ကျွန်တော်က ဆေးကျောင်းသားဘ၀မှာ တော်တော်ဆိုးခဲ့သူပါ။ဒါကြောင့်လည်း
ဆရာ၊ဆရာမတွေရဲ့ 
သတိထားမိနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။အလုပ်သင်ဆရာဝန်ဘ၀ကိုရောက်လာတဲ့
အခါမှာတော့ မွေးစားမိဘလို ဆရာ၊ဆရာမတွေကို ရရှိခဲ့ပါတယ်။သူတို့ ရဲ
့သွန်သင်ဆုံးမမှုကြောင့်
ကျွန်တော်လည်း မတော်ပေမဲ့ စေတနာထားတတ်တဲ့ဆရာဝန်ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်ရဲ့ မွေးစားအဖေက ကျွန်တော့်ကိုဆုံးမခဲ့ဘူးတယ်…..
သား..မင်းဆေးဆရာဘ၀ကိုလိုချင်သလား…ဆရာဝန်ဘ၀ကိုလိုချင်သလားတဲ့
ကျွန်တော် ဘာကိုဆိုလိုမှန်းမသိဘူးဗျ။အဲဒီတော့မှ ဆရာကဆက်ပြီးရှင်းပြတယ်…
ဆရာဝန်ဖြစ်ချင်ရင် အကျင့်လေးပါးညီရမယ်တဲ့..ဘာတွေလဲဆိုတော့
၁။ဆေးဆရာလိုကျင့်ရမယ်
၂။ကျောင်းဆရာလိုကျင့်ရမယ်
၃။ရဟန်းလိုလည်းကျင့်ရမယ်
၎။သုဘရာဇာလိုလည်းကျင့်ရမယ်တဲ့
ကဲ..ဆေးဆရာလိုကျင့်တာကတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး…
ကျောင်းဆရာလိုကျင့်ရမယ်ဆိုတာကခက်နေပြီ….
ကျောင်းဆရာဆိုတာ သူဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့ အကြုံတွေ၊သူဖတ်မှတ်ခဲ့သမျှ
ဗဟုသုတတွေ
နှင့် ဘ၀အတွက် လိုအပ်တဲ့ဆောင်ရန်ရှောင်ရန်တွေကို တပည့်တွေကိုသင်ပေးတာမို
့လားတဲ့…
အဲဒီလိုပဲ ဆရာဝန်တွေကလည်း သူ့ ပတ်ဝန်းမှာရှိတဲ့ ပြည်သူတွေကို ကျန်းမာရေးနှင့်ညီညွတ်အောင်
ဘယ်လိုနေထိုင်ရမယ်ဆိုတာနှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို ရှင်းလင်းသင်ပြနေရမယ်တဲ့…
၇ဟန်းလိုကျင့်ရမယ်ဆိုတာကရောဆရာဆိုတော့
မင်းကိုညစာမစားခိုင်းတာမဟုတ်ဘူးကွ…
ရဟန်းသံဃာတို့ မည်သည် သံသရာကလွတ်မြောက်ရာတရားကိုဟောပြောရင်း လက်ရှိဘ၀မှာ
အကုသိုလ်ကင်းကင်းနှင့်နေထိုင်တတ်အောင်၊လောကဓံဆိုတာဘာလဲဆိုတာသိအောင်
ရှင်းလင်းပြသပေးနေသူတွေကွ..
ဒီလိုပဲ ဆရာဝန်တွေကတော့ လောကီရေးရာများနှင့်ဆက်စပ်တဲ့ အချို့ သောကိစ္စများမှာ
လူနာရှင်နှင့်
လူနာတွေကိုတတ်နိုင်သမျှ သက်သာအောင် ၊စိတ်ပိုင်းဆိုင်ရာအားဖြင့်
ခံနိုင်ရည်ရှိအောင် ဖြေသိမ့်ပေး
နိုင်ရမယ်…သေတော့မယ်လူနာကိုတောင် မျှော်လင့်ချက်ပေးနိုင်ရမယ်…သေရင်တောင်မှပဲ
ညင်ညင်
သာသာနှင့် ဘ၀ကူးကောင်းအောင်လုပ်ပေးနိုင်ရမယ်။
သုဘရာဇာလိုကျင့်ရမယ်ဆိုတာကရောဆရာဆိုတော့
သုဘရာဇာဆိုတာ ရွံတတ်လို့ ၊ကြောက်တတ်လို့ မရဘူးကွ…
ဒီလိုပဲ ဆရာဝန်တစ်ယောက်က ရွံလို့ ဆိုပြီး အနာတစ်ခုကိုပြီးစလွယ်မကုရဘူး…ဆီး၊၀မ်း၊သွေး၊သလိပ်
၊ပြည်၊အနာတွေကို သေသေချာချာကြည့်ပြီးမှ ကိုင်တွယ်စစ်ဆေးပြီးမှ ရောဂါကိုဆုံးဖြတ်ပါတဲ့…
ဒီတော့…ကျွန်တော်တို့ က ဆေးဆရာသာသာလောက်နှင့် ဆရာဝန်နာမည်ခံချင်လို
့မရပါါဘူး…
လောကမှာ အသေချာဆုံးကိစ္စကတော့ သေခြင်းတရားပါပဲ..
