ရှေ့ ပိုင်းမှာ ကျွန်တော်ရေးသမျ ရောက်တတ်ရာရာလေးတွေက ပြည်သူမကောင်းဘူး..လူနာတွေ
မကောင်းဘူးဆိုတဲ့ သဘောကိုဆောင်နေပါလိမ့်မယ်။ကျွန်တော်က မည်သူမျှမနေတဲ့
ဘက်တစ်ခုကို
နေပေးကြည့်တာပါ။ကျွန်တော်တို့ ဆရာဝန်ထဲမှာလည်း မကောင်းတဲ့သူအနည်းငယ်တော့
ရှိနိုင်ပါတယ်။သို့ သော်လည်း အမြဲတမ်းမကောင်းတာတော့ မဖြစ်နိုင်ပါ။ပြည်သူဖျက်လို့ ပျက်သူတွေ
ဖြစ်ပါလိမ့်မယ်။ဒါကြောင့် ဆရာဝန်မကောင်းကြောင်းကိုတော့ အခြားသူများရေးတဲ့စာကိုဖတ်ကြပါ။
ကျွန်တော့်ကို အစ်ကိုကြီးတစ်ယောက်ကပြောတယ်…အစိုးရဘယ်လိုပြောင်းပြောင်း
ကျွန်တော်တို့ အတွက် သိပ်ပြီးမထူးပါဘူးတဲ့။ကျွန်တော့်အမြင်ကတော့ ထူးတယ်။ဥပမာလေး အနည်းငယ်ပြောပြ
ချင်ပါတယ်။တကယ့်အဖြစ်အပျက်တွေပါ။ကျွန်တော် မင်းတုန်းမှာ တာဝန်ကျစဉ်ကပါ။ကျွန်တော့်ဆီကို
ပန်းနာရင်ကျပ်ရောဂါသည်တစ်ယောက်လာပြတယ်။အသက်ကတော့ ၆၅ နှစ်လောက်ပါ။သူ
့ကို လိုအပ်တဲ့ဆေးတွေပေးပြီးတော့ လေကောင်းလေသန့် ရတဲ့နေရာမှာနေဖို့ ၊မီးခိုး..ဖုန်မှုန်
့တွေကိုရှောင်
ဖို့  ၊ သိတဲ့အတိုင်း ရှောင်၇န်ဆောင်ရန်တွေပြောပြတယ်။အဲဒီမှာ..အဘိုးကြီးက
ကျွန်တော့ကို
ဆရာလေး အဲဒါတော့ မဖြစ်နိုင်ဘူး..အဘက မိုးမကျခင်လယ်ထွန်ရဦးမယ်တဲ့။ကျွန်တော်ကလည်း
အဘရယ် …ကိုယ့်အသက်ထက် ဘာကအရေးကြီးမှာလည်း လူငှားလိုက်ပါလို့ ပြောတော့
အဘိုးကြီး
က ကျွန့် တော့်ကို တော်တော်တုံးတဲ့ကောင်ဆိုတဲ့ အကြည့်နှင့်ကြည့်ပြီး
ဆရာလေးဘာသိလို့ လဲ
တစ်ရွာလုံးမှာ ကျုပ်တစ်ယောက်ထဲပဲ လယ်စိုက်တာ..ရွာမှာ အဘိုးကြီး
အဘွားကြီးနှင့်ကလေးတွေပဲ
ရှိတယ်တဲ့။ကျွန်တော်လည်း အံသြသွားပြီး လူငယ်တွေ ဘယ်ရောက်သွားလို
့လဲ ဆိုတော့ အကုန်လုံး
