ယခုနောက်ပိုင်း မြွေကိုက်လို့ သေဆုံးတဲ့ သတင်းတွေကို တွေ့ မြင်လာရပါတယ်။တကယ်တော့
မြွေမကိုက်အောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။သို့ သော်လည်း မြွေပေါများတဲ့အရပ်မှာ
နေထိုင်ရသူတွေ အတွက်ကတော့ ခက်ခဲနေပါလိမ့်မယ်။ဒါကြောင့် မြွေကိုက်ခြင်းနှင့်ပတ်သက်လို
့
ကျွန်တော်ဒီဆောင်းပါးလေးကို အမေးအဖြေပုံစံရေးလိုက်တာပါ။
၁။မြွေကိုက်တိုင်းသေသလား
မြွေကိုက်တိုင်းတော့ မသေနိုင်ပါဘူး။အဆိပ်ရှိသောမြွေက အဆိပ်ရှိနေတဲ့အချိန်
အဆိပ်ပြန့် နိုင်တဲ့နေရာကို ကိုက်မိပြီး အဆိပ်ပြန့် နေသောအချိန်မှာ အဆိပ်ဖြေဆေးကို
အလုံအလောက်
ထိုးပေးနိုင်ခြင်းမရှိရင်သေနိုင်ပါတယ်။
၂။မြွေတိုင်းအဆိပ်ရှိပါသလား
မြွေတိုင်းအဆိပ်မရှိပါ။အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသောမြွေဆိုပြီး
ခွဲခြားနိုင်ပါတယ်။
၃။အဆိပ်ရှိသောမြွေဆိုတာ ဘာတွေလဲ
မြန်မာနိုင်ငံတွင် အဆိပ်ရှိသောမြွေအမျိုးအစားပေါင်း များစွာရှိသည့်
အနက် အဓိကအားဖြင့် သေဆုံးမှု
များကတော့ မြွေပွေးကိုက်ခြင်းနှင့် မြွေဟောက်ကိုက်ခြင်းတို့ ကြောင့်ဖြစ်ကြပါတယ်။အခြားမျိုးစိတ်များ
ဖြစ်သော ငန်းတော်ကျား၊တောကြီးမြွေဟောက်၊သံကွင်းစွပ်နှင့်ဂျပ်မြွေတို
့ကြောင့် သေဆုံးမှုများကို
တွေ့ ရှိရသော်လည်း အလွန်တရာနည်းပါးတာကိုတွေ့ ရပါတယ်။
၎။မြွေမှာ အဆိပ်ရှိ၊မရှိ ဘယ်လိုသိနိုင်ပါသလဲ
မြွေရဲ့ ပြင်ပ ပုံပန်းသွင်ပြင်ကို ကြည့်ပြီးသိနိုင်ပါတယ်။
ဦးခေါင်းပိုင်း
မြွေဆိုးတို့ ရဲ့  ဦးခေါင်းက တြိဂံပုံရှိပါတယ်။
အမြီးပိုင်း
မြွေဆိုးတို့ ရဲ့ အမြီးဟာ တိုပြီး တုတ်ပါတယ်။
မျက်လုံး
မြွေဆိုးတို့ ရဲ့ မျက်လုံးက ဘဲဥပုံရှိပါတယ်။အဆိပ်မရှိတဲ့ မြွေတွေကတော့
ဝိုင်းတဲ့မျက်လုံးရှိပါတယ်။
အဆွယ်
မြွေပွေး
မြွေဟောက်
၅။မြွေမကိုက်အောင် ဘယ်လို လုပ်ရမလဲ
အကောင်းဆုံးကတော့ မြွေမရှိအောင်လုပ်ဖို့ ပါပဲ။မရှိရင် မကိုက်တော့ဘူးပေါ့။သို့ သော်လည်း တောင်သူ
များအတွက် ကတော့ မြွေမရှိအောင်လုပ်ဖို့ မလွယ်ပါဘူး။ဒီတော့ မြွေမလာအောင်အရင်လုပ်သင့်ပါတယ်။
အဲဒါကတော့ မိမိတို့ ရဲ့ နေအိမ် အနီးအနားမှာ ရှိတဲ့  ချုံနွယ်များကို ရှင်းလင်းထားရပါမယ်။ဘာကြောင့်လဲဆို
