ကျွန်တော်ကသာမာန်လက်ထောက်ဆရာဝန်လေးပါ။ကျွန်တော်ရေးတဲ့ဆောင်းပါးတွေကလည်း
ကိုယ်ကြုံခဲ့တဲ့ အဖြစ်အပျက်ပေါ်မှာ သင်ခန်းစာယူပြီး အင်တာနက်ထဲက စာတမ်းတွေကို မြန်မာမှု
ပြုထားတာပါ။ဒါကြောင့် မြန်မာ့ရေမြေသဘာဝနှင့်မနီးစပ်ရင်တော့ တောင်းပန်ထားခြင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေအကြောင်းကို ဆက်လက်ရေးသားခြင်သေးပေမဲ့ အခုလောလောဆယ်
ကျေးလက်ဒေသတွေမှာ တွေ့ ကြုံ၇တတ်တဲ့ ကြံ့ ဗဟုံးကိုယ်ကြပ်ဆိုတဲ့ ကိစ္စလေးကိုဖတ်ပေးကြပါဦး။
၁။ကြံ့ ဗဟုံးကိုယ်ကြပ်ဆိုတာဘာလဲ….
ဒီစကားလုံးကို မြေလတ်ဒေသတွေမှာ သုံးလေ့ရှိပါတယ်။ဆိုလိုခြင်တာက ကလေးငယ်လေးတွေမှာ
အသက်ရူရခက်ခဲတာကို ပြောချင်တာပါ။ဆေးပညာအရတော့ ဘယ်ရီဘယ်ရီ ကိုပြောတာပါ။
၂။ဘယ်လိုပုံစံလဲ
ကလေးငယ်လေးတွေမှာ ပထမဦးဆုံးအနေနှင့် ၀၀ကစ်ကစ်၊ပါးဖောင်းဖောင်းလေးဖြစ်လာပါတယ်။
သူ့ ကိုတော့ ကြံဗဟုံးကိုယ်လှ လို့ ခေါ်ကြပါတယ်။ကလေးလေးက ချစ်စရာကောင်းတာကိုး။
နောက်တစ်ဆင့်ကိုကူးပြောင်းသွားရင်တော့ ကလေးငယ်က အသက်ရူခက်ခဲလာတယ်။နှလုံးဖောက်
လာတယ်။တက်လာတယ်။အဲဒီလိုတက်တာကိုလည်း သူတို့ က အတွင်းကြောတက်တယ်လို့ 
ပြောပြတတ်ကြတယ်။
၃။ကုဖို့ လွယ်သလား
အကယ်၍ အချိန်မီရောက်လာခဲ့ တယ်ဆိုရင်တော့ ဘီဝမ်းထိုးဆေး ၅၀mg ကိုအသားဆေး၊အကြောဆေးထိုးပြီး ခဏစောင့်ကြည့်လိုက်ရင် အသက်ကယ်လို့ ရပါတယ်။
ဒီလောက်လွယ်တာများ ဘာကြောင့်ရေးနေသလဲလို့ မပြောပါနှင့် အသက်မမီလို့ ဆုံးပါးသွားတဲ့
ကလေးငယ်တွေများပြားလွန်းလို့ ပါ။မသေသင့်ဘဲ သေတာလောက် ရင်နာစရာကောင်းတာ
မရှိပါဘူး။
၎။ဘာကြောင့်ဖြစ်သလဲ
အင်း…မြန်မာဆန်လို့ ဖြစ်တယ်ပဲ အလွယ်ပြောကြပါစို့ ။ရောဂါရဲ့ ဇာစ်မြစ်ကတော့ ခန္ဓာကိုယ်မှာ
ဘီဝမ်းဓာတ်ချို့ တဲ့လို့ ဖြစ်ရတာပါ။ဘီဝမ်းကို ဘယ်ကရသလဲ။အစားအသောက်ကရပါတယ်။
အစာစားရင်ရတယ်ဆိုပြီးဘာကြောင့် ချို့ တဲ့ရသလဲဆိုရင်တော့ ရအောင်မစားလို့ လို့ ဖြေပါရစေ။
၁။ကိုယ်ဝန်ဆောင်မိခင်တွေ နှင့် နို့ တိုက်မိခင်တွေကို အစားရှောင်ခိုင်းကြတယ်။
၂။အသား၊ငါးတွေစားရင် နှင်းခူစွဲတယ်ဆိုပြီး ရှောင်ကြတယ်။
၃။ဘဲဥ၊ကြက်ဥစားရင် ကလေးဝမ်းပုပ်တယ်ဆိုပြီးရှောင်ကြတယ်။
၎။အသီးအရွက်တွေစားရင် ကလေးဝမ်းပျက်တယ်ဆိုပြီးရှောင်ကြတယ်။
၅။အဆီ၊အစိမ့်တွေစားရင် ကလေးချောင်းဆိုးတယ်ဆိုပြီးရှောင်ကြတယ်။
