တာဝန်သိခြင်း၊တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း


တာဝန်သိခြင်းတာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း
တာဝန်သိခြင်း ဆိုတာဘာလဲလို့  ကျွန်တော်တို့ သေချာစဉ်းစားမိပါသလား
ကျွန်တော်တို့ ပြည်သူများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂတစ်ခုခုမပါဘဲ
ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင် အသိစိတ်နှင့် ကိုယ်တာဝန်ကို သိရပါမယ်။ထို့ အတူ ကျွန်တော်တို့ ကို
ကိုင်တွယ်အုပ်ချုပ်စီမံပေးနေတဲ့ အစိုးရကလည်း မည်သူတောင်းဆိုလို့ မှမဟုတ်ဘဲ တာဝန်သိရပါမယ်။
လတ်တလောအခြအနေအရတော့ ပြည်သူကိုယ်တိုင်ကလည်း တာဝန်သိမှုပိုင်းမှာအားနည်းနေပါတယ်။အစိုးရပိုင်းကလည်း ပြည်သူတောင်းမှ လုပ်ပေးပါတယ်။
ပထမဆုံးအနေနှင့် ပြည်သူက အရင်ဆုံးတာဝန်သိပေးဖို့ လိုပါမယ်။


ဘယ်လိုတာဝန်သိရမှာလဲ…အမှိုက်မပြစ်သင့်တဲ့နေရာမှာ အမှိုက်မပြစ်ဖို့ အတွက် ဆိုင်းဘုတ်တွေ၊ ပြစ်ဒဏ်တွေလိုပါသလား….လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေကို လိုက်နာစေဖို့  မီးပှိုင့်မှာ ယာဉ်ထိန်းရဲ တစ်ယောက်ငုတ်တုတ်ထိုင်စောင့်နေဖို့ လိုပါသလား…ဒီလို အသေးအဖွဲ စည်းကမ်းလေးတွေကို ပြည်သူက မိမိအသိစိတ်နှင့်ပြင်ဆင်ရပါမယ်။နောက်တစ်ခုကတော့ နိုင်ငံမှာ ပြဌာန်းထားတဲ့ တရားဥပဒေကို မိမိအသိစိတ်ဖြင့် လိုက်နာရပါမယ်။တရားဥပဒေကို ချိုးဖောက်နေတာကို မြင်တွေ့ ရလျှင်လည်း သက်ဆိုင်ရာကိုအကြောင်းကြားပြီး တရားဥပဒေအတိုင်း စီမံဆောင်ရွက်စေရပါမယ်။ထို့ အတူ တရားဥပဒေကို ကာကွယ်ရသူများကလည်း ပြည်သူပေးတဲ့ လစာကိုစားသုံးနေရတဲ့အတွက် ပြည်သူကို လေးစားစွာဆက်ဆံပြီး ပြည်သူ့ အသံကိုနားထောင်ရပါမယ်။
တာဝန်ယူခြင်း
ဒီအခြေအနေကတော့ နည်းနည်း ခက်မယ်။
တာဝန်ယူခြင်းဆိုတာက မည်သူ့ တစ်ဦးတစ်ယောက်ရဲ့ စေခိုင်းချက်ကြောင့်မှမဟုတ်ဘဲ မိမိဆန္ဒအရ
အများနှင့်သက်ဆိုင်တဲ့ကိစ္စရပ်များမှာ ပါဝင်ဆောင်ရွက်ပေးတာကိုဆိုလိုပါတယ်။ထို့ အတူ မိမိကျူးလွန်
