မျက်မြှေးရောင်ရောဂါ^မျက်စိနာရောဂါ

မျက်မြှေးရောင်ရောဂါ^မျက်စိနာရောဂါ
မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုးဖြစ်သည်။   ရောဂါဖြစ်ပွားလျှင်   (၇)   ရက်မှ   (၁၀)   ရက်   ခန့်အထိ   ကြာမြင့်တတ်ပြီး   ရာသီမရွေး     ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ
•    မျက်စိယားယံခြင်း
•    မျက်ရည်ယိုခြင်း
•    မျက်စိနီရဲခြင်း
•    မျက်ဝတ်များ   ထွက်ခြင်း
•    မျက်စိနာကျင်ရောင်ရမ်းခြင်း
•    အလင်းရောင်    မကြည့်နိုင်ခြင်းတို့    ဖြစ်နိုင်ပါသည်။

ရောဂါကူးစက်ပုံ
•    ရောဂါဖြစ်သူ၏အဝတ်အစား၊     အသုံးအဆောင်များမှတဆင့်    ကူးစက်နိုင်ပါသည်။
•    ကူးစက်မြန်သောရောဂါ    ဖြစ်သဖြင့်    တစ်ဦးတစ်ယောက်ရောဂါစဖြစ်လျှင်    အခြားသူများသို့   လျင်မြန်စွာကူးစက်   ပြန့်ပွားသွားနိုင်ပါသည်။ ဥပမာအားဖြင့်    ကျောင်းသားတစ်ဦးမှ    စာသင်ခန်း    တစ်ခန်းလုံး၊    တစ်ကျောင်းလုံးသို့  ကူးစက်နိုင်ပါသည်။
•    မျက်စိနာသူနှင့်    နီးကပ်စွာ    အတူနေထိုင်သူတို့တွင်    ရောဂါကူးစက်လွယ်သဖြင့်   အထူးသတိပြုရပါမည်။   မိခင်နှင့်ကလေးတို့မှာ အလွန်နီးစပ်သဖြင့်    ကူးစက်နှုန်း    မြန်ဆန်ပါသည်။
ရောဂါကာကွယ်ကုသခြင်း
•    ရောဂါဖြစ်ပွားပါက   မျက်စိနာသူ၏   မျက်လုံးတစ်ဝိုက်ကို   သန့်ရှင်းသော   ဂွမ်းအစိုဖြင့်   တစ်နေ့(၂)   ကြိမ်   (၃)    ကြိမ်ခန့်   သန့်စင်ပေးရပါမည်။ သန့်စင်ပေးသူသည်    လက်ကိုဆပ်ပြာဖြင့်    သေချာစွာဆေးကြောရပါမည်။
•    မျက်စိဆရာဝန်ထံညွှန်းပို့ပြီး    ညွှန်ကြားသည့်အတိုင်း        ပဋိဇီဝဆေးပါဝင်သော    မျက်စဉ်းခပ်ရပါမည်။
•    မျက်စဉ်းမခပ်မီနှင့်     ခပ်ပြီးတိုင်း    လက်ဆေးရပါမည်။
•    ရောဂါဖြစ်သူ၏ အဝတ်အစား၊ အသုံးအဆောင် (အထူးသဖြင့် အမျိုးသမီးမျက်နှာ  အလှပြင်ပစ္စည်းများ) စုပေါင်းအသုံးပြုခြင်းတို့မှ တစ်ဆင့်အခြားသူများသို့ လျင်မြန်စွာ ရောဂါ ကူးစက်နိုင်ပါသဖြင့်  အတူသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ။သီးသန့်လျှော်ဖွတ် သန့်စင်ရပါမည်။


မျက်စိနာရောဂါကာကွယ်ရန် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်းနှင့် ရောဂါဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေး ဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ဆေးကုသမှုခံယူကြရန် လိုအပ်ပါသည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...