ကျွန်တော် ဒီနေ့ ည အိပ်မပျော်ဘူး..ဘာကြောင့်လဲဆိုတော့ သမိုင်းနှင့်ချီပြီး
ပညာကိုတန်ဖိုးထား
ခဲ့တဲ့မြန်မာတွေ အခုမှ ဘာကြောင့် ပညာကိုတန်ဖိုးမထားတော့တာလဲဆိုတာ
ခံပြင်းလွန်းလို့ ပါ။
ခင်ဗျားတို့ စဉ်းစားကြပါ…
ပထမနိုင်ငံတော်ကိုထူထောင်ခဲ့တဲ့ အနော်ရထာက သူ့ စစ်သူကြီးလေးပါးကို
အမတ်အဖြစ်ခန့် ခဲ့သလား..စစ်သူကြီးအဖြစ်ပဲထားခဲ့တာပါ..နိုင်ငံတော်ကိုထိန်းကျောင်းပေးဖို
့ အမတ်တွေကိုတော့
ပညာရှင်တွေကိုပဲခန့် ခဲ့မှာပါ..အနော်ရထာက မနူဟာအရှင်ဘုရင်ကိုနန်းချပြီးတော့
ဘာတွေသယ်ခဲ့သလဲ..ယဉ်ကျေးမှု၊စာပေ၊အနုပညာနှင့် ဘာသာကိုသယ်ခဲ့တယ်..အဲဒီတိုင်းပြည်က
သံယံဇာတအကုန်လုံးကို ငါပိုင်တာဆိုပြီးထုတ်ရောင်းမစားခဲ့ဘူး…..သယ်ခဲ့တဲ့စာပေတွေကိုလည်း
ပျံ့ ပွားအောင်ဆောင်ရွက်ခဲ့တယ်…ကျောက်စာတွေကသက်သေပါ..စာပေကိုပျံ့ စေဆိုပြီး
လေမှာဖြန့် လို့ ရမလား…ပညာရှင်တွေကပဲ ဖြန့် ပေးခဲ့ရတာပါ။အားလုံးကလည်း
သင်ယူခဲ့တယ်။
သက်ဦးဆံပိုင် ဘုရင်အဆက်ဆက်မှာ မင်းကျင့်တရားကို စောင့်ရှောက်ထိမ်းသိမ်းဖို
့ အမတ်တွေကို
ခန့် ထားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ သမိုင်းမှာနာမည်ကျော်တာ သူရဲကောင်းရယ်၊အမတ်ရယ်
ဒီနှစ်ခုက အဓိကပဲလေ။ဒါဟာ လက်နက်ကိုအားကိုးတဲ့ခေတ်မှာတောင် ပညာရှင်အတွက်နေရာရှိတယ်။နောက်တစ်ခုက
သက်တော်ရှည်အမတ်ဆိုတာကြားဖူးးမှာပါ။
ဘုရင်က သက်တော်ရှည်အမတ်မင်းကို သေဒဏ်ပေးခွင့်မရှိပါဘူး။ဘာကြောင့်
လည်းဆိုတော့
ဘု၇င်က သူမှားရင်ဆုံးမနိုင်အောင်ခန့် ထားတဲ့ ပညာရှိမို့ လို့ ပါ။နောက်တစ်ခုက
တိုင်းပြည်နှင့်ပတ်
သက်တဲ့ကိစ္စတွေအတွက်ဆိုရင် ညီလာခံထိုင်ပြီး မဲခွဲကြပါတယ်။သူတစ်ယောက်တည်းက
အမိန့် ထုတ်
လို့ မရပါဘူး။ဒါက ဘုရင်စနစ်မှာတောင် သူ့ နေရာသူထားတဲ့အကြောင်းပါ။မြန်မာလူမျိုးတိုင်းကလည်း
ပညာကို သည်းကြီးမဲကြီးသင်ယူရပါတယ်။သူ့ ခေတ်မှာပေါ်ထွန်းတဲ့ ပညာစုံကိုတတ်မှ
ပညာရှိပါ။
နောက်တစ်ခုက ကုန်းဘောင်ခေတ်နှောင်းဘုရင်မျိုးဆက်မပြတ်ခင်မှာ အနောက်နိုင်ငံကဘာသာရပ်
