လိုအပ်သော နာကျင်မှု


လိုအပ်သောနာကျင်မှု ဆိုတဲ့အတွက် အပြစ်တင်ချင်ကြလိမ့်မယ်…ဟုတ်ပါတယ်..ဘယ်သူမှ နာကျင်
တာကို မခံစားချင်ကြပါဘူး..ကျွန်တော်အပါအ၀င်ပေါ့..ဒါဆိုဘာကြောင့် လိုအပ်သလဲ…
၁။နာကျင်မှုဆိုတာ ရောဂါတစ်ခုရဲ့  ကနဦး အချက်ပြသင်္ကေတဖြစ်နေတတ်ပါတယ်။
၂။နာကျင်မှုက  ရောဂါဆက်လက်ဆိုးဝါးလာမှာကို တားဆီးပေးပါတယ်။
၃။ကွဲပြားခြားနားသော နာကျင်မှုများကြောင့် ရောဂါရဲ့ မူလဇာစ်မြစ်ကို သိနိုင်ပါတယ်။
တကယ်တော့ နာကျင်မှုဆိုတာ အချက်ပေးသင်္ကေတများကို ဦးဏှောက်မှ ဖလှယ်လက်ခံခြင်းတစ်ခုပါ။
ပျက်စီးသွားသော ၊ထိခိုက်သွားသော တစ်ရှုးများက သူတို့ ရဲ့ အခြေအနေကို အာရုံကြောမှာရှိတဲ့
နာကျင်မှုလက်ခံဌာနကို ပါဆယ်ထုတ်ပို့ လိုက်ပါတယ်။ဒီပါဆယ်ထုပ်ကို အာရုံကြောကသယ်ဆောင်
သွားပြီး ဦးဏှောက်ကိုပေးပါတယ်။ဦးဏှောက်က ဖွင့်ဖောက်ပြီးဖတ်မှ နာကျင်မှုကိုသိပါတယ်။
ပြီးတော့မှ ဆက်စပ်တဲ့ ဌာနအားလုံးကို ထိမ်းချုပ်လိုက်ပါတယ်။ဒါကတော့မြင်လွယ်အောင်ေ၇းပြတာပါ။
ကျွန်တော်တို့ အနေနှင့် နာကျင်မှုကို ဘယ်လိုခွဲခြားထားပါသလဲ…………………..
၁။မူရင်းနာကျင်မှု …..ခြေမမှာခိုက်မိရင်ခြေမမှာနာတယ်
၂။သွယ်ဝိုက်နာကျင်မှု……..အစာအိမ်နာရင် ရင်ခေါင်းရင်းကနာတယ်
၃။ရွေ့ ပြောင်းနာကျင်မှု….နှလုံးမှာထိခိုက်ရင် ဘယ်လက်မောင်းအောင့်တယ်
၎။ထင်မှတ်မှားနာကျင်မှု…….ခြေထောက်ဖြတ်ခါစ လူနာတွေမှာ ခြေချောင်းလေးတွေကိုက်တယ်ဆိုတဲ့
                                  အကောင်အထည်မရှိသော်လည်း နာကျင်မှုကိုခံစားရခြင်း



နာကျင်မှုပြင်းအားကိုလည်းထပ်မံခွဲခြားထားပါတယ်……..
၁။အနည်းအကျဉ်းနာကျင်ခြင်း
၂။အတန်အသင့်နာကျင်ခြင်း
၃။အပြင်းအထန်နာကျင်ခြင်း…..တို့ ဖြစ်ကြပါတယ်…..

