အဘယ်ကြောင့်
အဘယ်ကြောင့်
ကောင်းကင်သည် နေမင်း၏ နောက်ဆုံးထွက်သက်ဖြင့် ရွှေအိုရောင်တောက်ပနေ၏။ အေးစက်သော
လေပြည်၏ အငွေ့ အသက်ကို ခံစားရ၏။အိမ်ရှေ့ ရှိ မန်ကျည်းပင်အို သည် ရင့်ကျက်မှု၏ သင်္ကေတများဖြင့် လှပနေ၏။ဆရာဝန်လေးသည် ဟောင်းနွမ်းသော ကုလားထိုင်
ပေါ်ထိုင်ရင်း ဆေးလိပ်ခွက်ထဲရှိ ဆေးပေါ့ လိပ်တိုကို ယူ၍ မီးညှိလိုက်၏။စီးကရက်ဘူးများပေါ်တွင်
ရေးလေ့ရှိသော ``ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်``ဆို
သော စာတမ်းကို သတိရသဖြင့် ပြုံးမိသည်။ဆေးလိပ်မီးခိုးငွေ့ များကို ကောင်းကင်ထက်ဆီ အဓိပ္ပါယ်မဲ့
မှုတ်ထုတ်လိုက်ရင်း ဘ၀မှာရေရာမှုဆိုတာ သေချာခြင်းတစ်ခုလား၊မရေရာမှုဆိုတာသေချာခြင်းလား
စဉ်းစားမိသည်။
သေခြင်းတရားကိုတိုင်ပင် သေခြာခြင်းရှိပါသလား။တိကျသေခြာခြင်းဆိုတာ ဆေးပညာမှာမရှိဆိုလျင်
လွန်သည်ဟု ပြောကြပေလိမ့်မည်။သိပ္ပံပညာဆိုသည်မှာ သက်သေပြချက်ခိုင်လုံစွာဖြင့် ကြောငိးကျိုးညီညွတ် ရမည်။အင်ဂျင်နီယာတစ်ယောက် စက်ပစ္စည်းတစ်ခု တီထွင်ခြင်း၊ပြုပြင်ခြင်း
တို့ တွင်  တိကျခိုင်မာသောသက်သေပြချက်များ ရှိလိမ့် မည်။သို့ သော် ဆေးပညာရှင်တစ်ယောက်
ဆေးဝါးကုသခြင်းတွင်မူ ရောဂါရှာဖွေစဉ်ကပင် ခန့် မှန်းခြင်း ဖြင့်သာစတင်ရ၏။ခေတ်မှီစမ်းသပ် ကိရိယာများ ကိုတိုင်ပင် ရာနုန်းပြည့် တိကျမည်ဟု အာမခံထားခြင်းမရှိပေ။အင်ဂျင်တစ်ခုပျက်လျင်
ထိုအင်ဂျင်ကို ရပ်ထားပြီး တစ်စစီ ဖြုတ်၍ ပြုပြင်နိုင်၏။သို့ သော် ဆေးကုသရာတွင်မူ ခန္ဒာကိုယ်၏
မည်သည့် အစိတ်အပိုင်းကို ရပ်တန့် ၍  ရမည်နည်း။
``ဆရာ…လူနာရောက်နေပါတယ်´´
ဆေးရုံမှ အထွေထွေလုပ်သားလေး လာခေါ်သဖြင့် အတွေနယ်ချဲ့ နေသော ဆရာဝန်လေး လန့် သွား
သည်။
``အေး..အေး..လာခဲ့မယ်လို့ ပြောလိုက်´´
ကောင်လေးအားစကားပြန်ပြီးနောက် ထိုင်ရာမှထပြီး ပြတင်းပေါက်တွင်လွှားထားသော အင်္ကျီကို
ယူဝတ်လိုက်သည်။
ဆေးရုံေ၇ှ့  မြက်ခင်းပြင်ပေါ်တွင် အရွယ်စုံလူကြီးလူငယ်များ စုဝေးနေကြသည်။ထို့ အတူ အဘွားကြီး
နှစ်ဦးမှာလည်း ရောဂါဇစ်မြစ်ကို မိရိုးဖလာနည်းအတိုင်း ရှာဖွေနေကြသည်။
``ငါပြောသားဘဲ .. မှောင်ရင်ဘယ်မှမသွားပါနှင့်ဆိုတာ..အခုတော့ အပမှီတာပေါ့အေ..