ဖောက်ဖျက်မိသော ဥပဒေများအတွက် ဥပဒေအတိုင်းဆုံးဖြတ်မှုကို ခံယူတာဖြစ်ပါတယ်။အခွန်ဆောင်ခြင်းဆိုတဲ့ကိစ္စဆိုတာကိုက မိမိနိုင်ငံကောင်းကျိုးအတွက် တစ်ဘက်တစ်လမ်းက တာဝန်ယူပေးတာဖြစ်ပါတယ်။သို့ သော်လည်း လောလောဆယ်တော့ တော်တော်များများကတော့ အခွန်ရှောင်နေကြပါတယ်။မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးတာဝန်ဆိုတာရှိသလိုပါပဲ။နိုင်ငံသားတာဝန်၊အစိုးရအဖွဲ့ တာဝန်စသည်ဖြင့် တာဝန်ကိုယ်စီရှိကြပါတယ်။မိမိနေရာအလိုက်တာဝန်ယူရပါမယ်။မည်သူတစ်ဦးတစ်ယောက်မှကင်းလွတ်ခွင့်မရပါဘူး။ဒီတော့ ကိုယ့်တာဝန်ကိုယ်မယူတဲ့သူတွေကို လူမပီသတဲ့သူတွေလို့ ပဲပြောပါရစေတော့။
တာဝန်ခံခြင်း
ဒါကတော့ ကိုယ်တိုင်ဆန္ဒရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ…တာဝန်တစ်ခုကို ပေးအပ်ခံရတယ်..သို့ မဟုတ် မိမိကိုယ်တိုင်ဖန်တီးယူခဲ့တယ်ဆိုရင် ကိုယ်နှင့်သက်ဆိုင်တဲ့တာဝန်များကို ဆောင်ရွက်ရပါမယ်။ထို့ အတူ လိုအပ်ချက်များ၊ဆုံးရှုံးမှုများပေါ်ပေါက်လာခဲ့ရင်လည်း တာဝန်ခံတစ်ယောက်အနေနှင့် ရဲဝံ့စွာ ဥပဒေအရအပြစ်ပေးတာကို ခံယူရပါမယ်။အကယ်၍ တိုးတက်မှုများ၊အောင်မြင်မှုများရခဲ့ရင်လည်း ထိုအောင်မြင်မှုရဲ့ အသီးအပွင့်တွေကို စားသုံးခွင့်ရရပါမယ်။ဒီနေရာမှာလည်း အခြေခံပြည်သူတွေဘက်မှာလည်း တာဝန်ခံအပ်တဲ့အရာတွေတည်ရှိနေတာကို သိကြပါ။ပြည်သူ့ ဝန်ထမ်းများတွင်တော့ တာဝန်ခံအပ်တဲ့
အရာများကို ရာထူးအလိုက်ပေးထားပြီးဖြစ်ပါတယ်။ကိုယ်စီတာဝန်ကြေဖို့ လိုပါတယ်။
ကျွန်တော်အဓိကပြောချင်တာက အခုမှစမှာပါ။
ကျွန်တော်တို့ နိုင်ငံမှာ တာဝန်သိဖို့ ၊တာဝန်ယူဖို့ နှင့်တာဝန်ခံဖို့ ဆိုတာတွေကို မစဉ်းစားဘဲ ကိုယ်လိုရာ
ဆွဲပြီး ကုန်းအော်နေကြတာများတယ်။တကယ်လို့ သာ တပြည်းညီဆောင်ရွက်မယ်ဆိုရင် ပထမဆုံး
တာဝန်ခံခဲ့ရတဲ့ကိစ္စတော်တော်များများ တာဝန်ယူခြင်းဆိုတဲ့အဆင့်ကိုရောက်သွားမယ်။နောက်တစ်ခါ
တာဝန်သိခြင်းဆိုပြီးဖြစ်လာမယ်။နောက်ဆုံးကြရင် ဥပဒေဆိုတာ တိုင်းသူပြည်သားတိုင်းကို ကာကွယ်ပေးထားတဲ့အရာကြီးပါလားဆိုပြီး သိရှိလာမယ်။ဥပဒေကို လေးစားလိုက်နာကြရင် ဥပဒေကြီးကလည်း လူတွေကိုစာအုပ်ထဲကနေ လိုက်ပြီးအပြစ်ရှာနေစရာမလိုတော့ပါဘူး။
အခုကတော့ အဲဒီဥပဒေကြီးကို နားလည်သူတွေက ဥပဒေကိုဘာမှန်းမသိသေးသူတွေကို ခိုင်းစားနေသလိုဖြစ်နေတယ်။ဘယ်သူမှလည်း လက်ရှိဥပဒေတွေကို လောက်လောက်လားလား
ရှင်းပြခြင်း၊အသိပေးခြင်း မရှိသေးဘူး။ဥပဒေကို ထိန်းသိမ်းကာကွယ်ရသူများကို်ယ်တိုင်ကလည်း ဥပဒေကို အလွဲသုံးစားပြုလို့ မဖြစ်သေးဘူး။အခုတော့ ကိုယ်ချခြင်တဲ့ဥပဒေစီရင်ထုံးကို ချတယ်။
