မြန်မာ မှန်သလား…..ဗမာမှန်သလား
တကယ်တော့ မြန်မာဆိုတာရော၊ဗမာဆိုတာပါ မည်သည့်တိုင်းရင်းသားများကိုမှ
ကိုယ်စားပြုခြင်းမရှိဘဲ မြေပြန့် နေ လက်ရှိ ဗမာစကားကို သုံးစွဲနေသူများကိုသာ ကိုယ်စားပြုပါတယ်။
ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ မြန်မာစကားမှာ တစ်လုံးချင်းအဓိပ္ပါယ်ရှိပါတယ်။မြန်မာလို
့
ဆိုခြင်းကိုစတင်ခဲ့သူများကလည်း မြန်မာမဟုတ်ကြပါဘူး။အခြားသူများက
မိမိတို့ နှင့် မျိုးနွယ်မတူသူ
သူစိမ်းများကို အမည်ပေးရာကနေ ဖြစ်ထွန်းလာရတာပါ။မြန်မာဆိုတဲ့စကားကို
သေချာခွဲခြမ်းစိတ်ဖြာပြီး သုတေသနပြုထားတဲ့သူတွေရှိပါတယ်။အထူးသဖြင့် ဘာသာဗေဒပညာရှင်
ဦးဖိုးလတ်ပါ။သူက လေ့လာပြီး မြန်မာစကားမှန်သမျှရဲ့  မူရင်းကို လိုက်ရှာပြီး
စုဆောင်းခဲ့ပါတယ်။
မြန်မာကို ချင်းလူများက ကောလ်ပါလ်ဟုခေါ်ပါတယ်။ကုလားများက မြမ္မားလို
့ခေါ်ပါတယ်။ဒီလိုပဲ ကချင်၊ရှမ်းစသည်တို့ ကလည်း သီးခြားခေါ်ပါတယ်။ဘိတ်၊ထားဝယ်ဒေသကတော့
ဗမာလို့ ခေါ်ပါတယ်။
ဒီလို ဘာကြောင့်ခေါ်သလဲဆိုတာကို စမ်းစစ်ကြည့်ပါတယ်။မြန်ဆိုတဲ့မူရင်းအနက်ကတော့
ဒီလို ဘာကြောင့်ခေါ်သလဲဆိုတာကို စမ်းစစ်ကြည့်ပါတယ်။မြန်ဆိုတဲ့မူရင်းအနက်ကတော့
မြင်း(သို့ မဟုတ်)လျှင်မြန်ခြင်းဖြစ်ပါတယ်။မားဆိုတာကတော့ အလွန်
အမင်း ဆိုတဲ့ အနက်ဆောင်ပါတယ်။ရှေးခေတ်မြန်မာလူမျိုးများက မြင်းစီးကျွမ်းကျင်သလို အလွန်ပဲ
လျင်မြန်စွာလှုပ်ရှားတတ်ကြပါသတဲ့။မြန်မာတွေ စစ်ချီတဲ့ရာဇ၀င်ကို ကြည့်လျှင်သိနိုင်ပါတယ်။ဒါကြောင့်
အခြားသောမျိုးနွယ်စုများက မြင်းစီးသူများ (သို့ မဟုတ်)လျှင်မြန်စွာလှုပ်ရှားတတ်သူများဆိုပြီး
မြန်မာလို့ ခေါ်ပါတယ်။ဒီနေရာမှာ ကောလ်ဆိုတဲ့ဝေါဟာရကိုပြန်ပြီး သုံးသပ်သင့်ပါတယ်။နာဂလို
ကောလ်ဆိုတာ မြင်းကိုပင်ခေါ်ဆိုခြင်း
ဖြစ်ပါတယ်။ဗမာလို့ ခေါ်ဆိုရခြင်းကတော့ အောက်နယ် မြိတ်၊ထားဝယ်ဒေသက
ဒေသခံတွေ မွန်တွေ
က မနှင့် ဗကို ရောထွေး အသုံးပြုကြတာပါပဲ။အနော်ရထာမင်းက ဘယ်သူကိုသုံပန်းအဖြစ်ခေါ်ဆောင်
သွားပါသလဲ။သူနှင့်အတူ မည်သူတွေပါသွားမယ်ထင်ပါသလဲ။မွန်လူမျိုးများသာ
ပုံဂံနယ်ကို ရောက်ခဲ့ပါတယ်။သူတို့ ဒေသ စကားအရာ ဗမာဖြစ်လာပါတယ်။အထူသဖြင့် မြိတ်ကို ဗိတ်(ဘိတ်)လို
့
ခေါ်သလို မြင်းကို ဗြန်င်းလို့ ခေါ်ပါတယ်။ဒါဆို ဗမာလို့ ပဲ ခေါ်ခေါ်
မြန်မာလို့ ပဲခေါ်ခေါ် အခြား ကချင်၊
ကရင်စတဲ့ တိုင်းရင်းသားများကို ကိုယ်စားပြုတယ်လို့ ပြောလို့ မရပါဘူး။ဒီလိုပါပဲ
မြန်မာနိုင်ငံလို့ 
အလွယ်ခေါ်သော်ငြား တကယ်က