ဒါလေးကို ငွေကုန်အောင် ဆေးရုံလာနေသေးတယ်´´
``ဟုတ်ပမလား…မယ်ရှင်ရယ်…ကျုပ်ဖြင့် သူငယ်နာဖမ်းတယ်ထင်တာဘဲ…´´
``အိုအေ…ဘာဖြစ်ဖြစ်…ဒီ အင်္ဂလိပ်ဆရာလေးက ကုနိုင်တာမှမဟုတ်တာ´´
``ဟုတ်ပတော်..သူတို့ မို့ ..အလုပ်ရှုပ်ခံတယ်…´´
``ကျုပ်လည်း ပြောပါတယ်တော်..မိအေးကကို ပိုလွန်းလို့ ကျုပ်သားခမျှာလိုက်ပို့ ရရှာတာ``
ဆေးရုံထဲဝင်တော့မည့်  ဆရာဝန်လေး ခြေလှမ်းတုံ့ သွားသည်။သို့ သော် လူနာကအရေးကြီးသည်မို့ 
ခေါင်းခါရင်း ဆေးရုံထဲသို့ ခြေလှမ်းကျဲကြီးဖြင့်ဝင်သွား၏။
``ဆရာ…အမြန်လာပါဦး..ဒီမှာ(gasping)အသက်ငင်နေပြီ´´
သူနာပြုလေး၏ အားကိုးတကြီးအသံကြောင့်ဆရာဝန်လေးလူနာနားရောက်သွား၏။
အသက် ငါးလခန့် သာရှိသေးသော ဖြူဖြူဖွေးဖွေး ကလေးလေးမှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသည်။
``ဆရာမ..ဘီဝမ်း ၁၀၀မီလီဂရမ် IM(အသားဆေး)ထိုးမယ်``
``သွေးကြောရအောင်ရှာ…``
``အောက်ဆီဂျင်ယူခဲ့ဟေ့´´
``ဆရာမ..hydro 100mg IM အ၇င်ထိုးမယ်``
``ဆ၇ာ..IVရပြီဆရာ…´´
``အေး..B1 100mg ထပ်ထိုးမယ်``
ငါးမိနစ်ခန့် ကြာသောအခါ  ကလေးငယ်မှာ သွေးရောင်လွှမ်းလာသည်။အသက်ရူလည်း ပုံမှန်ပြန်ဖြစ်
လာသည်။ထိုအခါမှ ဆရာရာဝန်လေးသည် သက်ပြင်းမောကြီး ချပြီး ဆရာဝန်အခန်းသို့ ဝင်သွား၏။
ထို့ နောက် ကလေးအမေနှင့်ကလေး၏အဘွားတို့ အား ၎င်း၏အခန်းသို့ ခေါ်လိုက်၏။
ဆယ်မိနစ်မျှကြာသောအခါ ဆင်ပင်နီကြောင်ကြောင်နှင့် ကလေးအမေရောက်လာ၏။၎င်း၏ဘေးတွင်
ဆေးရုံရှေ့ တွင်တွေ့ ခဲ့ သော  အဘွားအိုအားတွေ့ ရ၏။
``လာကြပါ…ထိုင်ပါ´´
ထိုင်ခုံများသို့ ညွှန်ပြပြီး ထိုင်ခိုင်းလိုက်သောအခါ
``ရပါတယ်..ဆရာလေး..``
``ဆရာလေး၇ယ်..အဘွားတို့ က ဆင်းရဲပါတယ်ကွယ်``
မိမိမှရောဂါနှင့်ပတ်သက်သော အကြောင်းကိုရှင်းပြရန်ခေါ်သည်အား အဘွားအိုကမည်သို့ သဘောပေါက်သည်မသိ  ၊ မိမိအားဆင်းရဲကြောင်း လာပြောနေသည်။ထို့ ကြောင့်ဆရာဝန်လေး လည်း စိတ်တိုသွားပြီး
``ခင်ဗျားတို့ ကို ဘယ်သူက ပိုက်ဆံတောင်းနေလို့ လဲ´´
``မသိလို့ ပါကွယ်´´အဘွားအိုမှာ တောင်းပန်ရှာ၏။
``ကျွန်တော်ခေါ်တာ ရောဂါအကြောင်းရှင်းပြမလို့ ´´
``ကလေးက ဘာဖြစ်တာလဲ ဆရာလေး´´ကလေးအမေမှာ ရိုးသားစွာမေး၏။
``အမေလုပ်တဲ့သူ အသားရှောင်လို့ ကလေးမှာ ဘယ်ရီဘယ်ရီလို့ ခေါ်တဲ့ ရောဂါဖြစ်တာ၊အဘွားတို့ 
ပြောနေတဲ့ အပမှီတာလည်းမဟုတ်ဘူး၊သူငယ်နာလည်းမဟုတ်ဘူး´´ဟုဆရာဝန်လေးမှရှင်းပြပြီး
``ကလေးအမေကအသားရှောင်သလား´´ဟုမေးလိုက်၏။
``အို …ရှောင်ရတာပေါ့ဆရာရယ်…ကလေးအမေဆိုတာ အစားဆင်ခြင်မှ ကလေးရောဂါကင်းတာ
မဟုတ်လား´´ ကလေးအမေမဖြေခင် အဘွားလုပ်သူက၀င်ဖြေ၏။
``တကယ်လို့  ကလေးသာနည်းနည်းနောက်ကျပြီး ရောက်လာခဲ့ရင် ဘယ်သူမှတတ်နိုင်မှာ
မဟုတ်ဘူး၊အခုဟာ ကံကောင်းတယ်လို့ ပြောလို့ ရတယ်…..
