ငယ်​စိတ်

ငယ်စိတ်"

Thanlay Ko
အသက်ကြီးလာပေမယ့် ကိုယ့်ကိုကိုယ် လက်ရှိရောက်နေတဲ့ အသက်လောက် ရှိနေတယ်လို့ ဘယ်တုန်းကမှ မထင်ဘူး။
အဲဒီထက် ငယ်နေတယ်ပဲ ထင်တာ။
ဒါကို ငယ်စိတ် လို့ ခေါ်မလား ငယ်မူပြန်စိတ်လို့ ခေါ်မလား မသိ။
မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရင် ပိုသိသာတယ်... ...

"ဒီကောင်ကြီး ငါနဲ့ အသက်အတူတူကို သူ့ကြည့်ရတာ င့ါထက်ပိုပြီး အိုစာလိုက်တာ"... လို့။
တစ်ရက်ကတော့ သမီးကြီးအိမ်ထောင်ကျနေတဲ့ မြို့ကို သွားလည်ဖြစ်တယ်။
ခရီးပန်းလို့ထင်ပါရဲ့ နေမကောင်း ဖြစ်တယ်။
ဒါနဲ့ အဲဒီမြို့က ဆေးခန်းတစ်ခုမှာ သွားပြရတာပေါ့။
ဆေးခန်းမှာ ကိုယ့်အလှည့်စောင့်နေတုန်း နံရံက စာတွေ ပိုစတာတွေ လျှောက်ဖတ်ကြည့်တော့ ဆေးခန်းထိုင်တဲ့ ဆရာဝန်မမရဲ့ နာမည်နဲ့ သူဘွဲ့ယူတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံကို မြင်လိုက်တယ်။
မြင်ဖူးသလိုလိုဖြစ်လို့ သေချာစဉ်းစားကြည့်တယ်...
ဒီနာမည်မျိုးနဲ့ အရပ်ရှည်ရှည် ရုပ်ချောချော သူငယ်ချင်း မိန်းကလေးတစ်ယောက် ဟိုးလွန်ခဲ့တဲ့ နှစ် ၃၀ လောက် အထက်တန်းကျောင်းသား ဘဝမှာ ရှိခဲ့ဖူးတယ်။
ကိုယ့်အလှည့်ရောက်လို့ ဆရာဝန့်အခန်းထဲ ဝင်သွားတော့...
ဟင်... ဆံပင်ဖြူု ကြိုးတို့ကြဲတဲ၊ ပါးရေနားရေတွန့်ပြီး ပါဝါမျက်မှန်ကြီးနဲ့ အိုစာနေတဲ့ ဆရာဝန်မကို တွေ့လိုက်ရတယ်။
မျက်နှာကို အတော်ဖမ်းယူမှ သူဆိုတာ သေချာသွားတယ်။
အင်း... ကိုယ်နဲ့ ရွယ်သူ သူငယ်ချင်းဆိုပေမယ့်လည်း သူ့ခမျာ အတော်အိုစာ သွားတာကိုး
ဒါနဲ့ သူ့ကို မိတ်ဆက်မေးမြန်းကြည့်တယ်... ...
"ဟို... တပ်ကုန်း အထက မှာ ကျောင်းနေဖူးတယ် မလား"
"အင်း... နေဖူးတယ်"
"ဘယ်နှစ်က နေဖူးတာလဲ"
"၈၂ ခုက ဆယ်တန်း"
"ဟား... ဒါဆို သေချာတယ်... နင်... နင် ... စိန်စိန်ဝင်း မဟုတ်လား"
"ဟုတ်ပါတယ်"
"ငါ ကျော်ဦးလေဟာ၊ နင်က င့ါအတန်းထဲကပဲဟာကို မမှတ်မိဘူးလား"
"အင်း... အဲ... မမှတ်မိဘူး၊ ဒါနဲ့ ဦးလေးက အဲဒီတုန်းက ဘာ သင်ပေးတာလဲ ငင်"
"အမ်.... "
အော်... သူလည်း ကိုယ့်လိုပဲ ငယ်စိတ်နဲ့ပဲ ကိုး....
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...