မြန်မာ့ပညာရေးအကြောင်း တွေးမိသမျှ(၂)


ပညာရေးနှင့်ပတ်သက်လို့  ကျွန်တော်ဆက်ရေးချင်လာတယ်….
ဘာကြောင့်လဲဆိုတော့ စနစ်တကျဖျက်ဆီးခံလိုက်ရတဲ့ အကြောင်းကိုရှင်းပြချင်လို့ ပါ။
၁။မူလတန်းအဆင့်ပညာရေးကတော့ ရှေ့ မှာရှင်းပြပြီးပါပြီ။
၂။အထက်တန်းအဆင့်ပညာရေး
ကျွန်တော်တို့ အနေနှင့် တက္ကသိုလ်ဝင်တန်းကိုဘယ်လို ကျော်ဖြတ်ခဲ့ပါသလဲ…
ကျွန်တော်တို့ အစ်ကိုတွေတုံးက ၀ိဇ္ဇာ၊သိပ္ပံ…
ကျွန်တော်တို့ ကျတော့  ဘာသာစုံ
ကျွန်တော့်ညီတွေကျတော့ ၀ိဇ္ဇာ၊သိပ္ပံ၊၀ိပ္ပံ
ကဲ အ၇ည်အချင်းစစ်စာမေးပွဲရဲ့ တည်ငြိမ်မှုကိုဖျက်ဆီးတယ်
ဘာကြောင့်လဲ…ပြောင်းလည်းမှုနှင့်လိုက်ပြီး သင်ကြားမှုကိုလိုက်မပြောင်းနိုင်တဲ့အခါမှာ
ဆရာတွေကလည်း အလွယ်နည်းဖြစ်တဲ့ ဘယ်လိုလုပ်ပေးရင်အောင်မလဲဆိုတာကို စဉ်းစားလာတယ်
ဒီအတွက်ကြောင့်ပဲ သင်ခန်းစာတွေကို မေးခွန်းနှင့်လိုက်လျောညီထွေဖြစ်အောင် ဖြတ်ညှပ်ကပ်ပြီးသင်
ပေးခဲ့တယ်…ဒီလိုသင်ပြီးတဲ့အခါမှ ဆက်လက်သင်ယူနိုင်သူတွေကို ထပ်ဆောင်းပြန်သင်ရတယ်…
ခင်ဗျားတို့ ကိုယ်တိုင် တက္ကသိုလ်ဝင်တန်းကိုဖြတ်ညှပ်ကပ်ပြီးအောင်သလားဆိုတာပြန်စဉ်းစားပါ။
ပညာတစ်ခုကို သင်ယူဖို့ သတ်မှတ်ပေးထားတဲ့ ပြဌာန်းစာအုပ်ဆိုတာ ဒီအသက်ဒီအတန်းမှာ ဒီလောက်တော့ သိသင့်တယ်ဆိုပြီးပြဌာန်းခဲ့တာပါ…ဒါကိုမှ စာမေးပွဲအောင်ဖို့  ဖြတ်ပြီးကျက်မှတ်လေ့လာခဲ့တယ်ဆိုရင်တော့ …စဉ်းစားသာကြည့်ပါတော့
ကျွန်တော်ကတော့ အာမခံတယ်…ဒီအသက်ဒီအတန်းမှာ ဒီလောက်တော့သိသင့်တယ်လို့ ပြဌာန်းခဲ့ရင်
လူစဉ်မှီနိုင်ဖို့ အတွက် သိအောင်လုပ်ခဲ့တယ်..ပြီးမှ ကျွန်တော့်ဆရာတွေရဲ့ သင်ဖျားညွန်းတမ်းတွေကို
လေ့လာခဲ့တယ်….မြန်မာပြည်မှာ ဒီလိုလူတွေအများကြီး၇ှိပါတယ်…
နောက်တစ်ခု ကျွန်တော်ဆက်ပြောမယ်…ကျောင်းသားတိုင်းက ဘယ်သူမှအလွယ်မလိုက်ချင်ဘူး…
အကုန်သိချင်တတ်ချင်ကြတာပါ..သို့ သော်လည်း လက်ခံနိုင်မှုစွမ်းအားမတူကြတဲ့အခါ ဆရာတွေကလည်း ဘာဖြစ်ဖြစ် ကျောင်းသားကိုကျေနပ်စေဖို့ အတွက် စာမေးပွဲဖြေဆိုနည်းကို
သင်ပေးလိုက်ရတယ်။
နောင်တစ်ချိန် တက္ကသိုလ်ကိုရောက်တော့လည်း စာမေးပွဲဖြေနည်းကိုသိသွားတဲ့အတွက်
ပညာဆည်းပူးဖို့ ထက် စာမေးပွဲအောင်ဖို့ ကို ဦးစားပေးခဲ့ကြတယ်။အားလုံးကိုမဆိုလိုပေမဲ့
တော်တော်များများတော့ ပါဝင်ပါလိမ့်မယ်။
ဒါကတော့ တက္ကသိုလ်ဝင်တန်းအဆင့်မှာ ထပ်မံဖျက်ဆီးခံရတာပါ…
နောက်တစ်ခါ တက္ကသိုလ်တွေကို အကြောင်းရှာပြီး ခဏခဏပိတ်တယ်…
ဒီလိုပိတ်လိုက်တဲ့အတွက် ကျောင်းသားတွေကို လမ်းပေါ်ရောက်သွားစေတာပါပဲ…
နောက်တစ်ခါ ပြန်ဖွင့်တော့လည်း တစ်ခုခြင်းပြန်ဖွင့်တဲ့အတွက် မိမိဝါသနာမပါတဲ့ဘာသာကို.တက်
လိုက်ရတဲ့သူတွေပေါ်ထွက်လာစေတယ်။
အခုမှ ဘွဲ့ ရတိုင်းပညာမတတ်ဘူးဆိုတဲ့စကားကို လာမပြောကြပါနှင့်…
ကျွန်တော်ကတော့ ကျွန်တော့ဘွဲ့ နှင့်ထိုက်တန်တဲ့ ပညာကိုတတ်တယ်..အာမခံတယ်
ကျွန်တော့်လို အာမခံနိုင်သူတွေလည်း အများကြီးရှိတယ်…
နောက်ပိုင်းမှာ အလွန်အခြေခံခိုင်မာတဲ့ တက္ကသိုလ်သင်ကြားရေးစနစ်ကို ဘယ်လိုဖျက်ဆီးသလဲဆိုတာ ဆက်ရေးပေးပါမယ်…..
ဘယ်သူတွေဖျက်ဆီးခဲ့သလဲဆိုတာ မေးချင်သေးသလား…..
အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူဆိုတဲ့စကားကို လက်ကိုင်ထားသူတွေပါ….
အနှစ်ပါလာရင် ထောင်ထဲထည့်လိုက်တော့တာပါပဲ…..

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...