စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေး
စိတ်ကျန်းမာခြင်း ဆိုသည်မှာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏    အဓိပ္ပါယ်ဖွင့်ဆိုချက်အရ    လူတစ်ယောက်သည်-
•    စိတ်ရောဂါ ဝေဒနာ မခံစားရခြင်းသာမက
•    မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် မိမိ၏ အားနည်းချက်များကို အမှန်အတိုင်း   လက်ခံနိုင်ခြင်း၊
•    သာမန်တွေ့ကြုံနေရသည့်     စိတ်ဖိစီးမှုများကို    ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊
•    မိမိနေထိုင်ရာ   ပတ်ဝန်းကျင်တွင်   လိုက်လျော   ညီထွေစွာ   နေထိုင်   ဆက်ဆံနိုင်ခြင်း၊
•    မိမိတစ်ဦးတည်းအတွက်သာမက ၊ မိမိနေထိုင်ရာဒေသ လူမှုအသိုင်းအဝန်းအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေများနှင့် ပြည့်စုံနေပါမှ စိတ်ကျန်းမာရေးနှင့် ပြည့်စုံနေသည်ဟု  ဆိုနိုင်သည်။
စိတ်ကျန်းမာရေး  ချို့ယွင်းစေနိုင်သော  အကြောင်းရင်းများ
သန္ဓေသား^ မိခင်တွင် ဖြစ်ပွားသည့် ရောဂါများ
ကလေးဘဝ ဦးနှောက်နှင့် အာရုံကြော ရောဂါ^ဒဏ်ရာ
မျိုးရိုးဗီဇ
စိတ်ရောဂါ
ကလေးဘဝ အတွင်း စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံရမှုများ
ဦးနှောက် နှင့် အာရုံကြော ရောဂါ^ဒဏ်ရာ
အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း
 စိတ်ဖိစီးမှုများ
အခြား ရောဂါများ

အဖြစ်များသော စိတ်ရောဂါများ
(က)    စိတ်ဖေါက်ပြန်ရောဂါ
စိတ်ဖေါက်ပြန်သည့်   လက္ခဏာများ
•    ပြောဆိုသူမရှိဘဲ သူများမကြားရသောအသံများ ကြားရခြင်း၊ သူများမမြင်သောအရာများ မြင်ရခြင်း၊ အနံ့မရှိဘဲ အနံ့များ ရတတ်ခြင်း၊ ပစ္စည်းမရှိဘဲ အတွေ့အထိခံစားရခြင်း
•    အပြုအမူများ မူမမှန်ခြင်း၊ ရုတ်တရက်ကြမ်းတမ်းခြင်း၊ ဒေါသဖြစ်ခြင်း၊ တခါတရံ မလှုပ်မယှက်ဘဲ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေ တတ်ခြင်း
•    သာမန်အားဖြင့်   နားမလည်နိုင်သော၊   လက်မခံနိုင်သော   သံသယစိတ်များ    လွန်ကဲနေခြင်း
•    ရောဂါဖြစ်နေသော်လည်း၊    ကိုယ့်ကိုယ်ကို    နေကောင်းနေသည်၊    ရောဂါလုံးဝမဖြစ်ဟု  ထင်နေခြင်း
•    တစ်ယောက်တည်း စကားပြောနေခြင်း၊ တစ်ယောက်တည်း ပြုံးခြင်း၊ တစ်ဦးတည်း အကြောင်းမဲ့ ခဏခဏရယ်ခြင်း
•    စကားပြောမမှန်ဘဲ    အဆက်အစပ်မရှိသော    စကားများပြောခြင်း
