ကျွန်တော်တို့  နတ်မဟုတ်ကြောင်းကို စသိတဲ့နေ့ 


“ဒုန်းဒုန်း..ဒုန်းဒုန်း”
“နေ၀င်းအောင်..နေ၀င်းအောင်”
“ဒုန်းဒုန်း….”

တံခါးဝမှ ကျွန်တော့်နာမည်ခေါ်သံနှင့်အတူ တံခါးကိုထုရိုက်နေသံကြောင့် အိပ်ပျော်နေသော
ကျွန်တော် လန့် နိုးသွားသည်။ ထို့ ကြောင့် ကဗျာကသီထကာ တံခါးကိုသွားဖွင့်လိုက်သည်။
တံခါးဝတွင်၇ပ်နေသော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသွားသဖြင့် ၀မ်းသာနေသော မျက်နာဖြင့်
ကျွန်တော့်အစ်ကို ကို တွေ့ ရသည်။
“ဘာဖြစ်လာတာလဲ..ဘာဖြစ်လို့ လဲ”
မောပန်းနေသော ကျွန်တော့်အစ်ကိုကို ကြည့်ပြီးကျွန်တော်မေးမိသည်။
“မင်းတူ အငယ်ကောင်လေးလေ…အဲဒါ သွေးလွန်တုပ်ကွေးဖြစ်လို့ ..ဒီကို လွဲလိုက်တာ”
တုန်ခါနေသောအသံ ၊ ၀မ်းနည်းအားငယ်နေသောမျက်ဝန်းများဖြင့် ဖြေသည်။
ကျွန်တော်လည်း အ၀တ်အစားလဲကာ ဆေးရုံသို့ လိုက်ခဲ့သည်။

မောပန်းစွာ အသက်ရူနေပြီး ဖျော့ တော့သော အသားအရောင်ဖြင့် မှိန်းနေသော ကျွန်တော့်တူကိုတွေ့ သည်။အနီးနားမှာ ရှိနေသော အလုပ်သင်လေးကို ကျွန်တော်မေးဖြစ်သည်။
“ညီလေး ..အဲဒါက အစ်ကို့ တူပါ..ဘာဖြစ်တာတဲ့လဲ”
“ခုနကတင် ဆရာမ လာကြည့်သွားတယ်..DSS ၀င်နေတယ်အစ်ကို”..
“သွေးပေါင်က ၇၀၊၅၀ပဲရှိတယ်”..“လောလောဆယ်တော့ gelofusin တင်ခိုင်းထားတယ်..”
“သွေးအဖြေရတော့မှ plt ကိုကြည့်ပြီး PRP သွင်းမယ်ပြောတယ်..အဲဒါ သွေးလိုတယ်အစ်ကို”
အလုပ်သင်ဆရာဝန်လေးရဲ့ စကားက ချိုသာပြီး ကိုယ်ချင်းစာစိတ်ပါမှန်းသိသော်လည်း ကျွန်တော့်အတွက်တော့ မိုးကြိုးပြစ်ခံရသလိုပါပဲ။ကျွန်တော်လည်း လိုအပ်တဲ့ သွေးစစ်ဆေးမှုများ၊
ဆေးဝါးများကို လိုက်လံလုပ်ဆောင်ပေးသည်။သွေးစစ်တော့လည်း Aသွေးဆိုတော့ ကျွန်တော်နှင့်တူနေတယ်။နောက်တစ်ယောက်ဖြစ်တဲ့ ဆေး(၂)က သိန်းနိုင်လင်းကလည်း Aသွေးဆိုတော့ သူကလည်း လှူတယ်။ကျွန်တော့်တို့ လက်ထဲမှာ လိုအပ်ရင်သွင်းနိုင်ဖို့  သွေးကလည်း
အရန်သင့်ဖြစ်နေပြီ။ဆရာကြီးတွေကလည်း ဂရုစိုက်ပါတယ်။ကျွန်တော်လည်း သွေးလှူခြင်းပြီးတာနှင့်
ဆေးရုံထဲက ကလေးဆောင်ကိုပြန်လာခဲ့တယ်။ လက်ရှိအားဖြင့်တော့ plt အဖြေကိုစောင့်ရမယ်လေ။
ဆရာကြီးဦးစောဝင်းလည်း ရောက်လာပြီး ကလေးကို ကြည့်ပေးတယ်။လတ်တလောအခြေအနေက
ကောင်းတယ်လို့ ပြောလို့ ရသလို ၊ဆိုးတယ်လို့ လည်း ပြောလို့ ရတဲ့ အတွက် အတတ်နိုင်ဆုံးပြုစုတာ
ပဲ ကျွန်တော်တို့ ဆရာဝန်တွေ တတ်နိုင်တာပါ။
ကံကောင်းစွာပဲ ကျွန်တော့်တူလေး စကားတွေပြောနိုင်လာတယ်။ကျွန်တော့်အစ်ကိုလည်း ၀မ်းသာ
နေတာပေါ့။ဒါကြောင့် ညီအစ်ကိုနှစ်ယောက် ဆေးရုံနားက လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တယ်။
တောင်စဉ်ရေမရ သာကြောင်းမာကြောင်းတွေ ပြောဖြစ်တယ်။ဝမ်းသာနေတဲ့ သူ့ ရဲ့ ပီတိကို ကျွန်တော်
မဖျက်ဆီးခြင်ဘူး။လုံးဝ ကောင်းသွားပြီလို့ ကျွန်တော်ဘယ်လိုအာမခံမလဲ။သွေးအဖြေတွေမရသေးဘူး။
နောက်တစ်ခုက သွေးလွန်တုပ်ကွေးလောက် မာယာများတာ မရှိဘူးလေ။
……………………………………………………………………………………………………………………….

