ကျွန်တော် ကျန်တဲ့အကြောင်းတွေ သိပ်ပြီးမရေးချင်တော့ဘူး….ကျန်းမာရေးနှင့်ပတ်သက်ပြီးရေးရရင်
လည်း ရှေ့ နေဖြစ်နေဦးမယ်…ဒီတော့ ပညာရေးကိုပဲ ဆက်ပြီးရေးကြတာပေါ့။
အခြေခံပညာရေးကစပြီးပြောမယ်ဗျာ…ဘာကြောင့်လဲဆိုတော့ ဘွဲ့ ရတိုင်းပညာမတတ်ဘူးလို
့ထင်ရင်
ကိုယ်ဘာသာအရင်မေးကြည့်ပါ။လွယ်လွယ်ရခဲ့တာပါဆိုရင်တော့ သိက္ခာရှိ၇ှီပဲ…ပြန်သိမ်းထားလိုက်တော့….မိမိကိုယ်ကို
ကိုယ်ယူထားတဲ့ ဘွဲ့ နှင့်ထိုက်တန်ပြီဆိုမှ
ပြန်ထုတ်သုံးပေါ့…..ပညာရဲ့ မူလအရည်အချင်းကကို ဘွဲ့ ဆိုတာ သတ်မှတ်ပေးတာ….မင်းမှာ
ဒီပညာရပ်နှင့်ပတ်သက်လို့  ဒီလောက်တော့သိပြီ ဒီတော့ဒီအဆင့်လေးတော့ သတ်မှတ်ပေးမယ်ဆိုတာ….အဲဒီတော့
ဘွဲ့ သာရတယ်..ပညာမတတ်ဘူးဆိုရင်တော့ ပေးတဲ့သူတွေက
မပေးသင့်ဘဲပေးလိုက်လို့ ပဲ..သိပ်ပြီးရှည်ရှည်ဝေးဝေးစဉ်းစားမနေနှင့်….အဲဒီလူတွေကရောဘာကြောင့်
ပေးသလဲ…ခံယူရဲတဲ့သူတွေရှိလို့ ပေးတယ်….
ပညာရေးဌာနမှာ ဆောင်ပုဒ်ရှိတယ်..စိတ်ဓာတ်၊စည်းကမ်း၊ပညာ….
၁။စိတ်ဓာတ်…
အဲဒီစိတ်ဓာတ်ဆိုတာ ဘာမှ မျိုးချစ်စိတ်ဓာတ်ခိုင်မာရှင်သန်ရေးမဟုတ်ဘူး..
စဉ်းစားကြည့်ပါ…သူငယ်တန်းကလေးက မျိုးချစ်စိတ်ဓာတ်ကို ဘယ်သိမှာလဲ…
အဓိကပြောချင်တာက မိမိကိုယ်ကို ယုံကြည်တဲ့စိတ်၊အပေါင်းအသင်းနှင့်စုပေါင်းနေထိုင်တဲ့စိတ်၊
လူတိုင်းမှာကိုယ်နှင့်သက်ဆိုင်တဲ့ အလုပ်ရှိမှန်းသိတဲ့စိတ်….လွတ်လပ်မှုကိုမြတ်နိုးတဲ့စိတ်…
အဲဒါတွေကို မသင်ဘဲနှင့်မိမိဘာသာသိလာအောင် ကျောင်းတက်ခိုင်းတာ….ဘယ်ကျောင်းဆရာကမှလည်း
အထူးပြုပြီးထပ်သင်ပေးဖို့ မလိုဘူး…
မျိုးချစ်စိတ်ဓာတ်ဆိုတာနှင့်ပတ်သက်ပြီး ပခုက္ကူကကျောင်းဆရာကြီးတစ်ဦးကဘယ်လိုပြောလဲဆိုတော့
ဟ..ကောင်ရ..မင်းတို့ က မယ်သီလရှင်မြင်လည်း ဟိုဒင်းစိတ်လာအောင်လုပ်ခိုင်းနေတာလား..
