သူများတွေရေးသလိုပေါ့

ရှစ်လေးလုံး အမှတ်တရ တွေကို ရေးသားကြတယ်။
သေချာတာကတော့ ဘက်နှစ်ဘက်ရှိနေပါတယ်။
တစ်ဘက်က တကယ်ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေ။တစ်ဘက်ကတော့ ရင်ဆိုင်ချေမှုန်းခဲ့တဲ့ တပ်မတော်သားတွေ။
ဒီနေရာမှာ ကျွန်တော်တို ့မြန်မာလူမျိုးတို ့ရဲ ့ ထုံးစံအတိုင်း အားလုံးကို ၀ါးလုံးရှည်နှင့်ရမ်းနေကြပါတယ်။
ကဲ ကျွန်တော်မေးပါရစေ။ရှစ်လေးလုံးမှာ ဆန္ဒပြပြည်သူတွေ သေတာသေချာသလား။ အဖြေကတော့
မှန်ပါတယ်။သေပါတယ်။ နောက်မေးခွန်းတစ်ခုကတော့ တောကြောင်တွေကြောင့် အုပ်ချုပ်ရေးတာဝန်ခံတွေ
လမ်းဘေးတရားရုံးမှာ သေဒဏ်စီရင်ခံရပါသလား။ မှန်ပါတယ်။သေကြပါတယ်။
ဘယ်သူတွေသေသည်ဖြစ်စေ အဲဒါက သေဆုံးခြင်းပါပဲ။ဘာကြောင့် ညာကြောင့်ဆိုပြီး ပြန်ပြောလို ့မရပါ။
ဘယ်လိုအခြေအနေကြောင့်သေရတာလဲ။ နိုင်ငံတဝှမ်း ဆူပူအကြမ်းဖက်ကြလို ့ပါ။ မဆူရင်ကော မသေဘူးလားလို ့ မေးစရာရှိပါတယ်။ အဖြစ်မှန်အတိုင်းဆိုရင် မဆူလည်း သေကြမှာပါပဲ။
စနစ်တစ်ခုကို အဆုံးသတ်ပြစ်ဖို ့ ပြည်သူတွေ ကြိုးစားခဲ့တာကိုတော့ အသိအမှတ်ပြုရမှာပါ။
ဘယ်လိုကြောင့်ပဲ သေခဲ့သေခဲ့ ။ဒီလို အသက်ပေးသွားရသူတွေအကုန်လုံးက စနစ်ကြောင့် သေခဲ့တာပါ။

အခု သမိုင်းတပတ်လည်ပါပြီ။ စနစ်ဆိုးတစ်ခုကို တိုက်ဖျက်ဖို ့ကြိုးစားရင်း အဆိုးဆုံးစနစ်တစ်ခုကို လက်ခံလိုက်ရပါတယ်။မြန်မာလူမျိုးက သူရဲကောင်းကို အရမ်းကိုးကွယ်တယ်။နောက်လိုက်လုပ်ချင်တယ်။တာဝန်ယူမှုဆိုတာကို လက်လွဲလိုတယ်။
တပ်မတော်ဘက်ကကြည့်ရင် တပ်မတော်သားအာဏာရှင်တစ်ဦးကို တိုက်ထုတ်ခဲ့တဲ့ ပြည်သူကို ပြန်ပြီး မတော်လှန်နိုင်အောင် လုပ်မှာပါပဲ။ ဒါကလည်း သူတို ့အတွက် အရေးကြီးတဲ့ အလုပ်တာဝန်တစ်ရပ်ဖြစ်ပါတယ်။
