ကျန်း မာ ရေး နှင့် ညီ ညွတ် သော လူနေမှုဘဝပုံစံများ

ကျန်း   မာ   ရေး   နှင့် ညီ  ညွတ်  သော လူနေမှုဘဝပုံစံများ
၉.၁    ကျန်းမာပျော်ရွှင် ဘဝတစ်ခွင်
ကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်ချို့ယွင်းမှုကင်း၍ ရောဂါဘယကင်းရှင်းယုံသာမက၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း၊ လူမှုရေးသုခနှင့်    ပြည့်စုံခြင်းတို့ကို   ဆိုလိုပါသည်။
၁။    လက်ဆေးခြင်းအမူအကျင့်များအပါအဝင်     တစ်ကိုယ်ရေသန့်ရှင်းမှုကို     ဆောင်ရွက်ပါ။
၂။    အန္တရာယ်ကင်း၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။ ဆီနှင့် အငန်များသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဟင်းချိုမှုန့် စားသုံးခြင်းကို  လုံးဝရှောင်ကြဉ်ပါ။
၃။    လူကို အန္တရာယ်ဖြစ်စေတတ်သော ဓါတ်သတ္ထုနှင့် ပိုးမွှားကင်းစင်သည့် သန့်ရှင်းသောရေကို သောက်သုံးပါ။ ၄။        ရာသီဥတုနှင့်    လိုက်လျောညီထွေစွာ   ဝတ်စားဆင်ယင်နေထိုင်ပါ။
၅။    အသက်အရွယ်နှင့်    လိုက်လျောညီထွေသည့်    သင့်တင့်မျှတသော    ကိုယ်လက်လှုပ်ရှားမှုကို  နေ့စဉ်   မှန်မှန်ဆောင်ရွက်ပါ။ 


၆။    နေ့စဉ်လုပ်ငန်းဆောင်တာများ    ဆောင်ရွက်ခြင်းကြောင့်    ပင်ပန်းနွမ်းနယ်မှုကို    ပြေပျောက်စေရန်    လုံလောက်စွာအနားယူပါ။
၇။    ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ဖြင့် အိပ်ပါ။ ဖြစ်နိုင်လျှင် ဆေးစိမ်ခြင်ထောင်ဖြင့်   အိပ်ပါ။
၈။    ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော ယင်လုံအိမ်သာကို သုံးစွဲပါ။
၉။    အရက်သောက်ခြင်းကို    ရှောင်ကြဉ်၍    ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ    သောက်သုံးခြင်း၊    ကွမ်းစားခြင်းတို့ကို    လုံးဝရှောင်ကြဉ်ပါ။ ၁၀။    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ပါ။
၁၁။    လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ၊ မရှောင်နိုင်ပါက ကွန်ဒုံးသုံးစွဲပါ။
၁၂။    သဘာဝပတ်ဝန်းကျင် (ရေ၊ မြေ၊ လေ)ကို ညစ်ညမ်းစေသည့်  အပြုအမူများဖြစ်သော မြေပေါ် ရေပေါ်တွင်     မစင်စွန့်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အန္တရာယ်ဖြစ်စေသည့် ဓါတ်ငွေ့များ၊ မီးခိုးငွေ့များကို စည်းကမ်းမဲ့ စွန့်ထုတ်ခြင်းတို့ကို  ရှောင်ကြဉ်ပါ။
၁၃။    ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက်  ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာပါ။ ၁၄။    စိတ်ဖိစီးမှုများ    တတ်နိုင်သလောက်   လျှော့ချပါ။
၁၅။    သဘာဝဘေးအန္တရာယ်နှင့်    ပတ်သတ်သော    သတင်းအချက်အလက်များကို    အစဉ်သတိပြု  လိုက်နာဆောင်ရွက်ပါ။
၉.၂    သန့်ရှင်းသောလက်
ဘာကြောင့်လက်ကို စင်ကြယ်အောင် ဆေးသင့်သလဲ။
လက်တွင်ကပ်ပါလာနိုင်သည့်    မစင်အညစ်အကြေးအနည်းငယ်    (တစ်ဂရမ်)    တွင်ပင်    လူတို့ကို    ရောဂါဖြစ်၍ သေစေနိုင်သော-
ဗိုင်းရပ်စ်ရောဂါပိုး    -    ၁ဝ သန်းခန့်
ဘက်တီးရီးယားရောဂါပိုးပေါင်း    -    ၁   သန်းခန့် ကပ်ပါးရောဂါပိုးပေါင်း   (ဥပမာ   -  သန်ကောင်၊  ဝမ်းကိုက်ပိုး)    -    ၁၀၀ဝ   ခန့် ကပ်ပါးရောဂါပိုးဥပေါင်း   (ဥပမာ  -  သန်ဥ)    -    ၁၀ဝ    ခန့်   ပါဝင်နေပါသည်။
ကလေးမစင်သည်လည်း လူကြီးမစင်နည်းတူ ရောဂါပိုးများပါဝင်နေပါသည်။ လက်တွင်သာမက ငွေစက္ကူ၊ တံခါးလက်ကိုင်၊ တယ်လီဖုန်းဟန်းဆက်နှင့် ပန်းကန်ခွက်ယောက်များတွင်ပင် လူ့မစင်မှ ရောဂါပိုးများစွာ ကပ်ငြိနေနိုင်ပါသည်။ ထိုပိုးများကြောင့် မိမိကိုယ်တိုင် ရောဂါကူးစက် ခံရနိုင်သကဲ့သို့ မိမိကြောင့် သူတစ်ပါးကိုလည်း ရောဂါရရှိစေနိုင်ပါသည်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားစသော ရောဂါပိုးများ ထိတွေ့ထားသောလက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများဝန်းကျင်ကို ထိမိကိုင်မိပါက အသက်ရÈလမ်းကြောင်းဆိုင်ရာနှင့် မျက်စိနာခြင်း စသောရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ အထူးသဖြင့် အစားအစာချက်ပြုတ် ပြင်ဆင်သူ အိမ်ရှင်မအများစုနှင့် အစားအသောက် ရောင်းချသူများသည် လက်မသန့်ရှင်းမှုကြောင့် လူထောင်ပေါင်းများစွာ ရောဂါရပြီး ကပ်ရောဂါအသွင်ကူးစက်ကာ သေဆုံးနိုင်ကြောင်း သတိပြုသင့်ပါသည်။

