သမိုင်းရှိတဲ့ ငွေကြေးများ






                                ( Ko myoe 88 ရဲ့ လက်ရာလေးပါ)

ဒီပိုက်ဆံလေးတွေမြင်တိုင်း ကျွန်တော် ဗိုလ်ချုပ်ကို သတိရတယ်...သူသာ ၇ှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်လည်းဖြစ်စရာမလိုဘူး...အတိုက်အခံ..အမာခံ ...တော်လှန်ရေး ဆိုတာတွေလည်းဖြစ်လာစရာမရှိဘူး..အားလုံးငြိမ်းချမ်းသွားမှာပဲလို့ တွေးမိတယ်..
ကျွန်တော့်အိမ်မှာ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံလေးတွေ စုထားတယ်။တစ်ရက်မှာ ကျွန်တော့်သားကမေးတယ်။အဲဒါ ဘာလေးလဲတဲ့။ကျွန်တော်ရင်နာသွားတယ်...ဒါလည်းပိုက်ဆံပါပဲ
သားရယ်လို့ ဖြေမိတယ်။သားက ဆက်ပြီးမေးတယ်..ဘယ်လောက်တန်လဲတဲ့။ငါးကျပ်တန်လေးပေါ့။
ဒီတော့ သားကဆက်မေးတယ်။အဲဒါ ဘယ်သူလဲတဲ့။သမိုင်းဝင်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ကြီး အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပေါ့။သားက ဆက်ပြီးမေးတယ် ဘာကြောင့် အာဇာနည်လို့ ခေါ်ရတာလဲတဲ့။



သီချင်းဆိုသလားတဲ့။ ကျွန်တော် တကယ်ငိုချင်တယ်ဗျာ...မဟုတ်ပါဘူးသားရယ်..ဗိုလ်ချုပ်က အင်္ဂလိပ်လက်အောက်ကနေ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တာ။ကိုယ်ကျိုးစွန့် ပြီး တိုင်းပြည်ကောင်းစားရေးအတွက် အလုပ်လုပ်ခဲ့တာ။ဒါပေမဲ့ အာဏာမက်တဲ့လူတစ်ယောက်ကြောင့် အသက်ငယ်ငယ်နှင့် သေခဲ့တာပေါ့ကွာ....ဒါကြောင့် သူ့ ကို အာဇာနည်လို့ ပြောတာ လို့ ပြန်ရှင်းပြရတယ်။အဲဒီမှာ သူဆက်မေးတာက ဘယ်တုန်းကသေသလဲတဲ့။ဇူလိုင်လ ၁၉ရက်နေ့ မှာ ကွယ်လွန်သွားခဲ့တာပေါ့..အခုအထိ အာဇာနည်နေ့ ဆိုတာရှိတယ်သား..လို့ ဖြေရပြန်တယ်။သားကဆက်မေးတယ်..ဒါဆိုပိုက်ဆံပေါ်ဘာလို့ ရောက်နေတာလဲတဲ့..ကျွန်တော်တော်တော်အမြင်ကတ်လာပြီ..ဒါကြောင့် ဂုဏ်မြင့်မားတဲ့နိုင်ငံခေါင်းဆောင်မို့ လို့  တစ်နိုင်ငံလုံးသုံးတဲ့ ပိုက်ဆံမှာ ဂုဏ်ပြုထားတာဟေ့ လို့ ငေါက်မိတယ်...ကျွန်တော့်သားကလည်း မခေဘူးဗျ..ဆက်ပြီးမေးတယ်..ဒါဆို အခုဘာလို့ ပိုက်ဆံပေါ်မှာ မပါတာလဲတဲ့....ကျွန်တော်ပေါက်ကွဲသွားပြီ..ဒါကြောင့် မသိဘူးကွာ..သိလည်းမသိချင်ဘူး...မင်းလည်း မစပ်စုနှင့် ဆိုပြီး သူ့ နားက ထွက်လာခဲ့တယ်..
မိတ်ဆွေကို ကျွန်တော်မသိလို့ မေးပါရစေ...ဘာကြောင့်မပါတာလဲဟင်...အိမ်ကသားကိုပြန်ဖြေချင်လို့ ပါ..ဘယ်သူ့ ကိုမှ တိုက်ခိုက်တာမဟုတ်ပါဘူး...နိုင်ငံရေးလည်း မဟုတ်ပါဘူး....သိချင်တာလေးပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...