ဥပဒေကိုရေးဆွဲပြဌာန်းသူတွေကလည်း ပြည်သူတွေကိုအသိပေးပြီးမှပြဌာန်းရမယ်။အခုအချိန်အထိ
တည်ဆဲအက်ဥပဒေတွေက အများကြီးရှိသေးတယ်။တကယ်ပြင်မယ်ဆိုရင်တော့ ပြည်သူကောင်းကျိုးကို ဖြစ်စေမယ့် တရားဥပဒေတွေကို အရင်ပြင်သင့်တယ်ထင်တာပဲ။ခုံနေရာလုမယ့် ဥပဒေတွေပြင်ချင်တာဆို၇င်တော့ သိပ်ထူးလာမယ်မထင်ပါဘူး။နိုင်ငံသားရပိုင်ခွင့်နှင့်ပတ်သက်ရင်
တော်တော်ငြင်းကြတယ်။သို့ သော်လည်း လက်တွေ့ ပြည်သူတွေကြားထဲမှာ သိတဲ့သူက နည်းနည်းပဲရှိတယ်။ရှင်းပြပေးမယ့်သူကလည်းမရှိဘူး။အရင်ဆုံး ပြည်သူတွေကို ဥပဒေကဒီလိုဆိုထားတယ် …ဒါကြောင့်ဒီအချက်တွေကို ပြင်မလားဆိုပြီးဖြစ်ရမယ်။ခက်တာက မြန်မာလူမျိုးဆိုတာကလည်း ကြက်နှစ်ကောင်ခွပ်တာတောင် ဘေးက ပိုက်ဆံပေးပြီး ကြည့်သေးတာဆိုတော့ လူ့ အခွင့်အရေး..ဒို့ အရေး ဆိုရင် လိုက်အော်မယ်။ဘာလဲ လူ့ အခွင့်အရေးဆိုတော့ မသိဘူး။ဖြစ်သင့်တာက လူ့ အခွင့်အေ၇းနှင့်ပတ်သက်တဲ့ပြဌာန်းချက်တွေက
ဒီလိုရှိပါတယ်။ခင်ဗျားတို့ အနေနှင့်ဒါတွေကို မရသေးပါဘူး။ဒါကြောင့် ဒီလိုအပ်တဲ့အခွင့်အေ၇းတွေရအောင် တောင်းဆိုကြမယ် ဆိုပြီးဖြစ်ရမှာပါ။ကျွန်တော်ကတော့ အခုလွတ်တော်ကို ကြိုက်တယ်။အလုပ်သမားအခွင့်အရေး၊မြေယာပိုင်ဆိုင်ခြင်းဥပဒေစသည်ဖြင့်
သူတို့ တတ်နိုင်သလောက်လုပ်နေတယ်။လိုအပ်သေးတယ်ဆိုရင် နောင်လာမဲ့လွတ်တော်များမှာထပ်ပြီး ပြင်ဆင်ဖြည့်စွက်ကြပေါ့။ဟုတ်တယ်လေ..ဒါမှလည်း လွတ်တော်ဆိုတာ အသက်ဝင်နေမှာ တစ်ခါတည်းနှင့်အားလုံးကောင်းသွားအောင်မှ လုပ်လို့ မဖြစ်တာ။
ဒါကြောင့် ကျွန်တော်ပြောချင်တာက အတိုက်အခံဆိုရင်လည်း ဘာဖြစ်ဖြစ်မကောင်းဘူးဆိုပြီး ဆန့် ကျင်မနေကြပါနှင့် ။ဘာကိုမကြိုက်လို့ ဆိုတဲ့အဖြေလေးရှိအောင်တော့ စာဖတ်ပေးကြပါ။ကျွန်တော်ကတော့ ရှင်းတယ်…နှစ်ဘက်လုံးကို မကြိုက်ခဲ့ဘူး။လက်ရှိသွားနေတဲ့
လွှတ်တော်စနစ်ကိုတော့ကြိုက်တယ်။ဘာကိစ္စပဲဖြစ်ဖြစ် လူညီရင် ပြည်သူလက်ခံရင် ပြင်ဆင်ခွင့်ရှိတယ်လေ။ကျွန်တော်ထပ်ပြောချင်ပါတယ်။ကျွန်တော်တို့ လို ချင်တာ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ဘယ်ပါတီမှ ချွန်ထွက်ပြီး ငါတကော..ကောလို့ မရပါဘူး။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...