ကျွန်တော်က မြန်မာလူမျိုးစစ်စစ်ဖြစ်သလို မြန်မာပြည်ကိုလည်းချစ်တယ်။ဒါကြောင့်လည်း မြန်မာတွေကို ဆေးကုတဲ့ အလုပ်ကိုပဲလုပ်နေခဲ့တာပါ။အမှန်တော့ ရှေ့ ကနိဒါန်းပျိုးနေတာက
ကျွန်တော်ေ၇းမဲ့အကြောင်းက ဆင်းရဲခြင်းရောဂါဖြစ်နေလို့ ပါ။ကျွန်တော့်ကို မြန်မာပြည်
ဆင်းရဲကြောင်းရေးလို့ ဆိုပြီး မျိုးချစ်စိတ်မရှိဘူးထင်မှာစိုးလို့  ကြိုကာထားတဲ့သဘောပေါ့ဗျာ။
ကဲ…စလိုက်ကြရအောင်
၁။ဆင်းရဲခြင်းရောဂါဆိုတာဘာလဲ
ဟုတ်ကဲ့ ….နိုင်ငံတကာကလက်ခံထားတဲ့ ဆင်းရဲခြင်းရောဂါရှိပါတယ်။ဘယ်လိုသတ်မှတ်သလဲဆို
တော့…အဲဒီနိုင်ငံမှာ တီဘီ၊ငှက်ဖျား၊ခုခံအားကျဆင်းမှုရောဂါတွေအဖြစ်များတဲ့နိုင်ငံတွေကို ဆင်းရဲတယ် လို့ သတ်မှတ်ပါတယ်။နောက်တစ်ခုကတော့ နိုင်ငံတစ်ခုရဲ့ သေဆုံးမှုစာရင်းမှာ
၁။ကူးစက်ရောဂါ
၂။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
၃။ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်
၎။အာဟာရချို့ တဲ့မှုကြောင့်သေဆုံးသူ
အထက်ဖော်ပြပါ စာရင်းတွေ များပြားနေရင် ဆင်းရဲတယ်လို့ သတ်မှတ်ပါတယ်။
၂။ဆင်းရဲတာအပြစ်လား
ရှင်းရှင်းပြောရရင်တော့ တကယ့်အပြစ်ကြီးပါ။ဘာကြောင့်လဲဆိုတော့ ဆင်းရဲခြင်းရဲ့ နောက်ကွယ်က
ဖြစ်ပေါ်လာတဲ့ ကွင်းဆက်ဆိုးကျိုးက ကြီးမားလို့ ပါ။
ဆင်းရဲခြင်း
|
၁။အစားအသောက်နှင့်ကျန်းမာရေးချို့ တဲ့ခြင်း
၂။ပတ်ဝန်းကျင်သန့် ရှင်းမှုနည်းပါးခြင်း
၃။မိဘနှင့်ကလေး ဆက်ဆံရေးထိခိုက်ခြင်း
၎။ဆိုးရွားသောပတ်ဝန်းကျင်၏လူမှုစရိုက်များကူးစက်ခံရခြင်း
|
၁။ရုပ်သွင်ဆိုင်ရာချို့ တဲ့မှုများ
ပေါင်မပြည့်ကလေးမွေးဖွားခြင်း၊ဖွံဖြိုးမှုနောက်ကျခြင်း၊ရော၈ါဘယထူပြောခြင်း
၂။စိတ်ပိုင်းဆိုင်ရာချို့ တဲ့ခြင်း
သင်ယူမှုဆိုင်ရာအခက်အခဲများ၊ညာဏ်ရည်နိမ့်ကျခြင်း
၃။ပညာသင်ကြားခြင်း
ကျောင်းနေနောက်ကျခြင်း၊အတန်းတက်နှေးခြင်း၊စောစီးစွာကျောင်းထွက်ရခြင်း
၎။လူမှုဆက်ဆံရေးပြသနာများ
တပါးသူများနှင့်ဆက်ဆံရာတွင်လိုက်လျောညီထွေမရှိခြင်း၊မိမိဘ၀ကိုကျေနပ်မှုမရခြင်း
၅။အမှုအကျင့်ဆိုင်ရာပြသနာ
ဆိုးရွားသောလူနေမှုပတ်ဝန်းကျင်၏အမူအကျင့်များကူးစက်ခြင်း
(တံငါနားနီး..တံငါ၊မုဆိုးနားနီး…မုဆိုး)
အထက်ဖော်ပြပါကိစ္စသည် ကလေးငယ်ဘ၀မှာတွေ့ ရမဲ့ ဆိုးကျိုးတွေပါ။
နောက်ကွင်းဆက်တစ်ခုကတော့

ဆင်းရဲခြင်း……၇ုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနောက်ကျခြင်း…..ပညာသင်ကြားမှုအခက်အခဲ….ပညာရေးနိမ့်ကျခြင်း……
အခြေခံလုပ်သား….နည်းပါးသောဝင်ငွေ…..ချို့ တဲ့သောစားဝတ်နေရေး…..ကျန်းမာရေးချို့ တဲ့မှု……အလုပ်မလုပ်နိုင်ခြင်း….
ဝင်ငွေနည်းပါးခြင်း…..ဆင်းရဲခြင်း….