ကလေးတစ်ခုခုဖြစ်ရင် တရားခံကတော့  ဟောဒီ အဘွားပဲ´´
အဘွားအိုမှာ ထိတ်လန့် သွားပြီး
``ကြံကြီးစည်ရာတော်…ကျုပ်မြေး….ကျုပ်ကသေစေချင်ပါ့ မလားတော့်´´
``ဟုတ်ပါတယ်…မသေစေချင်ပေမဲ့ သတ်သလိုဖြစ်သွားနိုင်တာပေါ့ ``ဟုပြောရင်း
ဆရာဝန်လေးမှာ ကလေးအမေအား အသား၊ငါး၊အသီးအရွက်အစုံ စားဖို့ လိုကြောင်း၊ မိခင်နို့ ကိုစနစ်
တကျတိုက်သင့်ကြောင်း၊သားဆက်ခြားဖို့ လိုအပ်ကြောင်းတို့ ကို ရှင်းပြလိုက်၏။
``ကျေုးဇူးတင်လိုက်တာ ဆရာလေးရယ်….နောက်ဆို ဆင်ခြင်ပါတော့မယ်´´ဟု သားအမိနှစ်ယောက်
လုံး ပြောပြီး ကလေးထံပြန်သွားကြလေ၏။
နှစ်ရက်ခန့် ကြာသောအခါ  ကလေးမှာ ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းခွင့် ရသွားလေ၏။သို့ တိုင်
တစ်ပတ်ခန့် ကြာသောအခါ ဆရာဝန်လေးထံ အသိမိတ်ဆွေတစ်ဦး ရောက်လာပြီး သတင်းမေးလေ၏။
``ဆရာလေး…..ဟိုတလောက ကလေးလူနာရှင်ကို အခန်းထဲခေါ်ပြီး ပိုက်ဆံတောင်းတယ်ဆို´´
``ခင်ဗျား….ဘယ်လိုထင်သလဲ….ကျွန်တော့်ကိုခင်ဗျားမြင်တဲ့အပေါ်မှာပဲ..အဖြေရှိတယ်``ဟု
သက်ပြင်းမောကြီးချပြီး ဆရာဝန်လေး ခေါင်းခါမိလိုက်သည်။
``ဆရာ…ရွာထိပ်က ဦးကြီးသာလှက ဆရာနှင့်တွေ့ ချင်လို့ တဲ့``
``အေး…ခဏစောင့်ပါလို့ ပြောလိုက်``ဟုပြောရင်း ဖတ်လက်စ စာအုပ်ကို စာအုပ်စင်ပေါ်တင်ပြီး
အိမ်ရှေ့ ခန်းသို့ ထွက်လာသည်။
``ဆို…ဦးလေး …ဘာကိစ္စလဲ..´´
``ကျွန်တော့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချင်လို့ ပါ´´ဟု စာရွက်တစ်ထပ်ကြီးကိုကိုင်၇င်း
ဦးသာလှဖြေ၏။
ဆရာဝန်လေးလည်း မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ၀င်ထိုင်ရင်း
``ရပါတယ်…ဦးလေးက ဘာေ၇ာဂါတွေများဖြစ်နေလို့ လဲ´´ဟုမေးလိုက်၏။
``ကျွန်တော့်မှာ သွေးတိုးရှိတယ်ဆရာ…ပြီးတော့ ဆီးချိုလည်းရှိတယ်…အသည်းလည်းမကောင်းဘူး..