လက်ကို  စင်အောင်ဆေးလျှင် ဘယ်လိုအကျိုးရှိမလဲ။
•    အစာနှင့်    ရေထဲသို့    ရောဂါပိုးများဝင်ရောက်မှုမှ   ကာကွယ်ပေးသည်။
•    အလွယ်ကူဆုံးနှင့်      စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်သည်။
•    ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်     အသက်ရÈလမ်းကြောင်းဆိုင်ရာရောဂါများ     ကူးစက်ဖြစ်ပွားမှုမှ    လျှော့ချနိုင်သည်။
လက်ဆေးနည်း
•    လက်ကို   ဆပ်ပြာနှင့်   ရေသုံးစွဲ၍    သေချာစွာပွတ်တိုက်ဆေးပါ။
•    လက်ဖဝါး၊   လက်ဖမိုး၊   လက်သည်းကြား၊   လက်မ၊   လက်ကောက်ဝတ်တို့ကို   ဆပ်ပြာဖြင့်   သေချာစွာပွတ်တိုက်ဆေးပါ။
•    သုံးရေသန့်ဖြင့်   လက်ကို   လောင်း၍    ဆေးပါ။
မှတ်သားရန်မှာ
•    လက်ကို   ရေဇလုံထဲမှာ   နှစ်၍   မဆေးပါနှင့်။
•    တစ်ယောက်လက်ဆေးထားပြီးသော    ရေဖြင့်    နောက်တစ်ယောက်   ထပ်မဆေးပါနှင့်။
လက်ကို စင်အောင်ဆေးခြင်းဆိုသည်မှာ လက်ကို ဆပ်ပြာ (သို့မဟုတ် ဆပ်ပြာအစားထိုးပစ္စည်း) နှင့် သုံးရေသန့်ဖြင့် ပွတ်တိုက်၍ စင်ကြယ်အောင်    ဆေးခြင်းကို   ဆိုလိုပါသည်။
လက်ဆေးသင့်သည့်အချိန်
•    အစာ   မစားခင်နှင့်   စားပြီးချိန်တွင်   လက်ကို   ဆပ်ပြာဖြင့်    စင်အောင်ဆေးပါ။
•    အစားအစာမကိုင်တွယ်မီနှင့်    မချက်ပြုတ်မီ    လက်ကို    ဆပ်ပြာဖြင့်  စင်အောင်ဆေးပါ။
•    အိမ်သာအထွက်   လက်ကို   ဆပ်ပြာဖြင့်    စင်အောင်ဆေးပါ။
•    ကလေးအညစ်အကြေး၊    အခြားသောအညစ်အကြေးနှင့်    အမှိုက်သရိုက်များ    ကိုင်တွယ်ပြီး    လက်ကို    ဆပ်ပြာဖြင့်  စင်အောင်ဆေးပါ။
အိမ်သာထဲနှင့် ရှေ့ဘက်အနီးအနားတွင် လက်ဆေးဖို့ ဆပ်ပြာနှင့်ရေအမြဲရှိရန်လို၏။ လက်ကို  ဆပ်ပြာဖြင့်  စင်ကြယ်အောင် ဆေးကြောပါ။
သန့်ရှင်းသောလက် ဆေးတစ်ခွက်
ကိုယ်တိုင်လက်ကို ဆပ်ပြာနှင့်ဆေးဖို့ သတိအမြဲရှိပါ။ သူတစ်ပါးအား  လက်ကို  စင်အောင်ဆေးရန်  သတိပေးခြင်းဖြင့်  ကုသိုလ်ယူပါ။
လက်ကို  ဆပ်ပြာဖြင့်  စင်ကြယ်အောင်  ဆေးကြောရန်  အမြဲသတိရှိပါ။
၉.၃    သန့်ရှင်းသောသောက်သုံးရေ       သုံးစွဲရေး
သန့်ရှင်းသောသောက်သုံးရေသည်
•    အနည်အမှုန်ကင်းရမည်။    •    အရောင်အဆင်း     အနံ့အရသာကင်းရမည်။
•    ကျန်းမာရေးထိခိုက်စေသောပိုးမွှားကင်းစင်ရမည်။    •    ဓါတ်သတ္တုများ    ပါဝင်သင့်သည့်   ပမညဏ်််ထက်မပိုရ။
ရောဂါပိုးပါသည့်ရေကိုသောက်သုံးမိသည့်အတွက်
ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ပိုလီယိုရောဂါ စသည့် ဝမ်းနှင့်ပတ်သက်သည့်ရောဂါများ      ဖြစ်ပွားနိုင်ပါသည်။
သောက်သုံးရေကို  ညစ်ညမ်းစေသော အကြောင်းရင်းများ
•    သောက်သုံးရေကန်    စတင်တည်ဆောက်စဉ်က    စနစ်တကျမရှိခဲ့ခြင်း
•    သောက်ရေကန်မှ    ရေရယူသုံးစွဲပုံစနစ်    မှန်ကန်မှုမရှိခြင်း
•    သောက်သုံးရေကန်    သန့်ရှင်းမှုရှိစေရန်    သတိပေးနှိုးဆောင်ချက်များကို    လိုက်နာကျင့်သုံးမှု   မရှိခဲ့ခြင်း
•    သောက်သုံးရေကန် အနီးဝန်းကျင်တွင်  မစင်၊ အညစ်အကြေးနှင့်  စွန့်ပစ်ပစ္စည်းများရှိနေခြင်း
•    စနစ်တကျတည်ဆောက်ပြီးသော     သောက်သုံးရေကန်များကို     ရေရှည်ထိန်းသိမ်းပြုပြင်မှုမရှိခြင်း
•    သန့်ရှင်းစနစ်ကျသော    သောက်သုံးရေတွင်းဖြစ်စေရန်အတွက်    ရေတွင်းတူးရန်    မြေနေရာကို    ရွေးချယ်ရာ၌    မှန်ကန်မှုမရှိခြင်း
•    အညစ်အကြေးစွန့်ပစ်သောနေရာနှင့်     ပေ(၅၀)ဝေးကွာပြီး      မြင့်သောအပိုင်းတွင်ရှိရမည်။      အထူးသဖြင့်     အိမ်သာ၊     အမှိုက်သရိုက်နှင့်     ရေဆိုးများ စွန့်ပစ်သည့်နေရာထက်      မြင့်သော     အပိုင်းတွင်ရှိရမည်။
•    ရေဝပ်ရေလျှံသောနေရာ  လုံးဝ(လုံးဝ) မဖြစ်စေရ။

သောက်သုံးရေကန်သန့်ရှင်းရေးလုပ်ငန်းများ
ရေ ရယူသုံးစွဲပုံစနစ်
•    ရေကန်အတွင်းမှ   ရေကို   ရယူသုံးစွဲရန်   ကန်ဘောင်ပြင်ပတွင်   လက်နှိပ်တုံကင်   တပ်ဆင်၍     ရေကန်အတွင်းသို့   ရေပိုက်ဆက်သွယ်ကာ ရယူသုံးစွဲနိုင်ပါသည်။
•    ရေကန်အတွင်းသို့   ့လူကိုယ်တိုင်ဝင်ရောက်၊   ခပ်ယူ၊   သယ်ဆောင်ခြင်း   လုံးဝ    မပြုလုပ်ရပါ။


