၇.၁ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ကာလဝမ်းရောဂါပိုး (ဠငဘမငသ ဃ့သူနမနေ) ကဲ့သို့သော ရောဂါပိုးများ ပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေသည်။
• ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်လိုက်သော မစင်တွင် ပါဝင်သည်။
• ဝမ်းလျှောရောဂါ ပြင်းထန်သောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခမ်းသွားသောကြောင့် အရည် ခမ်းခြောက်ခြင်းကို ဖြစ်စေသည်။
• ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူခြင်းမရှိက အသက်ဆုံးရှုံးနိုင်သည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
• မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း • အိမ်သာတက်ပြီး လက်မဆေးခြင်း
• ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှုအားနည်းခြင်း • အစားမစားမီ လက်ကိုစင်ကြယ်စွာမဆေးခြင်း
• ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း • တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း
• ပတ်ဝန်းကျင် သန့်ရှင်းမှုနည်းပါးခြင်း^မရှိခြင်း
• တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း
ရောဂါလက္ခဏာများ
• အရည်ဝမ်းသွားခြင်း
• အော့အန်ခြင်း
• ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများလျင်မြန်စွာ ဆုံးရှုံး၍ အားအင်ကုန်ခမ်းခြင်း၊ <ကက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ပြင်းထန်သောလက္ခဏာရှိက အသက်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရောဂါဖြစ်ပွားလျှင် ဖြစ်ပွားချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကုသမှုခံယူပါ။
ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရန်
• ရေကိုကျိုချက်၍သော်လည်းကောင်း၊ ကလိုရင်းဆေးခပ်၍သော်လည်းကောင်း အသုံးပြုပါ။
• အစားအစာများကို ယင်မနားစေရန် ဖုံးအုပ်ထားပါ။
• အစားအစာများကို ပူပူနွေးနွေးစားပါ။
• မှိုတက်နေသော အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်။
• သန့်ရှင်းသော ယင်လုံအိမ်သာများ ဆောက်လုပ်အသုံးပြုပါ။
• အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
• လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ရ။ (ဆေးရုံတက်လူနာများ ဆေးရုံတွင်သာ သီးသန့်လျှော်ဖွပ်ပါ။)
• ကလေးငယ်များ၏ မစင်ကိုလည်း ယင်မနားအောင်စနစ်တကျစွန့်ပစ်ပါ။
• အစားအစာများကို မကိုင်မီ၊ အစားအစာများကို မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
• ဝမ်းပျက်ဝမ်းလျှောပြင်းထန်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။ ဓာတ်ဆားရည်သောက်ပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...