ဒီတစ်ခါရေးပြချင်တာကတော့ ဒေသန္တရအခေါ်အဝေါ်လေးတွေပါ။ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ မြန်မာစကားက တော်တော်လေး များပြားတယ်။ဒီလိုပဲ တစ်ကျောင်းတစ်ဂါထာ
တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ရည်ညွန်းချက်ကွဲပြားတယ်။
ပထမဦးဆုံးပြောပြချင်တာက မြေလတ်ဒေသက သူတွေပြောတဲ့မြန်မာစကားပါ။မြေလတ်သား
တော်တော်များများ သ နှင့် တ ကို ပီအောင်ပြောဖို့ ခက်ခဲတတ်ကြတယ်။နောက်တစ်ခုကတော့
ခရမ်းချဉ်သီးကို ခမ်းညွန်သီးလို့ ပြောတတ်ကြတယ်။နောက်တစ်ခုကတော့
စကားပြောရင် ဥပမာ၊
ဥပမေယျတွေနှင့်ပြောတတ်ကြတယ်။
ထူးထူးဆန်းဆန်းကြားရတာကတော့ မင်းတုန်းဒေသက စကားပြောဆိုပုံပါ။သူတို
့ဆီကစကားက
မြန်လည်းမြန်သလို ၀ဲလည်းတော်တော်ဝဲတယ်။နောက်ပြီးပြောဆိုပုံခြင်းတော်တော်ကွဲတယ်။
ကျွန်တော်တို့ က ဟုတ်တာပေါ့လို့  ထောက်ခံစကားဆိုတယ်..သူတို့ ကျတော့
ဒါပြီ ဆိုပြီးသုံးတယ်။
နောက်တစ်ခုက ဆန့် ကျင်စကားဆန်ဆန် သုံးတတ်ကျတယ်။ မဟုတ်ရင်ကော လို
့ပြောတာက
ဟုတ်ပါတယ်လို့ ထောက်ခံတာပါ။ဥပမာ…ထောက်ခံပါသလား လို့ မေးရင် သူတို
့က မထောက်ခံရင်
လို့ ပြန်ပြောတယ်ဆိုပါဆို အဲဒါက ထောက်ခံပါတယ်လို့ ပြောတာပါ။အင်း
မြို့ ပြမှာဆို ထောင်ထဲရောက်မဲ့ကိန်းပေါ့။ဒီလိုပဲ ပုသိမ်…မုံရွာ ကားလမ်းက အဲဒီမြို
့နားကိုဖြတ်သွားတယ်။
ရွာကလူတွေကလည်း ကားတားတာပေါ့။စပယ်ယာက လိုက်မလား..လိုက်မလားလို့ မေးတယ်။
ရွာသားတွေကလည်း မလိုက်ရင်….မလိုက်ရင် လို့ ပြန်ဖြေကြသတဲ့။စပယ်ယာက
စိတ်တိုသွားပြီး
မောင်းဆရာရေ…လို့ ကားသမားကိုပြောသလို ….ရွာသားတွေဘက်လည်း မလိုက်ရင်မတင်ဘူးဟေ့
ဆိုပြီးအော်သွားသတဲ့။ရွာသားတွေလည်း မနက်ကတည်းက ကားတားလိုက်တာ နေ
့လည်ပိုင်းလောက် ရောက်မှ နယ်ခံကားသမားနှင့်တွေ့ လို့  မြို့ ကိုရောက်သတဲ့။နောက်တစ်ခါ
အဲဒီဒေသမှာ တူမကို သမီးတော်လို့ သုံးနူန်းတာပေါ့။ကျွန်တော်ကလည်းရောက်ခါစက ဘာလဲဟပေါ့။
နာမည်ကလည်း မင်းတုန်းမြို့ ဆိုတော့် အော်မင်းမျိုးမင်းနွယ်မို့ လို
့ သမီးတော်လို့ ခေါ်တာနေမှာဆိုပြီး
သေသေချာချာ စုံစမ်းမိတယ်။ဘယ်ဟုတ်မလဲ…ပြီးမှ လိုက်ပို့ တဲ့သူရဲ့ တူမမှန်းသိတာ။နောက်ပြီးတော့
သူတို့ စကားကို စပြီးကြားရင် ဘောက်ဆတ်ဆတ်နိုင်တယ်။ကျွန်တော်ရောက်ခါစ
အိမ်ရှေ့ မှာထိုင်နေတုန်း အိမ်ပေါ်က အိမ်ရှင်ကို သူ့ သူငယ်ချင်းက လှမ်းပြောတယ်ဗျ..ကျွန်တော်လည်း
တော်တော်နားထောင်ယူတယ်။နားမလည်ဘူး။သုံးခေါက်မြောက်တော့ သူပြောတဲ့စကားကို ကြားပြီ။သို
့သော်လည်း နားမလည်သေးဘူး။ဘာပြောသလဲဆိုတော့ ရေလှူအောင်လိုက်ဖို့ လား တဲ့။
အမှန်က ပြောချင်တာ ရေသွားလှူမလို့  လိုက်ကြမလား ဆိုတာပါ။မြန်လွန်းသလို
ကွဲပြားတော့ တော်တော်နားထောင်ယူရတယ်။နောက်တစ်ခါ အဲဒီဒေသက ကကြီးသတ်နှင့် စလုံးသတ်ကို
မကွဲဘူး။
