ဇီကာရောဂါ
ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့် လူငါးဦးတွင်မှ တစ်ဦးတွင်သာ ရောဂါလက္ခဏာ ပြတတ်သည်။ ယေဘုယျအားဖြင့် ဇီကာရောဂါသည် သူ့အလိုလိုပျောက်ကင်းသွားနိုင်သည့် ရောဂါဖြစ်သော်လည်း ဆိုးရွားပြင်းထန်သည့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားတတ်သည်ကို ရှားရှားပါးပါး တွေ့ရှိရသည်။
ရောဂါလက္ခဏာများ
ဇီကာဗိုင်းရပ်စ်ရောဂါတွင် အဓိကတွေ့ရှိရသော ရောဂါလက္ခဏာများမှာ
• ရုတ်တရက် ဖျားခြင်း
• အရေပြားတွင် အနီရောင်အကွက်^အစက်များထွက်ခြင်း
• မျက်သားနီ၍ ရောင်ရမ်းခြင်း။
• <ကက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
• မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းစသည်တို့ ဖြစ်ပြီး ရောဂါလက္ခဏာများအား (၂)ရက်မှ (၇)ရက်အထိ ခံစားရနိုင်ပါသည်။ ဇီကာရောဂါနှင့် ရောဂါနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွားလာခြင်း
(ငြခမသခနစ့ေူပ)တို့ ဆက်စပ်မှုရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သော အေးဒီစ် အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါ အေးဒီး(စ်)ခြင်ကျားသည် နေ့အချိန်တွင် ပိုကိုက်သည်။ ရောဂါကူးစက်ခံထားရသောသူနှင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ဇီကာရောဂါ ကုူးစက်နိုင်ပါသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ခြင်းနည်းလမ်းမှာ ခြင်ကျားပိုးလောက်လန်း နှိမ်နင်းရေးနှင့် ခြင်ကိုက်ခံရခြင်း မရှိအောင် နေထိုင်ရေး ဖြစ်ပါသည်။
]]သွေးလွန်တုပ်ကွေးအခန်းတွင် ပါဝင်သော ခြင်ကျားနှိမ်နင်းရေးအခန်းကို ကြည့်ရန်}
ခြင်ကျားပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းများကို လူတိုင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ခြင်ကိုက်မခံရအောင် သတိပြုမူနေထိုင်ခြင်းအားဖြင့် ဇီကာရောဂါအပါအဝင် ခြင်မှတဆင့် ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး ကူးစက်ပြန့်ပွားမှု မရှိအောင် ကာကွယ်နိုင် ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ယူရန်ပြင်ဆင်နေသူများအနေဖြင့် ရောဂါကူူးစက်ခြင်းမှကာကွယ်ရန် ဇီကာရောဂါဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားခြင်းကိုရှောင်ကြဉ်ပါ။
ဇီကာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားသောနိုင်ငံများသို့ သွားရောက်ခဲ့သူများတွင် သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေး ဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...