•    တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းပြီး ရေချိုးရန်၊ အဝတ်အစားလဲရန်၊ အလွန်ပြောဆိုရခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း
•    အတွေးအခေါ်များ ချို့ယွင်းလာခြင်း၊ မဟုတ်မမှန်သော၊ မှားယွင်းသော ယုံကြည်ချက်များရှိခြင်း၊ ရှင်းပြ၍မရခြင်း
•    နေ့စဉ်ပုံမှန်လုပ်ဆောင်နေကြအလုပ်များ     မလုပ်ကိုင်နိုင်တော့ခြင်း၊     မည်သည့်အလုပ်မှမလုပ်ဘဲ    အလကားနေခြင်း
•    လူ့အသိုက်အဝန်းကို    ရှောင်ကြဉ်လာခြင်း၊    လူများနှင့်မတွေ့လိုတော့ဘဲ    တစ်ယောက်တည်းနေတတ်လာခြင်း
(ခ)    စိတ်ကျရောဂါ
စိတ်ကျရောဂါ   လက္ခဏာများ
•    စိတ်ပျော်ရွှင်မှုမရှိခြင်း
•    စိတ်အားငယ်၍ ဝမ်းနည်းနေခြင်း၊ မျက်ရည်ကျခြင်း
•    စိတ်ရောကိုယ်ပါ     ထိုင်းမှိုင်းနှေးကွေးနေခြင်း
•    ညစဉ်ရက်ဆက်အိပ်မပျော်ခြင်း၊ အထူးသဖြင့် သန်းခေါင်ကျော်လျင် နိုးနေပြီး ပြန်အိပ်မပျော်ခြင်း
•    အစားအသောက်ပျက်ပြီး      ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း
•    ဝမ်းသာစရာရှိသော်လည်း    မပျော်နိုင်ခြင်း
•    အရာရာကို စိတ်ပါဝင်စားမှုမရှိခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း
•    ပင်ပန်းနွမ်းနယ်နေပြီး      အားမရှိသကဲ့သို့ခံစားရခြင်း
•    မိမိကိုယ်ကိုယ်    အပြစ်ရှိသည်၊    ကြီးမားသောအမှားများ    လုပ်ခဲ့မိသည်ဟု  မှားယွင်းစွာယုံကြည်နေခြင်း
•    သေကြောင်းကြံစည်ရန်    စိတ်ကူးများရှိနေခြင်း၊    အားထုတ်ခြင်း

(ဂ)    စိတ်ြွကရောဂါ
စိတ်ြွကရောဂါ   လက္ခဏာများ
•    စိတ်ရောကိုယ်ပါ  အထူးတက်ြွကနေခြင်း    •    ကရားရေလွှတ်    အဆက်မပြတ်စကားပြောခြင်း
•    ဘဝင်မြင့်ခြင်း    •    အလွန်အမင်းပျော်ရွှင်နေခြင်း
•    အသုံးအဖြုန်းများခြင်း    •    အလှအပပြင်ဆင်မှုလွန်ကဲခြင်း
•    ကြမ်းတမ်းစွာပြုမူတတ်ခြင်း    •    အအိပ်နည်းခြင်း
•    အဆင်အခြင်ကင်းမဲ့ခြင်း    •    ကာမရာဂစိတ်များခြင်း
စိတ်ဖေါက်ပြန်၊ စိတ်ြွက၊ စိတ်ကျသောရောဂါလက္ခဏာများတွေ့ရှိပါက
•    လူနာအား   ညင်သာစွာဆက်ဆံပါ။
•    ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အနည်းဆုံး ၆ လမှန်မှန်သောက်ခိုင်းပါ။
•    လိုအပ်ပါက တစ်လတစ်ကြိမ် ဆေးထိုးခိုင်းပါ။
•    စိတ်ြွကသောလူနာများကိုလည်း      ၎င်းင်းအတိုင်းပေးနိုင်ပါသည်။
