သွေးလွန်တုပ်ကွေးဆိုတာ


ရောဂါဆိုတာ မဖြစ်တာ အကောင်းဆုံးပါပဲ။သို့ သော်လည်း လူသားတွေဖြစ်နေတဲ့ အတွက် ရောဂါ
တစ်ခုခုကတော့ ဖြစ်တတ်ကြပါတယ်။ဒီအထဲမှာ ကုသလို့ ပျောက်တဲ့ရောဂါ၊ကုသလို့ မပျောက်တဲ့
ရောဂါ၊ကာကွယ်လို့ ရတဲ့ရောဂါ၊ကာကွယ်လို့ မရတဲ့ရောဂါ ဆိုပြီးကွဲပြားပါတယ်။ဒီအထဲကမှ
ကာကွယ်လို့ ရသော်လည်းပဲ ဖြစ်ပွားနေတဲ့၊ဖြစ်ပွားတိုင်းလည်း သေဆုံးမှုများပြားတတ်တဲ့ ရောဂါ
အကြောင်းလေးပြောချင်ပါတယ်။အဲဒါကတော့ သွေးလွန်တုပ်ကွေးပါ။
သွေးလွန်တုပ်ကွေးဆိုတာဘာလဲ
သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်ခုပါ။ဖြစ်ပွားစေတဲ့ပိုးကတော့ dangue virus (1,2,3,4)ဖြစ်ပါတယ်။
ဗိုင်းရပ်စ်နှင့်ဘက်တီရီးယား ဘာကွာသလဲ
ဘက်တီးရီးယားတွေက ပိုးသတ်ဆေး(antibiotic)တွေကို ခုခံနိုင်စွမ်းမရှိပါဘူး။ဒါကြောင့် ပိုးသတ်ဆေးပေးရင် ဘက်တီးရီးယားတွေသေပါတယ်။ဒါကြောင့် ပိုးသတ်ဆေးဖြင့် ဘက်တီးရီးယား
ကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသလို့ ရပါတယ်။
ဗိုင်းရပ်စ်ကတော့ ပိုးသတ်ဆေးဖြင့် သတ်လို့ မရပါ။


သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်ပါသလဲ
သွေးလွန်တုပ်ကွေးကို လက်ခံသယ်ဆောင်တဲ့အကောင်ကတော့ အေးဒီးစ် အေဂျစ်ပတိုင်းဆိုတဲ့ခြင်ကျားဖြစ်ပါတယ်။အဆိုပါရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်မိရင် သွေးလွန်တုပ်ကွေးဖြစ်ပါတယ်။
အဲဒီခြင်က အမြဲတမ်းကိုက်သလား
အများအားဖြင့်တော့ နေ့ လယ်ဘက်မှာကိုက်တတ်ပါတယ်။ရေကြည်ရေသန့် မှာပေါက်ပွားရှင်သန်ပါတယ်။
ဘယ်အရွယ်မှာ သွေးလွန်တုပ်ကွေးဖြစ်တတ်သလဲ
အသက်အရွယ်၊ကျားမ မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် ကျောင်းနေအရွယ်ကလေးငယ်တွေမှာ
ပိုပြီးဖြစ်တတ်ပါတယ်။အသက်အငယ်ဆုံး ခြောက်လမှ အသက်အကြီးဆုံး ကိုးဆယ့်လေးနှစ်အထိ ဖြစ်ပွားကြောင်း လေ့လာတွေ့ ရှိထားပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ကြောင်း ဘယ်လိုသိမလဲ
သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် အရင်ဆုံးသိရတာက ကိုယ်အပူချိန်မြင့်မား(ဖျား)တာပါ။အပူချိန်က
တသတ်မှတ်တည်း ကြာရှည်စွာဖြစ်ပေါ်ပါတယ်။အဖျားကျဆေးများပေးထားလျှင်လည်း ဆေးအာနိသင်ရှိချိန်သာ အဖျားကျပြီး အာနိသင်ပျယ်ချိန်မှာ အဖျားပြန်တက်ပါတယ်။သုံးရက်ခန့် ဆက်တိုက်ဖျားတတ်ပါတယ်။ခေါင်းကိုက်ခြင်း၊ပျို့ အန်ခြင်း၊မူးဝေခြင်း၊ကိုယ်ခန္ဓာယားခြင်းစသည်တို့ ကို
တွေ့ ရတတ်ပါတယ်။သံသယရှိတဲ့အခါ သွေးပေါင်တိုင်းကိရိယာဖြင့် အပေါ်သွေးနှင့်အောက်သွေး ကြားမှာ သွေးကြောကို ပိတ်ပြီး ငါးမိနစ်ခန့် ထားတဲ့အခါ အနီစက်များပေါ်လာပါတယ်။ဘာကြောင့်လဲ
ဆိုတော့ သွေးလွန်တုပ်ကွေးပိုးက သွေးကြောမျှဉ်များကို ကျယ်စေပြီး သွေးတွင်းသွေးခဲဓာတ်ကိုလျော့ပါးစေတဲ့အတွက် သွေးစက်များအပြင်ကို  တိုးထွက်လာလို့ ပါ။
ကလေးငယ်များမှာ အသည်းကြီးတာကို တွေ့ ရတတ်ပါတယ်။
ဒါဆိုသွေးလွန်တုပ်ကွေးလို့ ပြောလို့ ရပြီလား
ဆက်လက်ပြီး သွေးစစ်ကြည့်ဖို့ လိုပါတယ်။သွေးလွန်တုပ်ကွေးဖြစ်ရင် ခန္ဓာကိုယ်ကနေ IgG,IgM တွေ
ထွက်လာပါတယ်။အဆိုပါ ဓာတ်တုန့် ပြန်ပစ္စည်းများ ရှိ၊မရှိကို စစ်ဆေးပြီးသိနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ရင်ဘာလုပ်ရမလဲ
သွေးလွန်တုပ်ကွေးဖြစ်ပြီ ဆိုရင်တော့ ဂရုစိုက်ခြင်းကသာ အဓိကဖြစ်ပါတယ်။အစားအသောက်၊အနေအထိုင်၊ရောဂါ အတိုး၊အဆုတ် ကို ဂရုစိုက်ရပါတယ်။
သွေးလွန်တုပ်ကွေးတိုင်းသေသလား
မသေပါ။သွေးလွန်တုပ်ကွေးမှာ အဆင့်လေးဆင့်ရှိပါတယ်။
(က) သွေးလွန်တုပ်ကွေး…သာမာန်
(ခ)သွေးလွန်တုပ်ကွေး…အခြားနောက်ဆက်တွဲဖြစ်စဉ်(အန်ခြင်း၊ပျို့ ခြင်း၊အဖျားမကျခြင်း၊တက်ခြင်း)
(ဂ)သွေးလွန်တုပ်ကွေး…သွေးယိုခြင်း(ကော်ဖီရောင် အန်ခြင်း၊၀မ်းမည်းမည်းသွားခြင်း)
(ဃ)သွေးလွန်တုပ်ကွေး…သွေးလန့် သွေးဆုတ်ဖြစ်ခြင်း(သွေးပေါင် အလွန်အမင်းကျခြင်း)

