dolphin tale


ကျွန်တော်တို့ဘ၀မှာ တစ်ကြိမ်မက စိတ်ဆင်းရဲမှု ၊အလိုမကျမှုများ ကို တွေ့ ကြုံရပါလိမ့်မယ်။
ကိုယ်တိုင်တည်ဆောက်ထားသမျှ ပျက်စီးသွားတဲ့အခါ မျှော်လင့်ချက်မဲ့သွားတဲ့ အခြေအနေကို
လည်းတွေ့ ကြုံကြရပါတယ်။ကိုယ်ဖြစ်ချင်တိုင်း မဖြစ်လာတတ်တာတွေကိုလည်းတွေ့ လာရပါတယ်။
ဒီလိုစိတ်ဓာတ်ကျစရာအခြေအနေတွေကိုတွေ့ လာခဲ့ရင် dolphin tale ဆိုတဲ့ ဇာတ်ကားလေးကို
သာကြည့်လိုက်ပါ။ဘာကြောင့် ညွန်းရပါသလဲ။
ဒီဇာတ်ကားလေးရဲ့ အကြောင်းကတော့ အမြီးပိုင်းမှာရောဂါပိုးဝင်သွားလို့  ဖြတ်လိုက်ရတဲ့ လင်းပိုင်
လေးတစ်ကောင်ရဲ့ အကြောင်းပါ။အမြီးမရှိရင် လင်းပိုင်အဖို့ ရေမကူးနိုင်ပါဘူး။ဒါဆို သေမှာပါ။
သို့ သော်လည်း အမြီးငုတ်တိုလေးကို ဘယ်ညာရမ်းပြီး ကူးခတ်ဖို့ ကြိုးစားခဲ့ပါတယ်။လင်းပိုင်ရဲ့ 
အမြီးများဟာ အထက်အောက်ကူးရတဲ့သဘောပါ။သို့ သော်လည်း အမြီးမရှိတဲ့အခါ အထက်အောက်ကူးဖို့ မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် တိရိစ္ဆာန်ပင်ဖြစ်သော်လည်း မိမိဘ၀ကို အရှုံးမပေးဘဲ ဘယ်ညာကူးပြီး အသက်ရှင်အောင်ကြိုးစားပါတယ်။ဒါက ဘာကိုပြသလဲဆိုတော့
ဘ၀ကို အရှုံးမပေးဘူးဆိုတာကို ပြတာပါ။
ဒီဇာတ်ကားလေးမှာ အဓိက ကျတာက ဇာတ်ဆောင်များပြောတဲ့ စကားပြောခန်းလေးတွေပါ။
အဓိပ္ပါယ်ပြည့်ဝတဲ့ စကားစုလေးတွေကို ဥပမာလေးနှင့်ပြောကြပါတယ်။
ဒါမျိုး ကျွန်တော်တို့ မြန်မာပြည်မှာ ဘာကြောင့်မရိုက်နိုင်ကြတာလဲဆိုတာ စဉ်းစားလို့ လည်း မရဘူး။
တစ်ခါလာ အလွန်အကျွံသရုပ်ဆောင်ထားတဲ့ ချစ်ကြိုက်ငြားကွဲပေါင်း ဇာတ်ကားတွေကိုသာ ရိုက်နေတဲ့ မြန်မာ့ရုပ်ရှင်များကိုလည်း စိတ်ပျက်ပါတယ်။
ကဲ ကျွန်တော်ပြောချင်တဲ့အဓိက အကြောင်းတောင်ပျောက်သွားပြီ။ကိုယ်တိုင်စိတ်ဆင်းရဲစရာတွေကို
တွေ့ ကြုံနေရပြီး ဘ၀ကို စိတ်ပျက်လာပြီဆိုရင်တော့ dolphin tale ဆိုတဲ့ဇာတ်ကားလေးကို တစိမ့်စိမ့်
ကြည့်ပါ။သင်ခန်းစာယူတတ်ရင် ကျွန်တော်တို့ မှာ ရွေးချယ်ခွင့်တွေ ဘယ်လောက်များသလဲဆိုတာ
သိမြင်လာပါလိမ့်မယ်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...