ကျွန်တော်တို့ က အင်တာနက်ထဲမှာ သည်းသည်းသန်သန် ခံစားနေရချိန်မှာပဲ
အပြင်လောကမှာလည်း
ရင်ဖွင့်ခွင့်မရတဲ့ သူငယ်ချင်းပေါင်းများစွာရှိနေပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်တိုင်ကြုံတွေ့ ခဲ့တဲ့ အဖြစ်အပျက်တွေက အခြားသူတွေကို
ထပ်တူကြမယ်လို့ 
သတ်မှတ်လို့ မရပါဘူး။မြန်မာနိုင်ငံရဲ့  သုံးပုံတစ်ပုံလောက်ရှိတဲ့
တိုက်နယ်ဆေးရုံလေးတွေက ဘိုသီဘတ်သီနိုင်လွန်းပါတယ်။အပွင့်လင်းဆုံးပြောရရင် မီးမရှိ၊ရေမရှိဆိုသလိုပါပဲ။ကျွန်တော်ကိုယ်တိုင်
က မြေလတ်ဒေသမှာကြီးပြင်းခဲ့ပြီး မြေလတ်မှာပဲ တာဝန်ကျခဲ့သူဆိုတော့
ဆင်းရဲသားဆိုတာကို
ကောင်းကောင်းတွေ့ ဖူးခဲ့တာပါ။
ပထမဆုံးပြောပြချင်တာက မင်းတုန်းမြို့ နယ်၊မြောက်ပြင်တိုက်နယ်ဆေးရုံပါ။သူက
ဆိုရှယ်လစ်ခေတ်ကတော့ တော်တော်စည်ကားခဲ့တဲ့ရွာမှာတည်ခဲ့တာပါ။နောက်ပိုင်း ပုသိမ်-မုံရွာလမ်း
ဖောက်လုပ်လိုက်တဲ့ အခါ ဒီရွာနှင့် ရှစ်မိုင်လောက်ဝေးတဲ့နေရာက ဖောက်ခဲ့တဲ့အတွက်
ရွာလေးက စည်ကားမှုရော့သွားပါတယ်။၇ွာကနေ လမ်းကိုရောက်ဖို့  ချောင်းကို ၁၄ခေါက်ဖြတ်ရပါတယ်။မြို
့ကိုသွားဖို့ လည်း တစ်ရက်ခရီးပါ။တောတောင်တွေကြားထဲက ရွာလေးပါ။ရွာကလည်း မီးလောက်လိုက်တော့
၇ွာလုံးကျွတ်မီးထဲပါသွားဖူးတယ်။ဒီတော့ ရွာကလည်း အိမ်ခြေ ၅၀ လောက်ပဲကျန်တော့တာပေါ့။အဲဒီနေရာမှာ
တိုက်နယ်ဆေးရုံ၇ှိတယ်။ဆေးရုံကလည်း ၇ွာပြင်ဘက်မှာ ခြုံနွယ်တွေကြားတိတ်ဆိတ်သွားတာပေါ့။ဆေးရုံမှာ
ကုတင်တောင်ကောင်းကောင်းမရှိဘူး။အဆောက်အဦးကလည်း ထိမ်းသိမ်းသူမရှိတော့ စုတ်ပြတ်နေပြီ။ခွဲခန်းလည်းမရှိဘူး။ပစ္စည်းလည်း
မရှိဘူး။တာဝန်ကျတဲ့တိုက်နယ်ဆရာဝန်တွေကလည်း
ရှင်းရှင်းပြောရရင် ကိုယ့်ငွေနှင့်တော့ဘယ်ပြင်နိုင်မလဲ။ကုန်ကျစာရိတ်ဒီလောက်များတာကို။ရွာကလူ
တွေကလည်း ပြင်မပေးနိုင်ဘူး။အထက်ကိုတင်လိုက်တော့လည်း အပေါ်ရောက်သွားတဲ့အခြေအနေ
ပေါ့။ဘယ်သူမှပြင်မပေးဘူး။အဲဒီရွာကိုရောက်တဲ့တိုက်နယ်ဆရာဝန်အတွက်
ဘယ်လောက်ဒုက္ခရောက်
သလဲဆိုတာ တွေးကြည့်လို့ ၇ပါတယ်။သာမာန် ဂျီပီဆန်ဆန်ဆေးကုလို့ ရတယ်။သို
့သော်လည်း ခွဲချင်သပဆိုရင်တော့ I&Dလောက်တော့ရတာပေါ့။အဲဒါလည်း ကိုယ့်ပစ္စည်းနှင့်ကိုယ်
ခွဲရမယ်။
ကျွန်တော့်ကို အစားသွားနေခိုင်းတော့ သူရဲကောင်းလုပ်ချင်တာကြောင့်
တော်တော်ဒုက္ခရောက်သေးတယ်။ကဲ ဆေးရုံကို သန့် ရှင်းရေးလုပ်ကြရအောင်ဆိုပြီး ဆေးရုံဝန်ထမ်းတွေခေါ်လိုက်တာ
