ဆေးလိပ်၊ဆေးရွက်ကြီးအန္တရာယ်အကြောင်းသိကောင်းစရာ

ဆေးလိပ်၊         ဆေးရွက်ကြီးအန္တရာယ်အကြောင်းသိကောင်းစရာ
ဆေးရွက်ကြီးထွက်ပစ္စည်း  အမျိုးအစား
ဆေးရွက်ကြီးထွက်ပစ္စည်းကို   (   ၂   )မျိုး   ခွဲခြားနိုင်သည်။
(က) အငွေ့ထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်း (စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊ ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့   ပါဝင်သည်။)
(ခ)    အငွေ့မထွက်သော    ဆေးရွက်ကြီးထွက်ပစ္စည်း    (ကွမ်းထဲတွင်    ဗမာဆေး၊    နှပ်ဆေး၊ ဆေးပေါင်းစသည့်   ဆေးထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း    စသည်တို့   ပါဝင်သည်။)

ဆေးလိပ်မီးခိုးငွေ့တွင်  ပါဝင်သော ဓါတ်ပစ္စည်းများ
ဆေးလိပ်မီးခိုးငွေ့တွင် ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း(၅၀)ကျော် အပါအဝင် ဓါတ်ပစ္စည်းပေါင်း (၄၀၀၀)ကျော် ပါဝင်သည်။



ဆေးလိပ်ဆေးရွက်ကြီးကို  အဘယ့်ကြောင့် စွဲလမ်းကြသနည်း။
ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်းဓါတ်ကို စွဲလမ်းကြခြင်းဖြစ်ပါသည်။ နီကိုတင်း၏ စွဲလမ်းစေသော အာနိသင်ကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးတို့ကို စတင်စမ်းသပ် သောက်သုံးကြည့်ရာမှ တဖြည်းဖြည်း ပို၍ စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရ မနေနိုင်အောင်၊ ကွမ်းမစား^ဆေးမငုံရမနေနိုင်အောင် ဖြစ်လာကြသည်။

ဖြစ်ပွားစေသော ရောဂါများ
ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့် ဆေးပါသော ကွမ်းစားခြင်းတို့ကြောင့် အောက်ပါရောဂါ များကို ဖြစ်ပွားစေပါသည်။
•    ခံတွင်းကင်ဆာ၊    လည်ချောင်းကင်ဆာ၊    အဆုတ်ကင်ဆာနှင့်   ကင်ဆာရောဂါအမျိုးမျိုး
•    နှလုံးသွေးကြောကျဉ်း။သွေးကြောပိတ်ခြင်း၊     ရုတ်တရက်    နှလုံးခုန်ရပ်ခြင်း
•    ဦးနှောက်သွေးကြောပိတ်၍    လေဖြတ်ခြင်း
•    အဆုတ်ပြွန်န်ရောင်ခြင်း    (အဆုတ်ပွရောဂါ)
•    ပြင်းထန်သည့်    သွေးတိုးရောဂါ
•    ခြေပုပ်လက်ပုပ်ရောဂါ    (ခြေ၊    လက်ဖြတ်ပစ်ရ  သည်အထိဖြစ်တတ်ပါသည်)
•    ပန်းသေ^ပန်းညှိုးရောဂါ

ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်း တို့ကြောင့်    အထက်ဖော်ပြပါရောဂါများအပြင်    အောက်ပါတို့ကို   ဖြစ်ပွားစေပါသည်။
•    သားပျက်သားလျှောခြင်း(ကိုယ်ဝန်ပျက်ခြင်း)
•    လမစေ့ ပေါင်မပြည့်သောကလေး မွေးဖွားခြင်း
•    မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းချက် ပါလာခြင်း
•    မွေးကင်းစကလေး ရုတ်တရက် သေဆုံးခြင်း
•    ကလေးအသေ မွေးဖွားခြင်း

ဆေးလိပ်သောက်သုံးသူ၏  ပတ်ဝန်းကျင်အတွက် အန္တရာယ်
•    ဆေးလိပ်ငွေ့ကို   ရှူရှိုက်ရသော   လသားကလေးများ   ရုတ်တရက်   သေဆုံးခြင်း၊     အဆုတ်ရောဂါဖြစ်ခြင်း၊
•    ကလေးငယ်များ    ရင်ကြပ်ပန်းနာဖြစ်ခြင်း၊    နားပြည်ယိုခြင်း
• ဆေးလိပ်ငွေ့သည် သောက်သုံးသူကိုသာမက ရှူရှိုက်ရသည့် ပတ်ဝန်းကျင်ရှိ လူများကို ထိခိုက်စေပါသည်။ သို့ဖြစ်၍ အများပြည်သူနှင့် ဆိုင်သောနေရာများ (ဥပမာ-ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ လေအေးပေးစက်တပ်ထားသော အလုံပိတ်အခန်းများ၊ ခရီးသည် တင်ယာဉ်များ   စသည်)   တွင်   ဆေးလိပ်မသောက်သင့်ပါ။
ကျန်းမာရေးအသိရှိသူတိုင်း  အောက်ပါတို့ကို  သတိပြုလိုက်နာပါ။
•    ဆေးလိပ်၊ဆေးရွက်ကြီးကို အစပြုလျှင် စွဲတတ်သောကြောင့် လုံးဝ အစမပြုပါနှင့်။
•    မိဘပြည်သူများက သားသမီးများနှင့် ကလေးသူငယ်များကို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အစမပြုမိကြစေရန် ဝိုင်းဝန်း စောင့်ရှောက်ကြပါ။ သတိပေးကြပါ။ ကလေးငယ်များရှေ့တွင် ဆေးလိပ်သောက်ခြင်း၊ ကလေးငယ်များအား ဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကို     ရှောင်ကြဉ်ပါ။
•    မိမိကိုယ်တိုင်လည်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကို ဖြတ်နိုင်ရန် ကြိုးစားပါ။
•    မိသားစုဝင်များနှင့် မိတ်ဆွေများ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကို ဖြတ်နိုင်ရန်လည်း တိုက်တွန်းအားပေး  ကူညီပါ။
လိုအပ်ပါက  နီးစပ်ရာ  ကျန်းမာရေးဝန်ထမ်းနှင့်  ဆွေးနွေး   တိုင်ပင်ပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...