ကျွန်တော်ကတိပေးထားတဲ့အတိုင်း တက္ကသိုလ်ပညာရေးကို ဘယ်လိုဖျက်ဆီးသလဲလို
့မရေးခင်
အင်မတန် စနစ်ကျတဲ့ သင်ကြားမှုပုံစံတစ်ခုကိုပြောပါမယ်။အဲဒါ ဆေးတက္ကသိုလ်ရဲ
့သင်ကြားမှုပဲ။
၁။ပထမနှစ်မှာ အခြေခံသိပ္ပံပညာရပ်အားလုံးသင်ရတယ်
ဘာကြောင့်လည်းဆိုတော့ သိပ္ပံပညာဆိုတာဘာလဲသိစေချင်လို့ ။ဆက်လက်ဆည်းပူးမဲ့
ဆေးပညာကို
သိပ္ပံနည်းကျ ချည်းကပ်စေချင်လို့ ။
၂။ဒုတိယနှစ်မှာ သာမန်လူသားတစ်ဦးရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံ၊ဇီဝကမ္မဖြစ်စဉ်၊ဇီဝဓာတုဖြစ်စဉ်ကို
သင်ကြားရတယ်။
ဘာကြောင့်လဲ …ပုံမှန်လူသားအကြောင်းမသိဘဲ…ပုံမမှန်တာကိုမသိနိုင်လို
့ပဲ
၃။တတိယနှစ်မှာ ရောဂါဗေဒ၊ပိုးမွှားဗေဒနှင့်ဆေးဝါးအကြောင်းသင်ရတယ်။ဆေးရုံမှာအခြေခံအဆင့်
လူနာစမ်းသပ်နည်းတွေသင်ရတယ်။
ဘာကြောင့်လဲဆိုတော့ ရော၈ါတွေအကြောင်း၊ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေအကြောင်းနှင့်ကုသတဲ့
ဆေးဝါးတွေကို တစ်ဘက်ကစာတွေ့ သင်ရင်းတစ်ဘက် ရောဂါဖြစ်တာဘယ်လိုသိနိုင်လဲဆိုတာကို
တပြိုင်နက်သင်ပေးတာ…
၎။နောက်ဆုံးနှစ်အပိုင်း(က)မှာ ရောဂါဗေဒ ဒုတိယပိုင်း၊လူမှုဝန်းကျင်ဆိုင်ရာ
ဆေးပညာနှင့်
မှုခင်းဆေးပညာကိုသင်ရတယ်..
ဘာကြောင့်လဲဆိုတော့ မင်းတို့ တော့နည်းနည်းသိသွားပြီး ဒါကြောင့်
လူကြားထဲဆင်းပြီးလေ့လာဦး..
မိမိကြောင့် ဘာတွေမှားနိုင်သလဲလေ့လာဦးဆိုပြီး ကွင်းဆင်းခိုင်းတာ
တဘက်မှာလည်း အထူးပြုဘာသာရပ်တွေဖြစ်တဲ့ သားဖွားမီးယပ်ဆိုင်ရာနှင့်
ကလေးကုသခြင်းကို
သင်ကြားပေးတာ….
၅။နောက်ဆုံးနှစ် အပိုင်း(ခ)မှာ အားလုံးကို ခြုံပေါင်းပြီးတော့ စာတွေ
့၊လက်တွေ့ သင်ကြားပေးတယ်
၆။ပြီးတော့မှ အလုပ်သင်ဆရာဝန်အဖြစ် တိုင်းနှင့်ပြည်နယ်ဆေးရုံတွေမှာ
စာတွေ့ လက်တွေ့ ဆက်လက်လေ့လာစေတယ်….
ဒါဆို ပြီးပြီလားလို့ မထင်နှင့်ဦး….
