တစ်ချိန်က

ကျွန်တော်ငယ်ငယ်က တော်တော်ဆိုးခဲ့တဲ့ကောင်ဆိုပါတော့
ကျောင်းစာဆိုတာထက် ဘောလုံးကန်နေရတာကို ပိုပြီးကြိုက်တယ်
သို့ သော်လည်း ကျွန်တော့်ကို စာဖတ်ဖို့ ဆွဲခေါ်နိုင်ခဲ့သူကတော့ လက်ဦးဆရာဖြစ်တဲ့ စာကြည့်တိုက်တာဝန်ခံ ဆရာဦးဌေးဖြစ်ပါတယ်။


ကျွန်တော်တို့ အိမ်က ကျောင်းနဲ့ မျက်နာချင်းဆိုင်ဆိုတော့ ကျောင်းထဲမှာ အမြဲဆော့တတ်တဲ့ မျောက်လွဲကျော်ပေါ့ဗျာ..
ဒါကိုသိတဲ့ ဆရာက စာကြည့်တိုက်သော့ကို အပ်ပြီး စာကြည့်တိုက်လုပ်ထားတဲ့အခန်းကို သန့် ရှင်းရေးလုပ်ခိုင်းတယ်။
ကျွန်တော်လည်း ကြောက်တော့လုပ်ရတာပေါ့။နောက်တော့ စာကြည့်တိုက်ထဲက ဓာတ်ပုံတွေပါတဲ့ စာအုပ်တွေကို ဖတ်ကြည့်တယ်။သတ္တ၀ါများအကြောင်းပုံပြ စာအုပ်လေးပါ။အဲဒီကနေ ရွှေသွေးတို့  မိုးသောက်ပန်းတို့ ဖတ်တယ်။နောက်ပိုင်း ကာတွန်းမျိုးစုံဖတ်ဖြစ်လာတယ်။
အတန်းကြီးလာတာနှင့်အမျှ စာဖတ်နုန်းတက်လာသလို ရုပ်ပုံထက် စာသားအကြောင်းအရာကို စိတ်ဝင်စားလာတယ်။ဝတ္ထုတွေကိုတော့ ရှစ်တန်းလောက်မှ စပြီးဖတ်ဖြစ်တယ်။ပထမဆုံးဖတ်ဖြစ်တာကတော့ ယုဝတီခင်စိန်လှိုင် စာအုပ်ပေါ့။နောက်ပိုင်း အထောက်တော်လှအောင်ကိုဖတ်ဖြစ်တယ်။ နောက်ပိုင်း ဆရာနန္ဒသိန်းဇံ တို့ ယောနသံဇင်ယော်တို့ ကို ဖတ်ဖြစ်တယ်။ဒီလို စာမျိုးစုံကို ဖတ်လာရင်းကနေ စာဖတ်ရတာကို သဘောကျလာတယ်။ကျွန်တော့်ဘိုးဘွားတွေကလည်း ကျောင်းဆရာတွေဆိုတော့ စာသာဖတ်နေရင် ထမင်းကို အိပ်ယာထဲလာကျွေးတာ။
ဒီလိုနှင့်ပဲ ဘောလုံးကန်ရင်း တစ်ဘက်က စာဖတ်ဝါသနာပါသွားတော့တာပဲဗျာ...
စာဖတ်အားကောင်းလာတာနှင့်အတူ ကျောင်းစာမှာပါ တော်လာခဲ့တယ်။သို့ သော်လည်း ထိပ်ပိုင်းမှာတော့ မပါဘူး။သာမာန်ထက်ပိုတဲ့အဆင့်ပါပဲ။
စာဖတ်မြန်လာတဲ့အခါ စာကိုတွေးလာတယ်။စဉ်းစားလာတယ်။သုံးသပ်လာတယ်။ကောင်းတာကိုရွေးတတ်လာတယ်။
ဒီလိုနှင့် ကျွန်တော့်ဘ၀ ကိုပြောင်းလဲစေမဲ့ ၁၉၉၅ ကိုရောက်လာခဲ့ပါတယ်။သာမာန်လောက်သာ ထူးချွန်တဲ့ ကလေးတစ်ယောက်က စာဖတ်နုန်းမြင့်မားလာတဲ့အခါ ကျောင်းစာဆိုတာကို ကျက်စရာလို့ မထင်တော့ပဲ လေ့လာစရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ဒါကြောင့်လဲ ဘာသာရပ်ပေါင်းစုံမှာ ထူးချွန်တဲ့လူငယ်လေးဖြစ်လာတယ်။ပိုက်ဆံကလည်း မရှိတော့ ကျူရှင်တွေ ၀ိုင်းတွေလည်း သူများလို မတက်နိုင်ဘူး။တစ်နေ့ တာလုပ်ငန်းကတော့ ကျောင်းသွား စာဖတ် ဘောလုံးကန်ပေါ့။
ဒီလိုနေထိုင်လာရင်းကပဲ စာမေးပွဲဖြေခဲ့တယ်။ကံကောင်းစွာနှင့် ဂုဏ်ထူးတွေပါပြီး ဆေးကျောင်းသားဖြစ်လာတယ်။ဆေးကျောင်းမှာလည်း ကဗျာဆရာယောင်ယောင်ပါပဲ။
အပြင်စာတွေဖတ်ရင်း တစ်ဘက်က စာမေးပွဲတွေ ဖြေခဲ့တာပေါ့။
ဒီလိုနှင့် ဆရာဝန်ဖြစ်လာတာပါပဲ။
ကျွန်တော်ဆိုလိုချင်တာက စာဖတ်ဖို့ သာလိုပါတယ်။နောက်ပိုင်းမှာ သူ့ ဘာသာ တွေးတောဆင်ခြင်ရင်း ဘ၀ဆိုတာ အလိုလိုရွေးချယ်တတ်လာပါတယ်။ဒါကြောင့် အားလုံးကိုပြောပြချင်တာက ကောင်းသောစာပဲဖြစ်ဖြစ် ဆိုးသောစာပဲဖြစ်ဖြစ် ဖတ်ဖြစ်ဖို့ က ပထမဆုံးအရေးကြီးပါတယ်။နောက်ပိုင်း စာဖတ်သက်ရင့်လာတာနှင့်အတူ အကောင်းအဆိုးကို ရွေးချယ်တတ်လာပါတယ်။
ကဲ ဒီနေ့ ကစပြီး စာဖတ်ခြင်း အလေ့အထကို ကျွန်တော်တို့ ကလေးငယ်တွေဆီ မျိုးစေ့ချပြီး ပျိုးထောင်ပေးကြပါစို့ .........





No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...