•    စိတ်ြွကသောသူများကို    မြှောက်ထိုးပင့်ကော်   မလုပ်ပါစေနှင့်။
•    သူတို့နှင့်ဆန့်ကျင်ဘက်ပြောလျင်    လူနာအခြေအနေ    ပိုဆိုးရွားတတ်ပါသည်။
•    စိတ်ကျနေသောလူနာများ    သေကြောင်းကြံစည်မှု    မဖြစ်နိုင်ရန်    အိမ်သားများက   ဂရုစိုက်စောင့်ကြည့်ပါ။
•    လူနာပြန်လည်နေကောင်းပါက      အလုပ်ပြန်လုပ်ခိုင်းပါ။
•    လူနာများအား လူမှုအသိုက်အဝန်းထဲသို့ ပြန်ဝင်နိုင်ရန် ကူညီပါ။
•    လိုအပ်ပါက နီးစပ်ရာ စိတ်ကျန်းမာရေးဌာန၊ ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ပေးပါ။
(ဃ)    စိုးရိမ်စိတ်လွန်ရောဂါ
စိုးရိမ်စိတ်လွန်ရောဂါ    လက္ခဏာများ
•    ခြေဖျား၊ လက်ဖျားအေးခြင်း၊ ရင်တုန်ခြင်း၊ ဇက်ထိုးခေါင်းကိုက်ဖြစ်ခြင်း၊ အကြောတက်ခြင်း
•    စိုးရိမ်စိတ်လွန်ကဲခြင်း၊     စိတ်ပူပန်မှုများခြင်း
•    အတွေးများပြီး  ညဉ့်ဦးပိုင်း အိပ်မပျော်ခြင်း
•    ပင်ပန်းနွမ်းနယ်ခြင်း
•    ဆူညံသံ  မခံနိုင်ခြင်း၊  နားပူ  မျက်စိရှုပ် မခံနိုင်ခြင်း

•    အာရုံစူးစိုက်မှုအားနည်းခြင်း၊      ကြာကြာအာရုံမစိုက်နိုင်ခြင်း
•    မဖြစ်သေးသောကိစ္စများကို     ကြိုတင်တွေးပြီးပူပန်ခြင်း၊    စိုးရိမ်ကြောက်ရွံ့ခြင်း
•    မိမိကိုယ်ကို   ရောဂါတစ်ခုခု   ခံစားနေရသည်ဟု   ယူဆပြီး   ဆေးရုံ၊   ဆေးခန်း၊   ဆရာဝန်များထံသို့   မကြာခဏ    ပြသရခြင်း

စိုးရိမ်စိတ်လွန်ရောဂါလက္ခဏာများတွေ့ရှိပါက
•    လူနာ၏အခက်အခဲများကို    စိတ်ရှည်စွာ    နားထောင်ပေးခြင်းဖြင့်    သက်သာစေနိုင်ပါသည်။
•    ဤကဲ့သို့ လက္ခဏာများ ခံစားနေရခြင်းသည် စိုးရိမ်စိတ်များမှုကြောင့်ဖြစ်ကြောင်း စိတ်ရှည်စွာရှင်းပြပေးပါ။
•    လူနာအနေဖြင့်    စိတ်ကိုဖြေလျော့ထားပါက    ကိုယ်ရောစိတ်ပါတောင့်တင်းနေမှုများ    လျော့နည်းသွားနိုင်ကြောင်း    ရှင်းပြပေးပါ။
•    လူနာကို ပုံမှန်လုပ်ငန်းများလုပ်ခိုင်းပါ။ မလိုအပ်ပဲ  အနားမယူပါစေနှင့်။
•    ယုံကြည်ရာဘာသာရေးနည်းလမ်းများဖြင့်လည်း      သက်သာစေနိုင်ပါသည်။
(င)    အရက်စွဲခြင်း (စာမျက်နှာ ၁၇၈ နှင့် ၁၇၉တွင် ဆက်လက်ဖော်ပြထားပါသည်။) အရက်စွဲခြင်း၏   လက္ခဏာများ
•    အရက်အလွန်အကျွံသောက်ခြင်း
•    အရက်မသောက်ရလျှင်    ခြေလက်တုန်ခြင်း၊    ကတုန်ကယင်ဖြစ်ခြင်း