တော့ မြွေများက အောက်ခြေရှင်းပြီး အပေါ်ရှုပ်တဲ့နေရာတွေမှာ ခိုအောင်းတတ်လို့ ပါပဲ။နောက်တစ်ခုကတော့ မိမိတို့ ခြံဝန်းအတွင်းမှာ ရှိတဲ့ စဉ့် အိုး၊ရေပုံးစသည်ဖြင့် ထည့်သို စရာ ပစ္စည်းများကို အဖုံးဖုံးအုပ်ထားပါ။ဖြစ်နိုင်ရင် မိမိခြံဝန်းအတွင်း ဘဲငန်း၊ခွေးစသည့်အိမ်မွေးတိရိစ္ဆာန်များမွေးမြူထားပါ။
၆။လုပ်ငန်းခွင်မှာ မြွေကိုက်ခံရခြင်းကကင်းဝေးစေရန်အတွက် ဘာလုပ်ရမလဲ
တောင်သူလယ်သမားများအဖို့ လယ်ယာလုပ်ငန်းခွင်မှာ မြွေကိုက်ခံရခြင်းမှကင်းဝေးစေဖို့ အတွက်
တောစီးဖိနပ်၊လည်ရှည် ရာဘာဖိနပ်စသည်တို့ ကိုစီးနင်းပါ။ထို့ အပြင် ရာဘာလက်အိတ်ကိုဝတ်ဆင်ပါ။
ခြုံနွယ်များကို ရှင်းလင်းတဲ့အခါ ရှေးဦးစွာ အသံပေးခြောက်လှန့် ခြင်းပြုလုပ်ပါ။
၇။ညအခ်ျိန် ခရီးသွားတဲ့အခါ မြွေမကိုက်အောင်ဘယ်လိုလုပ်မလဲ
ညအချိန်ခရီးသွားတဲ့အခါ မြွေကိုက်ခြင်းမှကင်းဝေးအောင် မီးတုတ် ၊မီးပြောင်း၊ဓာတ်မီးစသည်ဖြင့် အလင်းအားကောင်းတဲ့ ပစ္စည်းများကို ထွန်းညှိပါ။တုတ်၊တောင်ဝှေးစသည်တို့ ကို ဆောင်ယူသွားပြီး
မိမိသွားရာလမ်းတစ်လျောက် အသံပေးခြောက်လှန့် ခြင်းပြုလုပ်ပါ။မိမိမျက်စိဖြင့် ရှင်းလင်းပြတ်သားစွာ
မမြင်ရသော တုတ်ချောင်း၊ကြိုးစသည်တို့ ကို ကိုင်တွယ်ခြင်းမပြုပါနှင့်။
၈။မြွေကိုက်ခံရလျှင် ဘာလုပ်ရမလဲ
ရှေးဦးစွာ မိမိအားကိုက်သောမြွေကို သတ်ပါ။မမိလျှင်လည်း လိုက်လံဖမ်းဆီးခြင်းမပြုဘဲ ဘာအမျိုးအစားဖြစ်
သည် မည်သည့်အရောင်ရှိသည်ကို သေချာစွာမှတ်သားပါ။စိတ်အေးအေးထားပါ။ကြောက်လှန့်ပြီးထွက်ပြေးခြင်း
ခုန်ပေါက်ခြင်းစသည်တို့ ကို မပြုလုပ်ပါနှင့်။မြွေကိုက်ခံရသောနေရာတွင် ငြိမ်သက်စွာနေပြီး မိမိတွင်ဝတ်ဆင်ထားသော အင်္ကျီ၊လုံချည်စသည်တို့ ကို ဖြဲစုတ်ပြီး စည်းနှောင်စရာကြိုးကဲ့သို့ ဖြစ်အောင်လုပ်
ပါ။အဆိုပါကြိုးကဲ့ သို့ သော အ၀တ်စကို မြွေကိုက်ဒဏ်ရာ၏ အထက် နှစ်လက်မခန့် (သို့ မဟုတ်)လက်ကောက်ဝတ်၊လက်မောင်း၊ခြေချင်းဝတ်၊ဒူးဆစ် မှ လက်တစ်ချောင်းခံပြီးစည်းနှောင်ပါ။ရေတွင်းရေကန်နှင့်နီးလျင် မြွေကိုက်ဒဏ်ရာအား စဉ်ကြယ်စွာဆေးကြောပါ ။ဓားဖြင့်လှီးခြင်း၊ဆေးလိပ်မီးဖြင့်တို့ ခြင်းတို့ ကို မပြုလုပ်ပါနှင့်။မိမိတွင်အဖော်ပါလာပါက ထိုသူကို သယ်ဆောင်ခိုင်းပြီး နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှု
ဌာနကိုသွားပါ။
၉။မြွေဆိပ်ဖြေဆေးထိုးခြင်းက အသက်ကယ်နိုင်ပါသလား
ဒီမေးခွန်းကိုဖြေရရင်တော့ အမှန်တကယ်ကိုက်သောမြွေအမျိုးအစားနှင့် ထပ်တူညီသောမြွေဆိပ်ဖြေဆေးကို အဆိပ်အလွန်အမင်းမပြန့် ခင် ထိုးပါက အသက်ကယ်နိုင်ပါတယ်။
