ဒါကလည်း နာမည်လိုချင်လို့  ဒါမှမဟုတ် လူသိများချင်လို့ ဆိုတဲ့ဆန္ဒမပါခဲ့ပါဘူး။
နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သမိုင်းအချိုးအကွေ့ ပေါင်းများစွာမှာ အမြင်မတော်တာတွေများနေလို့ 
ကိုယ်ဘယ်နေရာက ဘယ်လောက်လုပ်နိုင်သလဲဆိုတာ စမ်းကြည့်တာပါ။
သို့ သော်လည်း အခုတော့ တော်တော်ကို သိမြင်လာပါပြီ။
အားလုံးက တကယ်စေတနာရှိတာမဟုတ်ဘဲ ငါးပွက်ရာ ငါးစာချနေကြတာဖြစ်ပါတယ်။
ဒီပုံစံနှင့်လည်း နိုင်ငံကောင်းသွားဖို့ လမ်းမမြင်ပါ။
ဒါကြောင့် အခုအချိန်ကစပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ ဆေးပညာဆိုင်ရာဆောင်းပါးများနှင့်
ကိုယ်စိတ်ဝင်စားတဲ့ စာပေများကိုသာ မျှဝေသွားပါမယ်။
သတင်းရင်းမြစ်ပေါင်းများစွာရှိနေတဲ့အတွက် မိမိရဲ့  ဘလော့လေးကို လာကြည့်သူများကို ဆေးပညာဆိုင်ရာ အသိအမြင် အချို့ ပေးနိုင်ခဲ့ရင် ကျွန်တော်အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။
မိတ်ဆွေများအားလုံးအနေနှင့်လည်း ဆေးပညာဆိုင်ရာ အချို့ သောကိစ္စများကို မေးမြန်းနိုင်ပါတယ်။
အထူးကုတစ်ယောက်မဟုတ်သော်လည်း မိမိတတ်နိင်သမျှ ပြန်လည် ဖြေကြားပေးသွားပါမယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...