၇။လက်ထောက်ဆရာဝန် ပထမဆုံးနှစ်နှစ်ကို တိုင်းနှင့်ပြည်နယ်ဆေးရုံတွေ၊ခရိုင်ဆေးရုံတွေစတဲ့
သက်ဆိုင်ရာ အထူးကုဆရာဝန်တွေရှိတဲ့ ဆေးရုံတွေကို သင်ကြားကုသ အစီအစဉ်နှင့်
စေလွှတ်တာ။
၈။ဒီလောက်ဆို ရပြီလို့ မထင်နှင့်ဦး အခြေအနေပေးသေးရင် မြို့ နယ်ဆရာဝန်ရဲ
့လက်အောက်မှာ
နှစ်နှစ်ဆက်ထားသေးတယ်။
ဘာကြောင့်လဲ တာဝန်ခံတစ်ဦးရဲ့ လက်အောက်မှာ မိမိကိုယ်တိုင်ဆေးကုနိုင်အောင်စေလွတ်တယ်။
၉။ကဲ …မင်းကတော့ စိတ်ချရပြီ…ကိုယ်တိုင်တာဝန်ယူပြီး ဆေးဝါးကုသတော့ဆိုပြီး
တိုက်နယ်တွေကို
တိုက်နယ်ဆရာဝန်အဖြစ်တာဝန်ပေးတယ်။
စဉ်းစားကြည့်ပါ…ဆရာဝန်တစ်ယောက်ဖြစ်လာဖို့  ဘယ်လောက်သင်ကြားလေ့လာခိုင်းပါသလဲ။
စုစုပေါင်း ဆယ်နှစ်လေ့ကျင့်ပေးထားတယ်…..စာတွေ့ လက်တွေ့ ပေါင်းစပ်ထားတယ်…
သို့ သော်လည်း ဒီစနစ်လဲ ပျက်စီးတာပဲ ..ဘယ်လိုပျက်စီးသလဲ
၁။ကျောင်းသားတွေကို ရုတ်တရက် တိုးမြှင့်ခေါ်လိုက်တယ်
ဆရာ၊ကျောင်းသား မမျှတတော့ ၊သင်ထောက်ကူပစ္စည်းမလုံလောက်တော့ သင်ကြားရေးပိုင်းမှာ
အားနည်းချက်တွေဖြစ်လာတယ်။စာတွေ့ သာသိပြီး လက်တွေ့ မပါတော့ဘူး။
၂။မဖြစ်မနေ အအောင်ပေးခိုင်းတော့ ဘာမှမသိပဲ အတန်းတက်လာတယ်..
ဒီတော့ လူအကြောင်းဘာမှမသိဘဲ ရောဂါအကြောင်းသင်တော့ မလိုက်နိုင်ဘူး
ဒီလိုကြောင့်ကျောင်းကထွက်သွားရသူတွေလည်း အများကြီးပါ။
၃။လက်တွေ့ မပါတော့ ဘာဖြစ်လဲ…လက်တွေ့ ဆေးမကုရဲတဲ့ ဆရာဝန်လေးတွေထွက်လာတာပေါ့
အားလုံးလို့ မပြောဘူး…အရင်ရှေ
့ပိုင်းမှာရေးခဲ့သလို စာမေးပွဲအောင်နည်းကိုသိခဲ့တဲ့သူတွေကိုပြောတာ။
၎။စာမေးပွဲတွေအောင်ခဲ့ပြီး ဘာမှမသိခဲ့သူတွေ ပေါ်လာတယ်။သို့ သော်လည်း
လူနည်းစုပါ။
၅။ကျောင်းပြီးလို့  အလုပ်ထဲဝင်မယ်ကြံတော့ ဆရာဝန်တွေသာများများထုတ်လို
့ညွှန်ကြားတာ
ဘတ်ဂျက်ကတိုးမပေးတော့ အများကြီးမခန့် နိုင်တော့ဘူး…
၆။ဒီတော့ အလုပ်လက်မဲ့ဆရာဝန်လေးတွေထွက်လာတယ်….