၁၀။မြွေဆိပ်ဖြေဆေးက တစ်မျိုးတည်းမဟုတ်ဘူးလား
ဟုတ်ပါတယ်။မြွေဆိပ်ဖြေဆေးက တစ်မျိုးတည်း မဟုတ်ပါ။မြွေဟောက်ကိုက်ခံရသောလူနာကိုထိုးသည့်ဆေး၊မြွေပွေးကိုက်ခံရသူကိုထိုးသည့်ဆေးဆိုပြီး
မြွေအမျိုးအစားအလိုက် အဆိပ်ဖြေဆေးခြင်း မတူညီပါ။
၁၁။ဘာကြောင့် မတူရသလဲ
မြွေကိုက်ခြင်းမှာ သက်ဆိုင်ရာမြွေအလိုက် အာနိသင်ကွဲပြားပါတယ်။မြွေဟောက်အဆိပ်ဆိုတာ အာရုံကြောစနစ်ကိုဖျက်ဆီးပြီး မြွေပွေးအဆိပ်ကတော့ သွေးကြောများကိုဖျက်ဆီးပါတယ်။ငန်းတော်ကျားကတော့ နှစ်မျိုးလုံးကို ဖျက်ဆီးပါတယ်။
၁၂။မြွေဆိပ်ဖြေဆေးတစ်မျိုးတည်းက ဒီအမျိုးအစားအားလုံးကို ကာကွယ်နိုင်အောင်လုပ်လို့ ရသလား
လက်ရှိကာလမှာတော့ ရပါပြီ။အန္ဒိယနိုင်ငံထုတ် သုံးမျိုးစပ်မြွေဆိပ်ဖြေဆေးများမှာတော့ မြွေအမျိုးအစားကို
မသိလျှင်လည်း ထိုးလို့ ရအောင် တွဲဖက်ဖော်စပ်ထားပါတယ်။
၁၃။မြွေဆိပ်ဖြေဆေးမှာ ဆိုးကျိုးရှိသလား
ရှိပါတယ်။အသက်သေဆုံးနိုင်လောက်အောင်ကို ဆိုးကျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ မြွေဆိပ်ဆိုတာ
လူသားခန္ဓာကိုယ်မှာ မရှိတဲ့ အသားဓာတ်တစ်မျိုးပါ။ထိုအသားဓာတ်ရဲ့  ထိုးနှက်ဖျက်ဆီးမှုကို ကာကွယ်ဖို့ 
တန်ပြန် အသားဓာတ်ကို ခန္ဓာကိုယ်အတွင်းထိုးသွင်းခြင်းဖြစ်ပါတယ်။ထိုအရာကို ဆေးပညာအရတော့
မျှခြေစနစ်တည်ဆောက်ခြင်းလို့ ခေါ်ပါတယ်။
၁၄။မြွေဆိပ်ဖြေဆေးထိုးလိုက်လျှင် အသက်ရှင်ပြီလား
ဒီကိစ္စက
အလွန်တရာအငြင်းပွားရတဲ့ ကိစ္စဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ မြွေဆိပ်က
ကျန်တဲ့အဆိပ်များနှင့် မတူညီပါ။မိမိတို့ ထိုးနှံတဲ့မြွေဆိပ်ဖြေဆေးဆိုသည်မှာလည်း
သွေးကြောအတွင်း လှည့်ပတ်စီးဆင်းနေတဲ့ မြွေဆိပ်များကို
တန်ပြန်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ဒါကြောင့် တကယ်လို့ 
မြွေဆိပ်က
ခန္ဓာကိုယ်မှာ ရှိတဲ့ ကျောက်ကပ်၊နှလုံး၊ဦးဏှောက်စသည်တို့ ကို
တိုက်ခိုက်ဖျက်ဆီးပြီးမှသာ
မြွေဆိပ်ဖြေဆေးထိုးတယ်ဆိုရင်
တော့ အာမခံလို့ မရတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ပျက်စီးသွားသော
ခန္ဓာကိုယ်အစိတ်အပိုင်းများကို
မြွေဆိပ်ဖြေဆေးက ပြန်ကောင်းအောင်လုပ်ပေးနိုင်တဲ့ အာနိသင်မရှိလို့ ပါ။
ဒါကြောင့်
မြွေဆိပ်ဖြေဆေးထိုးပြီးသော်လည်း အသက်အန္တရာယ်ကတော့ ရှိနေပါသေးတယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...