ဥပမာ..ကြက်ဥဆိုရင် ကြစ်ဥ။တစ်နေ့ တော့ ကျွန်တော့်အမျိုးသမီးက မီးပူတိုက်ပြီးတော့
အ၀တ်တွေ
သိမ်းနေတုန်း ကျွန်တော့သားကို သားရေ အိတ်စတန်းရှင်းကို ရစ်လိုက်ဦးလို
့ခိုင်းတယ်။သားက သုံးနှစ်သားပေါ့။ကျွန်တော်က လူနာကြည့်နေရင်းသားတော်မောင်ဘယ်လိုလုပ်မလဲလို
့ကြည့်နေတာ။
ဘသားချော ဘာလုပ်တယ်ထင်လဲ။အိတ်စတန်းရှုင်းခွေကို အားရပါးရ လျှာနှင့်လျက်တယ်ဗျာ။ကျွန်တော်လည်း
သားသားဘာလုပ်တာလဲ ဆိုတော့ မေမေကခိုင်းလို့ တဲ့။
သူ့ နား ၊သူ့ လေ နှင့်တော့ ဟုတ်သားပဲ။ကျွန်တော်တို့ မှာ ၇ယ်လိုက်ရတာ။နောက်တစ်ခုထူးခြားတာ
မြန်မာနိုင်ငံမှာ တံတားကို ခေါင်မိုးမိုးထားတာမြင်ချင်ရင် အဲဒီဒေသကိုသာသွားကြည့်ကြ။တကယ်ဗျ။
နောက်တစ်ခုကတော့ မြေလတ်ပိုင်းကလူတွေက လက်ဝဲလက်ယာဆိုတာကို သိပ်ပြီးမသုံးဘူး။
အရပ်မျက်နာနှင့်ညွန်းတာများတယ်။တောင်ဘက်အိမ်ကကောင်လေး အရှေ့ ပိုင်းကကောင်မလေးနှင့်
အနောက်ဘက်ပြေးသွားတယ်ဆိုတာလိုပေါ့။ကျွန်တော်တို့  နယ်လှည့်ဆေးကုသွားကြတော့။ရန်ကုန်
ဆရာကြီးတစ်ယောက်ပါလာတယ်။သူက ညာဘက်ခြေထောက်မြှောက်ဆိုရင် လူနာကနားမလည်ဘူး။
ဘယ်ညာကို ပြန်စဉ်းစားတယ်။ကြောက်တော့ ပိုလွဲသွားရော။ဒါနှင့် ကျွန်တော်လည်း
အရှေ့ အနောက်
ပြန်စဉ်းစားပြီး ဆရာ…မြောက်ဘက်ခြေထောက်၊တောင်ဘက်ခြေထောက်ဆိုပြီးပြောကြည့်ပါလားလို
့
တိတ်တိတ်လေးပြောလိုက်တယ်။ညနေပြန်တွေ့ ကြတော့ …အညာသားလေး…မင်းတို
့ဆီကလူတွေက ခေါင်းထဲကို သံလိုက်အိမ်မြှောင်ယူလာသလားကွတဲ့။ဘာလို့ လည်းဆရာဆိုတော့
မင်းပြောသလို တောင်ဘက်ခြေထောက်မြှောက်ပါဦးဆိုရင် တန်းနေတာပဲတဲ့။ဒါကြောင့်
ရဲတပ်သားသစ်သင်တန်းမှာ ကောက်ရိုးခြေထောက် မြက်ခြေထောက်ဆိုတာပေါ်လာတာ။
အညာသားတွေများလို့ ဖြစ်မှာပါ။တကယ်ဆို ဘယ်ညာ မမောင်းဘဲ တောင်မြောက်ဆိုပြီးမောင်းလည်းရတာပဲ။
နောက်တစ်ခါထူးခြားတာကတော့ အောင်သူတို့ အနိုင်တို့ သီချင်းတွေကို
အောက်ပြည်ကလူတွေ
သိပ်ဆိုလို့ မရဘူး။တကယ်ပြောတာ။မယုံဆိုကြည့်။ငွေသောင်ယံက မတက်တော့ဘူး။ဘာလိုနေမှန်း
ကိုမသိတာ။အညာသားများဆိုကြည့် ချောနေတာ။ဒီလိုပဲ အညာသံနှင့်များ မျိုးကြီးသီချင်းဆိုရင်
တော်တော်ရယ်ရတယ်။ကျွန်တော့်လက်တွေ့ ။ဒါကြောင့် လေယူလေသိမ်းကိုနားထောင်တာနှင့်
အညာသားမှန်း သိသာတယ်။နောက်တစ်ခါ မန္တလေးနှင့် မုံရွာဒေသက သူတွေစကားကိုရေးပေးပါမယ်။
မုံရွာနားက ဗောဓိတစ်ထောင်တို့ ကျောက်ကာတို့ ကလူတွေက စကားအဆန်းတွေပြောတတ်တယ်။
ဆေးလိပ်ကို မလေးလို့ ပြောတယ်။မလေးဆေးပေါ့လိပ်ကို လူတိုင်းသောက်လို
့တဲ့။ကွမ်းယာကို
အိုင်လေးကျူးတဲ့ ဘာကြောင့်လဲဆိုတော့ ရွာကဦးလေးကြိုင်က ကွမ်းအရမ်းစားလို
့တဲ့။လက်ဖက်ရည်သောက်တာကို ဒေါင်ထစ်တယ်လို့ သုံးတယ်။ထမင်းစားတာကို ပုန်းရိုက်တယ်တဲ့။
မုံရွာသားများပါရင် သတိရသွားအောင်ရေးပြတာပါ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...