တွေဝင်ရောက်လာတော့လည်း လောကဓတ်ပညာဆိုပြီး လေ့လာခဲ့တယ်။တကယ်လေ့လာခဲ့တာပါ။
နောက်တော့ လေ့လာလာတဲ့ပညာတွေကိုလည်း စက်ရုံတွေတည်ထောင်ခဲ့ကြပါတယ်။အဲဒီနေရာမှာ
အင်္ဂလိပ်က မြန်မာတစ်ခြမ်းသိမ်းထားတာတောင်မှ စစ်ဘက်ဆိုင်ရာတွေပဲလေ့လာခဲ့ဆိုပြီးမလုပ်ခဲ့ပါဘူး
ဘာသာရပ်အစုံကို လူအသီးသီးက လေ့လာခဲ့တာပါ။
သူ့ ကျွန်ဘ၀ကိုရောက်သွားတော့လည်း ပညာရပ်တွေကိုဆည်းပူးရပါတယ်။ဆည်းလည်းဆည်းပူးကြ
တယ်။ဒါက ငါ့ရန်သူရဲ့ စာပေမို့ လို့ အထင်မကြီးဘူးဆိုပြီး မပြစ်ပယ်ခဲ့ကြပါဘူး။နောက်ဆုံး
ညီမျှမှုမရှိ
လို့  ကျွန်ပညာရေး အလိုမရှိကြေငြာတယ်။သို့ သော်လည်း စာမသင်တော့နှင့်ဆိုပြီး
ဆန့် ကျင်တာမဟုတ်ဘူးဗျ။ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းတွေတည်ထောင်ခဲ့ကြတာ။မြန်မာမှုပြု
နိုင်သလောက်ကို မြန်မာမှုပြုခဲ့တာ။စာမသင်ခိုင်းတာမဟုတ်ဘူး။
ကဲ..မဆလ လက်ထက်မှာလည်း မြို့ ရွာမှာ တက္ကသိုလ်ကျောင်းသားဆိုရင် အားလုံးကလေးစား
အားကျလောက်အောင် ပညာကိုတန်ဖိုးထားခဲ့တဲ့ လူမျိုးတွေပါ။ပညာသင်ကြားခြင်းကို
သိပ်ပြီး
စိတ်ဆန္ဒပြင်းပြကြတဲ့လူမျိုးပါ။
အခုခေတ်မှာလည်း တစ်ချို့ မိဘတွေက ပညာရေးစနစ်ကို သဘောမကျသော်လည်း
မိမိတို့ ရဲ့ သား
သမီးတွေကို စာတတ်လို့ ဘာလုပ်မှာလဲဆိုတဲ့ အမြင်မရှိဘဲ တိုင်းတပါးကို
စေလွတ်ပြီးပညာကို
ဆက်လက်သင်ယူခိုင်းတုန်းပါ။
အခုနောက်ပိုင်း ဆယ်နှစ်တာကာလလောက်မှာ ပညာတတ်တော့ ဘာလုပ်မှာလဲဆိုတဲ့စကားကို
တော်တော်ကြားလာရတယ်။အထူးသဖြင့် ကျေးလက်တွေမှာ ။အဲဒါဘာကြောင့်လဲ။
ဘယ်သူ့ အပြစ်လဲ။သမိုင်းတစ်လျောက်ပညာကို မြတ်နိုးခဲ့တဲ့လူမျိုးတွေက
ဘယ်လိုဖြစ်ကုန်တာလဲ။
အဖြေကတော့ တစ်ခုပဲ၇ှိတယ်။မင်းမကောင်းလို့ ။ဘယ်လိုမကောင်းလဲဆိုတော့
စစ်သူကြီးကိုအမတ်ခန့် လို့ ပေါ့ဗျာ။အနော်ရထာတောင် မလုပ်တဲ့ကိစ္စ သူတို့ ကလုပ်ရဲတယ်။
မှန်တယ်။ကျေးလက်ဒေသက လူတွေ သားသမီးကို မိမိရဲ့ စီးပွားရေးအခက်အခဲအတွက် ကျောင်းထုတ်ရတယ်။တစ်ချို
