မွေးပြီးနောက်ပိုင်း မွေးကင်းစကလေးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မွေးပြီးနောက်ပိုင်း  မွေးကင်းစကလေးအား  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း


ပုံမှန်ကလေး  (ကျန်းမာပြီး  ကိုယ်အလေးချိန်  ၂.၅   ကီလိုဂရမ်နှင့်အထက်) ဖြစ်ပါက


•      ပထမအကြိမ်အဖြစ်  မွေးပြီးပြီးချင်း   ပထမနေ့  (၂၄)နာရီအတွင်းတွင်  စောနိုင်သမျှစောစော


•      ဒုတိယအကြိမ်အဖြစ်  မွေးပြီး  (၃)ရက်မြောက်နေ့


•      တတိယအကြိမ်အဖြစ် မွေးပြီး  (၇)ရက်မြောက်နေ့များတွင် မွေးကင်းစ  ပြုစုစောင့်ရှောက်မှု ရရှိရန်လိုပါသည်။


သေးငယ်သောကလေး (၂-၂.၄ ကီလိုဂရမ်) ဖြစ်ပါက


•      ပထမအကြိမ် ဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနတွင်   မွေးဖွားပါက မွေးပြီးနောက်ပိုင်း (၂၄)နာရီအတွင်း၊ အိမ်တွင််ဖြစ်စေ မည်သည့်နေရာတွင်  မွေးဖွားသည်ဖြစ်စေ  မွေးပြီးနောက်ပိုင်း(၂၄)နာရီအတွင်း   စောနိုင်သမျှစောစော

•      ဒုတိယအကြိမ်အဖြစ် မွေးပြီး  ၄၈   နာရီမှ   ၇၂နာရီအတွင်း


•      တတိယအကြိမ်အဖြစ် မွေးပြီး  ၇  ရက်မှ   ၁၄ရက်အတွင်း


•      စတုတ္ထအကြိမ်အဖြစ် မွေးပြီး  ရက်သတ္တပတ်(၆)ပတ်အတွင်း မွေးကင်းစ  ပြုစုစောင့်ရှောက်မှု ရရှိရန်လိုပါသည်။




မွေးကင်းစကလေးငယ်များအား   မကိုင်တွယ်မီနှင့်  ကိုယ်တွယ်ပြီးတိုင်း  မည်သူမဆိုလက်ကို  ဆပ်ပြာဖြင့်  စင်ကြယ်အောင်  ဆေးကြောရမည်။ (၂)ကီလိုဂရမ်အောက်ကလေးကို  ဆေးပေးခန်း^ဆေးရုံသို့   ချက်ချင်းလွှဲပို့ရမည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...