ကလိုရင်းဆေးခပ်ခြင်း
ကလိုရင်းဓါတ်ငွေ့ကို ရေထဲသို့ပျံ့နှံ့သွားအောင် ပြုလုပ်ခြင်းသည် ရောဂါဖြစ်စေသည့် ပိုးမွှားများအား သေကြေပျက်စီးစေနိုင်သည့် နည်းလမ်းဖြင့် ထိန်းချုပ်ခြင်းဖြစ်သောကြောင့် သောက်သုံးရန် သင့်လျော်သော ရေကောင်းရေသန့် ရရှိခံစားရန်အတွက် ဆောင်ရွက်ပေးသော
ရေသန့်စင်ရေး နည်းလမ်းကောင်းတစ်ရပ် ဖြစ်သည်။
•    ရေတွင်းအသစ်တူးပြီးလျှင်၊ ရေတွင်းဆေးကြောပြီးလျှင်၊ ပြင်ပရေဝင်လျှင်၊ ဒေသအခြေအနေအရ ယခင်နှစ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် ကာလမတိုင်မီ၊ ဝမ်းရောဂါဖြစ်ပွားသည်^ဖြစ်ပွားနိုင်သည်ဟု သံသယရှိသောအခါ၊ ရေတွင်းထဲသို့ ညစ်ညမ်းသော     ရေဝင်ရောက်သည့်အချိန်နှင့်     မိုးရွာပြီးသည့်အချိန်များတွင်    ကလိုရင်းခပ်ပေးရပါမည်။
•    ရေအရည်အသွေးနှင့် ရေပမညဏ်််ကိုလိုက်၍ ဆေးခပ်ပေးရပါမည်။ နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင် ပါသည်။
•    မြေသားရေကန်အတွင်းသို့ တိုက်ရိုက်ဆေးမခပ်ရပါ။ သိုလှောင်ထားသော ရေသိုလှောင်ကန်၊ စဉ့်အိုး၊ ရေပုံး စသည်များသို့ ဆေးခပ်ပေးရပါမည်။     လက်တူးရေတွင်းသို့     တိုက်ရိုက်ဆေးခပ်နိုင်ပါသည်။

ကလိုရင်းဆေးခပ်နည်း
•        ရေကန်ရှိ   ရေဂါလန်ပေါင်း   တွက်ချက်နိုင်ရန်   ရေကန်၏   အလျား၊   အနံ(အချင်း)နှင့်   ရေအနက်ကို   ပေဖြင့်      တိုင်းတာပါ။   ရေဂါလန်ပေါင်းကို လေးထောင့်ကန်အတွက် အလျား ထ အနံ ထ ရေအနက် ထ ၆.၂၅ ဖြင့်လည်းကောင်း၊ အဝိုင်းကန်အတွက် ၅ ထ အချင်း ထ အချင်း ထ ရေအနက်ဖြင့်လည်းကောင်း     တွက်ရမည်။
•    ကလိုရင်း (၂၅-၃၅) ရာခိုင်နှုန်းပါသော ဘလိချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင်  ဆေးမှုန့် အောင်စဝက်မှ တစ်အောင်စ (ဟင်းစားစတီးဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း) နှုန်းဖြင့်လည်းကောင်း၊ ကလိုရင်း (၆၅-၇၀) ရာခိုင်နှုန်းပါသော ဘလိချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့် ၄ပုံ၁ပုံ အောင်စမှ အောင်စဝက် (ဟင်းစားစတီးဇွန်း ဇွန်းဝက်မှ တစ်ဇွန်း)နှုန်းဖြင့် လည်းကောင်း ဆေးပမညဏ်််ကို တွက်ရမည်။
•    ထို့နောက်   ရေပုံးတွင်   လက်နှစ်လုံး   ခန့်လျှော့၍   ရေဖြည့်ပါ။   ခွက်ငယ်တစ်ခုတွင်   လိုအပ်သောဆေးပမညဏ်််ကို     ချိန်ထည့်ပြီး   ရေအနည်းငယ် ထည့်၍      မုန့်နှစ်ရည်ကဲ့သို့    ဖြစ်အောင်မွှေပါ။    ၎င်းင်းဆေးဖျော်ရည်အား    ရေဖြည့်ထားသော    ရေပုံးထဲသို့ထည့်၍  သမအောင်မွှေပါ။
•    ရေပုံးကို ရေကန်ထဲသို့ (၂)ပေခန့် မြုပ်အောင်နှစ်ပြီး နေရာအနှံ့ နိမ့်ချည်မြင့်ချည်ပြုလုပ်ပါ။ ရေပုံးကို    ပြန်ဆွဲတင်ပြီး ရေပုံးထဲမှရေကို ရေကန်ထဲသို့     ဖြေးညှင်းစွာလောင်းချပါ။
•    ဆေးခပ်ပြီး မိနစ်(၃၀) အကြာတွင် ကလိုရင်းအြွကင်းအနံ့ရှိ၊ မရှိ စမ်းသပ်ပါ။ အကယ်၍ ကလိုရင်း အြွကင်းအနံ့မရှိပါက
ပထမဆေးခပ်သည့် အတိုင်း ဆေးပမညဏ်််တစ်ဝက်ခန့်ကို ထပ်ခပ်ပါ။ ကလိုရင်းအြွကင်း^အနံ့ရှိကြောင်း သိရှိပါက ကလိုရင်း ဆေးခပ်ခြင်းပြီးမြောက်၍      အသုံးပြုနိုင်ပြီဖြစ်သည်။

သောက်ရေအိုးများတွင်    အသင့်ဖျော်ထားသော    ကလိုရင်းဆေးခပ်နည်း
ဘလိချင်းပေါင်ဒါဆေးမှုန့် ဟင်းစားဇွန်း(၂) ဇွန်းကို ရေ တစ်လီတာဘူးနှင့် ဖျော်ပါ။ ရေတစ်ဂါလံတွင် ၎င်းင်းဆေးဖျော်ရည်ကြည် လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှုန်းဖြင့် သောက်ရေအိုးထဲသို့ ခပ်၍ သုံးပါ။ ဆေးရည်ခပ်ပြီး အနည်းဆုံး (၃၀)မိနစ်ကြာပြီးမှ   သောက်သုံးသင့်ပါသည်။

ကလိုရင်းအြွကင်းအနံ့(ဃူ့သမငညန မနျငိကေူ) ရှိ^မရှိ    စမ်းသပ်နည်း
နည်း(၁)    အနံ့ခံနည်း - ဆေးအသုံးမပြုသော ပုံး၊ ခွက်၊ လက်ဖြင့် ရေကိုယူ၍ အနံ့ခံစမ်းသပ်ပါ။ အနံ့ ရှိလျှင် အြွကင်းရှိသည်။ နည်း(၂)    ကလိုရင်းဆေးခပ်ပြီး ရေတွင် ပိုတက်စီယမ်အိုင်အိုဒိုက် နှစ်ခဲ(သို့)သုံးခဲ ထည့်မွှေ၍ ထမင်းရည် ထည့်လိုက်လျှင်   မိုးပြာရောင်
ပြပါက အြွကင်းရှိပါသည်။
နည်း(၃)    ခေတ်မီ ကလိုရင်းအြွကင်းအနံ့ စမ်းသပ်ကိရိယာများဖြင့်လည်း စမ်းသပ်နိုင်ပါသည်။

