Dropbox ဆိုတာ
ကျွန်တော်တို့ နေ့ စဉ်နှင့်အမျှ ကွန်ပြူတာနယ်ပယ်မှာကျင်လည်တဲ့အခါ
မိမိတို့ ရဲ့ ဒေတာတွေကို
မိမိကွန်ပြူတာမှတင်မဟုတ်ဘဲ cloud server တစ်ခုခုမှာ သိမ်းဆည်းဖို့ လိုအပ်လာပါတယ်။
သို့ မှသာ မိမိတို့ ရဲ့ တစ်ချို့ သောဒေတာတွေကို မိမိကွန်ပြူတာမှသာမဟုတ်
အခြားသော အင်တာနက်ချိတ်ဆက်ထားသော ကွန်ပြူတာများကပါ ယူငင်သုံးစွဲနိုင်မှာပါ။
ဒါကြောင့် အခမဲ့ရနိုင်တဲ့ cloud server တစ်ခုခုကို ရွေးချယ်ရပါမယ်။
အကောင်းဆုံးမဟုတ်တောင် အသုံးများဆုံးသော တစ်ခုကတော့ dropbox ဖြစ်ပါတယ်။
ဒါဆို
dropbox ဆိုတာ ဘာလဲ
Dropbox ဆိုတာ ကျွန်တော်တို့ ကွန်ပြူတာနှင့် နက်ဝပ် ဆာဗာကို ချိတ်ဆက်ပေးထားတဲ့
ဆင်ခရိုနိုက်ဇင်းဖိုလ်ဒါ တစ်ခုဖြစ်ပါတယ်။
Dropbox ဖိုလ်ဒါထဲကို မိမိတို့ ဒေတာတွေထည့်ထားလိုက်တာနှင့် နက်ဝပ်ထဲဝင်လိုက်တယ်ဆိုရင်ဘဲ
ထိုဒေတာတွေကို ကလောက်ဆာဗာဆီကို ဆင်ခရိုနိုက်လုပ်သွားပါတယ်။
ထိုဒေတာတွေကို ဆာဗာက သိမ်းဆည်းပေးထားပါတယ်။
တကယ်လို့ မိမိတို့ ဒေတာတွေကို လိုအပ်တဲ့အခါ၊ပြန်လည်ဝေမျှလိုတဲ့အခါ
မိမိတို့ ရဲ့ dropbox ကိုဖွင့်လိုက်တာနှင့် ပြန်လည်ရရှိနိုင်ပါတယ်။
Dropbox ဆိုတာ
ဘယ်platform မှာလုပ်လုပ်သလဲ
Dropbox က ၀င်းဒိုး၊မက်၊လင်းနက်စ်၊အင်းဒရိုက်တို
့မှာ အလုပ်လုပ်နိုင်ပါတယ်။
Dropbox ကိုကြည့်တဲ့အခါ
နှစ်ပိုင်းရှိပါတယ်။
အဲဒါကတော့ dropbox application နှင့် web interface တို့ ဖြစ်ပါတယ်။
Dropbox application
ကို မိမိတို့ အသုံးပြုမဲ့ ကွန်ပြူတာသို့ မဟုတ် ဖုန်းထဲကို ထည့်သွင်းထားရပါတယ်။
သို့ မှသာ ထို appကတစ်ဆင့် မိမိနှင့်သက်ဆိုင်တဲ့ web interface
ကိုရောက်မှာဖြစ်ပါတယ်။
Web interface
Dropbox မှာ အညွန်းလေးတွေပါပါတယ်။
အကယ်လို့ မိမိတို့ ဖိုင်တွေ ဆာဗာဆီကိုရောက်သွားပြီဆိုရင် အစိမ်းရောင်
အမှန်ခြစ်လေးကို မြင်ရမှာပါ။
အကယ်လို့ မိမိတို့ ဖိုင်တွေကို ဆင်ခရိုနိုက်လုပ်နေဆဲဆိုရင်တော့
အပြာရောင်စက်ဝိုင်းလေးကိုမြင်ရမှာပါ။
အကယ်လို့ မိမိတို့ ဖိုင်တွေကို dropbox ဆီ ဆင်ခရိုနိုက်မလုပ်နိုင်ဘူးဆိုရင်တော့
အနီရောင်အမှားခြစ်လေးကို
မြင်ရပါမယ်။
ဖိုင်တွေကို
dropbox server ထံ Upload ပြုလုပ်ခြင်း
မိမိတို့ ရဲ့ dropbox
app ကိုဖွင့်ပါ။
ထိုမှတစ်ဆင့် upload ဆိုတဲ့ စာရွက်ပုံစံလေးကို ကလစ်ပါ။
ပြီးလျှင် drag and drop ပြုလုပ်ပြီး upload လုပ်နိုင်ပါပြီ။
အကယ်၍ ဖုန်းကတစ်ဆင့် upload ပြုလုပ်မယ်ဆိုရင်
မိမိတို့ တင်လိုတဲ့ ဖိုင်ကို ကြာကြာနိပ်လိုက်ပါ….ထိုမှတစ်ဆင့်
share ကိုနိပ်ပါ။
Dropbox ကိုရွေးချယ်ပါ။
ဆာဗာဆီကို အလိုလို upload ပြုလုပ်ပေးပါလိမ့်မယ်။
ဆာဗာထံမှ မိမိdropbox
ကိုဖွင့်ခြင်း
www.dropbox.com ကိုဖွင့်ပါ။
login ပြုလုပ်ပါ။
မိမိရဲ့  dropbox homepage
ကိုရောက်ပါပြီ။
မိမိ Homepage မှာ မိမိတင်ထားတဲ့ dropbox folder များကိုမြင်ရပါမယ်။
Dropbox folder များကို share /downloading
အကယ်၍ မိမိ၇ဲ့ ဖိုလ်ဒါများကို
အခြားတစ်ဦးဦုးကို ရှယ်ချင်တယ်ဆိုရင်
မိမိဖိုလ်ဒါနောက်က သံကြိုးပုံစံ ရှယ်လင့်လေးကို ကလစ်ပါ။
New tab ပွင့်လာပြီး မိမိဖိုလ်ဒါကိုရောက်ပါမယ်။
ထိုမှတဆင့် မိမိပို့ လိုတဲ့ မေးလ်လိပ်စာကို ရိုက်ထည့်ပြီး တိုက်ရိုက်ပို
့နိုင်ပါတယ်။
သို့ မဟုတ် public ပြုလုပ်လိုတယ်ဆိုရင် main search box ထဲက လင့်ကို copy လုပ်ပြီး အခြားကိုယ်မျှလိုတဲ့
နေရာမှာ paste လုပ်ပါ။ ဒါက
download link ဖြစ်ပါတယ်။
အကယ်၍ မိမိကိုယ်တိုင်အခြားကွန်ပြူတာကနေ download လုပ်ခြင်တာဆိုရင်တော့
မိမိဖိုလ်ဒါပေါ်မှာ right click လုပ်ပါ။ download ကိုရွေးပါ။
အခြား function များကတော့
သိပြီးအတိုင်းပါပဲ
ဖိုလ်ဒါများကို ဖယ်ထုတ်ခြင်း ရွေ့ ခြင်း စသည်တို့ ဖြစ်ပါတယ်။
အားလုံး ကိုကျေးဇူးတင်ပါတယ်။
ဒေါက်တာနေ၀င်းအောင်
https://www.dropbox.com/s/49byvvjzst0mb0t/Dropbox%20%20%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC.pdf
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...