ တင်ကျန်နေတာပါ။အထူးသဖြင့်
မိမိကိုယ်ကို နာမည်မရှိဘူးလို့ ထင်သော်လည်း နောက်ကွယ်မှာ မိမိအကြောင်းကိုသိသူတွေအတွက်
အကြည်ညိုပျက်စေပါတယ်။နောက်တစ်ခုက စာရေးသားခြင်းကိုကြည့်ခြင်းဖြင့် အဆင့်အတန်းကို ဆုံးဖြတ်တတ်ကြပါတယ်။ဒါကြောင့် စာကောင်းပေကောင်းတွေကိုရေးသားခဲ့သူများအနေဖြင့် ပိုပြီးဂရုစိုက်ရပါတယ်။မိမိရဲ့ စာပေအဆင့်အတန်းကိုကြည့်ပြီး မိမိကို လေးစားကြပါလိမ့်မယ်။
နောက်တစ်ခါ ကွန်မန့် တွေပေးတဲ့အခါမှာလည်း စိတ်ဆန္ဒထက် ကိုယ်ပြောချင်တာကို အဓိကထားပြီးရေးသားသင့်ပါတယ်။ရိုင်းပျတဲ့စကားလုံးမျိုးကို အလွယ်တကူမသုံးသင့်ပါဘူး။မသုံးရဘူးလို့ တော့ မပြောလိုပါဘူး။ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်နေပါပြီ။
အထူးသဖြင့် လူငယ်များအနေနှင့် လူမှုကွန်ရက်တွေကိုသုံးတဲ့အခါမှာ သတိထားသင့်ပါတယ်။တစ်ခါတစ်လေမှာ မိမိရေးသားလိုက်တဲ့စာတွေ လူကြီးမိဘများထံရောက်သွားပြီး
အထင်မြင်သေးခြင်းခံရနိုင်ပါတယ်။နောင်တစ်ချိန် အင်တာနက်ဥပဒေတွေထွက်လာရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးသော်လည်း ယခုကတည်းက ပြုပြင်သင့်ပါပြီ။
ကျွန်တော်ကိုယ်တိုင်လည်း blogger အစစ်မဟုတ်သေးပါဘူး။မိမိသိတဲ့ အသိလေးတစ်ချို့ ကို သူများသိဖို့ 
ပြန်ပြီးမျှဝေနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့် ဒီဆောင်းပါးလေးကပေးချင်တဲ့ အကြောင်းကတော့
မိမိနှင့်ဆက်ဆံရသူများထဲမှာ မိမိထက်ဝါကြီးသူ၊ပညာကြီးသူများပါနေနိုင်ပါတယ်။ဆက်ဆံရေးက အွန်လိုင်းမှာ ဆိုသော်လည်း တကယ့်လူမှုဘ၀ထဲကိုပါ ရောက်လာတတ်ပါတယ်။မိမိရေးသားသမျှကို
အချိန်အတိုင်းအတာတစ်ခုအထိ ဆာဗာက သိမ်းဆည်းထားပေးပါတယ်။ဒါကြောင့် ရေးသားနေသူများကို
အနည်းငယ်လောက်စဉ်းစားပြီးမှ ရေးကြပါ လို့ တောင်းပန်အပ်ပါတယ်။
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Mary P. Follett's four main principles of coordination are discussed below :- 1. Principle of Early Stage According ...
-
လတ်တလော ကွန်မကောင်းတာတပိုင်း မအားတာရောကြောင့် ပို့စ်အသစ်များမတင်နိုင်ခဲ့ပါ အခုတော့ ဒီ Android markets လေးတွေကတဆင့် ကိုယ်...
-
စာအုပ် ၀ါသနာအိုးတွေ အတွက် ..ဖတ်ချင်သမျှ စာအုပ် အားလုံး နီးပါး ဖတ်ရမယ် မာတိကာ သို့မဟုတ် ရှာဖွေရန်(အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...