ရေကန်ကိုသန့်ရှင်းခြင်း
•    ရေကန်အတွင်းရှိပေါင်းပင်၊        မှော်ပင်များကိုပုံမှန်ရှင်းလင်းဖယ်ရှားပါ။
•    လိုအပ်လျှင်ကန်ထဲရှိရေကိုထုတ်၍ကန်ဆယ်ရမည်။         ဆယ်ရာတွင်အောက်ခြေမြေသားမပေါက်စေရန်သတိပြုပါ။
•    ထိုသို့ဆောင်ရွက်မှုများကို     ဒေသခံများနှင့်    ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
•    လက်နှိပ်တုံကင်မှတစ်ဆင့် ရေကန်ပြင်ပ$ ရေကျကန်ဆောက်လုပ်၍ ရေကိုရယူသုံးစွဲပါ။
သတိပေးဆိုင်းဘုတ်
]ရေကန်အတွင်းသို့  ဝင်ရောက်ပြီးရေမခပ်ရ။}  ဆိုင်းဘုတ်ကို လူအများမြင်သာသည့်နေရာတွင် စိုက်ထူထားရပါမည်။
၉.၄    အစားအစာသန့်ရှင်းရေး
ကျန်းမာရေးနှင့် ညီညွတ်သန့်ရှင်းသော အစားအသောက် ပြင်ဆင်ချက်ပြုတ်စားသောက်ခြင်းသည် ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးစေသည်။ ဝမ်းနှင့်ပတ်သက်သည့်    ရောဂါများဖြစ်ပွားခြင်းကို    ကာကွယ်သည်။
မစင်မှတဆင့်  ရောဂါပိုးများ  အစာထဲသို့ ရောက်ရှိခြင်း
•    ယင်ကောင်သည်   မစင်တွင်   ပေါက်ပွားသည့်   လောက်ကောင်မှ   ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့်   မစင်တွင်ပေါက်၊   မစင်တွင်    နားကာ   လူများ စားမည့်    အစာပေါ်   နားနိုင်ပါသည်။
•    အစားအစာ   အရသာဘယ်လောက်ကောင်းကောင်း   အာဟာရဘယ်လောက်ရှိရှိ   ယင်နားလိုက်သည်နှင့်   မစင်များပေပြီး     ရောဂါပိုး   ဝင်ရောက် နိုင်ပါသည်။

ရေမှတဆင့်  ရောဂါပိုးများ  အစာထဲသို့ ရောက်ရှိခြင်း
•    ယင်လုံအိမ်သာဖြစ်သော်လည်း      ရေတွင်းနှင့်   ပေ(၅၀)မကွာဘဲ   ဆောက်လျှင်သော်လည်းကောင်း၊    အိမ်သာသည်   ရေကန်အမြင့်ပိုင်းတွင် ရှိနေသော်လည်းကောင်း၊    မစင်နှင့်    ရောဂါပိုးများ    ရေထဲစိမ့်ဝင်နိုင်သည့်   အန္တရာယ်ရှိပါသည်။
•    မသန့်စင်သောရေများနှင့်   အိုး၊   ခွက်၊   ပန်းကန်၊   ဟင်းသီးဟင်းရွက်၊   သား၊   ငါးများကို   ဆေးမိလျှင်     ရောဂါရနိုင်ပါသည်။
•    အစားအစာသည်    အရသာနှင့်    အာဟာရမည်မျှပင်ရှိစေကာမူ    သုံးရေ    မသန့်ရှင်းပါက    မစင်ထဲမှရောဂါပိုးများ  ဝင်ရောက်လာနိုင်ပါသည်။
လူမှတဆင့်ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း
•    လက်ကို    ဆပ်ပြာဖြင့်မဆေးဘဲ    အစားအစာကိုကိုင်လျှင်    အစားအစာများထဲသို့   ရောဂါပိုးများရောက်ရှိသွားနိုင်ပါသည်။
•    အစားအစာသည်   အရသာနှင့်   အာဟာရမည်မျှပင်ရှိစေကာမူ   လက်ကို   သန့်ရှင်းအောင်   မဆေးပါက     ရောဂါပိုးများ   ဝင်ရောက်လာနိုင် ပါသည်။
အခြားနည်းလမ်းများမှတဆင့်  ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း
•    ပိုးဟပ်၊   ပုရွက်ဆိတ်စသည့်   အင်းဆက်များ၊   ကြွက်၊   ကြောင်၊   ခွေးစသည့်   တိရိစ္ဆာန်များမှ   တဆင့်ရောဂါပိုးများ    သယ်ဆောင်လာနိုင်ပါသည်။
•    မသန့်ရှင်းသော   ရေနှင့်လောင်းပြီး   စိုက်ပျိုးထားသည့်   ဟင်းသီးဟင်းရွက်များ၊   ငါး   နှင့်အခြား   ရေသတ္တဝါများ၊   ကြက်၊     ငှက်နှင့်အသား၊   ဥများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများတွင်လည်း     ရောဂါပိုးများ    ကပ်နေနိုင်ပါသည်။
မစင်မှရောဂါပိုးများ  အစာထဲမရောက်အောင် ကာကွယ်နိုင်မည့်နည်းလမ်းများ
•    အစားအစာကို    ယင်မနားအောင်    ဖုံးအုပ်ထားပါ။
•    အိုး၊   ခွက်၊   ပန်းကန်များကို   သုံးရေသန့်နှင့်သာ    ဆေးကြောပါ။
•    လက်ကို   ဆပ်ပြာဖြင့်   စင်အောင်ဆေးကြောပြီးမှ   အစာနှင့်   အစာထည့်မည့်   ပန်းကန်ခွက်ယောက်များကို     ကိုင်တွယ်ပါ။
•    ဟင်းသီးဟင်းရွက်၊    သီးနှံ၊    သားငါးများကို    သန့်ရှင်းသောရေနှင့်    စင်ကြယ်အောင် ဆေးကြောပါ။
•    အစားအစာများကို  စားခါနီးမှ  ချက်ပြုတ်ပြီး  ပူပူနွေးနွေးစားသုံးပါ။
•    အသား၊   ငါး၊   ဥများကို   ကိုင်တွယ်ပြီးတိုင်း   လက်၊   ဓါး၊   စဉ်းတီတုံးများကို   သေချာစွာဆေးကြောပါ။
•    အသားစိမ်း၊ ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်များကို သီးခြားစီထုပ်ပိုးရမည်။ (ဖြစ်နိုင်ပါက ပလပ်စတစ်အိတ်ပျော့၊ အင်ဖက်၊    ငှက်ပျောရွက်တို့ဖြင့်   ထုပ်ပိုးသင့်ပါသည်။)
၉.၅    ပတ်ဝန်းကျင်သန့်ရှင်းရေး
ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာဆိုသည်မှာ လူ့မစင် အညစ်အကြေးအား ရေ၊ မြေ၊ လေ၊ ပိုးမွှား၊ တိရိစ္ဆာန်တို့ကြောင့် လူတို့ထံ    ပြန်လည်မရောက်ရှိစေရန်    စနစ်တကျ    စွန့်ပစ်သိုလှောင်    ဖုံးအုပ်ထားရှိ  အသုံးပြုသောအိမ်သာမျိုးဖြစ်သည်။

ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာတစ်လုံးတွင် ပါဝင်သင့်သည့်အစိတ်အပိုင်းများ
၁။    အိမ်သာအဆောက်အဦး
လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းစွာရရှိရမည်။ သုံးစွဲသူ သက်တောင့်သက်သာရှိရပါမည်။ တတ်နိုင်ပါက အခိုင်အခန့် ဆောက်နိုင်ပါသည်။     ဒေသထွက်ပစ္စည်းနှင့်လည်းဆောက်နိုင်ပါသည်။     အရှက်လုံရပါမည်။
၂။    အိမ်သာခွက်
ဘိုထိုင်အိုး၊    အိမ်သာေြွကခွက်၊    ပလတ်စတစ်အိမ်သာခွက်များကို   သုံးစွဲရပါမည်။
၃။    အိမ်သာခွက်အဖုံး
အိမ်သာခွက်မျက်နှာပြင်အား ယင်မနားစေရန်နှင့် အိမ်သာကျင်းအတွင်း ယင်မဝင်စေရန် အိမ်သာခွက် အဖုံးသည် အံကျဖြစ်နေရမည်။ အဖုံး၏ လက်ကိုင်အရိုးသည် နှစ်တောင်(သုံးပေ) ခန့်ရှိရမည်။ အိမ်သာတက်ပြီးတိုင်း ပြန်လည်ဖုံးအုပ်ထားရန်လိုပါသည်။
၄။    အိမ်သာကျင်း
မိသားစုသုံးအိမ်သာအတွက် ၅ နှစ်ခန့်အသုံးပြုနိုင်စေရန် လူကြီးလက်ခုတ်တစ်ဖောင်ကျော် (၈ ပေ)ခန့်၊ အချင်း နှစ်တောင် (၃ ပေ) ခန့် တူးရပါမည်။ မြေအောက်ရေနီးပါက အနက်ကို ရေကြောနှင့် ခွာ၍ လျှော့တူးနိုင်ပါသည်။ မြေမာလွန်း၍ အနက်မတူးနိုင်ပါက ကျင်းခပ်ကျယ်ကျယ် အလျားလိုက် တူးနိုင်သည်။ အနက် (၄  ပေ)ခန့်ရှိသင့်ပါသည်။
၅။    အိမ်သာကျင်းအကာအရံ
နှစ်ထပ်ကျင်းဝါးခွေကို သုံးနိုင်ပါသည်။ အတွင်းဝါးခွေသည် အချင်း နှစ်တောင်(၃ ပေ)ရှိ၍ အမြင့်မှာ မြေကျင်းအောက်ခြေမှ မြေပြင် အထက် အမြင့် တစ်တောင်ကျော် (ရေလွှမ်းသောဒေသများတွင် အမြင့်ဆုံးရေပြင်၏ အထက်တစ်တောင်ခန့်) ရှိရပါမည်။ အပြင်ဝါးခွေမှာ မြေပြင်အောက်အနက် နှစ်ပေခန့်နှင့် မြေပြင်အထက်အမြင့် တစ်တောင်ကျော် (ရေလွှမ်းသောဒေသများတွင် အမြင့်ဆုံး ရေပြင်၏ အထက် တစ်တောင်ခန့်) ရှိရပါမည်။ ဝါးခွေနှစ်ခွေကြားတွင် ဖို့မြေအား သိပ်နေအောင် ဖြည့်ပေးရပါမည်။ ဝါးကူသရွတ် ကွန်ကရစ်ခွေကို လည်းကောင်း၊ ရေတွင်းကာ ကွန်ကရစ်ခွေကိုလည်းကောင်း တတ်နိုင်သလို အသုံးပြုနိုင်ပါသည်။
၆။    ဖို့မြေနှင့် အိမ်သာကျင်းအဖုံး
ဝါးခွေနှစ်ထပ်ကာရံထားသော အိမ်သာကျင်းအတွက် အဆိုပါ ဝါးခွေနှစ်ထပ်ပေါ်တွင် သစ်^ ဝါးလုံးတန်းများကို ခိုင်မြဲ၍စိနေအောင် ချည်နှောင်ပါ။   အထက်မှပလတ်စတစ်စ(သို့)   ပီနံအိတ်ခွံဖြင့်   လုံခြုံအောင်ဖုံးအုပ်ပါ။   ထို့နောက်မြေကြီးကို   အထက်မှအောက်သို့  လျှောစောင်း ဖြစ်အောင်ဖို့ရပါမည်။ ဝါးကူသရွတ်ကျံကွန်ကရစ်ခွေနှင့် ရေတွင်းကာကွန်ကရစ်ခွေတို့အတွက် ကွန်ကရစ်ဖြင့် အဖုံးပြုလုပ်၍ ဖုံးအုပ်ရပါမည်။

မြေဆွေးကျင်းအိမ်သာ
•    မစင်စွန့်ပစ်ပြီးတိုင်း မြေကြီး (သို့မဟုတ်) ပြာဖြင့် လုံအောင်   ဖုံးအုပ်ရပါမည်။
•    ဤသို့တစ်လွှာစီ ဖုံးအုပ်ပြီး ၁ဝ လမှ ၁၂လအကြာတွင် မြေဆွေးအဖြစ်    အသုံးပြုနိုင်ပါသည်။

ရေလောင်းအိမ်သာ
ရေရရှိသောနေရာများအတွက်     သင့်လျော်ပါသည်။
•    သို့သော်    သန့်ရှင်းရေးမှန်မှန်ပြုလုပ်ရန်    လိုအပ်ပါသည်။
•    ရေများများသုံးနိုင်လေလေ     အနံ့သက်သာလေဖြစ်ပါသည်။

