မြွေအန္တရာယ်
မြွေဆိုးကိုက်သောအခါ ေြွမ၏ မေးရိုးရှိြွကက်သားများက အဆိပ်အိတ်ကို ဖိနှိပ်သဖြင့် ဆေးထိုးအပ်ဖြင့် ထိုးသွင်းသကဲ့သို့ အဆိပ်များသည် ကိုက်သည့်နေရာအတွင်းသို့ ဝင်သွားပါသည်။ ြွကက်သားဖိအားဖြင့် ထိုးသွင်းခံရသောအဆိပ်ကို ပြန်ထုတ်ယူရန်မလွယ်ပါ။
မြွေဆိပ်သည်ကိုက်သောနေရာမှ ကိုယ်ခန္ဓာတစ်ခုလုံးသို့ သွေးပြန်ကြောငယ်များ၊ ပြန်ရည် ကြောငယ်များမှ ပျံ့နှံ့ပါသည်။ ထိုအကြောများကို အနည်းငယ်ဖိရုံမျှဖြင့် သွေးစီးခြင်းကို ရပ်တန့်စေနိုင်သဖြင့်
(၁) မြွေကိုက်ခံရသည့်နေရာကို ရရာသန့်ရှင်းသော အဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။ အားဖြင့် ဖိမပွတ်ရ။ ရေအလွယ်တကူရနိုင်လျှင် ရေဖြင့်ဆေးပါ။
(၂) အလျား(၃)လက်မ၊ အနံ(၃)လက်မ၊ အထူတစ်လက်မခွဲအရွယ် အဝတ်ခေါက်ထူထူ (သို့မဟုတ်) ပတ်တီးခေါက် (သို့မဟုတ်) ရာဘာရေမြှုပ်စ တစ်ခုကို ဒဏ်ရာပေါ်တွင် တင်ပါ။
(၃) လက်ဖမိုး ခြေချောင်းများတွင် မြွေကိုက်ခံရပါက အဝတ်ခေါက်ကို သင့်တော်ရာ အရွယ်ပြုလုပ်၍ ဒဏ်ရာပေါ်တင်ပါ။
(၄) အဝတ်ခေါက်၏ အပေါ်တွင်ပတ်တီး (သို့မဟုတ်) အဝတ်စ (သို့မဟုတ်) အားကစားပတ်တီးကို မြဲရုံ တင်းရုံ (ခြေဆစ်လက်ဆစ်များ နာကျင်သည့်အခါတွင် စည်းနှောင်သလောက်သာ) စည်းပါ။
(၅) ဒဏ်ရာကိုပတ်တီးစည်းပြီးပါက ဝါးခြမ်း (သို့မဟုတ်) တုတ်ချောင်းရှည်ဖြင့် ေြွမကိုက်ခံရသော ခြေ (သို့မဟုတ်) လက်တစ်ချောင်းလုံးကို ကပ်၍ ကြပ်စည်းပါ။ ခြေဆစ်၊လက်ဆစ်၏ အထက်နှင့် အောက်တို့ တွင်ကြိုး (သို့မဟုတ်) ပတ်တီးဖြင့်ချည်နှောင်ရမည်။
(၆) ခြေလက်တစ်ချောင်းလုံး အရှည်ရှိသောတုတ်ချောင်း မရနိုင်ပါက ဝါးခြမ်းနှစ်ခု၊ သုံးခုကို သင့်လျော်သလို ဆက်၍သုံးပါ။
(၇) လူနာကို လှုပ်ရှားမှု လုံးဝမပြုလုပ်စေဘဲ နီးစပ်ရာဆေးရုံဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရမည်။
(၈) ဖြစ်နိုင်ပါက မြွေသေကို တစ်ပါတည်း ယူဆောင်လာပါ၊ ကိုက်သောမြွေကို သိရှိပါက မှန်ကန်တိကျသော မြွေဆိပ်ဖြေဆေးကို အချိန်မီထိုးနိုင်ရန် အထောက်အကူပြုသည်။
မြွေကိုက်ခံရပါက အောက်ပါတို့ကို ရှောင်ကြဉ်ရမည်။
(၁) ဒါဏ်ရာကို ဓါးဖြင့်ခွဲခြင်း၊ မီးစဖြင့်ထိုးခြင်း
(၂) လူနာကို အရက်တိုက်ခြင်း၊ အခြားဆေးမြီးတိုများတိုက်ခြင်း
(၃) ဆေးလိမ်းခြင်း၊ နှိပ်ခြင်း၊ ပွတ်ခြင်း
(၄) မြွေမြီးကိုဖြတ်၍ မြိုခြင်း၊
(၅) မြွေကိုက်ဒါဏ်ရာ၏ အထက်ဖက်တွင် ကြိုးဖြင့်တင်းကြပ်စွာ ချည်နှောင်ခြင်းသည် ခြေလက်များ ပုပ်တတ်ခြင်းအပြင် ကြိုးဖြည်လိုက်ပါက အဆိပ်ပျံ့နှံ့မှုကို လျင်မြန်စေပါသည်။
(၆) လူနာကို လမ်းလျှောက်ခြင်း၊ လှုပ်ရှားစေခြင်း မပြုစေရပါ။ လက်တွင် မြွေကိုက်ခံထားသူပင်ဖြစ်စေ လှုပ်ရှားမှုကြောင့် အဆိပ်ကို ပိုမို လျင်မြန်စွာ ပျံ့နှံ့စေသောကြောင့်ဖြစ်သည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...