နေရာ၊ဒေသ၊အချိန်ပေါ်မှာမူတည်ပြီး သူ့ အလိုလိုပေါ်လာတဲ့အရာကွ…လျောက်ပြောလျောက်အော်နေ
တာလေကုန်တယ်…တဖက်ကမျိုးချစ်စိတ်ဓာတ်တွေ တသွင်သွင်အော်ပြီး တို့ မြန်မာနိုင်ငံကြီးလည်း
ထုံးသုတ်ခံလိုက်ရပါပြီကွာ…တဲ့..အဲဒါကျွန်တော်ပြောတာမဟုတ်ဘူး။။။မကျေနပ်ရင်
ပခုက္ကူက
ကျောင်းဆရာကြီးကိုပြော..လိပ်စာပေးလိုက်မယ်…ကျွန်တော်ကတော့ထောက်ခံတယ်။
၂။စည်းကမ်း
စည်းကမ်းဆိုတာ ကလေးတွေမှာရှီပြီးသားပါ…ကျောင်းကိုလာရင် အဖြူအစိမ်းဝတ်ခဲ့ရမယ်…ဒါကစည်းကမ်းပဲ။။ဘယ်လိုစည်းကမ်းပဲဆိုတော့
ကျောင်းသားအားလုံးက
အတူတူပဲ..ချမ်းသာလို့ လည်းေ၇ာင်စုံဝတ်ခွင့်မရှိဘူး… တူညီသောဥပဒေအသေးစားပဲ…ဒါကိုလိုက်နာစေချင်တာ..ဒီလိုပဲ..ကျန်တဲ့စည်းကမ်းတွေကိုလည်း
လိုက်နာအောင်သင်ယူစေတယ်…စာရွက်စာတမ်းတွေနှုင့်စကားလုံးခန့် ခန်
့ကြီးတွေနှင့်ရေးထားတဲ့ 
စည်းကမ်းကို ဥပဒေလို့ ခေါ်တယ်…ငယ်ငယ်တုန်းကတော့အားလုံးနီးပါး စည်းကမ်းကိုလိုက်နာကြပါ
တယ်..ကြီးသွားမှာသာ ဥပဒေကိုသိပ်မသိတော့တာ…အသက်ပြောတာပါ။
၃။ပညာ
ဒီစကားလုံးနှင့်ပတ်သက်လို့ ထဲထဲဝင်ဝင်ဆွေးနွေးချင်ရင် ဆရာကြီးဦးအောင်သင်းကိုသာမေးကြပါ။
ကျွန်တော်ကတော့သိသလောက်ပြောမယ်။ကျောင်းသားတိုင်းကိုသင်ဖို့  ဆရာတိုင်းကို
သင်ရိုးညွန်းတမ်းဆိုတာပေးထားတယ်။သင်ကြားရမဲ့အခြေခံပင်မအကြောင်းအရာများကိုညွန်းဆိုတဲ့စာတမ်း…..သူငယ်တန်းလို
့သတ်မှတ်ထားတဲ့အတန်းမှာ ကလေးငယ်တစ်ဦးအနေနှင့် ဒီလောက်တော့
သိသင့်တယ်ဆိုပြီးအကြမ်းဖျဉ်းေ၇းဆွဲထားတာ။အဲဒီတော့ သူငယ်တန်းတိုင်းဒီလောက်တော့သိရမယ်။
ဒီထက်ပိုသိရင်ပိုကောင်းတယ်။သင်ဖျားညွန်းတမ်းကတော့ ကိုယ့်ကိုစာသင်ပေးတဲ့ဆရာရဲ
့စေတနာ
ပေါ်မှာမူတည်တယ်။ဒီလိုသင်ကြားတဲ့အခါမှာလည်း ကလေးငယ်တိုင်းမှာ လက်ခံနိုင်မှုစွမ်းအားမတူကြ
ပါဘူး..ဒီတော့ တစ်နှစ်သင်လို့ မတတ်သေးရင် နှစ်နှစ်သင်ပေးမယ်ပေါ့။အလွယ်ပြောရရင်
စာမေးပွဲကျတယ်ပေါ့။ခက်တာက အဲဒါကိုလက်မခံတာပဲ။ဒီတော့ ဆရာကိုအပြစ်တင်ပြီး
ကျောင်းသားကျရင် ထုချေလွာတင်ခိုင်းတယ်။သင်ကြားမှုညံတယ်ဆိုပြီး နယ်ပြောင်းတယ်။ဒီတော့
ဆရာတွေကလည်း အကုန်လုံးကို အအောင်ပေးလိုက်တယ်။သိသင့်သိထိုက်တဲ့ အတိုင်းအတာတစ်ခု
အထိ သင်ယူနိုင်ခြင်းမရှိပဲ နောက်တစ်ဆင့်တက်ပြီးသင်ယူခိုင်းတယ်။ဒီတော့
အလွယ်လမ်းကိုလိုက်လာတယ်။ဖြတ်လမ်းကိုအားကိုးလာတယ်။အဲဒီကစပြီး ခံယူချက်တွေ ပျက်စီးသွားပြီး
အခုလိုဖြစ်ကုန်တာပါ။အရှေ့ ကရည်မှန်းချက်ကြီးနှစ်ရပ်လည်းကျိုးပျက်သွားတယ်။
အဲဒါကြောင့်ပြောတာေ၇ရှည်စီမံကိန်းနှင့်လူညွန့် တုန်းအောင်လုပ်ခဲ့တာလို
့……………..
ဘယ်လိုလဲဆိုတော့ စာတတ်မြောက်မှုရာခိုင်းနုန်းကိုတိုးချင်တယ်…စာရွက်ပေါ်မှာနော်…..
ဒီတော့ မူလတန်းပညာကိုသင်ကြားပြီးသူပေါင်းဘယ်လောက်ပေါ့…………..
အလယ်တန်းပညာသင်ကြားပြီးသူပေါင်းဘယ်လောက်ပေါ့………………
အဲဒီမှာ မူလတန်းပညာကိုပြီးဆုံးခဲ့တယ်ဆိုတဲ့ကလေးက…ဆယ်နှစ်သားကလေးငယ်တစ်ယောက်မှာ
ရှိသင့်တဲ့ အရည်အသွေး၊ဗဟုသုတ၊ခွဲခြားဆုံးဖြတ်နိုင်တဲ့ညဏ်တွေ ပါမလာဘူး…
အဲဒါတွေက လက်တွေ့ မှာတကယ်ဖြစ်နေတာပါ…
ဆက်လက်ဆွေးနွေးချင်ပါသေးတယ်…
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...