ဆောင်း

ဆောင်း
ဟောဒီဇာတ်​လမ်းမှာ မင်းသားခန်းကမပါခဲ့​ပေမဲ့ ဗိလိန်​တစ်​​ယောက်​ရဲ့အပြုံးမှာ နှလုံးသားတစ်​ခုလုံးပါသွားတယ်​...... ထားခဲ့သူအဖြစ်​ ရာဇ၀င်​တွင်​ရစ်​ခဲ့တဲ့ငါ
တကယ်​ဆို
ဝေးကွာခြင်းက အစိမ်းသက်​သက်​ရိုင်း​ကြောင်း မ​ကောင်း​တော့တဲ့အသည်းကသက်​​သေ......
နေပါ​စေ
မင်းအတွက်​ပဲသီးသန့်​​ဝေခဲ့
မင်းအတွက်​ပဲသီးသန်​​ကြွေခဲ့တဲ့မျက်​​ရည်
ရာသီတစ်​ပတ်​လည်​တိုင်း
ဘ၀ထဲလာလာပြီးမှိုင်းတယ်​.....
နုတ်​ဆက်​သူနှင့်​နုတ်​ဆက်​ခံ၇သူတို့အကြား
ခံစားချက်​ကခြားနားလွန်းတယ်
တကယ်​ဆို
မင်းဘက်​မှာနာကျည်းခြင်းအဆစ်​ပါသွားသလို ငါ့ဘက်​မှာလည်း​ကြေကွဲခြင်းအဆစ်​ပါခဲ့ပါတယ်​.......
တစ်​ဘ၀လုံးရှုံးပြီး
တစ်​ဘ၀လုံးတုံးတဲ့ဇာတ်​လမ်း
ဇာတ်​၀င်​ခန်းတိုင်းကိုလွမ်းတာ
ဗီလိန်​လဲပါတယ်​......
မနက်​ခင်းမှာ နှင်း​တွေ​ဝေလာပြီး​ဆောင်း​ရေ...... အဖြူ​ရောင်​​အေးစက်​မှုရဲ့အခြားဘက်
ငါနှလုံးသားကစီးတဲ့​သွေးစက်​ အနီ​ရောင်​သက်​သက်​ပါပဲ​လေ..... အလွမ်းကိုမီးလှုံရတာ​လောက်​ ဘယ်​မီး​တောက်​မှပူ​လောင်​ခြင်းကိုမ​ပေးနိုင်​ဘူး
သမိုင်းဦးမှာပွင့်​ခဲ့တဲ့ပန်း​တွေ
(ဗီလိန်​တစ်​​ယောက်​ရဲ့​ခေါင်းမှာလည်း)
ဝေခွင့်​ရှိလို

Published with Blogger-droid v2.0.10

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...