ရေသိုးကန်(ှနစအငခ ွှညေု) အိမ်သာ
ဤအိမ်သာမျိုးသည် မိလ’ာရေတွင်ပါဝင်သော ညစ်ညမ်းသည့် အရာဝတ္တုများအား အနည်ထိုင်စေရန် လေမလိုသော ဗက်တီးရီးယားများမှ ချေဖျက်စေရန်နှင့် အနည်ရည်များ သိုလှောင်ရန်တို့အတွက် ရေလုံ၊ လေလုံကန် (အုတ်၊ ကွန်ကရစ်)တစ်ခုနှင့် အရည်စစ်ကန်တစ်ခုတို့ ပါရှိ ပါသည်။
အထူးသတိပြုရန်မှာ- အနှစ်ရည်များ မိလ’ာအဝင်ပိုက်အောက် ကန်အနက်၏ သုံးပုံတစ်ပုံခန့်ရှိလာလျှင် စုပ်ထုတ်၍ စနစ်တကျစွန့်ပစ်ရန် လိုအပ်ပါသည်။
အကောင်းဆုံးအိမ်သာသည်-
•    ယင်လုံရမည်။    •    အနံ့လုံရမည်။
•    အရှက်လုံရမည်။    •    သန့်ရှင်းရမည်။
•    မစင်မှရောဂါမပြန့်ပွားစေရန်      တားဆီးနိုင်ရမည်။
ဆောက်လုပ်ပြီး  အိမ်သာ  တာရှည်သုံးစွဲနိုင်ရန်  မိသားစုတိုင်းတွင် တာဝန်ရှိပါသည်။
•    မသုံးစွဲမီ ရေအနည်းငယ်လောင်းချပါ။
•    သုံးပြီးလျှင် ရေဖြင့်သန့်ရှင်းအောင် ဆေးချပါ။ (ရေဇလုပ်မပါသော ပလတ်စတစ် အိမ်သာခွက်ဖြစ်ပါက အသုံးပြုပြီး   ပြန်လည်ဖုံးအုပ်ပါ။)
•    အိမ်သာကျင်းအပေါ် ရေများ စီးကျမှုမရှိအောင် ဆောင်ရွက်ထားပါ။
•    အိမ်သာကျင်းပေါ် တိရိစ္ဆာန်များ မနင်းမိအောင် ကာကွယ်ပေးပါ။
ယင်လုံအိမ်သာ  သုံးစွဲပါက
•    ယင်ကောင်နှင့် မစင်ထိတွေ့နိုင်ခြင်း မရှိတော့ပါ။
•    မစင်မှရောဂါပိုးများ    ယင်ကောင်တွင်ကပ်ပါလာကာ    ယင်နားသောအစာထဲသို့    ဝင်ရောက်နိုင်ခြင်း   မရှိတော့ပါ။
•    အိမ်သာတွင်းထဲတွင် ယင်ပေါက်ပွားနိုင်ခြင်း မရှိတော့ပါ။
•    ယင်လုံသည်နှင့်အမျှ      အနံ့လည်းလုံသွားမည်ဖြစ်ပါသည်။
•    မစင်အညစ်အကြေးများကို     မမြင်ရတော့သဖြင့်    စိတ်ချမ်းသာရပါသည်။
၉.၆    ကိုယ်လက်လှုပ်ရှား အားကစား
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရမည့် အမျိုးအစား၊ ပြင်းထန်မှု၊ အချိန်နှင့်အကြိမ်တို့ကို် စီစဉ်ရေးဆွဲထားသည့် အစီအစဉ် အတိုင်း    စနစ်တကျ    ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းဖြစ်သည်။

ခန္ဓာကိုယ်လှုပ်ရှားမှု
နေ့စဉ်လုပ်နေကျ ထိုင်၊ ထ၊ လမ်းလျှောက် စသည်များ၊ အသက်မွေးဝမ်းကျောင်းအလိုက် လုပ်ကိုင်ရသောလှုပ်ရှားမှု၊ အားလပ်နားနေ  ချိ်န်မှာ   ပြုလုပ်သော   လှုပ်ရှားမှုတို့   ပါဝင်ပါသည်။
ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် ဆေးဝါးမပါ၊ အကုန်အကျ  သက်သာပြီး  မိမိကိုယ်တိုင်  ဆောင်ရွက်နိုင်သောလုပ်ငန်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဖြစ်ပါသည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်  ရရှိနိုင်သော  အကျိုးကျေးဇူးများ
ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အောက်ပါ ရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်ပွားနှုန်းနည်းစေခြင်း
နှင့် ရောဂါရှိသော်လည်း ကျန်းမာစွာနေနိုင်စေပါသည်။
(၁)    နှလုံးနှင့်သွေးကြောရောဂါများ၊
(၂)    သွေးတိုးရောဂါ
(၃)    အဝလွန်ရောဂါ၊
(၄)    သွေးချိုဆီးချိုရောဂါ
(၅)    ခါးနာရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ
(၆)    သွေးတွင်    အဆီဓါတ်များခြင်း၊
(၇)    ကင်ဆာရောဂါများ
(၈)    သွေးကြောတွင်း    သွေးခဲပိတ်ရောဂါ
(၉)    စိတ်ကျရောဂါ၊    စိတ်ပူပင်သောကရောဂါ
(၁၀)    မှတ်ဉညဏ််််ချို့ယွင်းမှုရောဂါ၊     သူငယ်ပြန်ရောဂါများ

