ဒီနေ့ တော့ မြင်နေ၊ကြားနေသမျှ တလွဲတွေဖြစ်နေတော့ ငယ်ငယ်ကကြားခဲ့ဘူးတဲ့
ပုံပြင်လေးကိုသွား
ပြီး သတိရတယ်။
တစ်ခါက သိပ္ပံပညာရှင်တစ်ဦးရယ်၊စာရေးဆရာတစ်ယောက်ရယ်၊သမိုင်းပညာရှင်တစ်ဦးရယ်၊နိုင်ငံရေး
သမားရယ်စုပေါင်းပြီး သဲကန္တာရတစ်ခုကို လေ့လာရေးသွားကြသတဲ့။သူတို
့ကလည်း သူတို့ ပစ္စည်းတွေကို သယ်ခိုင်းဖို့  အလုပ်သမားတစ်စုကိုခေါ်ခဲ့ပါသတဲ့။ဒီလိုနှင့်
သဲကန္တာရထဲမှာ စူးစမ်း
တစ်လလောက်ကြာတော့ သူတို့ ပြုစုပြီးသမျှတွေကို သယ်ပြီး ပြန်လာကြတယ်။ဖြစ်ချင်တော့
လမ်းမှာ
လမ်းပျောက်ပြီး ငတ်ပြတ်နေတဲ့ ဒုက္ခသည်တစ်ယောက်ကိုတွေ့ ကြသတဲ့။အဲဒီဒုက္ခသည်ကလည်း
ရေငတ်လွန်းလို့  မသေရုံအသက်ရှင်နေရသူပေါ့။သူ့ ခမျှာ လူတွေလည်းတွေ
့ရော ၀မ်းသာလွန်းပြီး
ဗိုင်းကနဲ လဲသွားသတဲ့။ပါးစပ်ကလည်း ရေ…ရေ ဆိုပြီးမည်တမ်းနေပါသတဲ့။
အဲဒီမှာ သိပ္ပံပညာရှင်ကဘာပြောလဲဆိုတော့ “ဟုတ်တာပေါ့ ..သဲကန္တာရထဲမှာ
အသက်ရှင်ဖို့ အတွက်
ရေဆိုတာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်တယ်။တကယ်တော့ ကျွန်တော်တို
့မှာ အောက်ဆီဂျင်တွေ
ရှိနေပေမဲ့ ရေထုတ်လုပ်ဖို့ နည်းကို မစဉ်းစားမိကြဘူး..တကယ်တော့ ရေဆိုတာ
အောက်ဆီဂျင်တစ်ခုကို ဟိုက်ဒရိုဂျင်နှစ်ခုနှင့်ပေါင်းစပ်ထားတဲ့အရာဖြစ်တယ်”ဆိုပြီးပြန်ပြောသတဲ့။
အဲဒီမှာ စာရေးဆရာကလည်း တကယ်တော့ ရေဆိုတာ သက်ရှိတို့ အတွက် ရှင်သန်နေထိုင်ရာ
စွမ်းအင်တစ်ခုဖြစ်ကြောင်း၊ရေကြောင့်သာ ယဉ်ကျေးမှုကြီးဖြစ်ပေါ်လာကြောင်း၊ရေကြောင့်သာလျှင်
လူမျိုးစုတွေ တိုက်ခိုက်ကြကြောင်း၊ရေနှင့်ပတ်သက်ပြီးမည်ကဲ့သို့ သောကဗျာများ..မည်ကဲ့သို
့သော
ဝတ္ထုများပေါ်ပေါက်ခဲ့ကြောင်း ရှင်းပြပြန်သတဲ့။
ဒီလို စာရေးဆရာကရှင်းပြတော့ သမိုင်းပညာရှင်ကလည်း အားကျမခံ “တကယ်တော့
ဒီနေရာက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကန္တာရမဟုတ်ကြောင်း၊ယခုလက်ရှိသဲပြင်ရဲ့ အောက်မှာ
မြေအောက်မြစ်ကြီးတစ်ခု စီးဆင်းနေကြောင်း..ကန္တာရကြီးမည်ကဲ့သို့ ဖြစ်ပေါ်လာကြောင်း၊ယခင်ကာလက
ဒီနေရာမှာရေမည်မျှပေါကြောင်း ရှင်းပြပြန်သတဲ့”။
ဒီလို ပညာရှင်ကြီးတွေ ရှင်းပြတာကို နားထောင်ရင်း ရေငတ်နေတဲ့ ဒုက္ခသည်မှာ
အသက်ရှုသံပြင်းလာ
သတဲ့။ပါးစပ်က အမြုပ်တွေထွက်လာသတဲ့။
အဲဒီအချိန်မှာပဲ နံဘေးမှာရပ်ကြည့်နေတဲ့ အလုပ်သမားတစ်ဦးက ၀င်လာပြီး
ဆရာတို့ နည်းနည်းလောက်ဘေးဖယ်ပေးပါလားဗျာ…ကျွန်တော်ရေတိုက်ချင်လို့ ပါလို့ ဆိုသတဲ့။ပြီးတော့
သူ့ မှာ
ရှိတဲ့ ရေဘူးကိုဖွင့်ပြီး ဒုက္ခသည်ကိုတိုက်လိုက်သတဲ့။အဲဒီမှာ ဒုက္ခသည်လည်း
ရေကိုသောက်၇သတဲ့။
သတိကောင်းစွာရလာတော့ ဒုက္ခသည်ကပြောသတဲ့ “ကျေးဇူးတင်လိုက်တာဗျာ..ကျွန်တော်က
ဘယ်ကုမ္ပဏီပိုင်ရှင် သူဌေးကြီးပါပေါ့..ကျွန်တော့အသက်ကိုကယ်တဲ့အတွက် ကျေးဇူးဆပ်ခြင်လို
့
အိမ်ကို ကြွခဲ့ပါ”ဆိုပြီးပြောသတဲ့။
အဲဒီမှာ ပညာရှင်တွေက ပြောသတဲ့..ခင်ဗျားက ကျွန်တော်တို့ ဒီလောက်ရှင်းပြတာကိုနားမထောင်ဘဲ
ဘာမဟုတ်တဲ့ အလုပ်သမားကို အသက်သခင်လုပ်နေတယ်ပေါ့။
အဲဒီမှာ သူဌေးကြီးက ပြန်ပြောသတဲ့….
“ဆရာတို့ တော်တာကိုလည်း လက်ခံပါတယ်..တတ်တာကိုလည်းလက်ခံပါတယ်..
ဒါပေမဲ့ ရေငတ်နေသူအတွက် ရေသည်သာ အသက်ရှင်ရာဖြစ်ပါတယ်…ရေရဲ့ အကြောင်းကိုသိလို
့
အသက်ရှင်စရာအကြောင်းမရှိပါဘူးခင်ဗျာ”………..
ကျွန်တော်အဓိကပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေက ရေငတ်နေတဲ့ဒုက္ခသည်တွေပါ။
ရေအကြောင်းကို ပြောပြနေတိုင်း ကျေးဇူးရှင်ဖြစ်ချင်လို့ မရဘူး။တကယ်ရေတိုက်ပေးမဲ့သူသာ
ကျေးဇူးရှင်ဖြစ်လိမ့်မယ်။ခင်ဗျားတို့ ရေအကြောင်းပြောနေတာ နားငြီးလာပြီ။ဘယ်သူရေတိုက်ပေးမလဲ။
လောလောဆယ်ကျွန်တော်လည်း ရေတော်တော်ငတ်နေပြီ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...