့ကလည်း ရှိတာလေးအကုန်ခံပြီးကျောင်းထားတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်
မိဘမှာလည်း မျော်လင့်ချက်ကတော့ရှိတာပဲ။လယ်ထဲမှာဆင်းရဲ မှာကြောက်လို
့သားသမီးကို ကျောင်းထားတာ။ခက်တာက သားသမီးက ဘွဲ့ ရလာတော့လည်း အလုပ်ကမရဘူး။နောက်ဆုံးတော့လည်း
မိဘကိုသနားလို့  လယ်ထဲမှာမိဘကို ပြန်ကူရတယ်။အခြေခံ
လူတန်းစားရဲ့ အမြင်မှာတော့
ဘွဲ့ ရလည်းလယ်ပြန်ထွန်မယ့်အတူတူ ဆက်ပြီးကျောင်းမထားချင်တော့ဘူး။ဒါဆို ဘာကြောင့်အလုပ်မရသလဲ။အင်း…နေရာလွတ်မရှိလို
့ပါပေါ့။ဘာကြောင့်နေရာလွတ်က မရှိရတာလဲ…အင်း သူများဦးသွားလို့ ပါပေါ့။ဘယ်သူဦးသွားလဲ…..
အင်း…..အဲဒီလူတွေဦးသွားပါတယ်ပေါ့ဗျာ….ကဲဟုတ်ပြီ…ကံကောင်းလို့ အလုပ်ရပြန်တော့လည်း
တက်လမ်းကသိပ်မရှိဘူး….ဘာကြောင့်လဲ..ခင်ဗျား ဘယ်လောက်ကြီုးစားပြီး
လုပ်လုပ်….
ခင်ဗျားထက်နိုင်ငံကိုချစ်ပါတယ်ဆိုတဲ့လူတွေ အတွက်နေရာကချန်ထားရသေးတယ်။နောက်ဆုံး
ကြံရာမရတော့ သူများနိုင်ငံသွားပြီး အောက်ခြေသိမ်းလေးလုပ်ပြန်တော့လည်း
နိုင်ငံကိုမချစ်ဘူးတဲ့။
ဝန်ထမ်းဘ၀ နှင့်နေပြန်တော့လည်း လစာကမလောက်တော့ မိဘဆီပြန်တောင်းကြရတယ်။ဒီတော့
မိဘကလည်း သနားတော့ပေးတယ်။အခြေခံလူတန်းစားအမြင်ကြတော့ ဘာလုပ်မှာလဲကွာ…အခုအ
ချိန်ထိ မိဘကိုလက်ဖြန့် ရတုန်း…ဟိုဘက်အိမ်ကကောင်လေးဆို ကားဂိတ်မှာကုန်ထမ်းတာ
တစ်နေ့ 
ငါးထောင်လောက်ရတယ်။ဒီတော့ ကုန်ထမ်းကြမယ်ပေါ့ဗျာ….ဘာတွေမှားနေကြသလဲ….
ဘယ်လိုဖြစ်နေကြသလဲ…
နောက်ဆုံးတော့ တက္ကသိုလ်တက်နေတဲ့ကျောင်းသားကလည်း ဘွဲ့ ရလာလည်း အိမ်မှာအလှချိတ်ဖို
့
ထက်အသုံးမ၀င်ဘာဘူးကွာ..ဆိုပြီး စာမေးပွဲအောင်ရုံလောက်ပဲလေ့လာတယ်။သူ
့အတွေးနှင့်သူတော့
လည်းမှန်သလိုလိုပါ။ထင်ပေါ်ရင်စင်တော်ကမကောက်ဘဲ….ထောင်ထဲထည့်ခံရမှာကိုး…..
နောက်ဆုံးကျတော့ တပ်မတော်သားတစ်ချို့ ကပြောသေးတယ်…မင်းတို့ မတတ်လို
့ ငါတို့ က ၀င်ပါရတာ…စဉ်းစားကြပါ…ဒါဟာေ၇ရှည်စီမံကိန်းချပြီးလုပ်ထားတဲ့အလုပ်တစ်ခုဆိုတာ…..