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ်အမျိုးမျိုးတွင် သေဆုံးနှုန်းကို လျော့နည်းကျဆင်း စေသည့်အပြင် အသက်အရွယ် အိုမင်းသည်အထိ သူတပါး အကူအညီမလို ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ပျော်ရွှင် ကျန်းမာသောဘဝ ရရှိ နိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့်  ပတ်သက်၍  သိထားသင့်သော အခြေခံအချက်များ
•    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ငယ်စဉ်ကလေး ဘဝကစ၍ ပြုစုပျိုးထောင်လာရပါမည်။
•    ရောဂါရှိသော်လည်း    (သို့)    အသက်အရွယ်ကြီးလာသော်လည်း    သင့်လျော်သော    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ  ပြုလုပ်နိုင်ပါသည်။
•    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် လေ့ကျင့်ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ အချိန်ကြာမြင့်မှုနှင့် အကြိမ်တို့အပေါ် မူတည်၍ အကျိုးကျေးဇူးရရှိမှု     ကွာခြားပါသည်။
ကျန်းမာရေးအတွက်  အကျိုးရှိစေမည့်  ကိုယ်လက်လှုပ်ရှား  လေ့ကျင့်ခန်း  (၄)မျိုး
၁။    သက်လုံကောင်းမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်း
ဤလေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာရှိ ြွကက်သားအများစု ပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသောလေ့ကျင့်ခန်းဖြစ်ပါသည်။ သက်လုံ ကောင်းလာခြင်းဖြင့် မိမိလုပ်လိုသော အလုပ်များကို ပိုမိုလုပ်ကိုင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါများကိုလည်း မဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။
သက်လုံကောင်းမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းများ
•    လမ်းလျှောက်ခြင်း      (ပြင်ပ^လမ်းလျှောက်စက်)
•    ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း
•    စက်ဘီးစီးခြင်း
•    ရေကူးခြင်း၊ လှေလှော်ခြင်း
•    ဘောလုံး၊   ဘော်လီဘော၊   ဘတ်စကက်ဘောကစားခြင်း
•    ကြက်တောင်ရိုက်ခြင်း၊    တင်းနစ်ရိုက်ခြင်း
•    အေရိုးဗစ် ကစားခြင်း
•    လှေကားအဆင်းအတက်ပြုလုပ်ခြင်း
•    ခြေလျင်တောင်တက်ပြုလုပ်ခြင်း
၂။    ြွကက်သားအင်အားသန်မာမှုှုနှင့်     သက်ဆိုင်သောလေ့ကျင့်ခန်း
ကိုယ်ခန္ဓာရှိ ကြွက်သားများကြီးထွားသန်မာ လာစေရန် ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ ြွကက်သားအင်အားသန်မာမှုသည် ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှား လုပ်ကိုင်နိုင်မှုအတွက် အဓိကအထောက်အကူပြုပါသည်။ မူလချိနဲ့နေသူများအတွက် ကြွက်သားအင်အား အနည်းငယ်တိုးရုံဖြင့် အမှီအခိုကင်းစွာ လှုပ်ရှားသွားလာ ပြုလုပ်နိုင်ပါမည်။ ခန္ဓာကိုယ်အဆီမတိုးအောင် ထိန်းသိမ်းနိုင်သဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့အတွက်    ကာကွယ်တားဆီးကုသရန်    အထောက်အကူပြုပါသည်။
ြွကက်သားအင်အားသန်မာမှုအတွက်လေ့ကျင့်ခန်း
•    အလေးမ (အလေးတုံး^အလေးမစက်များအသုံးပြုခြင်း)
•    စပရိန်များ^မျှော့ကြိုးများ  အသုံးပြုသော လေ့ကျင့်ခန်းများ
•    မိမိကိုယ်ခန္ဓာအလေးချိန်ကို    အသုံးပြုသော    လေ့ကျင့်ခန်းများ    -    ဒိုက်ထိုးခြင်း၊    ဘားတန်းခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်း
၃။    ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှု     နှင့်သက်ဆိုင်သောလေ့ကျင့်ခန်း
ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းပေးနိုင်သော လေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်ဟန်ချက်ပျက်၍ လဲကျခြင်းစသော မတော်တဆထိခိုက် ဒါဏ်ရာရခြင်းများကို     ကာကွယ်ပေးပါသည်။
ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှု      နှင့်သက်ဆိုင်သောလေ့ကျင့်ခန်းများ
•    ခြေတစ်ချောင်းထောက်ရပ်ခြင်း
•    ထိုင်နေရာမှ    လက်ကိုင်အားပြုမသုံးဘဲ    မတ်တပ်ရပ်ခြင်း
•    ဘယ်ညာတစ်လှည့်စီ    ဖနောင့်နှင့်    ခြေဖျားထိပ်  ထိကပ်လမ်းလျှောက်ခြင်း
•    ထိုက်ကျိကစားခြင်း
•    ခန္ဓာကိုယ်ဟန်ချက်ထိန်း    ဘောလုံးပျော့များ၊    ဘုတ်ပြားများ   အသုံးပြုလေ့ကျင့်ခြင်း
၄။    ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်     သက်ဆိုင်သောလေ့ကျင့်ခန်း
ခန္ဓာကိုယ်အရိုးအဆစ်များကို ပျော့ပျောင်းစေသော လေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်အရိုးအဆစ်များ ပျော့ပျောင်းခြင်းသည် ထိခိုက် ဒါဏ်ရာရမှု၊    လဲကျမှုတို့ကို    ကာကွယ်တားဆီးပေးနိုင်ပါသည်။
ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်     သက်ဆိုင်သောလေ့ကျင့်ခန်းများ
•    ထိုက်ကျိ
•    ယောဂ
•    အကြောအဆစ်များ    ဆွဲဆန့်ပေးခြင်း

သတိပြုရန်
ပျော့ပျောင်းလွန်းက    အဆစ်လွဲတတ်ပါသည်။    တင်းလွန်းက    အကြောြွကက်သားများ  ပြတ်တတ်ပါသည်။


ကိုယ်လက်လှုပ်ရှား  လေ့ကျင့်ခန်း လုပ်ရမည့်အတိုင်းအတာ
ကလေးနှင့်   လူငယ်များ
•    ပြင်းထန်မှုအတော်အသင့်ရှိသည့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း (သို့) ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို နေ့စဉ်   (၆၀)   မိနစ်   ပြုလုပ်သင့်ပါသည်။
•    ပြင်းထန်သော   ကိုယ်လက်လှုပ်ရှား   လေ့ကျင့်ခန်းကို   တစ်ပတ်လျင်   (၃)   ရက်   ခန့်ပါသင့်ပါသည်။
•    တစ်နေ့ (၆၀) မိနစ် ပြုလုပ်သည့်အထဲတွင် ြွကက်သားအင်အား သန်မာမှုအတွက် ြွကက်သားအုပ်စုများစွာ ပါဝင်သော လေ့ကျင့်ခန်းနှင့် အရိုးသန်မာစေသော လေ့ကျင့်ခန်း ဥပမာ- ကြိုးခုန်ခြင်းကို အနည်းဆုံး တစ်ပတ်လျင် (၃) ရက် ပါဝင်သင့်ပါသည်။
လူကြီး
•    ပြင်းထန်မှုအတော်အသင့်ရှိသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (ဥပမာ- တစ်နာရီ ၃မိုင်နှုန်း လမ်းလျှောက်ခြင်း)ကို တစ်ပတ်လျင် ၁၅ဝ မိနစ်ခန့်ပြုလုပ်ပါ။
•    ြွကက်သားအင်အားသန်မာမှုအတွက် ြွကက်သား အုပ်စုများစွာပါဝင်သော လေ့ကျင့်ခန်း ကို တစ်ပတ်လျင် (၂) ရက်နှင့်အထက် ပြုလုပ်သင့်ပါသည်။
•    ပြင်းထန်သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း (ဥပမာ- ရွရွပြေးခြင်း၊ တစ်နာရီ ၅မိုင်နှုန်းနှင့် အထက်ပြေးခြင်း) ကို တစ်ပတ်လျှင် ၇၅ မိနစ်ခန့်ပြုလုပ်ပါ။
•    ပြင်းထန်မှုအတော်အသင့်ရှိသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ (၃၀) မိနစ် တစ်ပတ်လျင် (၃) ရက် ပြုလုပ် နိုင်ပါသည်။
•    ပြင်းထန်သော   ကိုယ်လက်လှုပ်ရှား   လေ့ကျင့်ခန်းကို်   တစ်နေ့   (၁၅)   မိနစ်   တစ်ပတ်လျင်   (၂)   ရက်ပြုလုပ်နိုင်ပါသည်။
အသက်   (၆၅)နှစ်   နှင့်အထက်  လူကြီးများ
•    လူကြီး    အတိုင်းအတာအတိုင်း    ဆောင်ရွက်နိုင်ပါသည်။
•    သို့သော်   ကိုယ်လက်   လှုပ်ရှား   အလေ့အကျင့်   မရှိသူများနှင့်   ပိုမိုအိုမင်းလာပါက     ချင့်ချိ်န်ဆောင်ရွက်ရပါမည်။
•    အသက်    (၅၀)    ကျော်လာပါက    ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး  ဆောင်ရွက်ပါကပိုကောင်းပါသည်။
•    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိသူများပင်လျင် ဆရာဝန်နှင့် တိုင်ပင်ပြသဆောင်ရွက် နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ
ကိုယ်ဝန်ဆောင်စဉ်အတွင်းနှင့်မွေးဖွားပြီးချိန်တွင်
•    ပြင်းထန်မှုအတော်အသင့်ရှိသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (ဥပမာ- တစ်နာရီ ၃မိုင်နှုန်း လမ်းလျှောက်ခြင်း) ကို တစ်ပတ်လျှင်   ၁၅ဝ   မိနစ်ခန့်    ဆောင်ရွက်သင့်ပါသည်။
•    လေ့ကျင့်ခန်း    ဆောင်ရွက်ခြင်းကို    ပုံမှန်ဆောင်ရွက်သင့်ပါသည်။
•    ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဆောင်ရွက်နေကျဖြစ်ပါက ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ သို့သော် ဆရာဝန်နှင့်     တိုင်ပင်ဆောင်ရွက်သင့်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်   ကာလတွင်
•    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတင်ပြုလုပ်မည် ဆိုပါက ပြင်းထန်မှု နည်းနည်းနှင့်စ၍ ဖြေးဖြေးချင်းတိုး၍သာ ဆောင်ရွက် သင့်ပါသည်။
•    ကိုယ်ဝန်ဆောင်စဉ် ကာလတွင် ပက်လက် လဲလျောင်း ဆောင်ရွက်ရသော၊ ချော်လဲနိုင်သော၊ ဝမ်းဗိုက်ထိခိုက်နိုင်သော လေ့ကျင့်ခန်းများ     ရှောင်ကြဉ်သင့်ပါသည်။
ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် အချိန်မကျမီ ကလေး စောမွေးခြင်း၊ ပေါင်မပြည့်သော  ကလေးမွေးခြင်း၊  ကိုယ်ဝန်ပျက်ခြင်း၊  ကလေးကြီးထွားမှု  ထိခိုက်ခြင်း၊  မိခင်နို့ထွက်ပြောင်းလဲခြင်းတို့မဖြစ်ပါ။
လေ့ကျင့်ခန်း  ပြင်းထန်မှုကို  ခန့်မှန်းခြင်း
သတိမူမိသောပင်ပန်းမှုနှုန်း
ပြင်းထန်မှုအတော်အသင့်
•    အင်အားစိုက်ထုတ်လုပ်ကိုင်ရပြီး အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းမြန်စေနိုင်သော အတိုင်းအတာ