အဲဒါကြောင့်ဆရာဆီလာတွေ့ တာ``
ဦးသာလှစကားကြောင့် ဆရာဝန်လေးလည်း ဒီရွာမှာဖြင့် ကျန်းမာရေးဗဟုသုတပြည့် တဲ့သူတွေလည်း
ရှိတယ်ဆိုပြီး ၀မ်းသာသွား၏။
``ဟာ ဟုတ်တာပေါ့ …..အဲလိုရောဂါတွေက စနစ်တကျ ကုသမှ လူကို ဒုက္ခမပေးတာ``ဟုဝမ်းသာ
အားရပြောလိုက်၏။
``ဟုတ်တယ်ဆရာ…အဲဒါ …ကျွန်တော် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ .ဆရာကိုလာတိုင်ပင်တာ``
``ဒါများဗျာ..အစားအသောက်အနေအထိုင်ကို ဆင်ခြင်…ဆေးကို မှန်မှန်သောက်..လိုအပ်ရင်
ကျွန်တော်ဆီလာပြီး စမ်းသပ်စစ်ဆေးပေါ့ဗျာ..´´ဟုဆရာဝန်လေးလည်း ပြောလိုက်၏။
``မဟုတ်ဘူး..ဆရာရဲ့ ..´´ဟု ဦးသာလှပြောလိုက်သောကြောင့် ဆရာဝန်လေးလည်း ကြောင်သွားပြီး
``ဘာကို မဟုတ်တာလဲ..ဦးလေးရဲ့ ``ဟု ပြန်မေးလိုက်၏။
ထိုအခါမှ ဦးသာလှလည်း ဇာတ်စုံခင်းပြလေ၏။
``ဒီလို ဆရာရဲ့ ကျွန်တော့်မှာ သားသုံးယောက်ရှိတယ်..အခုဒီမှာရှိတဲ့ကောင်က အငယ်ဆုံးပေါ့..
အကြီးဆုံးကောင်က ထိုင်းမှာ အလုပ်လုပ်နေတယ်..အလတ်ကောင်က စင်ကာပူမှာ ကျောင်းတက်နေ
တယ်လေ…အဲဒါ..ဘယ်နိုင်ငံမှာ ဆေးသွားကုရင် ကောင်းမလဲလို့ ..ဆရာ့ ဆီလာပြီး..အကြံညာဏ်
တောင်းတာ…´´ဟုရှင်းပြလေ၏။
ဆရာဝန်လေး လည်း စိတ်ပျက်သွား၏။တကယ်တော့  ဂျာနယ်တွေဖတ်ပြီး နိုင်ငံခြားမှကောင်းတယ်
ဆိုတဲ့ေ၇ာဂါပါလားဟုသဘောပေါက်သွား၏။
``ဦးလေးက မြန်မာနိုင်ငံမှာဘာလို့ မကုချင်တာလဲ``
ဆရာဝန်လေး၏ အမေးစကားကြောင့် ဦးသာလှအားတက်သွားပြီး
``ဒီက ဆရာဝန်တွေက သွေးတိုးနှင့်ဆီးချိုေ၇ာဂါဆိုတာ ရေရှည်ကုသရတဲ့ရောဂါတဲ့….
ပြီးတော့  နေ့ တိုင်းဆေးသောက်ရမယ်…အနေအထိုင်အစားအသောက်ဆင်ခြင်ရမယ်တဲ့´´ဟု
ပြောလေ၏။
``ဟုတ်တယ်လေ…ဦးသာလှက ဘယ်လိုဖြစ်ချင်လို့ လဲ``ဆရာဝန်လေး ဆက်မေး၏။
``မဟုတ်ဘူးဆရာလေး၇ဲ့ …ကျွန်တော်က တစ်ခါတည်းနှင့် အပြီးပျောက်ချင်တာ….