အရှင်းဆုံးပြောရရင် မဆလစနစ်ဆိုတာလည်း တော်လှန်ရေးကောင်စီကတစ်ဆင့် အာဏာရှင် စစ်ဗိုလ်ချုပ် နေဝင်းရဲ  ့ အကောင်းဆုံးသောမျက်လှည့်တစ်ခုဖြစ်ပါတယ်။သူကလည်း အလွန်တော်တဲ့လူတစ်ယောက်ဆိုတာ လက်ခံရပါမယ်။ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို ၂ရနှစ်တိုင်တိုင် အုပ်ချုပ်နိုင်တာ နည်းတဲ့အရည်အချင်းလား။လူတော် လူမကောင်းဖြစ်သွားခဲ့တာ နောက်ပိုင်းကြမှာပါ။ ရှင်းရှင်းပြောရရင် မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်ခဲ့လို ့ပါ။ အဲဒီမင်းမြှောင်ဆိုတာကလည်း ပြည်သူထဲက ပြည်သူပါ။
ကဲ နိုင်ငံက မလိုအပ်တော့လို ့ တိုင်းပြည်ကို စနစ်ပြောင်းလိုက်တယ်။စနစ်ပြောင်းလိုတယ်။
ဒါကနေ ရှစ်ဆယ့်ရှစ်ဆိုတာဖြစ်လာတယ်။ အဲဒီတုံးကလည်း အခုလို ခရိုနီတွေကြောင့် ပြည်သူတွေ ပေါက်ကွဲထွက်ခဲ့တာပါ။တိုင်းပြည်ရဲ  ့တရားဥပဒေစိုးမိုးမှုနည်းပါးခြင်းနှင့် အဂတိလိုက်စားခြင်းတွေကြောင့်လည်းပါတယ်ပေါ့။
ကဲ …စစ်အုပ်ချုပ်ရေးကို ပြန်ကြည့်ရအောင်။ နဝတပြီးတော့ နအဖ ပြောင်းတယ်။တော်လှန်ရေးကောင်စီက မဆလ ကိုပြောင်းသလိုပါပဲ။ နောက်တစ်ခုက မဆလခေတ်က ကောင်စီဝင်ဆိုရင်ကြောက်တယ်။ရွံတယ်။ အခု နအဖခေတ်မှာကြတော့ ရယက ဖြစ်သွားတယ်။ မဖလ ခေတ်က ရှေ ့တော်ပြေးလို ့ခေါ်တယ်။ နအဖ ခေတ်မှာ ခရိုနီတွေဖြစ်လာတယ်။ ဒါကို သိတဲ့။တိုင်းပြည်ရဲ ့ပေါက်ကွဲနိုင်တဲ့ ရေချိန်ကို သိတဲ့ စာဖတ်သူကြီးက လိမ္မာပါးနပ်စွာပဲ ဒီမိုကရေစီကို ခေါင်းစဉ်ပြောင်းပေးလိုက်တယ်။ဦးသန်းရွှေ ဆိုတာ ပြည်သူတွေအတွက်သာ မကောင်းတာ တပ်မတော်အတွက်တော့ အလွန်ကောင်းတဲ့ ကိုးကွယ်ရာ တစ်ခုဖြစ်ခဲ့တယ်။ဒီလိုဖြစ်လာအောင်လည်း လုပ်နိုင်ခဲ့တယ်။ ထောက်လှမ်းရေးပညာကို သင်ကြားခဲ့သူ ဗိုလ်ချုပ်နေဝင်းထက် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ကို ရေရှည်လုပ်ကိုင်ခဲ့တဲ့ စာဖတ်နေသူကြီးက ပိုတော်တယ်။
ပိုသိတယ်။ပိုပြီး ကိုင်တွယ်နိုင်တယ်။ဒါကြောင့်လည်း ပြည်သူကို ကိုယ်စားပြုပါတယ်ဆိုတဲ့ တော်လှန်ရေးသမားတွေရဲ  ့ခြေလှမ်းအားလုံးကို တွက်ဆနိုင်ခဲ့တယ်။သူတို ့ခြေလှမ်းကို လိုက်ပြီးမဖျက်ဘဲ သူတို ့လှမ်းတဲ့ခြေလှမ်းတွေကိုသာ လားရာပြောင်းခဲ့တာပေါ့။ ရှင်းရှင်းလေးပါ စုဘုရားလတ်တောင် လူသတ်ရဲသေးတာ စစ်သားရင့်မာကြီးက