ထိုင်းတို့ မလေးတို့ မှာတဲ့။ကဲ..ကျွန်တော်ပြောချင်တာက ပြည်သူတွေ
နိုင်ငံခြားမှာ အခြေခံလုပ်သား
အဖြစ် ကျွန်လိုသွားလုပ်နေတာ ဘယ်သူကြောင့်လဲ..ဘာကြောင့်လဲ…။အဘိုးကြီးကို
ကျွန်တော်က
ဘယ်လောက်ပဲဆေးကုပေးနေနေ လယ်ထွန် ၊ပျိုးနှုတ်၊မီးတိုက်လုပ်နေရင်
သူ့ ရင်ကြပ်ရောဂါက
နောက်တစ်ခုကတော့ သွေးလွန်တုပ်ကွေးရောဂါတွေ ပေါပေါသီသီဖြစ်တုန်းကပါ။ကျွန်တော်က
တစ်ခါတစ်ရံ ကျွန်တော့်သားကို ဆေးရုံခေါ်သွားတတ်တယ်။ဆရာဝန်သားဆိုတော့လည်း ဒီကောင်က
ဆေးရုံထဲ ဟိုအခန်းဝင် ဒီအခန်းထွက်ပေါ့။သူ့ နောက်က ကျွန်တော့်ကောင်လေးတစ်ယောက်က
လိုက်ထိန်းပေးတယ်။ကျွန်တော်က လူနာလိုက်ကြည့်တာပေါ့။ပြောချင်တာက အဲဒီအချိန်မှာ ကလေးလူနာတွေလည်း
ဆေးရုံမှာ ၂၀ကျော်လောက်ရှိတယ်။နေကောင်းနေတဲ့ကလေးတွေကလည်း
ဆော့နေကြတာပေါ့။အဲဒီကလေးတွေရဲ့ မျက်လုံးမှာ ကျွန်တော်နှင့်ကျွန်တော့သားကို
အားကျတဲ့မျက်လုံးလေးတွေမြင်ရတယ်။ကျွန်တော်ကလည်း သားတို့ ကြီးလာရင် ဆရာဝန်ဖြစ်အောင်လုပ်ကြပေါ့။
ကျွန်တော် ဆေးရုံကပြန်သွားပြီး ည၈နာရီလောက်မှာ ကလေးလူနာတစ်ယောက်ငိုပါသတဲ့။အဘွား
လုပ်တဲ့သူကလည်း ဘာကြောင့်မှန်းမသိတော့ သူနာပြုကိုသွားခေါ်တယ်။ကလေးက
သွေးလွန်တုပ်ကွေးဆိုတော့ ဆရာမလည်း ချက်ခြင်းသွားကြည့်ပြီး ဘာဖြစ်လဲချော့မေးတယ်။ကလေးကဘာမှ
မဖြေတော့ ဆရာမလည်း ကျွန်တော့်ဆီကို ဖုန်းဆက်တော့တာပေါ့။ကျွန်တော် ကလေးနားကိုရောက်တော့
ကလေးက ငိုနေတုန်းပဲ။ကျွန်တော်လည်း ဘာဖြစ်သလဲသားသားဆိုပြီး မေးတယ်။ကလေးကပြန်မဖြေဘူး။
ကျွန်တော်လည်း သွေးပေါင်တွေတိုင်း၊ဗိုက်ကိုစမ်း စသည်ဖြင့် ဘာကြောင့်လဲရှာတာပေါ့။အဲဒီလို
လုပ်ပြီးတော့ ကျွန်တော်က ဘာဖြစ်လို့ လဲသားသားဆိုတော့…ကလေးက ဘာပြန်ဖြေတယ်ထင်သလဲဗျာ….
