မဖမ်းကောင်းတဲ့ငါး
အခုပြောချင်တာလေးကလည်း ဆရာဖေမြင့်စာအုပ်လေးထဲက အကြောင်းလေးပါပဲ။
နယူးဟမ့်ရိုင်းရားနယ်က ဗိသုကာပညာရှင်တစ်ယောက် ငယ်စဉ်ကကြုံခဲ့တဲ့
အဖြစ်အပျက်လေးတစ်ခုပါ။ထိုပညာရှင် ၁၁နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူနှင့်ငါးသွားမျှားကြသတဲ့။
သူတို့ ဆီမှာက ရာသီအလိုက်ဖမ်းဆီးခြင်းမပြုရတဲ့ ငါးတွေကိုသတ်မှတ်ပေးထားပါတယ်။
သားအဖနှစ်ယောက်ငါးမျှားကြရင်း ငါးကြီးတစ်ကောင်ဖမ်းမိကြပါတယ်။ဖြစ်ချင်တော့
အဲဒီအချိန်ကာလ
မှာဖမ်းခွင့်မရှိတဲ့ ဘက်စ်ငါးကြီးဖြစ်နေတာပါပဲ။ပိုဆိုးတာက နောက်နှစ်နာရီလောက်ကြာလို
့နောက်တစ်နေ့ကိုကူးသွားရင် ဒီငါးတွေကို တရားဝင်ဖမ်းခွင့်ရပါပြီ။လောလောဆယ် ဖမ်းခွင့်မရသေးဘူး။အဲဒီမှာ
ကောင်လေးက သူ့ အဖေကိုကြည့်တယ်။ဘယ်လိုလုပ်မလဲပေါ့။
ဖခင်ဖြစ်သူကတော့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့ဟန်အပြည့်နှင့်
အဆိုပါ ငါးကို ငါးမျှားချိတ်ကဖြုတ်လိုက်ပါတယ်။ပြီးတော့မှ ရေထဲကိုပြန်လွတ်လိုက်ပါတယ်။ဒီအချိန်မှာ
ကမ်းစပ်တစ်လျှောက် သူတို့ သားအဖနှစ်ဦးပဲရှိတဲ့အတွက်
အိမ်ကိုယူသွားရင်လည်း ဘာသူမှမသိနိုင်ပါဘူး။ဒီတော့ ကောင်လေးကမေးတယ်…အဖေ..ဘာလို
့ပြန်လွတ်လိုက်တာလဲပေါ့..အဖေလုပ်သူကဖြေတာရိုးရိုးလေးပါ..ငါ့သား..ဘယ်သူသိသိမသိသိ..
လောလောဆယ်တော့ငါတို့ ကိုယ်တိုင်သိနေပြီပဲ..ဥပဒေအရဖမ်းခွင့်မရှိတာလည်းသိနေတာပဲ..ဒီတော့
နောင်တစ်ချိန်မှာ ငါတို့ ပြန်မိချင်မိမှာပေါ့ကွာ..လောလောဆယ်တော့ဥပဒေကိုလိုက်နာရမယ်တဲ့။
သို့ သော်လည်း ကောင်လေးတစ်သက်မှာ ဒီလောက်ကြီးတဲ့ငါး တစ်ကောင်မှ
မမိတော့ပါဘူး။ဒါပေမဲ့
သူ့ ခေါင်းထဲမှာတော့ ကိုယ်ကျင့်တရားကိုစောင့်ရှောက်တယ်ဆိုတဲ့နေရာမှာ
မိမိကိုယ်တိုင်သိနေသမျှ
ဘယ်ဥပဒေကိုမှချိုးဖောက်ခြင်းမပြုရဘူးဆိုတာပါပဲ။
ကဲ..ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။သို့ သော်လည်း ကျွန်တော်ကထပ်ပြီးစဉ်းစားတယ်။ကျွန်တော်တို
့လက်ရှိကျင်လည်နေတဲ့ လူမှုလောကမှာလည်း ဒီလို
အဖြစ်အပျက်တွေ အနည်းနှင့်အများတော့တွေ့ ကြုံရပါတယ်။သို့ သော်လည်း
မြန်မာတွေအတွက်တော့ ဒီလို အခြေအနေမှာဆိုရင် ငါးကြီးကိုဖမ်းပြီး ၀ှက်ထားမယ်။နောက်တစ်နည်း
ငါးကိုမလွတ်ပဲ ငါးမျှားကြိုးတန်းလန်းနှင့်ရေထဲမှာ နောက်ထပ်နှစ်နာရီလောက်ဆက်ထားမယ်။ပြီးမှ
ငါးမျှားကြိုးကိုဆွဲတင်မယ်။ဒီလိုလူမျိုးတွေများမယ်ထင်တာပဲ။ဒါတွေဘာကြောင့်ဖြစ်သလဲ။အဓိကကတော့
ဥပဒေဆိုတာကို လေးစားခြင်းမရှိကြလို့ ပါ။နောက်တစ်ခုကလည်း ဥပဒေဆိုတာကြီးကိုက ညီမျှခြင်းမရှိလို
