အမှားကို ၀န်ခံတတ်ဖို့ 


ဒီတစ်ခါ ကျွန်တော်ရေးပြချင်တာက အမှားကိုဝန်ခံရဲတဲ့သတ္တိ အကြောင်းလေးပါ။
တော်တော်များများလည်း သိပြီးဖြစ်မှာပါ။ဆရာဖေမြင့်ရဲ့  နှလုံးသားအာဟာရထဲကပါ။
တစ်ခါက အမေရိကန်နိုင်ငံမှာ စာလုံးပေါင်းပြိုင်ပွဲလေးတစ်ခုပြုလုပ်ပါသတဲ့။တောင်ကယ်ရိုလိုင်းနားက
ရိုစလီအဲလီယတ်ကို avowal(၀န်ခံခြင်း)ဆိုတဲ့စကားလုံးကိုပေါင်းခိုင်းသတဲ့။တောင်ပိုင်းသံဝဲ၀ဲနှင့်ပေါင်း
ပြတဲ့အတွက် ဒိုင်လူကြီးတွေအနေနှင့် l ရှေ့ ကစာလုံးကို a နှင့်ပေါင်းသလား e နှင့်ပေါင်းသလားဆိုတာ
မသေချာဘူးတဲ့။ဒါကြောင့် recorder ထဲက အသံကို အကြိမ်ကြိမ်နားထောင်ကြသတဲ့။သို့ သော်လည်း
မသေချာတဲ့အတွက် ကာယကံရှင်ကိုပြန်ပြီး အဖြေတောင်းကြပါတယ်။ဒီအချိန်မှာ ကာယကံရှင် အဲလီယက်အတွက် အဖြေမှန်ကို သိပြီးဖြစ်ပါတယ်။သို့ သော်လည်း မိမိအမှားကိုတာဝန်ယူရဲတဲ့
အတွက် သူမဖြေဆိုခဲ့တာ e နှင့်ပါလို့ ပဲ အရင်အဖြေအတိုင်းပြန်ဖြေဆိုခဲ့ပါတယ်။
ဒီဆောင်းပါးလေးကို လွယ်လွယ်တွေးရင် အမှားတစ်ခုကို ၀န်ခံတာပါပဲ။သို့ သော်လည်း တဖြည်းဖြည်း
စဉ်းစားကြည့်ရင် ဒါက ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာဆိုရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။
ကျွန်တော်ကတော့ အမှန်ကိုပြောင်းပြီးလိမ်ဖြေမဲ့ ခံယူချက်မခိုင်မာတဲ့ ယောင်ခြောက်ဆယ်လိုလူမျိုးတွေကြောင့် ဒီအဖြစ်မျိုးရှိတယ်လို့ တောင်သိရမှာမဟုတ်ပါဘူး။
ဒီကိစ္စက ကလေးငယ်တစ်ဦးရဲ့ မိမိယုံကြည်ထားတဲ့ကိစ္စမှားတယ်ဆိုပေမဲ့ ကိုယ်ပြောခဲ့တဲ့စကားတစ်ခွန်းကို ရိုးသားခြင်းဂုဏ်ဖြင့်ထိမ်းသိမ်းသွားတာပါ။
ကျွန်တော်တို့ ဆီမှာ ဒီလိုရိုးသားတဲ့သူတွေ အလွန်လိုအပ်ပါတယ်။မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ
ရိုးသားစွာပြောဆိုရဲရပါမယ်။အထူးသဖြင့် နိုင်ငံရေးသမားတွေကို ဆိုလိုပါတယ်။
လက်ရှိကာလမှာတော့ လူတော်တော်များများက ကိုယ့်တာဝန်ကိုယ်မယူရဲကြဘူး။ခေါင်းရှောင်နေကြတယ်။ဘာဖြစ်လဲ ကျွန်တော်တို့ တော့ ဒါတွေမှားခဲ့ပါတယ်..ဒါကြောင့် နောင်ကိုဒါမျိုးတွေ မမှားအောင်ပြင်ဆင်ပါ့မယ်ပေါ့။ဘယ်သူကရော
အမှားကို ၀န်ခံတဲ့အတွက် ဝေဖန်ဦးမှာလဲ။ခက်တာက ဒီလိုဆိုရင်လဲ ဆန့် ကျင်ကျဦးမှာလားမသိဘူး။
ကဲ ဘာပဲပြောပြော ဘယ်သူမှအမှားကို ၀န်မခံတတ်ကြရင်နေပါစေ။ကျွန်တော်တို့ အနေနှင့် ကိုယ်တိုင်ကစပြီး ၀န်ခံရဲတဲ့သတ္တိမွေးဖို့ လိုပါပြီ။ အမှားမလုပ်မိအောင်နေထိုင်တာကတော့ အကောင်းဆုံးပဲပေါ့။ခက်တာက ဘာပဲဖြစ်ဖြစ် လူဆိုတော့လည်း အမှားကင်းဖို့ ခက်ပါတယ်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...