“ဒေါက်ဒေါက်”
တံခါးဝတွင် တပ်ဆင်ထားသော ပုံရိပ်ဖမ်းစက်မှ အချက်ပေးသံကို ကြားရသောကြောင့်
၂၇ရာစု
ကျန်းမာရေးစောင့်ရှောက်မှုစာတမ်းကိုဖတ်နေသော ဆရာဝန်လေးသည် လေပေါ်ဝဲကွန်ပြူတာကို
လက်ဖျောက်တီးပြီး ပိတ်လိုက်သည်။
တံခါးကို လက်ဝှေ့ ယမ်းပြီး ဖွင့်လိုက်၏။တံခါးဝတွင်ရောက်နေသော ဂျင်နီဖာအင်နစ္စတန်ပုံစံတူ
သူနာပြု ဆရာမလေးသည် အပြုံးမျက်နာဖြင့်
“ဆရာ..ကျွန်မတို့ ရဲ့ ရေဒါမှာ လူနာတစ်ယောက်လာနေတာတွေ့ ရပါတယ်။နောက်ငါးမိနစ်လောက်
မှာ ဆေးရုံရှေ့ ကိုရောက်ပါမယ်ဆရာ”ဟုသတင်းပို့ ၏။
ဆရာဝန်လေးလည်း မိမိကိုယ်ကို စနစ်တကျ ပြုပြင်ပြီး လက်ခုပ်တီးကာ ဆေးရုံတွင်တပ်ဆင်ထားသော
မင်းသမီးပုံစံတူ ၇ိုဘော့သူနာပြုများကိုစုစည်းလိုက်သည်။
သူနာပြုအားလုံး၏ မျက်နာသည် အပြုံးပရိုဂရမ်သာထည့်ထားသဖြင့် အစဉ်ပြုံးနေတတ်သည်။
“ကဲ…အားလုံးပဲ ဆေးရုံရှေ့ ကနေ လူနာအလာကိုစောင့်ရအောင်”ဟု ဆရာဝန်လေးကခိုင်းလိုက်သည်။
ဆရာဝန်လေးသည် ချိုသာသောမျက်နာဖြင့် လူနာအားမိတ်ဆက်လိုက်သည်။
“ကျွန်တော်ကတော့ တိုက်နယ်ဆေးရုံအမှတ် ၄၀၀၁က တာဝန်ခံဆရာဝန်ပါ..လူကြီးမင်းရဲ
့
ခံစားနေရတဲ့ဝေဒနာကို ကုသဖို့ တာဝန်ကျနေသူဖြစ်ပါတယ်ခင်ဗျာ”
မိတ်ဆက်စကားဆိုပြီးနောက် လူနာအားစမ်းသပ်ခန်းအတွင်းသို့  ၀င်ရောက်သွားပါရန်
ညွန်ကြားလိုက်
သည်။ခေတ်မှီ ကိရိယာများတပ်ဆင်ထားသော ရောင်ခြည်ဖြာရောဂါရှာဖွေရေးစက်မှ
လူနာ၏ ခန္ဓာကိုယ်တွင်ရှိသောချို့ ယွင်းချက်များကို ရှာဖွေပြီး ကွန်ပြူတာဆီသို့ ပေးပို
့လိုက်၏။ထို့ အတူ
သွေးရောဂါ..မျိုး၇ိုးလိုက်ေ၇ာ၈ါစသည်ဖြင့် အမျိုးမျိုးသော စမ်းသပ်စက်များမှ
တွေ့ ရှိချက်များကို
ကွန်ပြုတာထံပေးပို့ ကြ၏။လူနာသည် စမ်းသပ်စက်ခန်းများကိုဖြတ်ကျော်ပြီးသွားသောအခါ
ဆရာဝန်လေး၏ တွေ့ ဆုံဆွေးနွေးခန်းသို့ ရောက်သွားသည်။ဆရာဝန်လေးသည်
ကွန်ပြူတာမှ ရှာဖွေပေးထားသော ဖြစ်နိုင်ခြေရောဂါစာရင်းနှင့် ကုသရန်နည်းလမ်းကို ပရင့်အောက်လိုက်သည်။
“လူကြီးမင်းမှာ ရောဂါကြီးကြီးမားမားတော့မတွေ့ ပါဘူး၊ နှလုံးသားမာကျောမှုလေးနှင့်
ဦးဏှောက်မှာ