•    နံနက်ပိုင်းတွင်    အရက်သောက်တတ်ခြင်း
•    အရက်မူးခဲ့ပြီး ညကအဖြစ်အပျက်များကို နောက်တစ်နေ့နံနက်တွင် လုံးဝမမှတ်မိခြင်း
•    သတိလစ်ခြင်း၊   တက်ခြင်း
•    အရက်ကြောင့်    စိတ်ဖောက်ပြန်တတ်ခြင်း
•    အရက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပြဿနာများဖြစ်ပေါ်တတ်ခြင်း
 (စ)    မူးယစ်ဆေးစွဲခြင်း
မူးယစ်ဆေးစွဲခြင်း၏    လက္ခဏာများ
•    ပတ်ဝန်းကျင်အပေါ်      စိတ်ဝင်စားမှုနည်းပါးလာခြင်း
•    စိတ်လက်မအီမသာခံစားရခြင်း
•    လှုပ်ရှားသွားလာမှုများ     နှေးကွေးလေးလံလာခြင်း
•    အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာခြင်း
•    ဆင်ခြင်တုံတရားများ    လျော့ပါးလာခြင်း
•    ပေါင်းသင်းဆက်ဆံရေး၊    မိသားစုတာဝန်    နှင့်    အလုပ်တာဝန်များလစ်ဟင်းလာခြင်း
•    ဆေးသုံးစွဲမှုလွန်ကဲသွားပါက    သူငယ်အိမ်ကျဉ်းမြောင်းနေခြင်း၊    အသက်ရှူရခက်ခဲလာခြင်းနှင့်    သတိလစ်ခြင်းဆိုသည့်    လက္ခဏာစု(၃)   ခု   တွေ့နိုင်ပါသည်။

မူးယစ်ဆေးပြတ်ခြင်း၏    လက္ခဏာများ
•    ပျို့အန်ခြင်း၊    ရင်တုန်ခြင်း    •    ဂနာမငြိမ်ဖြစ်ခြင်း
•    ကိုယ်၊   လက်၊   အဆစ်အမြစ်များ   ကိုက်ခဲခြင်း    •    မျက်ရည်ယိုခြင်း၊    နှာရည်ယိုခြင်း၊   သမ်းခြင်း
•    ချွေးထွက်လွန်ခြင်း    •    ကြက်သီးထခြင်း
•    သူငယ်အိမ်ကျယ်နေခြင်း    •    ဝမ်းပျက်ခြင်း
•    ကိုယ်အပူချိန်   တက်လိုက်   ကျလိုက်ဖြစ်ခြင်း    •    ဝမ်းဗိုက်အောင့်ခြင်း
စိတ်ြွကရူးသွပ်ဆေး
စိတ်ြွကရူးသွပ်ဆေးသုံးစွဲသည့်    လက္ခဏာများ
•    မအိပ်ခြင်း၊
•    သွက်လက်နေခြင်း၊    စကားများခြင်း၊
•    ဂနာမငြိမ်ဖြစ်ခြင်း၊
•    စိုးရိမ်စိတ်များလာခြင်း၊
•    စိတ်တိုခြင်း၊ ဒေါသကြီးခြင်း၊ ကြမ်းတမ်းခြင်း
•    စိတ်ဖောက်ပြန်ခြင်း

စိတ်ြွကရူးသွပ်ဆေးပြတ်သည့်    လက္ခဏာများ
•    ခြေကုန်လက်ပန်းကျခြင်း၊
•    အအိပ်အနေ     အစားအသောက်မမှန်ခြင်း၊
•    စိတ်ကျခြင်း၊
•    မိမိကိုယ်ကို    သေကြောင်းကြံစည်ခြင်း၊

(ဆ)ညဏ်ရည်နိမ့်ရောဂါ
ညဏ််််ရည်နိမ့်ရောဂါ၏   လက္ခဏာများ
•    သာမန်ကလေးသူငယ်များထက် ကိုယ်ခန္ဓာနှင့် ညဏ််််ရည်ဖွံ့ဖြိုးမှု နှေးကွေးနေခြင်း (အထိုင်အထ နောက်ကျခြင်း၊ လမ်းလျှောက် နောက်ကျခြင်း၊    စကားပြောနောက်ကျခြင်း)၊
