ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အသက်ရှူလမ်းကြောင်းနှင့် လေပြွန်န်များရောင်ရမ်းပြီး သာမန်ထက်ပို၍ တုန့်ပြန်မှု များပြားမြန်ဆန်နေခြင်း ဖြစ်သည်။
ဖြစ်ပွားရခြင်း အကြောင်းရင်းများ
• မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများ
• ဓာတ်မတည့်မှုများ
• အိမ်တွင်း၊ အိမ်ပြင် ဖုန်မှုန့် အခိုးအငွေ့များ
• ဆေးလိပ်သောက်ခြင်း
• လေထုညစ်ညမ်းမှုများ
• ကပ်ပါးရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ
• ပန်းနာဖြစ်စေသော ဆေးဝါးသောက်သုံးမှုများ
ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများ
• အသက်ရှူစဉ် ရွှီရွှီမြည်ခြင်း
• ချောင်းခြောက်ဆိုးပြီး အသက်ရှူမဝခြင်း
• မောပန်းလွယ်ခြင်း
• စူးရှသော အနံ့ရလျှင်၊ စိတ်လှုပ်ရှားလျှင်၊ အားခွန်စိုက်၍အလုပ်လုပ်လျှင် မောကျပ်ချောင်းဆိုးလာခြင်း
• ဖြစ်နေကျအချိန်တွင် ပုံမှန်ဖြစ်ခြင်း (ဥပမာ - နွေ၊ မိုး၊ ဆောင်း စသည်ဖြင့်)
• ညအိပ်ပျော်နေစဉ် ချောင်းဆိုးခြင်း၊ ကျပ်ခြင်း
• အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေး အချို့ သုံးစွဲလျှင် ရင်ကျပ်လာခြင်း
ကာကွယ်ကုသရေး နည်းလမ်းများ
• ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။
• ဓာတ်မတည့်သော အရာများ ရှောင်ရှားပါ။ (အိမ်မွေးတိရစ္ဆာန်များ၊ ဖုန်မှုန့်၊ အငွေ့၊ အနံ့အသက်၊ ဆေးဝါး၊ အစားအစာ စသည်ဖြင့်)
• တတ်ကျွမ်းနားလည်သူများနှင့် ပြသကာကုသမှု ခံယူပါ။
• ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ပါ။
• အခြားရောဂါများ (ဥပမာ - ဆီးချို၊ သွေးတိုး၊ အဝလွန်ရောဂါများ) ရှိနေပါက ပုံမှန်စစ်ဆေး ကုသမှုခံယူပါ။
• ညွှန်ကြားသည့်အတိုင်း ဆေးဝါးမှန်ကန်စွာ သုံးစွဲပြီး အခြားရှောင်ရန်၊ ဆောင်ရန်အချက်များကို လိုက်နာပါ။
• ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကုသမှုခံယူရာတွင် စိတ်ရှည်သည်းခံရန်လိုပါသည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...