မွေးကင်းစကလေးစောင့်ရှောက်ခြင်း
၁။ မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း
မွေးကင်းစကလေးငယ်များအတွက် အသက်အနရ္တ ာယ်စိုးရိမ်ရသော လက္ခဏာများ
မွေးကင်းစကလေးငယ်များ (၀ မှ ၂၈ - ရက်အတွင်း)တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ^ဆေးခန်း^ကျန်းမာရေး ဌာနများသို့ နေ့ညမဆိုင်း ချက်ချင်းပြသပါ။
• အသက်ရှူမြန်လျှင်^ခက်ခဲလျှင်၊ ညည်းလျှင်၊ နှုတ်ခမ်းနှင့်လျှာပြာနှမ်းလျှင်၊ အသက်ရှူသွင်းစဉ် နှာခေါင်းဝလှုပ်ရှားမှုများရှိလျှင်
• အသက်ရှူသွင်းစဉ် ရင်ဘတ်အောက် ချိုင့်ဝင်လျှင်
• တက်လျှင်၊ မှိန်း၍နှိုးရခက်လျှင်
• နို့လုံးဝ မစို့လျှင်၊ နို့တိုက်ရခက်ခဲလျှင်၊ ၂၄နာရီအတွင်း နို့စို့မှု (၅)ကြိမ်အောက်နည်းလျှင်
• ဖျားလျှင် (သို့) ကိုယ်အေးစက်လျှင်
• ချက်မှ သွေးထွက်လျှင် (သို့) ချက်ပတ်လည်အရေပြားနီရဲလျှင် (သို့) ချက်မှ ပြည်ထွက်လျှင်
• ကလေး အလွန်သေးငယ်လျှင်
• သန္ဓေပတ်မစေ့မီမွေးဖွားသော ကလေးဖြစ်လျှင်
• မျက်စိမှ ပြည်ထွက်လျှင်
• အသားဝါလျှင်
• လှုပ်ရှားမှုမရှိလျှင် (သို့) လှုံ့ဆော်မှုရှိမှသာ လှုပ်ရှားလျှင်
• ပျော့ဖတ်ခြင်း၊ တောင့်တင်းခြင်းရှိလျှင်
• အလွန်ဖြူဖျော့လျှင်
• အရေပြားပေါ်တွင် (၁၀)ဖုထက်များသော ပြည်ဖုလေးများ^ပြည်ဖုကြီးများပေါက်လျှင်
• ခြေလက်များကောင်းစွာ မလှုပ်ရှားလျှင်

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...