အပြာဝတ်တစ်ယောက်၊အထွေထွေလုပ်သားတစ်ယောက်ရတယ်။
ခွဲစိတ်လို့ ရမယ့် ပစ္စည်းယူကြည့်လိုက်တော့ ခွက်စုတ်လေးထဲမှာ ကတ်ကြေးတစ်လက်၊ညှပ်တစ်ခုပါလာတယ်။ကောင်းရော။ဒီနေရာမျိုးမှာ
ခင်ဗျားတို့ လိုချင်နေတဲ့
ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို ဆရာဝန်တစ်ယောက်အနေနှင့် ဘယ်လိုပေးမလဲ။လူနာတွေကို
ဆေးရုံတက်ခိုင်းဖို့  ဆရာဝန်က ဘယ်လိုမျက်နာကြီးနှင့်ပြောမလဲ။တိုက်နယ်တိုင်း ကိုယ်ကျဖူးတဲ့
ဆေးရုံလိုမျိုး ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံရှိတယ်လို
့မထင်ဖို့ ပါ။
နောက်တစ်ခါ လူမှုဖူလုံရေးဆေးခန်းတွေပါ။ဆေးခန်းအများစုကတော့ စက်ရုံတွေမှာတည်ထားတာပါ။
ဆေးဝါးကို အလုပ်သမားဝန်ကြီးဌာနကပေးတာပါ။ခွဲခန်းမပါပါဘူး။ဆေးဝါးကလည်း
ခွဲတမ်းနှင့်ရတဲ့
အတွက် ဆေးရုံတစ်ခုစာမရပါဘူး။သာမာန်ဂျီပီလောက်သာရပါတယ်။ခြောက်လစာအတွက်
dw (၂၀)
၇တယ်။20cc တစ်ပုံးရတယ်။ဒီလောက်ဆေးလေးနှင့် လူနာကိုဆေးရုံလို တင်ထားချင်ရင်တော့
ကိုယ့်အိတ်ထဲကစိုက်ပေတော့။အလုပ်သမားဆီက ဆေးဖိုးတောင်းခွင့်မရှိပါဘူး။all
free ပေါ့။အလုပ်သမားတွေကလည်း ဆရာဝန်ကို ယုံကြည်တဲ့အခါ ဆရာ့လက်ကိုအပ်ပါတယ်ဆိုတော့
ဆရာဝန်ခဗျာ ငထွားခါးနာကိန်းစိုက်တော့တာပါ။ဆေးဖိုးတောင်းခွင့်မရှိသလို
ဆေးကလည်းမစုံဘူး။
မနေနိုင်လို့ ကိုယ်တိုင်ဝယ်ပြီးကုလိုက်တာ တစ်နှစ်အတွင်း ၄၅သိန်းပြုတ်သွားတယ်။တကယ်ပြောတာပါ။ကျွန်တော့်
ဂျစ်ကားလေး ရောင်းလိုက်တဲ့ငွေ ကုန်တာပဲ။
ကျွန်တော်ကလည်း လက်သရမ်းချင်တဲ့ကောင်ဆိုတော့ ကိုယ်တိုင် ခွဲခန်းအသေးလေးလုပ်ပြီး
ဗိုက်ဖွင့်စရာမလိုတာမှန်သမျှ လုပ်တယ်။စက်ရုံမှာ ခွဲခန်းစစ်စစ်လုပ်ဖို
့ကလည်း မဖြစ်ဘူးလေ။
တစ်ခါတစ်လေကြတော့ စဉ်းစားမိတယ်။ငါ တော်တော်အသုံးမကျတဲ့ကောင်ပဲလို
့လေ။တကယ်တမ်းဆို အနေသာကြီးပဲ။ဆေးမရှိ ဆေးမကုဘူးပေါ့ဗျာ။အေးအေးဆေးဆေးတောင် နေလို့ ရသေးတယ်။
ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းက အခုမှစမှာပါ။ ကျွန်တော်တို့ လောကထဲမှာ
ဆရာဝန်အဖြစ်
ချမ်းသာသွားသူတွေရှိပါတယ်။တိုက်နယ်ကောင်းကောင်းမှာ တာဝန်ကျနေတဲ့သူတွေ၇ှိပါတယ်။သို
့သော်လည်း လူတိုင်းမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ဒါကြောင့် ကျင့်ဝတ်ဆိုတာတို့ ၊တာဝန်ခံခြင်းဆိုတာတွေကို
ခဏလောက်နားကြပါဦး။ခင်ဗျားတို့ က ကိုယ်တိုင်ဒုက္ခမခံ၇သေးတော့
ကောင်းကောင်းပြောနိုင်တယ်။ကျွန်တော်တို့ ကတော့ ပြောဖို့ တောင်အားမရှိဘူး။ဆရာဝန်တွေ