ညပိုင်းကိုရောက်တော့ ကျွန်တော့်ဆီကို သူပြေးလာပြန်တယ်။
“လုပ်ပါဦးကွာ..အခုသွေးတွေအန်တယ်လို့ ပြောနေတယ်..ငါကတော့သွေးမမြင်မိဘူး”
မောပန်းတုန်ခါနေတဲ့ အစ်ကို့ ကို ကြည့်ပြီး ကျွန်တော်သနားသွားတယ်။ချက်ခြင်းဆိုသလို ဆေးရုံကို
လိုက်သွားပြီး တူလေးကိုကြည့်မိတော့ မှိန်းနေပြန်ပြီ။
“ဘယ်လိုလည်း ညီလေး”ဆိုပြီး ဘေးနားက လက်ထောက်ဆရာဝန်လေးကိုမေးတော့
“အစ်ကို့ တူက PLt Count အ၇မ်းနည်းနေတယ်..internal bleeding လဲရနေတယ်”
သူ့ ရဲ့ စိတ်ပျက်အားလျော့နေတဲ့ အသံကြောင့် ကျွန်တော်လည်း ခေါင်းပူသွားတယ်။
“အစ်ကို တို့ သွေး ထုတ်ထားတယ်ညီ..PRP သွင်းမယ်လို့  ဆရာကြီးက ပြောသလား”ဆိုပြီးမေးတယ်။
“သွင်းမှာအစ်ကို ..အခုသွားယူနေတယ်..ဆရာကြီးလည်းလာမယ်လို့ ပြောတယ်”…
မကြာခင်မှပဲ ဆရာဦးစောဝင်းရောက်လာပါတယ်။ကလေးကို သေချာစမ်းကြည့်ပြီး..
“နေ၀င်းအောင်..မင်းတူက မင်းမြင်တဲ့အတိုင်းပဲကွာ ..ဆရာတို့ လည်း လိုတာလိုက်လုပ်ပေးနေတာပဲ”
ဆရာကြီးရဲ့  အသံကို နားထောင်ကြည့်လိုက်ကတည်းက ရောဂါရဲ့ မာယာများမှုကို စိတ်ပျက်နေကြောင်း ကျွန်တော်ခံစားရတယ်။ဒါကြောင့် ကျွန်တော့်အစ်ကိုကို တစ်နေရာခေါ်သွားပြီး
ကလေးက အခြေအနေဆိုးနေကြောင်း။အတတ်နိုင်ဆုံးတော့ ကြိုးစားနေကြောင်းကို ပြောပြမိတယ်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မျက်ရည်တွေကျနေတဲ့အစ်ကို က အံကြိတ်ပြီးဖြေတယ်..
“ငါမြင်ပါတယ်ကွာ..မင်းတို့ လည်း မနားတမ်းလုပ်ပေးနေတာပဲ”
………………………………………………………………………………………………………………………
မှတ်မှတ်ရရ ည ၁၁နာလောက်မှာပါ….အဲဒီနေ့ က ကျွန်တော့်တူလေးရဲ့ ဆိုးဝါးတဲ့အခြေအနေကြောင့်
ဆရာဦးစောဝင်းလည်း night round ပြီးသော်လည်း မပြန်သေးပဲ စောင့်ကြည့်ပေးနေတာပါ။
လူးလွန်ရုန်းကန်နေတဲ့ ကျွန်တော့်တူလေးတစ်ယောက်ကတော့ သေမင်းကိုမငြင်းဆန်နိုင်ပဲ ခေါ်ရာလိုက်သွားခဲ့ရပါတယ်…တောက်ခတ်အော်ဟစ်နေတဲ့ အစ်ကို့ ရဲ့ အသံက အက်ကွဲကွဲနှင့် အသံလို့ ပြောလို့ မဖြစ်တဲ့ အသံတစ်ခုပေါ့..တုန်ခါနေတဲ့ ကိုယ်ခန္ဓာကိုသာမြင်ရပြီး မျက်ရည်တွေ
ဖုန်းလွမ်းနေတဲ့မျက်နာကို လက်ဝါးနှင့်ကာပြီးခေါင်းငုံနေတဲ့  ကျွန်တော့်မရီး…..ကော်ရစ်ဒါဘေးက
သံပန်းတွေကို ကိုင်ရင်း ဖိနပ်မစီးထားတဲ့ခြေထောက်တစ်စုံ…ရီဝေအုံ့ မှိုင်းနေတဲ့ မျက်ဝန်းများဖြင့်
အမှောင်ထဲကို လှမ်းကြည့်နေတဲ့ ကျွန်တော့်ဆရာ…ကျွန်တော်ကိုယ်တိုင်ကတော့ ဘယ်လိုခံစားမှုမျိုးမှ
မရှိတော့ပဲ တကယ်ကို တိတ်ဆိတ်သွားခဲ့တာပါ။
(၂၀၀၇ ခုနှစ်က မကွေးတိုင်းဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ ကျွန်တော့်တူလေးကောင်းရာမွန်ရာရောက်ပါစေ)

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...