့ဖြစ်မယ်။ဒီတော့ ကျွန်တော်တို့ လိုအပ်နေတာက ဥပဒေဘောင်တွင်းနေထိုင်ခြင်းပေါ့။
ဘယ်သူတွေ နေကြရမှာလဲ။ဟုတ်ကဲ့..တစ်နိုင်ငံလုံး သမ္မတကနေ သူတောင်းစားအထိ
အဆင့်အတန်း၊လူမျိုး၊ဘာသာမရွေး ဥပဒေရဲ့ အောက်မှာနေထိုင်ရပါမယ်။ဒီလိုဖြစ်နိုင်ဖို့  ဘာလိုအပ်
တယ်လို့ ထင်ပါသလဲ။ဥပဒေကိုရေးဆွဲသူကိုယ်တိုင်က ညီမျှသောဥပဒေကိုရေးဆွဲပြီး
ရေးဆွဲထားတဲ့
ဥပဒေကို ကိုယ်တိုင်လည်းလိုက်နာရပါမယ်။သို့ မှသာ ပြည်သူတိုင်းကလိုက်နာပါမယ်။
လောလောဆယ်ကျွန်တော်တို့ ဆီမှာဖြစ်နေတာက ဘာဥပဒေတွေကို ဘယ်လိုရည်ရွယ်ချက်တွေနှင့်
ရေးဆွဲပြီး ဘယ်လိုစီရင်ထုံးတွေနှင့်ပြစ်ဒဏ်သတ်မှတ်နေတာလဲဆိုတာ ဘယ်သူမှသေချာမသိဘူး။
ဒီတော့ ဘယ်သူကမှလဲ ဥပဒေကိုခေါင်းထဲထည့်မထားဘူး။ဘာတဲ့..ပြောလိုက်ရင်..နလမတဲ့။
နားလည်မှုနှင့်ကြည့်လုပ်သွားပါမယ်တဲ့။ကောင်းရော။ရှေ့ ဆောင်နွားလား
ဖြောင့်ဖြောင့်သွားမှ
နောက်နွားဖြောင့်ဖြောင့်လိုက်လိမ့်မည်တဲ့။ဒီတော့ ရှေ့ ကိုထွက်ပြီး
ခေါင်းဆောင်ချင်တဲ့၊ခေါင်းဆောင်
နိုင်တဲ့အရည်အချင်းရှိတဲ့၊ခေါင်းဆောင်ဖြစ်ထိုက်တဲ့သူတိုင်း ဖြောင့်ဖြောင့်သွားဖို
့လိုပါတယ်။
လက်ရှိကာလမှာတော့ ဖြစ်နိုင်ဖို့ မလွယ်ဘူးပေါ့။သို့ သော်လည်း ဖြစ်အောင်ကြိုးစားကြမယ်ဆိုရင်
တစ်ချိန်မှာဖြစ်လာပါလိမ့်မယ်။ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကြောင့်
ယနေ့ လူငယ်တွေ ဥပဒေကိုလေးစားတတ်တဲ့ အသိစိတ်တွေရှိမှ နောင်တစ်ချိန်မှာ ဥပဒေစိုးမိုးတဲ့
နိုင်ငံဖြစ်လာပါလိမ့်မယ်။မြင်သမျှ ၈၀%လောက်ကတော့ ဥပဒေကိုလေ့လာဖို
့ထက် ကုန်းအော်တတ်ရင် နိုင်ငံတော်အတွက် အနစ်နာခံတယ်လို့  ယူဆနေကြတယ်။ထောင်ထဲရောက်တိုင်း
နိုင်ငံကောင်းသွားမယ်ဆိုရင် ကျွန်တော်လည်း ထောင်ထဲဝင်ချင်ပါတယ်။တကယ်နိုင်ငံကောင်းကျိုးကို
ပြုချင်တယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့နေရာ၊ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး
အကောင်းဆုံးနေထိုင်ရင်း
မိမိပတ်ဝန်းကျင်ကို ဥပဒေဆိုတာဘယ်လိုအရာလဲဆိုတာသိအောင်ပြောပြနိုင်ဖို
့လိုတယ်။သို့ မှသာ
နောင်ကာလများမှာ မိမိတို့ ကိုပြဌာန်းထားတဲ့ ဘယ်ဥပဒေက မသင့်တော်ဘူး။ဘယ်ဥပဒေကမညီမျှဘူး
စသည်ဖြင့် ပြင်ဆင်ဖြည့်စွက်လို့ ရပါလိမ့်မယ်။ကြာရင်တော့
ကျွန်တော်လည်း နှစ်ဘက်လုံးက မုန်းတဲ့သူဖြစ်တော့မယ်။အားလုံးကောင်းဖို
့ပြောနေ၊ရေးနေတာပါ။သိလို့  တတ်လို့ တော့မဟုတ်ပါဘူးဗျာ။ဖတ်ပေးကြတာကို လေးစားပါတယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...