ရီလည်းဖောင်း၏ မဖောင်း၏ (ကိုမော်နီရဲ့ စာသားကို သဘောကြလို့ ခေါင်းစဉ်ပေးပါတယ်)

ရီလည်းဖောင်း၏ မဖောင်း၏ 
(ကိုမော်နီရဲ့ စာသားကို သဘောကြလို့ ခေါင်းစဉ်ပေးပါတယ်)

ပြစ်ခွင့်ရှိလို့  ပြစ်လိုက်တဲ့ မြှားတစ်စင်းပါ
မှန်ခြင်း မမှန်ခြင်းကတော့
ပစ်မှတ်နှင့်လေးသမားပေါ်မူတည်တယ်
လေးသမားကလည်း လေးတင်တတ်စ
ပစ်မှတ်ကလည်း အရှိန်နှင့်ပြေးနေတဲ့ပစ်မှတ်
ကြားထဲ လေမုန်တိုင်းက ၀င်ထန်သေးတယ်
မည်သို့ ပင်ဆိုစေကာမူ
ပစ်ခွင့်ရှိလို့ ပစ်လိုက်တဲ့သူပါ
မှန်ခြင်း မမှန်ခြင်းကတော့ ………………….
ရဲရဲဝံ့ဝံ့ လျှောက်နိုင်ဖို့ 
ကျွန်တော်တို့ ခေါင်းတွေကို အောက်ငုံလိုက်ကြပါစို့ 
အထက်ကို မှန်းရင်း
ကျွန်တော်တို့ လမ်းတွေမှာ
ချနင်းခဲ့တဲ့ ဘ၀ပေါင်းများစွာ
ဘာကိုမှ ပြန်မပေးနိုင်တောင်
စာနာခြင်းလေးတော့ ခြေရာချန်ဖို့ လိုတယ်…………….
ဟုတ် ဆိုတာနှင့် နေသားကျခဲ့တော့လည်း
လုပ်ဆိုတာကိုသာ ကြားရမှာပေါ့ မိတ်ဆွေ………….
အများကြီး ပြောင်းဖို့ မလိုဘူး
အမှန်တရားဘက်ကို
မျက်နာလေးတစ်ချက်လောက် လှည့်ကြည့်ရုံပါပဲ………

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...