•    စာမလိုက်နိုင်ခြင်း၊     စာသင်ကြားရန်ခက်ခဲခြင်း၊
•    မငြိမ်မသက်ဖြစ်ခြင်း၊     အာရုံစူးစိုက်မှုနည်းခြင်း၊
•    အသက်အရွယ်အလိုက် မစဉ်းစား၊ မတွေးခေါ်တတ်ခြင်း
•    အသက်အရွယ်အလိုက် လူမှုဆက်ဆံရေးတွင် အခက်အခဲရှိခြင်း (သက်တူရွယ်တူများနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိဘဲ ငယ်သူများနှင့်သာ     ပေါင်းသင်းနိုင်ခြင်း)
•    မိမိကိုယ်ကိုမိမိ မစောင့်ရှောက်နိုင်ခြင်း (အန္တရာယ်ဖြစ်နိုင်သည်ကို မသိခြင်း၊ မရှောင်နိုင်ခြင်း)
ညဏ််််ရည်နိမ့်ကလေးများ             တွေ့ရှိပါက
•    နေ့စဉ်လုပ်ငန်းဆောင်တာများ (ကိုယ်တိုင်အစာစားသောက်ခြင်း၊ ရေချိုးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်း၊ အဝတ်အစားလဲခြင်း) လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးပါ။
•    မိမိကိုယ်ကို စောင့်ရှောက်နိုင်အောင် လေ့ကျင့်ပေးပါ။
•    လေ့ကျင့်ရာတွင်    စိတ်ရှည်ပါ။
•    လွယ်ကူပြီး    လက်တွေ့လုပ်နိုင်သည့်လုပ်ငန်း၊    အသက်မွေးမှုလုပ်ငန်းများကို     စီမံပြုလုပ်ပေးပါ။
(ဇ)    သေကြောင်းကြံစည်ခြင်း
•    မိမိကိုယ်ကို     သေကြောင်းကြံစည်ခြင်းသည်     အရေးပေါ်    စိတ်ကျန်းမာရေးအခြေအနေပင်ဖြစ်ပါသည်။
•    သေကြောင်းကြံစည်လိုကြောင်း ပြောသူများကို လျစ်လျူရှုမထားပါနှင့်၊ သေကြောင်းကြံစည်ရန် ကြိုးစားမှုများသည် မတော်တဆ အောင်မြင်သွားတတ်ကြောင်း    သတိပြုပါ။
•    ငြိမ်သက်လွန်းခြင်း၊ နှေးကွေးလေးလံခြင်း၊ ရှောင်ဖယ်နေတတ်ခြင်း၊ အားငယ်နေပြီး သေလိုသောဆန္ဒများကို ထုတ်ဖော်ပြောဆိုခြင်း များသည်    မိမိကိုယ်ကိုသေကြောင်းကြံစည်နိုင်ရန်    အလားအလာများစွာရှိသူများ   ဖြစ်ပါသည်။
ပြုစုနည်း
•    လူနာကို   တစ်ယောက်တည်း   မထားပါနှင့်။
•    လူနာနှင့်အတူ မိသားစုထဲမှ တစ်ယောက်ယောက် အမြဲရှိပါစေ။
•    လူနာ၏ခံစားချက်များကို    ဖွင့်ဟပြောဆိုပါစေ။
•    လူနာ၏ခံစားချက်များပြောပြခြင်းကို     ဝေဖန်မှုမပါဘဲ    ကြင်နာမှုဖြင့်နားထောင်ပါ။
•    လူနာကို    အားပေးကူညီပါ။
•    လူနာ၏မျှော်လင့်ချက်များကို    ဖော်ထုတ်ပေးပါ။
•    ထိရောက်သော     အကြံပေးလမ်းညွှန်ခြင်းများဖြင့်     စိတ်ကျန်းမာရေးစောင့်ရှောက်မှုခံယူလာစေရန်    ကြိုးစားပေးပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...