ရာသီပျောက်ခြင်း..
အမျိုးသမီးများအနေဖြင့် အရွယ်ရောက်ချိန်မှ သွေးဆုံးသည်အထိ လစဉ်ရာသီလာလေ့ရှိသော်
လည်း တစ်ခါတစ်ရံတွင် ရာသီပျောက်ခြင်းကိုကြုံတွေ့ ကြဘူးပါလိမ့်မည်။
မြန်မာတို့ ထုံးစံအတိုင်း ရာသီပျောက်သည်ကို ကိုယ်ဝန်ရှိသည်ဟု ထင်မှတ်တတ်ကြသည်။
ထို့ ကြောင့်ပင် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ တွေ့ ကြ၇တတ်သည်။
ရာသီပျောက်ခြင်းကိုလည်း ကနဦးရာသီပျောက်ခြင်းနှင့် ဒုတိယရာသီပျောက်ခြင်းဆိုပြီး
ခွဲခြားထားပါတယ်။
နောက်တစ်နည်းကတော့ သဘာဝဇီဝကမ္မဖြစ်စဉ်ကြောင့် ရာသီပျောက်ခြင်းနှင့် ရောဂါကြောင့်ရာသီပျောက်ခြင်း တို့ ဖြစ်ပါတယ်။
သဘာဝအခြေအနေများအရလည်း ရာသီပျောက်ခြင်းကိုဖြစ်စေတတ်ပါတယ်။အဲဒါ
တွေကတော့
၁။မျိုး၇ိုးအလိုက် ရာသီလာမှုနောက်ကျခြင်း
၂။ကိုယ်ဝန်ရှိခြင်း
၃။နို့ တိုက်မိခင်များ
၎။သွေးဆုံးပြီးသူများတို့ ဖြစ်ကြပါတယ်။
ရောဂါကြောင့်၇ာသီပျောက်ခြင်းကိုမပြောခင် ရာသီလာခြင်းကိုထိမ်းချုပ်ထားတဲ့ဟော်မုန်းလမ်းကြောင်း
တစ်ခုရှိပါတယ်။သူ့ ကို ဟိုက်ပိုသယ်လ်မတ်စ်…ပစ်ကျူထရီ…အိုဗရီလမ်ကြောင်းလို့ ခေါ်ပါတယ်။
ဆင့်ကဲ ထိမ်းချုပ်မှု၊ပြန်လှန်သက်ရောက်မှုတွေနှင့်တည်ဆောက်ထားတာပါ။
ဒါကြောင့် ရာသီပျောက်ခြင်းမှာ အဓိကအားဖြင့် ဟော်မုန်းလမ်းကြောင်းချို့ ယွင်းမှုများကြောင့်ဖြစ်တတ်
ပါတယ်။
၁။ဦးနှောက်တွင်
စိတ်မချမ်းသာခြင်း၊စိတ်ပိုင်းဆိုင်ရာရောဂါများရှိခြင်းကြောင့်
ဟိုက်ပိုသယ်လ်မတ်စ်ကိုသွားရောက်ထိခိုက်တဲ့အတွက်ရာသီပျောက်တတ်ပါတယ်။
၂။ကိုယ်အလေးချိန်အလွန်အမင်းလျှော့ကျခြင်းကလည်း ရာသီပျောက်စေပါတယ်။
၃။ကားလ်မန်းရောဂါ
၎။ရှီးဟန်းရော၈ါစု
၅။သွေးအတွင်းပရိုလက်တင်ဓာတ်များပြားခြင်း
၆။ရော၈ါပိုးဝင်ခြင်း
၇။ထိခိုက်ဒဏ်ရာရရှိခြင်း
၈။ဆေးဝါးများ ကြောင့် ဟော်မုန်းလမ်းကြောင်းကိုချို့ ယွင်းစေပြီး ရာသီပျောက်စေနိုင်ပါတယ်။
တည်ဆောက်ပုံချို့ ယွင်းမှုကြောင့်ရာသီပျောက်ခြင်း
၁။မမျိုးဥအိမ်ဆိုင်ရာရောဂါများ
(က)မမျိုးဥမထုတ်လုပ်နိုင်ခြင်း
(ခ)တာနာရောဂါစု
(ဂ)ဓာတ်ကင်ခြင်းနှင့် မမျိုးဥအိမ်အား ခွဲစိတ်ထားခြင်း
(ဃ)သားဥအိမ်အရည်အိတ်တည်ခြင်း
(င)သားဥအိမ်ဖွံ့ ဖြိုးမှုမရှိခြင်း
(စ)သားဥအိမ်အကြိတ်တည်ခြင်း
၂။သားအိမ်ဆိုင်ရာချို့ ယွင်းခြင်း
(က)သားအိမ်မဲ့ ရောဂါသည်(မွေးရာပါ)
(ခ)ခွဲစိတ်ဖြတ်တောက်ထားခြင်း
(ဂ)သားအိမ်အတွင်းလွှာအားခြစ်ထုတ်ထားခြင်း