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်ပါတယ်။ဆိုလိုတာက
ပြည်ထောင်များပေါင်းစုထားပါတယ်လို့ ၇ည်ညွန်းပြီးဖြစ်ပါတယ်။အမေရိကန်လို
့ပြောသော်လည်း
တကယ်က အင်ဒီရန်းများ စပိန်များ အီတာလျံမျာနှင့် မက္ကှဆီကန်များကိုပါ
ထည့်သွင်းထားလို့ ပြည်ထောင်စု အမေရိကန်နိုင်ငံတော်ဖြစ်နေပါတယ်။ဒါကို Union 0f
/United state of၊ဆိုပြီးသုံးစွဲပါတယ်။အမျိုးသားနိုင်ငံတော်မဟုတ်ပဲ ပထ၀ီနိုင်ငံတော်ဖြစ်ပါတယ်လို
့ရည်ညွန်းပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်က ဘာကြောင့်တောင်တန်းဒေသတွေကို တစ်ပေါင်းတည်း လွတ်လပ်ရေးတောင်ပေးတယ်လို
့ထင်ပါသလဲ။ဘိုးဘေးစဉ်ဆက် အတူတကွ နေထိုင်လာကြတဲ့ လူမျိုးများဖြစ်တဲ့အတွက် လွတ်လပ်ရေးကို
တစ်ပါတည်းတောင်းဆိုခဲ့ပါတယ်။ထို့ အတူ သီးခြားဗမာတွေအတွက်ပဲတောင်းခဲ့ရင် ပြည်နယ်များမှာ
အားနည်းသော နိုင်ငံငယ်လေးတွေအဖြစ်ထပ်မံပေါ်ပေါက်လာပြီး အင်အားကြီးမားတဲ့ အခြားနိုင်ငံများရဲ
့ဝင်ရောက်စွက်ဖက်ခြင်းဒဏ်ကိုခံရနိုင်တယ်။အချို့ သောပြည်နယ်များကတော့ ပင်လယ်ထွက်ပေါက်မရှိဘဲ
ကုန်းတွင်းပိတ်နိုင်ငံအဖြစ် တိုးတက်မှုနှေးကွေးမှာကို မလိုအပ်လို့ ပြည်နယ်အားလုံးကို
ညီအစ်ကိုများဖြစ်တယ်ဆိုပြီး တောင်ပေါ်မြေပြန့် မခွဲဘဲ တစ်ပေါင်းတည်းတောင်းပေးခဲ့တာပါ။မယုံရင်
ယခုလက်ရှိကာလမှာပင် မိမိကိုယ်တိုင်မည်ကဲ့သို့ ရပ်တည်မယ်လို့  စဉ်းစားကြည့်ပါ။သေချာတာကတော့
အင်အားကြီးနိုင်ငံတစ်ခုရဲ့ လက်ဝေခံအဖြစ်နေထိုင်ရဖို့ နီးစပ်သွားပါတယ်။ယခုလို တစ်ပေါင်းတည်းနေထိုင်တဲ့အတွက်
ပင်လယ်ထွက်ပေါက်နီးတဲ့ပြည်နယ်များကလည်း ကုန်းတွင်းပြည်နယ်များကို လွယ်ကူစွာ ကူးသန်းရောင်းဝယ်ခွင့်ရသလို
ကုန်းတွင်းထွက် သဘာဝသယံဇာတများကိုလည်း ၇ယူသုံးစွဲခွင့်ရစေပါတယ်။ထို့ အတူ ကုန်းတွင်းဒေသက
ပြည်နယ်များအတွက်လည်း ပင်လယ်ထွက်ပေါက်ကို ရစေပါတယ်။ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ
့စေတနာကို သိမြင်တယ်ဆိုရင်
ဗမာဆိုတဲ့စကား၊မြန်မာဆိုတဲ့စကားထက် ညီအစ်ကိုစိတ်ဓာတ်မွေးမြူဖို
့သာ အရေးကြီးပါတယ်။ဒေသဖွံ့ ဖြိုးရေးအတွက် တပြည်းညီဆောင်ရွက်နိုင်ဖို့ သာ အရေးကြီးပါတယ်။ကျွန်တော်ကိုယ်တိုင်က
တိုင်းရင်းသူတစ်ဦးနှင့်အိမ်ထောင်ကျသူပါ။ဒီတော့သူ့ ကို မေးကြည့်တယ် ဗမာဆိုရင် နင်တို
့ပါသလား၊မြန်မာဆိုရင် နင်တို့ ပါသလားဆိုတော့ အမျိုးသမီးက ငါက ချင်းလူမျိုးလေတဲ့။ဒီတော့
ရှင်းနေတာကို ရှုပ်အောင် မလုပ်ကြပါနှင့်။ချင်းများက ဗမာလူမျိုးကို ကောလ်သဲ၊ကောလ်ပါးလို
