ဆောင်း
ဟောဒီဇာတ်လမ်းမှာ မင်းသားခန်းကမပါခဲ့ပေမဲ့ ဗိလိန်တစ်ယောက်ရဲ့အပြုံးမှာ နှလုံးသားတစ်ခုလုံးပါသွားတယ်...... ထားခဲ့သူအဖြစ် ရာဇ၀င်တွင်ရစ်ခဲ့တဲ့ငါ
တကယ်ဆို
ဝေးကွာခြင်းက အစိမ်းသက်သက်ရိုင်းကြောင်း မကောင်းတော့တဲ့အသည်းကသက်သေ......
နေပါစေ
မင်းအတွက်ပဲသီးသန့်ဝေခဲ့
မင်းအတွက်ပဲသီးသန်ကြွေခဲ့တဲ့မျက်ရည်
ရာသီတစ်ပတ်လည်တိုင်း
ဘ၀ထဲလာလာပြီးမှိုင်းတယ်.....
နုတ်ဆက်သူနှင့်နုတ်ဆက်ခံ၇သူတို့အကြား
ခံစားချက်ကခြားနားလွန်းတယ်
တကယ်ဆို
မင်းဘက်မှာနာကျည်းခြင်းအဆစ်ပါသွားသလို ငါ့ဘက်မှာလည်းကြေကွဲခြင်းအဆစ်ပါခဲ့ပါတယ်.......
တစ်ဘ၀လုံးရှုံးပြီး
တစ်ဘ၀လုံးတုံးတဲ့ဇာတ်လမ်း
ဇာတ်ဝင်ခန်းတိုင်းကိုလွမ်းတာ
ဗီလိန်လဲပါတယ်......
မနက်ခင်းမှာ နှင်းတွေဝေလာပြီးဆောင်းရေ...... အဖြူရောင်အေးစက်မှုရဲ့အခြားဘက်
ငါနှလုံးသားကစီးတဲ့သွေးစက် အနီရောင်သက်သက်ပါပဲလေ..... အလွမ်းကိုမီးလှုံရတာလောက် ဘယ်မီးတောက်မှပူလောင်ခြင်းကိုမပေးနိုင်ဘူး
သမိုင်းဦးမှာပွင့်ခဲ့တဲ့ပန်းတွေ
(ဗီလိန်တစ်ယောက်ရဲ့ခေါင်းမှာလည်း)
ဝေခွင့်ရှိလို
ဆောင်း
Published with Blogger-droid v2.0.10
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Mary P. Follett's four main principles of coordination are discussed below :- 1. Principle of Early Stage According ...
-
လတ်တလော ကွန်မကောင်းတာတပိုင်း မအားတာရောကြောင့် ပို့စ်အသစ်များမတင်နိုင်ခဲ့ပါ အခုတော့ ဒီ Android markets လေးတွေကတဆင့် ကိုယ်...
-
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...