ပြင်းထန်
•    အင်အားပိုမိုစိုက်ထုတ်လုပ်ကိုင်ရပြီး အသက်ရှူနှုန်း အလွန်မြန်ကာ ရင် (နှလုံး) တဒိန်းဒိန်း ခုန်စေနိုင်သော   အတိုင်းအတာ

သတိပြုရန်အချက်များ
•    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတင်ပြုလုပ်မည် ဆိုပါက ပြင်းထန်မှု နည်းနည်းနှင့်စ၍ ဖြေးဖြေးချင်းတိုး၍သာ ဆောင်ရွက်သင့်ပါသည်။ (အထူးသဖြင့် မူလက ကိုယ်လက်လှုပ်ရှားမှု နည်းသူဖြစ်ပါက)
•    ြွကက်သားအင်အားသန်မာမှုအတွက်     လေ့ကျင့်ခန်းများပြုလုပ်စဉ်     အသက်အောင့်မထားပါနှင့်။     သွေးပေါင်ချိန်   တက်စေနိုင်ပါသည်။
•    ထိခိုက်မှုကာကွယ်သော   အားကစားအထောက်အကူပစ္စည်းများ   သုံးစွဲပါ။   (ဥပမာ   -     စက်ဘီးစီးဦးထုပ်)
•    ရေ များများသောက်ပေးပါ။
•    ခါးကွေးဆန့်မှုပါဝင်သော လှုပ်ရှားမှုများအတွက် တင်ပါးနေရာမှ ကွေးဆန့်ပါ။ ခါးမှ ကွေးဆန့်ခြင်း    မပြုလုပ်ပါနှင့်။
•    ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မစတင်မီ သွေးပူလေ့ကျင့်ခန်းနှင့် လေ့ကျင့်ခန်းအပြီး  သွေးအေးလေ့ကျင့်ခန်းပြုလုပ်ပါ၊
•    ပြုလုပ်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းသည် အလွန်မောပမ်းနွမ်းနယ်စေပြီး ခန္ဓာကိုယ်နာကျင်စေသည့် အတိုင်းအတာ မဖြစ်ရပါ။
အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ
ကိုယ်လက်   လှုပ်ရှား   လေ့ကျင့်ခန်းပြုလုပ်စဉ်   ကာလတွင်
•    ယခင်မရှိခဲ့သော  ဝေဒနာ  တစ်ခုခု ခံစားရခြင်း
•    ခေါင်းမူးဝေခြင်း
•    အသက်ရှူ မဝခြင်း၊ အသက်ရှူကြပ်ခြင်း
•    ရင်ဘတ်အောင့်ခြင်း
•    ကိုယ်အလေးချိန်ကျလာခြင်း
•    ကိုယ်လက်ကိုက်ခဲဖျားနာခြင်း
•    အဆစ်အမြစ်ယောင်ခြင်း
•    ခြေဖဝါး၊ ခြေကျင်းဝတ်နာခြင်း
•    အူကျရောဂါဖြစ်လာခြင်း
မူလကတည်းက နာတာရှည်ရောဂါ (နှလုံးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါရှိသူများ)သည် မိမိတို့နှင့် သင့်လျော်သော ပြုလုပ်ရမည့် လေ့ကျင့်ခန်း အမျိုးအစားနှင့် ပြင်းထန်မှု အတိုင်းအတာတို့ကို သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်သင့်ပါသည်။
•    ပျော်ရွှင်ကျန်းမာသော ဘဝရရန် ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်းထက် ခန္ဓာကိုယ်လှုပ်ရှား ဆောင်ရွက်မှုများရှိခြင်းက ပေးစွမ်းနိုင်ပါသည်။ ခန္ဓာကိုယ်လှုပ်ရှားဆောင်ရွက်မှုများရှိခြင်းထက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းက  ပို၍ပေးစွမ်းနိုင်ပါသည်။
•    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းသည် ပျော်ရွှင်ကျန်းမာသောဘဝ ရရှိနိုင်ရန် လူတိုင်းအတွက် ကောင်းမွန်စိတ်ချရသော နည်းလမ်းကောင်းဖြစ်ပါသည်။
•    နှလုံးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါရှိသူများပင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရောဂါ ကုသရာတွင် အထောက်အကူပေးပါသည်။

အကြံပြုချက်
•    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ကို ယနေ့မှစပြီး  စတင်ပါ။
•    ကိုယ်လက်လှုပ်ရှား    လေ့ကျင့်ခန်းကို    တစ်ပိုင်တစ်နိုင်   ကြိုးစားဆောင်ရွက်ပါ

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...