့ခေါ်ပါတယ်။ကလေးမြို့ ကို ကော်ပီးလို့ ခေါ်ပါတယ်။ဆိုလိုတာ ဗမာနေတဲ့မြို့ ပေါ့။
အမှန်အတိုင်း ကျွန်တော့်အမြင်ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့မယ်ဆိုရင်
မြန်မာလို့ ပဲ သုံးပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ ဗမာဆိုတာ မွန်၊ထားဝယ်လူမျိုးများက
မြန်မာကို ဒေသအခေါ်ဖြင့်ခေါ်တာကိုသိထားလို့ ပါ။ထို့ အတူ မြန်မာနိုင်ငံက တစ်ခါတည်း အင်္ဂလိပ်လက်အောက်ကို
ကျခဲ့တာမဟုတ်ပါဘူး။မြန်မာပြည်အောက်ပိုင်းက အရင်ကျခဲ့တာပါ။ထိုအခါက ဒေသခံတွေခေါ်သလို ဗမာကို
ဘိုလို အသံထွက်ရင်း ဘားမားဖြစ်သွားတာပါ။ဒီတော့ ဗမာနှင့်မြန်မာ ကိစ္စက ဓားထမ်းပြီး ပုံဂံခေတ်ကိုပြန်သွားရပါမယ်။မွန်၊မြန်မာ
နှစ်ဘာသာနှင့်ရေးထိုးခဲ့တဲ့ကျောက်စာများကိုပြန်ကြည့်ရပါမယ်။တို့ ဗမာအစည်းအရုံးခေတ်
၁၉၃၀လောက်က စလို့ မရပါဘူး။ဒီတော့ ငြင်းချင်သူတွေရှိရင် ပုဂံခေတ်ကျောက်စာများမှာ ဗမာလို
့ေ၇းသလား မြမ္မာလို့ ရေးသလား ပြန်ကြည့်ပေးကြပါ။ကျွန်တော်ကတော့ ဗမာဆိုတာလည်း ဒီလူမျိုးပဲ၊
မြန်မာဆိုတာလည်း ဒီလူမျိုးပဲဆိုတာကို လက်ခံပါတယ်။သေချာတာကတော့ ချင်းလူမျိုး၊ကချင်လူမျိုးစသည်ဖြင့်
တိုင်းရင်းသားများအတွက်ကတော့ မြန်မာနိုင်ငံသားဖြစ်နေပြီပဲ။လူတို့ ကလည်း မိမိကိုယ်ကို
မြန်မာလူမျိုးလို့ ပြောမယ်မထင်ပါ။ဗမာလူမျိုးလို့ လည်း ပြောမယ်မထင်ပါ။ဒီလိုပါပဲ မက္ကှဆီကန်တစ်ယောက်ကလည်း
တက္ကဆက်မှာ သူ့ ကိုယ်သူ အမေရိကန်ပြည်သား မက္ကှဆီကန်လူမျိုးလို့ ပဲ လက်ခံမှာပါ။အိုဘားမားကိုယ်တိုင်တောင်
အမေရိကန်နိုင်ငံသား အာဖရိကန်လူမျိုးအဖြစ်လက်ခံမှာပါ။
ကျွန်တော်တို့ ဆီကျမှ ဘာတွေရှုပ်နေကြပါလိမ့်နော်။ဒါကလည်း တော်တော်လွဲတဲ့ကိစ္စပါ။နိုင်ငံကို
ဘယ်လိုတည်ဆောက်ကြမယ်။ဘယ်လိုရှေ့ ဆက်ကြမယ်လို့ တိုင်ပင်ဖို့ မစဉ်းစားပဲ ရွေဥာဏ်တော်များက
ဗမာနှင့်မြန်မာကို ငြင်းနေကြတယ်။ခင်ဗျားတို့ ကို ဘယ်ချင်းလူမျိုးကမှ ဗမာလို့ လည်း သူတို
့ချင်းမပြောဘူး၊မြန်မာလို့ လည်း သူတို့ ချင်းမပြောဘူး။ကောလ်သဲလို့ ပဲ ချင်းစကားနှင့်ပြောမှာ။အလွဲများလို
့ခေါင်းစဉ်တပ်ထားတော့လည်း လွဲတာလေးတွေရေးခွင့်ပြုပါ။ကျွန်တော်ကတော့ ပါတီနိုင်ငံရေးကင်းရှင်းသော
ပြည်သူဝန်ထမ်းဖြစ်ပါတယ်။သေချာသိချင်တယ်ဆိုရင်ပြောပါ ကျွန်တော်ဦးဖိုးလတ်ရဲ့ မြန်မာစာ
အဘိဓာန်နှင့်မြန်မာရာဇ၀င်စာအုပ်လေးတွေကို သေချာ စကင်ဖတ်ပြီးပြန်တင်ပေးပါမယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...