“ဆရာ….သားအဖေလုပ်ပေးပါလား”တဲ့။ကျွန်တော်လည်း ကြောင်သွားတယ်။ကလေးက
၎နှစ်လောက်ပါ။ကျွန်တော့်သားနှင့် ရွယ်တူပါပဲ။ကလေးရဲ့ စကားကိုကြားတော့ အဘွားလုပ်သူက
သူ့ သားကိုတတပြီး ငိုပါလေရော။ကျွန်တော်လည်း “ အေးပါသားရယ်..မငိုနဲ
့တော့လို ”့ပြောရင်း
ကျွန်တော့်အခန်းကိုပြန်ခဲ့တယ်။ပြီးမှ ကလေးငယ်ရဲ့ အဘွားကို ခေါ်ခိုင်းလိုက်တယ်။ကျွန်တော်ထင်ထားတာက
ကလေးရဲ့ မိဘ တွေ အကြောင်းတစ်ခုခုကြောင့် ဆုံးပါးသွားတယ်ပေါ့။အဘွားလုပ်သူေ၇ာက်လာတော့
ကလေးရဲ့ မိဘတွေရောလို့ မေးလိုက်တယ်။
ဘာပြန်ဖြေတယ်ထင်သလဲ။
“ကလေး ၃ လသားကတည်းက အဖေရောအမေပါ ထိုင်းကိုထွက်သွားတာပါဆရာ..ဟိုကနေ
ငွေတော့
မှန်မှန်ပို့ ပေးတာပေါ့..ဒီမှာက အဆင်သိပ်မပြေဘူးလေ..သူတို့ လည်း
ကလေးကိုလွမ်းနေကြတာပါ”
စဉ်းစားကြည့်ကြပါ။သူတို့ ဘာကြောင့်ထွက်သွားသလဲ..ကလေးငယ်လေးရဲ့ စိတ်ထဲမှာကျွန်တော့်ကို
အဖေဖြစ်စေခြင်တဲ့အကြောင်းကရော ဘာလဲ။အဲဒါတွေ ဘယ်သူ့ အပြစ်လဲ။ခင်ဗျားအနေနှင့်
သွေးလွန်
တုပ်ကွေးရောဂါကို ကုပေးနိုင်တယ်။ကလေးငယ်ရဲ့ စိတ်ထဲက အဖေဆိုတဲ့ ပုံ၇ိပ်ကို
ဘယ်လိုလုပ်ပေးနိုင် မလဲ။ ကျွန်တော်က ဒီလို အဖြစ်တွေကို ကြုံတာများလို့  အုပ်ချုပ်သူကို
အပြစ်တင်တာ။နိုင်ငံရေးခံယူချက်ကြောင့်မဟုတ်ဘူး။စနစ်ပြောင်းလဲ ဒါပါပဲဆိုပေမဲ့ လယ်စိုက်သူတွေ
ပြန်လာမယ်ဆိုရင် အဘိုးကြီးတွေ လယ်ထွန်စရာမလိုဘူး။ကလေးငယ်တွေကို
အဖေရှာပေးစရာမလိုဘူး။
နောက်ဆုံးပြောချင်တာကတော့ ခင်ဗျားတို့ ဘယ်လောက်ပဲ မိခင်သေနုန်ုးတို
့၊ငါးနှစ်အောက်ကလေးသေနုန်းတို့ လျောက်ပြောနေနေ….ဘယ်သူမှမသိပဲသေသွားတဲ့သူတွေ နယ်စပ်မှာပြည့်နေတာပဲ။သေနုန်းတွေ
ကျဆင်းသွားမှာပေါ့..မြန်မာပြည်မှာ သေတာမှမဟုတ်တာ။
ကလေးငယ်ခြောက်လအတွင်း မိခင်နို့ တစ်ခုတည်းတိုက်ဖို့  ခင်ဗျားက ဘယ်လိုလုပ်ပေးမှာလဲ..ဟိုကဖြင့်
ကလေး တစ်လခွဲလောက်ဆိုရင်ကို ထိုင်းကိုသွားဖို စိုင်းပြင်းနေပြီ။
နိုင်ငံခြားကို ထွက်သွားကြပေမဲ့ သူတို့ သားသမီးကို မြန်မာနိုင်ငံသားဖြစ်စေခြင်လို
့ မြန်မာနိုင်ငံပြန်မွေးတာ။ထွက်သွားတဲ့သူတွေကလည်း အခြေခံပြည်သူတွေ၊လယ်သမားတွေပါ။လူမနေတော့တဲ့ရွာမှာ
သေနုန်းကျဆင်းတာ ၀မ်းသာတယ်ဆိုရင် လည်း ခင်ဗျားတို့ သဘောပဲ။ကျွန်တော့် စကားလုံးတွေ ရင့်သီးသွားရင်
တောင်းပန်ပါတယ်။ကျွန်တော်က ဦးဏှောက်နှင့်တွေးတာမဟုတ်ဘဲ ရင်ဘတ်နှင့်ခံစားပြီးရေးတော့
တဖြည်းဖြည်း တမ်ပိုမြင့်သွားတာ။ဒီတစ်ခါတော့ ဘယ်သူ့ မှချောက်မချတော့
ပါဘူး..ကျွန်တော်ရေးတဲ့
အဖြစ်အပျက်တွေ အမှန်ဖြစ်ကြောင်းကို ကျွန်တော်အာမခံတယ်။ကျွန်တော်
တာဝန်ယူတယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...