ကိုယ်ချင်းစာခြင်းကိုထိမ်းသိမ်းပေးတဲ့ အပိုင်းလေးပျက်နေတာကိုပဲတွေ
့ရပါတယ်”…
“ကုသတဲ့နည်းလမ်းကတော့ အားလုံးကိုအကောင်းမြင်ပြီး မေတ္တာထားဖို့ ပါပဲခင်ဗျာ”
ဆရာဝန်လေးရဲ့ စကားကိုကြားပြီးတော့ လူနာပေါက်ကွဲလေ၏။
“ခင်ဗျားတို့ ဆရာဝန်တွေက ဒါမျိုးပဲ..မေတ္တာတရားက ဘာလုပ်ရမှာလည်း..ဆေးမကုပေးချင်တိုင်း
ခင်ဗျားတို့ က ကျုပ်ကို မဖြစ်နိုင်တာတွေလုပ်ခိုင်းနေတာပဲ”
“ကျုပ်တို့ ပြည်သူတွေအတွက် နိုင်ငံတော်က ခင်ဗျားတို့ ကိုခန့် ထားပေးတယ်..ကျုပ်တို
့အတွက်
အခမဲ့ကုသမှု၊လိုလေးသေးမရှိဝန်ဆောင်မှုတွေ ပေးခိုင်းတယ်…ခင်ဗျားတို
့က ကျုပ်တို့ ကို ဒီလိုပြောတယ်”
ဆရာဝန်လေးသည် လူနာပြောသမျှကို ပြုံးပြီးနားထောင်ပြီးနောက်
“ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်တို့ ရဲ့ လိုအပ်ချက်တွေကို ပြောပြတဲ့အတွက်
ကျေးဇူးတင်ပါတယ်..
နောက်တစ်ပတ်လောက်မှာ ပြန်လည်ပြသနိုင်ပါတယ်”
ဟုပြောဆိုလိုက်သည်။ထို့ နောက်လူနာအား
စမ်းသပ်ခံမှုအတွက် ပင်ပန်းသွားသောကြောင့် အမောပြေစေရန် အအေးခွက်ကိုကမ်းလိုက်သည်။
လူနာသည် ဆေးရုံေ၇ှ့ သို့ အေ၇ာက် ဆရာဝန်လေးအား လက်ညိုးထိုးပြီး
“ခင်ဗျားတို့  ဆေးရုံကတိုက်တဲ့ အအေးက အချိုပေါ့တယ်…ဒါကြောင့် ခင်ဗျားတို
့ဝန်ကြီးကို ပြောင်းပြစ်ဖို့  ကျွန်တော်တို့ ပြည်သူတွေစုပြီး ဆန္ဒပြရလိမ့်မယ်”ဟုပြောလိုက်သည်။
ထို့ နောက် ဆေးရုံရှေ့ မှ တောက်တခတ်ခတ်ဖြင့် ထွက်သွားလေ၏။
“ဂျိမ်း”
ဆေးရုံရှေ့ မှ မိုးကြိုးပြစ်ချလိုက်သံကြောင့် ဆရာဝန်လေးသည် အလိုအလျောက်ဆက်သွယ်ရေးစနစ်ကို
ကြည့်လိုက်သည်။ဆက်သွယ်ရေးစက်မှ စည်ပင်သာယာကိုလှမ်းခေါ်နေတာကြားရသည်။
“စည်ပင်လားခင်ဗျာ…ဆေးရုံအမှတ်၄၀၀၁ရှေ
့မှာ အယောက်၁၀၀မြောက်မိုးကြိုးပြစ်သေဆုံးသူရှိနေပါတယ် ..ဒါကြောင့် လာရောက်သယ်ဆောင်ပေးစေလိုပါတယ်”…
ဆရာဝန်လေးသည် ခေါင်းကိုဖြည်းညင်းစွာ ခါရမ်းရင်း ဆေးရုံအတွင်းဝင်သွားသည်။
ထို့ နောက် ဆေးပညာအဘိဓာန်ကို ရှာပြီးနောက် မိုးကြိုးပြစ်ခြင်းနှင့်
နှလုံးသားမာခြင်းတို့ ၏ ဆက်စပ်မှုအကြောင်းကို ရှာဖွေနေ၏။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...