အနုပညာလက်ရာတစ်ခုကို အနုပညာအဖြစ်မခံစားပဲ သက်ဆိုင်ရာ ကိုယ်ပိုင်အတွေးတွေနှင့် ခံစားကြလို့ ပါ။
ကြည်ညိုသူများကလည်း ဒီလို ၀တ်လစ်စလစ်ပုံကို မြင်လိုက်တော့ ဘာကြောင့်ဆိုတာကို မစဉ်းစားဘဲ ဒါဟာ
သိက္ခာချတာ ဆိုပြီး မြင်တယ်...
တဘက်ကကျတော့လည်း ဒါမျိုးကျတော့ ဘာလို့ လူကြားထဲမပြသလဲဖြစ်ပြန်ရော...
သေသေချာချာလည်း ကြည့်ကြပါဦး ...တကယ်ကို လက်ရာမြောက်တဲ့ အနုပညာတစ်ခုပါ....
အ၀တ်မဲ့ခြင်းဆိုတာ ဘာကိုမှမက်မောတွယ်တာခြင်းမရှိဘူးဆိုတာပါ..နောက်တစ်ခုကတော့ တကယ်ကို အရိုးသားဆုံးနေထိုင်တယ်လို့ ရော ပြောလို့ မရဘူးလား..
ဘာအတွက်တိုင်တည်သလဲ...လွတ်လပ်မှုအတွက်တိုင်တည်ပါတယ်...
နောက်တစ်ခါ ၀ဲဘက်ရင်ဘတ်ပေါ်က ဒဏ်ရာနှစ်ချက်...ဒါကလည်းရှင်းပါတယ်..သားနှစ်ယောက်မိခင်တစ်ယောက်ရဲ့ ခံစားချက်ပါ..သားသမီးကို စွန့် လွတ်လိုက်ရတဲ့ အမေတစ်ယောက်မှာ ဘယ်လောက်များ ခံစားကြေကွဲမယ်ထင်ပါသလဲ...နောက်တစ်ခါ နှလုံးသားနေရာကလာတဲ့ အလင်းတန်းတွေ ...ဒါကလည်း ရင်ထဲကလာတဲ့ခံစားချက်ကြောင့်ဖြစ်လာတဲ့ အလင်းတန်းလို့ ပြောလို့ မရဘူးလား...
ပိုင်းဖြတ်ထားတဲ့ ခြေထောက်တွေ...ဒါကလည်း ခရီးသွားရောက်ခြင်းမပြုနိုင်အောင် ခြေထောက်ကို ဖြတ်ထားတယ်...အကျဉ်းချထားတာကို ဖော်ကြူးတာပါ...ဒါလည်း မှန်တာပါပဲ..ဒါဆိုဘာကြောင့်များ အမြင်နှစ်မျိုးဖြစ်နေကြသလဲ...မျက်မှန်တပ်ပြီး ကြည့်လို့ ပါ....အဲဒီတော့ မျက်မှန်လေးတွေ ချွတ်ပြီးတော့ အနုပညာတစ်ရပ်ကို အနုပညာမျက်စိဖြင့်သာ ခံစားကြည့်ပါ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...