နောက်တစ်ခုကတော့ ခင်ဗျားတို့ မကြိုးစားလို့ ..ခင်ဗျားတို့  ညံ့လို
့ဆိုပြီး အပြောမခံရအောင်..ဘာဖြစ်ဖြစ်ကြိုးစားကြပါ..ဘာကြောင့်လဲဆိုတော့ အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်အားလုံး
တပ်မတော်မှာရှိတယ်…ဒီလူတွေဘယ်ရောက်လာ
မယ်ထင်သလဲ…ကိုယ့်နေရာမပျောက်ချင်ရင် ပညာကိုကြိုးစားသင်ကြပါ။
ကျွန်တော်ကတော့ရှင်းတယ်….ပညာဆိုတာသင်ခွင့်ရှိတဲ့အချိန်မှာသင်ရမယ်….
နောင်တစ်ချိန် အမှိုက်ကောက်ရမယ်ဆိုရင်တောင် ဆက်သင်ရမှာပဲ…မသင်ပဲနှင့်တတ်တာမရှိဘူး
တတ်ချင်ရင်တော့ စစ်ထဲသာဝင်ကြပေတော့…တတ်ဖို့ တော့မဟုတ်ဘူး…တပ်ဖို
့ခေတ်ဆိုတော့
ခင်ဗျားနေရာတစ်ခုတော့ရလိမ့်မယ်….
ကျွန်တော်ပြောပြောနေတဲ့ ရေရှည်စီမံကိန်းနှင့်လူညွန့် တုံးအောင်လုပ်တယ်ဆိုတာ..
နောက်တစ်ခုက အနာဂတ်ကိုထိုးကျွေးလိုက်ရတဲ့အထဲမှာ မျိုးဆက်သစ်တွေရဲ
့ခံယူချက်နှင့်ယုံကြည်
ချက်ကိုပါအဆစ်ထည့်သွားတယ်ဆိုတာ..အဲဒါကိုပြောတာ…
ခင်ဗျားတို့ က ဘွဲ့ ရရင်ဘာလုပ်မှာလဲပြောလေ..ဆည်ဝကဗျိုင်းတွေက ကြိုက်လေပဲ..
ဘွဲ့ ရလည်းဘာလုပ်မှာလည်းလို့ နောက်တစ်ခါကြားရင်တော့
ဘွဲ့ ရတော့ ဘာမှလုပ်ရမှာမဟုတ်ဘူးကွ…မင်းခေါင်းထဲက ပညာတွေကိုထုတ်သုံးရမှာလို
့ပဲဖြေမယ်.
ခင်ဗျားတစ်ယောက်ဒီစာကိုဖတ်မိလို့  ကိုယ်ညီငယ်ညီမငယ်တွေကို ပြန်ပြောနိုင်ရင်
ကျွန်တော်ကျေနပ်ပြီ…သင်သင့်တဲ့အချိန်မှာသင်ရမဲ့ပညာကိုအရင်သင်ပါ နောင်တစ်ချိန် သင်ထားတဲ့
ပညာတွေကိုပြန်သုံးခွင့်ကြုံလာပါလိမ့်မယ်….
နောက်တစ်ခုကတော့ အတွေ့ အကြုံဆိုတဲ့စကား….ကျွန်တော့်ဆရာဒေါက်တာအောင်ကြီးကပြောဖူးတယ်..ဘာလဲတဲ့
တစ်အမြှောက်တစ်ဆယ် ဆိုတဲ့ အတွေ့ အကြုံလားဆိုတာ..တစ်နှစ်လာလည်းဒါ.နောက်နှစ်လာ
လည်းဒါ…အဲဒါမျိုးဆယ်နှစ်ပြည့်တာနှင့် ဆယ်နှစ်စာအတွေ့ အကြုံလို့ ပြောရင်
လူကြွားတဲ့…
ဒါကြောင့် ဘယ်သူတွေဘာပြောပြော လေ့လာကြပါ…ခက်တာက အခုက အင်တာနက်ပေါ်ဆိုတော့
အားလုံးကလေ့လာချင်တဲ့သူတွေပါ…စကားပြောင်းပြောမယ်..လေ့လာဖို့ ပြောပေးကြပါပေါ့ဗျာ…….