ဘာကြောင့် ထွက်ပြေးကြသလဲဆိုတာလေးလည်း နည်းနည်းလောက်တွေးကြည့်ဘူးသလား။
ကျွန်တော်ကိုယ်တိုင်လည်း ချမ်းသာခြင်သူပါ။သို့ သော်လည်း လူနာတွေဆီက
လည်ပင်းညစ်ပြီး
ပိုက်ဆံမရှာပါဘူး။ဘယ်ဆရာဝန်ကရော ရှာမယ်ထင်သလဲ။ကျွန်တော်တို့ က ကိုယ်တိုင်ဆင်းရဲပြီး
ဆင်းရဲတဲ့သူတွေကို ကုနေရတာပါ။နောက်ဆုံးထွက်ပေါက်မဲ့သွားလို့  ထွက်ပြေးကြတာပါ။နောက်တစ်ခု
လေကြီးမိုးကြီးပြောချင်တယ်…နိုင်ငံတကာနှင့်ယှဉ်ချင်တယ်ဆိုရင်
လည်း ကိုယ့်ပြည်သူအကြောင်းခင်ဗျားဘယ်လောက်သိသလဲ။ပြည်သူတွေကိုယ်တိုင်က
အသိပညာမဲ့ပြီး ဆင်းရဲနေတာရောသိသလား။မယုံရင် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးအကြောင်း
ပြည်သူဘယ်လောက်သိတယ်ထင်သလဲ။မေးကြည့်ကြပါ။ကိုယ့်အခွင့်အေ၇းတောင်ဘာမှန်းမသိတဲ့သူတွေကို
ခင်ဗျားတို့ က ဘာတွေများဖြစ်စေချင်တာလဲ။တိုင်စာတွေဖတ်ရတိုင်းလည်း ဒီဆရာဝန်တော်တော်ဆိုးတယ်လို
့မထင်ပါနှင့်။လိုချင်တာမရတဲ့ အောက်ခြေ၀န်ထမ်းနှင့် ဆေးဆိုင်တွေပေါင်းပြီးတိုင်တာများတယ်။ကျင့်ဝတ်အကြောင်းရေးရင်တော့
ကျင့်ဝတ်ကိုပြန်သုံးသပ်ပါ။
ကိုယ်တိုင် ညီအစ်ကိုမောင်နှမစိတ်ထားနိုင်ပြီလား။ဆရာဝန်အချင်းချင်းပုတ်ခတ်ရင်လည်း
ကျင့်ဝတ်ကျိုးပါတယ်။နောက်ဆုံးတစ်ခုကတော့ ပြည်သူတွေက သူတို့ နှင့်တန်တဲ့ အစိုးရကိုရတယ်။
ကျွန်တော်သိသလောက်တော့ ၈၀%လောက်က ယောင်ခြောက်ဆယ်တွေ။ဘာခံယူချက်မှမရှိဘူး။
သာရာစီးချင်တဲ့စိတ်ဓာတ်တွေ။ဒီလိုလူတွေကို ကုသပေးနေရတဲ့ ဆရာဝန်အချင်းချင်းထပ်ပြီး
သာရာစီးချင်ကြရင်တော့ ခင်ဗျားတို့ သဘောပဲ။ဒီမိုဆိုကတည်းက တိုင်လိုက်ကြတာ။ဆရာဝန်နှင့်ကျောင်းဆရာကအများဆုံးတိုင်ခံရတာ။စစ်သားကြတော့
ကြောက်လိုက်ကြတာ။ရယကစာရေးတောင်မတိုင်ရဲဘူး။ဒီတော့
ကျွန်တော်တို့  ဆရာဝန်အချင်းချင်း မစည်းလုံးပဲ တစ်ယောက်ကိုတစ်ယောက်အပြစ်မြင်နေရင်
ပြည်သူအတွက်မြေနိမ့်ရာ လှံစိုက်ဖို့ 
အကောင်းဆုံးအခြေအနေဖြစ်သွားလိမ့်မယ်။နောက်တစ်ခုကတော့ တကယ့်လူနာတွေက
ဘယ်တော့မှ တိုင်တာမရှိဘူး။အခွင့်အရေးလိုချင်သူတွေသာ လိုတာမရလို့  တိုင်တာများတယ်။
ကျွန်တော်ကတော့ ရှင်းရှင်းရေးတတ်တော့ ဖတ်လို့ ကောင်းမှာမဟုတ်ဘူး။ကဗျာဆန်ဆန်ေ၇းတာဖတ်ချင်ရင်တော့
ကိုကျော်ဇင်ဝင်းတို့ ၊ဥက္ကာတို့ သာရေးခိုင်းကြပေတော့။ရေးချင်တာလျှောက်ရေးပြီး ကျန်တဲ့သူကိုချောက်ချခဲ့ပြီ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...