အရက်စွဲအန္တရာယ်

အရက်စွဲအန္တရာယ်
အရက်ကို လွန်ကျွံစွာနှင့် စွဲလန်းစွာသောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများမှာ အသည်း ရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ စိတ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

အရက်ကြောင့်ဖြစ်သောရောဂါများ
•    ကယောင်ကတမ်းဖြစ်ခြင်း၊ ကြောက်လန့်ခြင်း၊ အချိန်၊ နာရီ၊ နေရာ၊ လူ ခန့်မှန်းနိုင်စွမ်းမရှိခြင်း၊ ကြောက်လန့်စရာများ မြင်ရခြင်း၊ အသံဗလံများ ကြားရခြင်း၊ ပိုးမွှားများ ခန္ဓာကိုယ်ပေါ် ရွစိရွစိသွားသလို ခံစားရခြင်း၊  လက်တုန်ခြင်း
•    အရက်အလွန်အကျွံ သောက်သည့်အခါတွင် လူမရှိဘဲ နားထဲတွင် ခေါ်သံများ၊ ခြိမ်းခြောက်သံများ၊ စော်ကားမော်ကားသံများ ကြားနေ ရတတ်ခြင်း
•    အတက်ရောဂါ    ဖြစ်တတ်ခြင်း  (ဝက်ရူးပြန်ရောဂါကဲ့သို့   တက်ခြင်း)
•    အရက်ကို    ရုတ်တရက်ဖြတ်လိုက်ပါက    အရက်ဖြတ်  လက္ခဏာများဖြစ်ပေါ်လာခြင်း
•    စိတ်ဓာတ်ကျရောဂါ    ဖြစ်တတ်ခြင်း


•    အရက်ငန်းဖမ်းခြင်း၊ အိပ်မပျော်ခြင်း
•    စိတ်ဖောက်ပြန်ခြင်း
•    ပန်းသေ^ပန်းညှိုးရောဂါဖြစ်ခြင်း
•    ဦးနှောက်ချို့ယွင်းခြင်း
•    သားသမီးမရခြင်း
•    အရက်နှင့်မတည့်သောသူများသည်    အရက်အနည်းငယ်သောက်ရုံဖြင့်    ရုတ်တရက်    စိတ်ဖောက်ပြန်တတ်ခြင်း
•    မိမိ၏ဇနီးကို အထင်အမြင်လွဲမှားခြင်းများ ဖြစ်တတ်ခြင်း
•    အရက်ကြောင့် ရာဇဝတ်မှု ကျူးလွန်သည်အထိ ဖြစ်နိုင်ခြင်း
အထက်ပါဆိုးကျိုးများကို မခံစားရစေရန် အရက်သောက်သုံးခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ အရက်ကို စွဲလမ်းစွာသောက်သုံးခြင်းတို့မှ      ရှောင်ကြဉ်ရန်လိုအပ်ပါသည်။

အရက်စွဲနေသူကို  ကူညီကုသခြင်း
•    အရက်ကြောင့်   ကျန်းမာရေး   ၊   လူမှုရေး   ၊   စီးပွားရေး   ထိခိုက်နိုင်ကြောင်းကို    ဆွေးနွေးပေးပါ။
•    နီးစပ်ရာ   ဆေးရုံ   ၊   ဆေးခန်းတွင်   စနစ်တကျ   စစ်ဆေး   ကုသမှု   ခံယူရန်   တိုက်တွန်းပါ   ၊  ကူညီပါ။
•    အရက်သောက်ထားစဉ် အန္တရာယ်ရှိသော စက်ယန္တရားနှင့် ယာဉ်များ မမောင်းရန် အကြံပေးပါ။
•    မသောက်ရမနေနိုင် စွဲလမ်းနေသူများ ၊ အရက်ကို နှစ်ရှည်လများ ဆက်တိုက်သောက်နေသူများသည် မိမိဘာသာ မည်သည့်ဆေးမျှမပါဘဲ ဖြတ်ပါက အန္တရာယ်ဖြစ်နိုင်သဖြင့် နားလည်တတ်ကျွမ်းသော ဆေးရုံ၊ ဆေးခန်းတို့တွင် ဖြတ်သင့်ပါသည်။ အရက်ဖြတ်ဆေးအား ဆရာဝန် ညွှန်ကြားမှသာ   တိုက်ပါ။
အရက်ဖြတ်ထားသူတစ်ယောက်သည်    အရက်ကိုပြန်လည်မသောက်မိစေရန်  အောက်ပါတို့ကို သတိပြုဆင်ခြင်ရမည်။
•    အရက်သောက်သည့်    အပေါင်းအသင်းများနှင့်    မကြာခဏ   တွေ့ဆုံစားသောက်ခြင်း
•    အရက်သောက်သည့်    အသိုက်အဝန်းသို့    ပြန်လည်  ရောက်ရှိသွားခြင်း
•    ဝေဖန်ကဲ့ရဲ့မှုကို မခံနိုင်ခြင်း
•    စိတ်ခံစားလွယ်ပြီး အတက်အကျ မြန်လွန်းခြင်း
•    ဆုံးရှုံးခဲ့မှုများကို အမှတ်ရ ခံစားနေခြင်း
•    အိပ်ရေးပျက်ခြင်း
•    အားလပ်ချိန်၊ အချိန်ပိုများနေသော်လည်း အချိန်ကို အကျိုးရှိအောင်အသုံးမပြုတတ်ခြင်း
အရက်စွဲရောဂါဖြစ်ပွားပါက  စိတ်ကျန်းမာရေးဆေးရုံနှင့်  ကုသရေးဌာနများတွင်  စနစ်တကျ ကုသမှုခံယူရန်လိုအပ်ပါသည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...