အဲဒီအထဲမှာမှ (ဂ)နှင့်(ဃ) အဆင့်များသာ အသက်အန္တရာယ်ရှိပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်လာ၇င်ဘာလုပ်ရမလဲ
ကလေးငယ် အဖျားဆက်တိုက်ဖြစ်နေတယ်ဆိုရင် ဆရာဝန်တစ်ဦးဦးနှင့်ပြသပါ။
အရည်များများတိုက်ပါ။အစားမာများမကျွေးပါနှင့်။လေကောင်းလေသန့် ရသောနေရာတွင်ထားပါ။
သွေးလွန်တုပ်ကွေးသေချာအောင် ဆက်လက်စစ်ဆေးပါ။သွေးအမျိုးအစား၊သွေးတွင်းသွေးခဲစေသော
သွေးမွားအရေအတွက်ကိုစစ်ဆေးပါ။သွေးအမျိုးအစားတူသူတစ်ဦးရှာထားပါ။
(က)နှင့်(ခ)အဆင့်တွင် ရပ်တန့် သွားလျှင်လည်း အဖျားစတင်ချိန်မှာ ၁၀ရက်အတွင်း ဂရုစိုက်ပါ။
ကိုယ်ခန္ဓာတွင် ယားယံသော အနီကွက်များပေါ်လာလျှင် စိတ်ချရသော အခြေအနေကိုရောက်ပါပြီ။
(ဂ)နှင့်(ဃ)အဆင့်များအတွက်ကတော့ ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။ဆေးရုံကို မဖြစ်မနေတက်ရပါမယ်။
သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ပြီးရင်ထပ်ဖြစ်တတ်သလား
ဖြစ်တတ်ပါတယ်။မျိုးစိတ်မတူညီတဲ့အတွက် ကိုယ်ခန္ဓာက သွေးလွန်တုပ်ကွေးပိုးကို မတုန့် ပြန်နိုင်ပါ။
ထို ကြောင့် ပထမနှစ်တွင် သွေးလွန်တုပ်ကွေး အပျော့စားဖြစ်ဖူးသော်လည်း မပေါ့ဆသင့်ပါ။
ဘယ်လိုကာကွယ်မလဲ
ကာကွယ်ဆေးပေါ်ပေါက်ပြီဟုအင်တာနက်တွင်တွေ့ ပါသည်။သို့ သော်လည်း ရာနုန်းပြည့်စိတ်ချရခြင်း မရှိပါ။
အကောင်းဆုံးကာကွယ်နည်းကတော့ ခြင်မကိုက်အောင်နေဖို့ ပါ။ခြင်မကိုက်အောင်နေဖို့ ကတော့ ခြင်မရှိအောင်လုပ်ဖို့ ပါ။
ခြင်မရှိအောင်ဘယ်လိုလုပ်မလဲ
ဖုံး=ေ၇အိုးေ၇ပုံးများကို ဖုံးအုပ်ထားပါ
သွန်=ရေဟောင်းများကို သွန်ပြစ်ပါ..
လဲ=ရေသစ်များကိုလဲပေးပါ
စစ်= ပိုးလောက်လန်းမပါအောင် စစ်ထုတ်ပါ
လောင်း=ခွက်စုတ်များ..ရေ၀င်နိုင်သောပစ္စည်းများအတွင်း ဒီဇယ်ကဲ့သို့ သောဆီများလောင်းပါ
ထောင်=ခြင်ထောင်ဖြင့်အိပ်ပါ
ဖွင့်=ပြတင်းပေါက်များကို အလင်းရောင်ကောင်းစွာဝင်ရောက်နိုင်အောင်ဖွင့်ပါ
မြုပ်=စွန့် ပစ်ပစ္စည်းများကို မြေမြုပ်ပါ
ရှင်း=အိမ်ပတ်ဝန်းကျင်ကို သန့် ရှင်းအောင်ထားပါ
မှုတ်=ခြင်ရှိသည်ဟု သံသယရှိပါက မှုတ်ဆေးဖြင့် ခြင်များကိုသတ်ပါ
 ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်…ထို့ ကြောင့် ကာကွယ်ခြင်းကသာလျှင်အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်းပြောပါရစေ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...