ကင်ဆာဆိုတာ သေချာပြီလား
ဒီအကြောင်းကိုရေးရမှာနည်းနည်းလန့် တယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်
ကင်ဆာပါရဂူမဟုတ်လို့ ပါ။
သို့ သော်လည်း ဆေးပညာကိုသင်ကြားရသူတိုင်း ကင်ဆာဆိုတာ ဘာလဲဆိုတာ
အကြမ်းဖျဉ်းတော့
သိကြပါတယ်။
တကယ်တော့ကင်ဆာဆိုတာ မိမိကိုယ်ခန္ဓာက ကိုယ့်ကိုပြန်တိုက်တဲ့ရောဂါပါပဲ။ပုံမှန်အားဖြင့်
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက အမြဲတမ်း သေသွားလိုက် အသစ်ပြန်ဖြစ်လိုက် သံသရာလည်နေတာပါ။သို
့သော်လည်း တစ်လုံးသေသွားရင် တစ်လုံးအသစ်ဖြစ်ခြင်းကြောင့် ပုံမှန်
အခြေအနေကို ထိန်းထားနိုင်တာပါ။တကယ်လို့  ကိုယ်ခန္ဓာမှာ ဆဲလ်တွေသေဆုံးမှုမဖြစ်ဘဲ
အသစ်
တွေသာထပ်တလဲလဲဖြစ်ထွန်းလာရင် အဲဒါက အကြိတ်ဖြစ်လာပါတယ်။ဒါမျိုးကြောင့်လဲ
အကြိတ်တွေဖြစ်လာပါတယ်။ သို့ သော်လည်း သာမာန်အကြိတ်သာဖြစ်ပြီး သူကတော့ကင်ဆာမဟုတ်ပါဘူး။ကင်ဆာဆိုတာ
ဆဲလ်တွေ ရှိသင့်တဲ့နေရာမဟုတ်ဘဲ၊ပုံမှန်ပွားများခြင်းမဟုတ်ဘဲ၊သီးသန့် ဖြစ်ထွန်းခြင်းမဟုတ်ဘဲ
ကိုယ်ခန္ဓာမှာ
တိုးပွားလာခြင်းလို့ အကြမ်းဖျဉ်းပြောလို့ ရပါတယ်။
ဒီတော့ ကျွန်တော်အဓိကပြောလိုတာက အကြိတ်တိုင်းကင်ဆာမဟုတ်ပါဘူး။အချို
့သော အကြိတ်များ
က သာမာန်အကြိတ်များသာဖြစ်ပါတယ်။အထူးသဖြင့် အဆီကြိတ်၊အရည်အိတ်များဖြစ်ပါတယ်။
အဆီကြိတ်များက သူ့ အလိုလို ပျောက်ကင်းနိုင်သလို ခွဲထုတ်လိုက်ခြင်းကြောင့်လဲပျောက်နိုင်ပါတယ်။
ထို့ အပြင် အပူကြောင့်လဲ အရည်ပျော်ပျက်ဆီးတတ်ပါတယ်။အရည်အိတ်များကတော့
ပေါက်သွားရင်
ပျောက်သွားတတ်ပါတယ်။ဒီလိုအကြိတ်မျိုးကို ပျောက်အောင်ကုသပေးနိုင်တာတစ်ခုတည်းနှင့်တော့
ကင်ဆာပျောက်စေဆရာဆိုပြီး မသတ်မှတ်သင့်ပါ။
ကျွန်တော်တို့ မြန်မာလူမျိုးများက အလွန်အယုံလွယ်သူများဖြစ်ပါတယ်။သူများပြောရင်
အလွန်ယုံတတ်ပါတယ်။ကိုယ်တိုင်လေ့လာသုံးသပ်ဖို့ အားနည်းပါတယ်။ဒါကြောင့် မဖြစ်သင့်တာ