ဒါက မျိုးဆက်ဆင့်ကဲ လက်ဆင်းကမ်းခြင်းပါ။ဆင်းရဲသောမိသားစုက ပေါက်ဖွားလာတဲ့သူတွေ
အများစု က ဆင်းရဲတဲ့မိသားစုကို ဆက်လက်တည်ထောင်ကြပါတယ်။ဒီနေရာမှာ တစ်မိပေါက်
တစ်ယောက်ထွန်းဆိုသလို ဘ၀ကိုပြောင်းလဲခဲ့သူတွေ ၇ှိပါတယ်။သို့ သော်လည်း အများစုကတော့
ဆက်လက်ပြီး ဆင်းရဲကြပါတယ်။
၃။ဆင်းရဲခြင်းကြောင့် ဘာရောဂါတွေဖြစ်တတ်သလဲ
ဆင်းရဲခြင်းနှင့်ဆက်စပ်တဲ့ရောဂါတွေ ရှိနေပါတယ်။
၁။အာဟာရချို့ တဲ့ခြင်းဆိုင်ရာရောဂါများ
(က) ကလေးငယ်များတွင်ဖြစ်တတ်သော အာဟာရချို့ တဲ့သောရောဂါ
(ခ)သွေးအားနည်းရောဂါများ
(ဂ)ကိုယ်ဝန်ဆောင်များတွင်ဖြစ်တတ်သောရောဂါများ
(ဃ)ကြီးကောင်ဝင်စအချိန်တွင်ဖြစ်တတ်သောရော၈ါများ
၂။ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်တတ်သောရောဂါများ
(က)အစာအဆိပ်သင့်ခြင်း
(ခ)ခဲဆိပ်သင့်ခြင်း
(ဂ)အဆုတ်ရောင်ရောဂါများ
(ဃ)၀မ်းပျက်ဝမ်းလျောရောဂါများ
(င)သံကောင်၊ကပ်ပါးကောင်၊အစရှိသောပိုးကောင်များကြောင့်ဖြစ်သောရောဂါများ
(စ)လေထုအတွင်းပျံ့ နှံ့ ကူးစက်နိုင်သောရောဂါများ
၃။နာတာရှည်ရောဂါများ
(က)တီဘီ
(ခ)အသည်းရောင်ရော၈ါ
(၈)ခုခံအားကျဆင်းမှုရော၈ါ
ဆင်းရဲခြင်းကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေများပြားလွန်းတဲ့အတွက် အကုန်ရေးမပြတော့ပါဘူး။
ဆင်းရဲခြင်းရောဂါကိုကုသလို့ ရနိုင်သလားဆိုတာ သိခြင်ကြမှာပါ။
ဟုတ်ကဲ့..ကုသလို့ ရပါတယ်….ဘယ်လိုကုသမလဲဆိုတော့ နိုင်ငံတော်အဆင့် စီမံကိန်းတွေချမှတ်ရပါမယ်။ဆင်းရဲခြင်း ကွင်းဆက်များကို ဖြတ်တောက်ရပါမယ်။
၁။မိခင်တိုင်းနှင့် ကလေးတိုင်း ကျန်းမာဖွံဖြိုးဖို့ ဆောင်ရွက်ရပါမယ်။
၂။ကလေးငယ်တိုင်း ပညာသင်ယူနိုင်ရပါမယ်။
၃။အခြေခံလုပ်သားတစ်ဦးရဲ့ ဝင်ငွေက မိသားစုကို စား၊၀တ်၊နေရေးအတွက်ဖူလုံရပါမယ်။
၎။ပြည်သူတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရပါမယ်။
၅။အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးချဲ့ ဖော်ဆောင်ပြီး အလုပ်လက်မဲ့ပြသနာကိုဖြေရှင်းရပါမယ်။
၆။လုပ်သားတိုင်းကို သူတို့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာပျော်ရွင်အောင်ထားနိုင်ရမှာဖြစ်သလို
အခါအားလျော်စွာ သင်တန်းတွေဖွင့်လှစ်ပေးရပါမယ်။
ဆင်းရဲခြင်းကိုတိုက်ဖျက်ဖို့ အတွက် ဆင်းရဲတဲ့သူတွေကို ချေးငွေထုတ်ပေးရုံနှင့်မအောင်မြင်နိုင်ပါဘူး။
အမှန်တကယ်တော့ ကျွန်တော်တို့ က ငွေထုတ်ကြီးဖင်ခုထိုင်ပြီးငတ်နေကြသလိုပါပဲ။
သယံဇာတကျိမ်စာဆိုတာ ပညာမဲ့သူတို့ အတွက်ပဲဖြစ်နိုင်ပါလိမ့်မယ်။လူစွမ်းအားဖွံဖြိုးရေးကိစ္စတွေကို
အရှိန်အဟုန်မြှင့်ဆောင်ရွက်ရပါမယ်။တစ်ယောက်အားဖြင့်မစွမ်းသာရင် တစ်ယောက်တစ်လက်
ဝိုင်းဖက်ကူညီဖို့ လိုပါတယ်။မြန်မာနိုင်ငံကြီး မဆင်းရဲပါ လို့ ငြင်းခြင်သူများအနေဖြင့် နိုင်ငံတကာရဲ့ 
အကူအညီကိုမယူပဲ..ဆင်းရဲခြင်းရောဂါကိုတိုက်ဖျက်နိုင်ကြပါစေ။ကျွန်တော်ကတော့ ဆင်းရဲတယ်ဆိုတာကို လက်ခံလိုက်ပြီး ဆင်းရဲခြင်းကို တတ်နိုင်သလောက်ကုသပေးနေပါမယ်လို့ 
ကတိပြုရင်း ဒီဆောင်းပါးကိုနိဂုံးချုပ်ပါရစေ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...