ကျွန်တော်အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်..နောင်မှာ နယ်ကကလေးတွေနှင့်ဆုံရင်
ပညာကို
ဆည်းပူးဖို့ တတ်နိုင်သလောက်ပြောပေးကြပါ….သူတို့ တွေ တကယ်ကို မျက်စိပိတ်နေကြပါပြီ..
ဘယ်သူတွေ ကာဆီးထားတာလဲဆိုတာလည်း မသိတော့ပါဘူး။ဒါနိုင်ငံရေးလို့ ထင်ချင်တဲ့သူထင်နိုင်တယ်။ကျွန်တော်ကတော့
ပညာရေးအကြောင်းရေးတာ။လေသံလည်း
နိုင်ငံရေးလေသံပေါက်ရင်ပေါက်လိမ့်မယ်…ခံစားရလွန်းလို့  ဘယ်သူ့ မှဖော့မပြောနိုင်ဘူး။
ကျွန်တော်မှားတယ်ထင်ရင် ခင်ဗျားတို့ သားသမီးရတဲ့အချိန်သိလိမ့်မယ်..ကျွန်တော့်သားလေးက
ဒီနှစ်သူငယ်တန်းတက်မှာဆိုတော့ ကျွန်တော်ကတော့ တွေးပြီးပူတယ်..ငါ့သားများ
ဒီလို အောက်တန်းကျတဲ့ စိတ်ဓာတ်ဝင်သွားမလားဆိုပြီးတော့….ဟုတ်တယ်လေ…ကျောင်းသားရဲ့ အလုပ်
က ပညာသင်တဲ့အလုပ်ပဲဟာ…စာမေးပွဲဆိုတာ ကိုယ်ဘယ်လောက်သိသလဲလို့ မေးတာ…
ဘာမှမသိဘဲ..စာမေးပွဲအောင်တော့ရော တန်ဖိုးရှိမှာလား…စာမေးပွဲသာအောင်သွားတယ်…
မသိခြင်းက အရင်အတိုင်းပဲ…အသိပညာကလည်း အရင်အတိုင်းပဲ…လက်မှတ်ကြီးကိုင်ထားရတာက
ပိုဦးမယ်…တကယ်တတ် တကယ်သိခဲ့ရင်တော့ ဒီနိုင်ငံက မသုံးရင် ကျန်တဲ့နိုင်ငံကသုံးလိမ့်မယ်…
အဲဒါလည်း မျိုးချစ်စိတ်မရှိတာမဟုတ်ဘူး…လူသားတစ်ဦးက လူသားတစ်စုကို
အကျိုးပြုတယ်ဆိုရင်
အဲဒါ လူပီသတာပဲ…..မသုံးပဲထားလိုက်ရင် တုံးသွားမှာပေါ့…ဒီလိုဆိုရင်
သူများပြောသမျှခေါင်းငြိမ့်တဲ့
ဦးနှောက်မရှိတဲ့သူဖြစ်သွားမှာပေါ့..ဒီနိုင်ငံကသုံးပြီဆိုရင်
ပြန်လာသုံးမှာပေါ့…ဘယ်သူမဆို…ကိုယ်ဆွေမျိုးရှိရာမှာသေချင်တာပေါ့။
ကဲ ပြောရတာလည်းစိတ်မကောင်းပါဘူး..စာဖတ်သူကိုရန်တွေ့ နေသလိုဖြစ်နေတယ်….
တကယ်ဆို ကျွန်တော်က ဆေးပဲကုချင်တဲ့သူပါ…ခက်တာက နောင်တစ်ချိန်ကျွန်တော်တို
့အိုသွားတဲ့
အခါ ဒီနေ့ လူငယ်လေးတွေ လက်ထဲ ဘ၀ကိုအပ်လိုက်ရမှာ….အခုပြင်မှ နောင်စိတ်အေးရမှာ…
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...