တွေဖြစ်ကုန်တာပါ။ကင်ဆာကိုတကယ်ပျောက်ဖို့ ကတော့ အလွန်အမင်းအကုန်အကျများပြားသလို
အချိန်လည်းပေးရပါတယ်။ဒါကြောင့် ပျောက်စေဆရာများ ခေတ်ကောင်းလာပါတယ်။ဖြစ်အောင်နေ
တယ် ရင့်အောင်စောင့်တယ်..ကျွမ်းမှပြတယ်..ချက်ချင်းပျောက်ချင်တယ်။ကဲ..မခက်ပါလား။
နောက်ဆုံး အချိန်ယူပြီး သေချာစနစ်တကျစောင့်ပြီးကြည့်တော့ စိတ်မရှည်တော့ဘူး။ဒီတော့
ဘယ်သူကတော့ ချက်ချင်းပျောက်အောင်ကုပေးလိုက်တာ ဆိုပြီး ပျောက်စေဆရာဆီကိုရောက်တယ်။
တော်တော်များများလည်း ပျောက်သွားကြပါတယ်။အသက်ပြောတာပါ။ကံကောင်းတဲ့
သာမာန်အကြိတ်များကတော့ ပျောက်သွားပါတယ်။သူ့ ဘာသာလည်းပျောက်မှာပါ။နောက်တစ်ခုက
ဘယ်အချိန်မှာပျောက်မယ်မသေချာဘဲ၊ဘာဆေးမှန်းမသိတာကြီးကို သောက်ကြရတဲ့ကိစ္စပါ။
နောက်ဆုံးတစ်ခုကတော့ အေအိုင်ဒီအက်စ်တွေ ခေတ်စားတုန်းကဆိုရင် အမြန်ပျောက်အောင်ကုပေး
မယ်ဆိုပြီးတောင် ကြေငြာလိုက်သေးတယ်။တကယ်သာပျောက်မယ်ဆိုရင် ဘာလို
့ငွေလေး နှစ်ပဲ
ခြောက်ပြားနှင့် မြန်မာပြည်မှာကုနေမှာလဲ…နိုင်ငံတကာမှာ မှတ်ပုံတင်ပြီး
ရောင်းစားမှာပေါ့။
နိုဘယ်ဆုလဲရမယ်..ဒေါ်လာပေါင်းများစွာလဲရမယ်လေ…
မြန်မာများ စဉ်းစားတတ်တဲ့ ဦးဏှောက်၇ှိဖို့ လိုအပ်လာပါပြီ။တကယ်တမ်း
သေရမယ်ဆိုရင်လဲ..
ကုသပေးသူက သေစရာမမြင်ပါ..ကုသခံရသူသာသေဖို့ ရှိပါတယ်။ဒါကြောင့်ကိုယ့်အသက်ကိုတန်ဖိုး
ထားတယ်ဆိုရင် သေသေချာချာ စဉ်းစားကြပါဦး။အကြိတ်တိုင်း ကင်ဆာမဖြစ်နိုင်ပါ။ကင်ဆာတိုင်း
လွယ်လွယ်မပျောက်နိုင်ပါ။ဒါကြောင့် အကြိတ်ပေါ်လာရင် ကင်ဆာဟုတ်၊မဟုတ်
သေချာအောင်
ဓာတ်ခွဲစစ်ဆေးပါ။တစ်နေရာမက စစ်ပါ။နောက်ပြီး ကင်ဆာဆိုရင်လည်း စောစောကုပါ။
စောလေ ကောင်းလေပါ။အကောင်းဆုံးကတော့ ကင်ဆာမဖြစ်အောင်ဆင်ခြင်တာပါပဲ။
ပျောက်အောင်ဆေးမရှိဘူးလားခင်ဗျ တရက်တခြားတိုးလာလို့ပါ ဆရာဝန်ကတော့သွေးထဲက အဆီခဲတာလို့ပြောပါတယ်...ကျေးဇူးပြု၍ ဖြေကြားပေးပါ လေးစားစွာဖြင့်..
ReplyDeleteအဆီကြိတ်လို့ပြောပါတယ်
ReplyDelete