နောက်ဆုံးတော့ ရှောင်ရင်းစားစရာကို မကျန်တော့ဘူး ။
၆။ဘီဝမ်းဓာတ်တွေ ဘယ်မှာပါသလဲ…
အဓိကအားဖြင့်တော့ ဆန်လုံးညို၊ဆီထွက်သီးနှံများ၊မြေပဲ၊မုန်လာဥနီ ၊ဂျုံစေ့၊ဖရုံသီး၊အ၀ါရောင်ရှိသစ်သီးသစ်ဖုများ၊အစိမ်းရောင်
ရှိသစ်သီးသစ်ရွက်များ၊အသားတို့ မှာပါပါတယ်။
ရ။ဘယ်ရီဘယ်ရီ ကဘယ်အရွယ်တွေမှာဖြစ်နိုင်သလဲ
အရွယ်မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် နို့ တုက်မိခင်များ၊ရင်ခွင်ပိုက်ကလေးငယ်များ၊အရက်သမား
များမှာပိုပြီးဖြစ်နိုင်ပါတယ်။
၇။ဘီဝမ်းဓာတ်က ဘယ်နေ၇ာမှာအရေးကြီးသလဲ
ဘီဝမ်းဓာတ်က နှလုံးနှင့်သွေးကြောများ၊ဦးဏှောက်နှင့်အာရုံကြောများမှာ အရေးကြီးပါတယ်။
၈။ဘယ်လို လက္ခဏာတွေပြသလဲ
ရောဂါလက္ခဏာမှာ နှလုံးမှာဖြစ်တဲ့ဘယ်ရီဘယ်ရီနှင့် အာရုံကြောများမှာဖြစ်တဲ့ဘယ်ရီဘယ်ရီဆိုပြီး
ကွဲပြားပါတယ်။
နှလုံးမှာဖြစ်တဲ့ဘယ်၇ီဘယ်ရီမှာ ရင်တုန်ခြင်း၊နှလုံးခုန်မြန်ခြင်း၊မောပန်းခြင်းတို့ ကိုစတင်ခံစားရပါတယ်။
ဦးဏှောက်နှင့်အာရုံကြောမှာဖြစ်တဲ့ ဘယ်ရီဘယ်ရီမှာတော့ ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းခြင်း၊အစာ
စားခြင်စိတ်မရှိခြင်း၊ကြွက်သားများနာကျင်ခြင်းတို့ ကိုခံစားရပါတယ်။
၉။ဘယ်လိုကာကွယ်မလဲ
နို့ တိုက်မိခင်များအနေနှင့် အစားစုံအောင်စားပါ။နို့ ဘူးတိုက်သူများအနေနှင့် ကိုယ်တိုက်တဲ့နို့ မှုန့် မှာ
Thiamine ပါသလားစစ်ဆေးပါ။
ကလေးများ အကြောင်းမဲ့ငိုနေရင်၊ဖောရောင်လာရင် နီးစပ်ရာဆေးခန်းများသို့ သွားရောက်ပြသပါ။
အကောင်းဆုံးကတော့ နို့ တိုက်မိခင်များအနေဖြင့် ဘီဝမ်းဆေးပြားများကို နေ့ စဉ် နံက်တစ်လုံး၊
ညတစ်လုံး မှီဝဲသင့်ပါတယ်။
ကလေးငယ်တိုင်း ကျန်းမာသက်ရှည်စေကြောင်းဆုတောင်းရင်းနိဂုံးချုပ်ပါရစေ။
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Mary P. Follett's four main principles of coordination are discussed below :- 1. Principle of Early Stage According ...
-
လတ်တလော ကွန်မကောင်းတာတပိုင်း မအားတာရောကြောင့် ပို့စ်အသစ်များမတင်နိုင်ခဲ့ပါ အခုတော့ ဒီ Android markets လေးတွေကတဆင့် ကိုယ်...
-
စာအုပ် ၀ါသနာအိုးတွေ အတွက် ..ဖတ်ချင်သမျှ စာအုပ် အားလုံး နီးပါး ဖတ်ရမယ် မာတိကာ သို့မဟုတ် ရှာဖွေရန်(အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...