နားလေးရောဂါ
မြန်မာနိုင်ငံတွင်လူဦးရေ၏ (၁၁%) သည်နားရောဂါတစ်ခုခုဖြစ်ပွားနေပါသည်။ ဆိုးရွားစွာနားလေးသူမှာ လူဦးရေ၏ (၄%) ရှိသည်။ အရေးကြီးသောနားလေးရောဂါများမှာ နာတာရှည် နားပြည်ယိုရောဂါ၊ သက်ကြီးနားလေးရောဂါ ၊ မွေးကင်းစနှင့် ကလေးနားလေးရောဂါနှင့် ဆူညံသံကြောင့်ဖြစ်သော နားလေးရောဂါ တို့ဖြစ်သည်။
နာတာရှည်နားပြည်ယို ရောဂါ
• (၃) လထက်ပို၍ဆက်တိုက်နှာရည်ယိုခြင်း (သို့) နားပြည်ယိုခြင်း ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်သည်။
• နားလေးခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်းစသည့်နောက်ဆက်တွဲဖြစ်တတ်သည်။
• စနစ်တကျဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းဖြင့် အမြစ်ပြတ်ပျောက်ကင်းနိုင်ရန် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ (သို့မဟုတ်) သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ ညွှန်းပို့ပါ။
သက်ကြီးနားလေးရောဂါ
• အသက်(၅၀)ကျော်မှ စတင်ကာ အကြားအာရုံကြောအားနည်း၍ နားလေးတတ်သည်။
• နားနှစ်ဘက်လုံးနားလေးပါက ပြောဆိုဆက်ဆံရေးခက်ခဲကာ စိတ်ဓါတ်ကျတတ်သည်။
• နားကြားကိရိယာတပ်ဆင်ပေးရမည်။
မွေးကင်းစနှင့်ကလေး နားလေးရောဂါ
• မွေးကင်းစကလေး အသားဝါရောဂါဆိုးရွားခြင်း၊ ကိုယ်အလေးချိန်မပြည့်၊ လမစေ့ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အချိုဆေးဝါးများသုံးစွဲခြင်း စသည် တို့ကြောင့် နားလေးရောဂါဖြစ်ရသည်။
• အသက်(၆)လအောက်ကလေးငယ်များကို အသံကျယ်ကျယ်ပေးပါက တုန့်ပြန်မှုရှိရမည်။ မရှိပါက စက်ဖြင့် စမ်းရန်လိုသည်။
• နားလေးကြောင်းအသိနောက်ကျခြင်း၊ ကုသမှုမခံယူခြင်းကြောင့် ဆွံ့အနားမကြားဖြစ်ရသည်။
• အသက်(၂)နှစ်မတိုင်မီ စနစ်တကျကုသပါက ဆွံ့အခြင်းမှ ကာကွယ်နိုင်သည့်အတွက် အချိန်မီ လွှဲပြောင်းပေးရန်လိုသည်။
ဆူညံသံကြောင့်ဖြစ်သောနားလေးရောဂါ
• ကျယ်လောင်သောဆူညံသံ (သို့ ) သီချင်းကိုကြာရှည်စွာ နားထောင်ခြင်း၊ နားကြပ်အသုံးပြု၍ သီချင်းကို ကြာရှည်စွာနားထောင်၍ နားလေး ရောဂါဖြစ်တတ်သည်။
• အသံကျယ်လောင်သော အလုပ်ပတ်ဝန်းကျင်တွင် နားအကာအကွယ် အသုံးပြုရမည်။
• ကျယ်လောင်သော သီချင်းသံကို ကြာမြင့်စွာနားထောင်ခြင်းမှ ရှောင်ကြဉ်ရပါမည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...