နာကျင်မှုကို ပုံသဏ္ဌန်ဖြင့်လည်းခွဲခြားထားပါတယ်…
၁။တဆစ်ဆစ်နာကျင်ခြင်း
၂။ထိုးသွင်းထားသကဲ့သို့ နာကျင်ခြင်း
၃။ဖျစ်ညစ်ထားသကဲ့သို့ နာကျင်ခြင်း
၎။အပူလောင်သကဲ့သို့ နာကျင်ခြင်း
၅။စုတ်ခြေလိုက်သကဲ့သို့ နာကျင်ခြင်း စသည်ဖြင့်ခွဲခြားထားပါသည်။
နာကျင်မှုကို အချိန်ကာလနှင့်လည်းထပ်မံခွဲခြားတတ်ပါတယ်…
၁။ပုံမှန်နာကျင်ခြင်း
၂။နာလိုက်ပျောက်လိုက်ဖြစ်ခြင်း
၃။အမြဲတမ်းနာကျင်ခြင်း
၎။ပိုမိုဆိုးဝါးနာကျင်ခြင်း ဆိုပြီးခွဲခြားနိုင်ပါတယ်…….
နေရာသတ်မှတ်ခြင်း……
ကျွန်တော်တို့ ဆေးပညာရှင်များအနေဖြင့် နာကျင်မှုကိုနေရာသတ်မှတ်ထားပါတယ်။
နာကျင်တဲ့နေရာကို သိရှိခြင်းက ရော၈ါ၇င်းမြစ်ကိုသိရှိဖို့ ပိုမိုလွယ်ကူစေပါတယ်။
နောက်တစ်ခုကတော့ နာကျင်မှု ပြသင်္ကေတ….
၁။တစ်ပြင်လုံးနာသည်
၂။နေရာကွက်ပြီးနာသည်
၃။နေရာတိတိကျကျပြောနိုင်သည်…….စသည်ဖြင့် လက်ဝါး၊လက်သီး၊လက်ညိုးဆိုပြီးခွဲခြားထားပါတယ်။
 အထက်ပါနာကျင်မှု သရုပ်ခွဲမှုများကိုသိရှိပြီးပါက ဆရာဝန်များအနေဖြင့် လူနာအားနာကျင်မှုနှင့်ပတ်သက်ပြီး စေ့စေ့ငုံငုံမေးခြင်းကိုနားလည်မည်ဟုထင်ပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးတို့ သည် စကားကြွယ်သောလူမျိုးဖြစ်သည်နှင့်အညီ..တစ်ရွာတစ်ပုဓ်ဆန်း
ပြောဆိုတတ်ကြပါသည်။ထိုအခါ ဆရာဝန်များအနေဖြင့် နားလွဲမှုမှားယွင်းနိုင်သဖြင့် တိတိကျကျ
ဖြေဆိုလိုက်လျှင် မိမိအတွက်ကောင်းကျိုးပိုများပါလိမ့်မည်။ကျွန်တော်ကြုံရတဲ့လူနာတွေကတော့
သူတို့ ကို ဘာသာပြောခိုင်းလိုက်ရင် ဗိုက်ထဲက ဘယ်လိုကြီးလည်းမသိဘူး ဟုပြောဆိုတတ်သည်။
အင်း….လူနာမှ မသိမှတော့ဆရာဝန်ကဘယ်လိုသိမှာလဲ…သူခံစားရတာကိုပြောမှ ဆရာဝန်ကသိမှာပေါ…။နောက်တော့ ကျွန်တော်ကပဲဖြစ်နိုင်ခြေကိုခန့် မှန်းပြီး ဦးဆောင်မေးခွန်းပြန်မေးရပါတယ်။ဆေးဝါးကုသရာတွင် ဆေးပညာရှင်အများစုက လူနာပြောသော
ရောဂါလက္ခဏာများကို စမ်းသပ်တွေ့ ရှိတာထက်အားကိုးပါတယ်။ဘာကြောင့်လဲဆိုတော့ လူနာကို
ယုံကြည်လို့ ပါ..အလွန်အမင်းလွဲချော်သွားမှသာ စမ်းသပ်တွေ့ ရှိတာကို အားကိုးပါတယ်။ဒါကြောင့်
လူနာရှင်များဘက်မှ မိမိဖြစ်သမျှကို တိကျသေချာစွာ ပြောနိုင်ဖို့ လိုပါတယ်။ဆေးပညာစကားလုံးမလို
ပါဘူး..ကိုယ်ဖြစ်နေတာ ကိုယ်ခံစားရတာကိုပြောခွင့်ရှိပါတယ်။အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
ဆက်လက်ပြီး နာကျင်မှု၏မူရင်းရော၈ါဆိုတာကိုေ၇းသားပေးပါမယ်…

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...