ကျန်တဲ့ အလုပ်တွေကိုလုပ်လာရတယ်။
၇။ရှေ့ ကလူတွေ အလုပ်မရတော့ နောက်ကဆေးကျောင်းသားတွေ လည်း ဘွဲ့ သာယူချင်တာ
ဆရာဝန်လုပ်ဖို့  စိတ်ဝင်စားမှုနည်းသွားတယ်။နည်းသွားတော့ သေချာမလေ့လာတော့ဘူး။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ လက်ထက်တုန်းက ရေးဖြေအောင်သော်လည်း
နုတ်ဖြေကျရင်
ကျပါတယ်..နောက်နှစ်ဆက်တက်ပါ။ဒီအတန်းက ပေးမတက်ဘူး။အခါအားလျော်စွာ
အကြောင်းအမျိုးမျိုးကြောင့် ရေးဖြေကျခဲ့ရင် ပြန်သင်ပေးတယ်။ဆပ်ပလီဆိုတာ အပိုဆောင်းသင်ပေးတာ။
နောက်ဆုံးနှစ်အပိုင်း(ခ)မှာ နုတ်ဖြေတွေအများကြီးဖြေရတယ်။တစ်ခွန်းမှားလို
့ကျသွားတဲ့ရာဇ၀င်တွေလည်းရှိတယ်။ထင်ထင်ရှားရှားတစ်ခုကတော့
ကလေးဘာသာရပ်မှာ အစ်ကိုတစ်ယောက်က ဂုဏ်ထူးမှတ်ရတယ်..တကယ်လည်းတော်တယ်..
နုတ်ဖြေမှာ ကလေးကိုဆေးပေးခိုင်းတဲ့အခါ မီလီဂရမ်နှင့်ဂရမ်နှင့်မှားပြီးပေးမိတယ်…
စာမေးပွဲခန်းထဲကထွက်လာမှ သတိရပြီး ဆရာကိုပြန်လာပြောတယ်..
ဆရာ …ကျွန်တော် ခုဏကပြောတာမှားသွားပါတယ်..တကယ်ဆို မီလီဂရမ်ပါပေါ့…
စာစစ်သူက ပြုံးပြီးပြောတယ်..သားရေ..မင်းတော်တာကို လက်ခံပါတယ်..ဒါပေမဲ့…
သားကုလိုက်တဲ့ကလေးကတော့ သေပြီကွဲ့ ဆိုပြီး စာမေးပွဲချတယ်..မှင်နီတားခံရတယ်။
အဲဒီဆရာကတော့ အခုထိရှိပါသေးတယ်..စာစစ်ကြမ်းတယ်ဆိုပြီးနာမည်ကြီးတယ်..ရန်ကုန်မှာပါ။
ဒီလောက်အထိ အသက်ကိုတန်ဖိုးထားတဲ့ ပညာရပ်လည်း စီမံချက်ကြောင့် ပြိုလဲခဲ့ရတယ်…..
ကျွန်တော်က လက်ထောက်ဆရာဝန်ဘ၀မှာ စာစစ်သူဆရာတွေရဲ့ တပည့်လုပ်ခဲ့ရတယ်..
ဆရာတွေဆိုရင် စာမေးပွဲပြီးရင် တောက်ခေါက်လိုက်၊သွေးတိုးလိုက်နှင့်ပါ။
ဆရာဦးအောင်ကြည်ဝင်းဆိုတာ အရိုးအထူးကုဆရာဝန်ကြီးပါ..ဆရာကြီးဆို
သွေးတိုးလွန်းပြီး
ပုံလဲသွားလို့  သမားတော်တောင်ပြေးခေါ်ပေးခဲ့ရဘူးတယ်။ဒီလောက်အထိ တပည့်တွေကို
တော်စေ
ချင်ခဲ့တာပါ။သို့ သော်လည်း အားလုံးကဖျက်ဆီးခံလိုက်ရပါပြီ။တော်တဲ့သူတွေလည်း
တော်တော်များများ နိုင်ငံခြားထွက်ကုန်ကြပါပြီ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...