(ဃ)အရှာမင်းရောဂါစု
(င)တီဘီရောဂါ
၃။သွေးဆင်းလမ်းကြောင်းချို့ ယွင်းမှု
(က)အပေါက်မပါသောအပျိုအမြှေးပါးရှိခြင်း
(ခ)မွေးလမ်းကြောင်းမပါခြင်း
၎။အခြားဟော်မုန်းဆိုင်ရာရော၈ါများ
(က) သိုင်းရိုက်ဟော်မုန်းဆိုင်ရာရောဂါများ
(ခ)ဆီးချိုရောဂါ…မုန့် ချိုအိတ်ဆိုင်ရာရောဂါ
(ဂ)အက်ဒရီနယ်ဂလင်းဆိုင်ရာရောဂါများ ကြောင့်လည်း ရာသီပျောက်နိုင်ပါတယ်။
ကနဦးရာသီပျောက်ခြင်း
ကနဦးရာသီပျောက်ခြင်းဆိုတာ အမျိုးသမီးငယ်များအနေဖြင့် အမျိုးသမီးတို့ ၏လက္ခဏာများကို
ရရှိလာသော်လည်း ရာသီလာခြင်းမရှိသေးတာကိုခေါ်ဆိုပါတယ်။အသက် ၁၆ နှစ်ရောက်သည်အထိ
ရာသီမလာခဲ့ရင် ကနဦးရာသီပျောက်တယ်လို့ သတ်မှတ်လို့ ရပါတယ်။
ဒုတိယရာသီပျောက်ခြင်း
ဒုတိယရာသီပျောက်ခြင်းဆိုတာကတော့ အပျိုဖော်ဝင်စမှာ ပုံမှန်အတိုင်းရာသီလာခဲ့သော်လည်း
နောက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်းရောဂါရသဖြင့်
ရာသီပျောက်ခြင်းကိုဆိုလိုပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာကတော့
ရာသီပျောက်နိုင်မှုမြင့်မားသူများအကြောင်းပါ..
၁။အ၀လွန်သူများ
၂။လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်ရသူများ
၃။စိတ်ဖိဆီးမှုများပြားသူများ
၎။မျိုးရိုးရှိသူများ
၅။စားသောက်နေထိုင်မှုပုံစံလွှဲမှားနေသူများမှာလည်း ရာသီပျောက်တတ်ပါတယ်။
ဒါကြောင့် အမျိုးသမီးများကိုကြိုတင်သတိပေးထားခြင်ပါတယ်..ရာသီပျောက်ခြင်းကို လွယ်လွယ်ဆုံး
ဖြတ်လို့ မရပါဘူး။နောက်တစ်ခုကတော့ တစ်လမျှရာသီပျောက်တာလေးနှင့်လည်း
ဒုက္ခမရောက်နိုင်ပါဘူး။ဒါကြောင့် ရာသီလာရက်အနည်းငယ်နောက်ကျရုံမျှဖြင့်
လွယ်လွယ်ရသော
နည်းလမ်းများကို အသုံးပြုပြီးဖြေရှင်းမှုမပြုကြပါနှင့်။လ အနည်းငယ်ခန့် စောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်
ကြပါ။အကယ်၍ ဟော်မုန်းဆိုင်ရာရောဂါမဟုတ်ဘဲ တည်ဆောက်ပုံဆိုင်ရာရောဂါများကြောင့် ရာသီ
ပျောက်ခြင်းကို ဓမ္မတာလာဆေးများအလွန်အမင်း မှီဝဲမိသဖြင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရနိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Differential Diagnosis: Symptoms, Signs, and Conditions: Introduction This chapter is a general guide to commonly encountered symptoms and ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...