အဲဒီ သေခြင်းတရားကိုမှ ဆန့် ကျင်နေကြတဲ့ ဆရာဝန်တွေအဖို့ တော့ ဘာကိုကြောက်တတ်ဦးမှာလဲ..
နောက်ဆရာတစ်ယောက်ကတော့ မိမိကိုယ်ကို နိမ့်ချတတ်အောင်သင်ပေးခဲ့ပါတယ်…
ကျွန်တော်ကလည်း ဆရာဝန်ဖြစ်ကာစ…အားလုံးကိုကယ်တင်ကုသနိုင်တယ်လို့ အထင်ရောက်နေတဲ့
အချိန်ပေါ့….ဖြစ်ချင်တော့ ကျွန်တော့်တူလေးတစ်ယောက် သွေးလွန်တုပ်ကွေးရောဂါနှင့်
ဆေးရုံတက်၇တယ်။အားလုံးက သေသေချာချာ ကုသပေးနေသော်လည်း ဆုံးသွားခဲ့တယ်။
ကျွန်တော်လည်း တော်တော်စိတ်ဓာတ်ကျသွားပြီး ဘယ်သူ့ ကိုအပြစ်တင်ရမှန်းမသိတော့ဘူး၊
သေချာစဉ်းစားကြည့်တော့ ဘယ်သူမှအပြစ်မရှိဘူးလေ….
ကျွန်တော့်ဆရာလည်း စိတ်မကောင်းဘူးပေါ့…နောက်တစ်ပတ်လောက်နေတော့ ဆရာကပြောတယ်
သား…ဆရာတို့ က ဖန်ဆင်းရှင်တွေမဟုတ်ဘူးလေတဲ့….ဆရာကဆက်ပြောတယ်…
သဘာဝတရားကို ဆရာတို့ ကတတ်နိုင်သမျှလွန်ဆန်နေကြတာပါတဲ့..နိုင်တဲ့အခါရှိသလို
ရှုံးတဲ့အခါလည်းရှိမှာပေါ့တဲ့…ဘာကြောင့်လဲဆိုတော့..ဆရာတို့ ရဲ
့ဆေးပညာဆိုတာကိုက
သဘာဝတရားရဲ့ အပုံတစ်သိန်းပုံမှ တစ်ပုံကိုသာတွေ့ ရှိသေးတာပါတဲ့…ဒီထက်ဆိုးတာက
ဆေးပညာကိုတစ်ဖက်ကမ်းခတ်တော်ပါတယ်ဆိုတဲ့ ဆရာဝန်တောင်မှ ဆေးပညာရဲ
့
အပုံတစ်သိန်းပုံ တစ်ပုံကိုသာသိတာပါတဲ့…ကဲ..ကျွန်တော်လို သာမန်လက်ထောက်ဆရာဝန်လေးက
သဘာဝတရားကိုဘယ်လို အကုန်သိနိုင်မလဲ…
ဒါကြောင့် ကျွန်တော်သိလိုက်တာက ဆရာဝန်ရဲ့ အလုပ်က မသေသင့်တဲ့လူနာကို
မသေအောင်ကြိုးစားဖို့ ပါပဲ..ကျွန်တော်တို့ တတ်နိုင်တာ ကြိုးစားပြီးကုသပေးရုံပါပဲ..ကျန်တဲ့သေခြင်း
ရှင်ခြင်းဆိုတဲ့ဆုံးဖြတ်ချက်ကတော့ သဘာဝတရားကဆုံးဖြတ်ပေးပါတယ်။
နောက်ဆရာတစ်ယောက်ကတော့ လူတွေရဲ့ သေခြင်းတရားကိုဘုရားဟောတရားတော်နှင့်ရှင်းပြပါ
တယ်။လူတစ်ယောက်ရှင်ခြင်း၊သေခြင်းကို အချက်လေးချက်နှင့်ဆုံးဖြတ်ပါတယ်။
၁။ကံ….ထိုသူပြုလုပ်ခဲ့သမျှသောအလုပ်များတဲ့(ဥပမာ၊အရက်သောက်လို့ အသည်းရောဂါရတယ်)
၂။စိတ်….လူနာကိုယ်တိုင်အသက်ရှင်လိုစိတ်ရှိရပါမယ်။
၃။ဥတု….ရာသီဥတုအခြေအနေတဲ့..ကျန်တဲ့ဥတုအခြေအနေတွေကတော့ မမှတ်မိလို
့နောက်မှရေးပါရစေ..(နွေ၇ာသီမှာ လူတွေ အပူရှပ်ပြီးသေတယ်၊ဆောင်းရာသီမှာ အဆုတ်အအေးမိပြီး
သေတယ်)
၎။အာဟာရ…အာဟာရမပြည့်ဝရင် ကိုယ်ခံအားနည်းမယ်..ရောဂါပိုးဝင်လွယ်မယ်….
အဲဒီလေးပါမှာရော ဆရာဝန်က ဘာတွေကိုပြောင်းလဲပေးလို့ ရပါသလဲ…..
နောက်ပိုင်းအချိန်ရရင်ရသလို ကျွန်တော့ဆရာများရဲ့ ဆုံးမစကားတွေကိုဆက်လက်ရေးသားပေးပါမယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...