နိုင်ငံခြားမှာဆိုတော့ ဖြစ်န်ိုင်တာပေါ့…သူတို့ ဆီမှာ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေတောင် အစားထိုး
နေတာ…အဲဒါ..ဆရာလေး ဆုံးဖြတ်ပေးပါဦး..´´ဟုပြောလေ၏။
``ကျွန်တော့်သီးသန့် အမြင်ပြောရရင်…မြန်မာနိုင်ငံကေ၇ာဂါရှာဖွေမှုမှာ နောက်ကျကျန်နေခဲ့ပေမဲ့…
ဒါကလည်း ခေတ်မှီကိရိယာတွေနှင့်စမ်းမှသိတာပြောတာပါ…ကုသမှုပိုင်းမှာတော့  ကျန်တဲ့နိုင်ငံတွေနှင့် သိပ်မကွာပါဘူး….ဒီတော့  ဘယ်မှာကုကု အတူတူပါပဲဗျာ…´´ဟုသာ
ရှင်းပြလိုက်ရ၏။
ထိုအခါမှ ဦးသာလှလည်း စိတ်ဆုံးဖြတ်လို့ ရသွားဟန်ဖြင့် ပြုံးပြုံးကြီးပြောလိုက်တာက
``ဒါဆိုလည်း ထိုင်းကိုသွားတာကောင်းမယ်ဆရာ…အကြီးကောင်ကြီးနှင့်မတွေ့ တာက
ဆယ်နှစ်ကျော်ပြီဆရာရဲ့ ….´´ဟုဖြစ်လေ၏။
ဦးသာလှပြန်သွားသောအခါ ဆရာဝန်လေးသည် အခန်းတွင်းဝင်သွားပြီး ဆေးပညာစာအုပ်များကို
ယူလာပြီး အိမ်ရှေ့ မာန်ကျည်းပင်အောက်တွင် ပုံထားလိုက်၏။ထို့ နောက် အိပ်ကပ်ထဲမှ
ဆေးပေါ့လိပ်တိုကို မီးညှိလိုက်၏။ထို့ နောက် စာအုပ်ပုံပေါ်ပစ်တင်လိုက်၏။အိမ်ပေါ်သို့ တစ်ခေါက်
ပြန်တက်သွားပြီး ဓာတ်ဆီပုံးကိုယူလာ၏။ထို့ နောက် မီးစွဲနေသောစာအုပ်ပုံပေါ်သို့ လောင်းချလိုက်ရင်း
``ဒီဘ၀ …ဒီမျှသာ…´´ဟုပြောလိုက်၏။
တိုက်နယ်ဆေးရုံလေးသည် ပိုင်ရှင်မဲ့ဘ၀ဖြင့် တိတ်ဆိတ်ခြောက်ကပ်နေ၏။မန်ကျည်းပင်ကြီးမှာလည်း
ဆောင်းလေအေး၏ တိုးဝှေ့ ကြည်စယ်မှု ကို ယိမ်းနွဲ့ ရင်း လောကကိုစီးမိုးကြည့်နေ၏။
``နောင် ..ဝေ..ဝေ..``
ရွာရှေ့ ဆီမှ ကြေးစည်သံကို ကြားရ၏။စီကနဲဆို စပ်စုတတ်ကြသူတို့ ၏ ထုံးစံအတိုင်း သက်ကြားအို
အဘွားများ ရွာလယ်ဇရပ်ဆီရောက်လာကြ၏။
``ဟဲ့..မယ်ရှင်..ညည်း ခုနက ကြေးစည်သံကြားလိုက်လား´´
´´ညည်းမသိဘူးလား…ရွာထိပ်က ဦးသာလှဆုံးလို့ တီးတာလေ´´
``ဟုတ်ရဲ့ လားအေ….မနေ့ ကတောင် အကောင်းကြီးကို..ဟိုတလောကမှသူ့ သားကြီးဆီကပြန်လာ
တာကို….´´
``ဟုတ်ပါတယ်ဆို…မနက်က ..ဘိုးအောင်ဒင်တို့ အလှူကအပြန်…မူးတယ်ဆိုပြီးလဲသွားတာ
အသက်ကိုပြန်မလည်တော့တာတဲ့အေ….´´
ရွာလယ်ဇရပ်ဆီမှ စုတ်သတ်သံများ၊သံဝေဂတရားရသံများ ဝေစည်သွား၏။ထိုစဉ် ရွာနောက်ဖျားမှ
ဖုန်လုံးများ တထောင်းထောင်းထလျက် လှည်းတစ်စီးဝင်လာ၏။လှည်းပေါ်တွင် ဖြူဖြူချောချော
ဆရာဝန်မလေးသည် ပီတိလွှမ်းသောမျက်နာလေးဖြင့် ပတ်ဝန်းကျင်ကိုလေ့လာနေ၏။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...