သန်းခြောက်ဆယ်လောက်ထဲက တစ်သိန်းလောက်ကို အသာလေး သတ်ပစ်နိုင်တယ်။မသတ်ဘူူး ။ အထဲကိုထည့်လိုက် ခံစားချက်ကို မီးထိုးပေးလိုက်။ အပြင်ပြန်ထုတ်လိုက် ဆူပူမှုကို ပြန်ပြီး မီးမွေးလိုက်။ နိုင်ငံကို ချောက်ထဲမကျအောင် ကယ်တင်လိုက်လုပ်ခဲ့တယ်။တစ်ဘက်က အင်အားစုတွေ ခြေကုန်လက်ပန်းကျချိန်ကို စောင့်ရင်း ဒီဘက်မှာ ခါးပိုက်ဆောင်တပ်ဖွဲ ့ကို သေသေချာချာ ဖွဲ ့စည်းထားခဲ့တယ်။ထို ့အတူ နိုင်ငံမငြိမ်သက်မှုကို ဘန်းပြပြီး ကာကွယ်ရေးကို သေသေချာချာ တိုးမြှင့်တည်ဆောက်ခဲ့တယ်။သူများနိုင်ငံတွေ မသိခင်လေးမှာ တိတ်တိတ်လေး နူကလီးယားကို စမ်းသပ်တယ်။သို ့သော်လည်း အသားထဲက လောက်ထွက်လို ့ မအောင်မြင်ဘူးဖြစ်သွားတယ်။ တကယ်တမ်းသာ အောင်မြင်သွားရင် အခုအချိန်ဆို ဘင်္ဂလား၊အိန္ဒိယနှင့်တရုတ် တို ့ မြန်မာကို ဒူးထောက်နေရလောက်ပြီ။ မြန်မာဆိုတာ ပြောရင်တကယ်ဖြစ်အောင်လုပ်တတ်တယ်လေ။မြောက်ကိုရီးယားလို လေသံပဲပြစ်နေမှာမှမဟုတ်တာ။ ရော ့မင်းတစ်လုံး ငါတစ်လုံးလုပ်မဲ့အပေါက်။
နောက်တစ်ခုက ပြည်သူကို တိတ်တိတ်လေး ခြောက်ထားခဲ့တယ်။ လက်သီးတောင် အပေါ်ထောင်မဆုတ်ရဲဘူး။
နောက်ပိုင်းမှာ နောက်ကျောကို ထိုးမဲ့ဓားသွားတွေကို ဘွားဘွားကြီးမြင်လိုက်လို ့ ထိုင်ခုံကို သေသေချာချာပြင်ဆင်ပြီး နေဝင်ချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေတာ။
ကျုပ်တို ့လူမျိုးတွေကလည်း နိုင်ရင်ဖိထောင်းချင်တဲ့လူမျိူးဆိုတော့ အရှုံးပေးသွားတယ်ထင်ပြီး ဘဝင်မြှင့်နေကြတယ်။
ဒီလို ပုံစံမျိုးသာ ဆက်ပြီးသွားမယ်ဆိုရင် နှစ်သုံးဆယ်မြှောက် ၂၀၁၈ မှာ သမိုင်းက အလိုလိုကို တစ်ပတ်လည်နိုင်တယ်။အဲဒီအချိန် တက်လာမဲ့သူကလည်း လူတော်ဖြစ်မှာတော့ သေချာတယ်။လူကောင်းဖြစ်ဖို ့သာ လိုနေတယ်။လူကောင်းဖြစ်ပါစေလို ့သာ ဆုတောင်းနေပါတယ်။ရှေ ့ကအုပ်ချုပ်သူတွေအားလုံး လူတော်တွေပါ။သို ့သော်လည်း လူကောင်းဖြစ်မသွားတာလေးကပဲ ဆိုးနေတာ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...